Tuesday, September 18, 2012

လက်ရှိနိုင်ငံရေး အခြေအနေ ကောက်နုတ်ချက် 18-09-2012


by Aung Myo on Tuesday, September 18, 2012 at 3:36pm 

အားနည်းချက်ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံ
အခြေခံဥပဒေကို မပြင်နိုင်ဘူး။ စစ်အစိုးရတစ်ဖြစ်လဲ ဘောင်းဘီချွတ်ပြီး
ပုဆိုးဝတ်တဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကိုခံနေရပီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။
NLD ရွေးကောက်ပွဲနိုင်တယ်ဆိုတာကလည်း ဒီလောက်ကလေး (လက်ဟန်
ခြေဟန်ဖြင့်ပြသည်)။ ၂၀၁၅ မှာ ဘာဖြစ်မယ်ဆိုတာလည်း ဘယ်သူမှ
မပြောနိုင်ဘူး။ ကျွန်တော်တို့ မှာ အတွေ့ အကြုံတွေ ရှိတယ်။ ၉၀ တုန်းကလည်း
မဲအပြတ်အသတ်နဲ့ နိုင်တာဘဲ။ အာဏာလွှဲပြောင်းတာတွေဘာတွေ မရှိဘူး။
  • ဗမာပြည်မှာ စစ်တပ်ကလည်း ရှိနေသေးတယ်။ လွှတ်တော်မှာလည်း
  • စစ်တပ်ကနေ ထွက်လာတဲ့လူတွေချည်းဘဲ လုပ်နေကြတာ။
  • အစိုးရဆိုတာကလည်း ဦးတပ်တပ် ဗိုလ်တပ်တပ် ဒီလူတွေဘဲ။
  • ပြောချင်တာက တိုင်းပြည်မှာ စစ်ဗိုလ်တွေအုပ်ချုပ်နေတုန်းဘဲ။ သူတို့ ကို တရားဝင်ဖြစ်အောင်လုပ်ပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကလည်း
  • အာဏာအချိန်မရွေး သိမ်းလို့ ရတယ်။ ကာ/လုံ ကောင်စီကလည်း စစ်ဗိုလ် ၆ ဦး
  • ပါတယ်။ စစ်ဝတ်စစ်စား ၀တ်ထားတဲ့စစ်ဗိုလ်။ အဲဒီအဖွဲ့ က တိုင်းပြည်မှာ
  • အရေးပေါ်အခြေအနေရှိရင် ဥပမာ ရခိုင်ကိစ္စလိုဟာမျိုးပေါ့။ သူတို့ လုပ်ချင်ရင်
  • တိုင်းပြည်အာဏာကို လွှဲပြောင်းယူလို့ ရတယ်။ အားနည်းချက်အနေနဲ့ ပြောရရင်
  • NLD ရဲ့ အားနည်းတာ အဲ့ဒါဘဲ။ တိုင်းပြည်ပြုပြင်ပြောင်းလဲအောင် ဘာမှ
  • မလုပ်နိုင်ဘူး။ လွှတ်တော်ထဲကို အခြေခံဥပဒေကို ပြင်ဖို့ သွားတယ်။
  • ပြင်ဖို့ လမ်းစ မရှိသေးဘူး။ ပြင်လို့ လည်း မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းအထက်မှ
  • ဆိုတော့၊ စစ်တပ်က ၂၅ ရာခိုင်နှုန်းရှိနေသေးတော့ ဘယ်လိုလုပ်ပြီးတော့
  • ကြံ့ဖွံ့ တွေကြားထဲမှာ ဘယ်လိုမှမရနိုင်ဘူး။
  •  ဒီအတိုင်းဘဲ ကျွန်တော်တို့ ဂူထဲမှာဘဲရှိနေသေးတယ်။ အစိုးရကိုရော ဘာတွေ
  • လုပ်နိုင်သလဲလို့ သွားမေးကြည့်။ သူတို့ ဟာနဲ့ သူတို့ တောင် တိုက်ကြခိုက်ကြ
  • ပြောတုန်းဆိုတုန်း ရှိသေးတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆိုတာ
  • ဘယ်လိုဖြစ်နေလဲ။ လယ်သမားကိစ္စတွေကြည့်၊ ရေကြီးတာတွေကြည့်၊
  • တချို့ အာဏာပိုင်တွေက ဒါ ရေကြီးတာမဟုတ်ဘူးငြင်းလို့ မီဒီယာတွေက
  • ဓာတ်ပုံရိုက်ပြမှ လက်ခံသွားကြတယ်။ လူတွေဘယ်လောက်ဆင်းရဲဒုက္ခ
  • ရောက်နေလဲ။ အလုပ်သမားတွေ ဘယ်လောက်ဆင်းရဲနေသလဲ။
  • ကြေးနိတောင်တို့ ဘာတို့  ခင်ဗျားလည်း ကြားမှာပေါ့။ လယ်သမားတွေ
  • လက်လုပ်လက်စားတွေ ဘာဖြစ်လဲ။ ဘာမှ မဖြစ်သေးဘူး။ ကျွန်တော်တို့ က
  • အဲဒီတော့ ဂူထဲမှာရှိနေသေးတယ်လို့  ပြောရမှာဘဲ။ 
( Venus News ဂျာနယ်တွင် “ပါတီမှာ ကုလားထိုင်ဖက်နေလို့  မကောင်းတော့ဘူး” ခေါင်းစဉ်ဖြင့် ဖော်ပြထားသော ဒီချုပ် သဘာပတိအဖွဲ့ ဝင်၊ ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ ဆုံခြင်းမှ ကောက်နုတ်ပါတယ်.....)

အခုဟာအစိုးရက အနောက်ဘက်ကို မျက်နှာမူတဲ့ကာလ။ ဒီအတွက် သူတို့လုပ်ငန်းတွေ ထိရောက် အောင်မြင်ဘို့အတွက် လှမ်းတဲ့ခြေလှမ်းတရပ်လို့ ကျနော် ထင်တယ်။ တကယ့်တကယ် စေတနာရှိတယ်ဆိုရင်၊ အဖြူအမဲခွဲမနေဘဲ၊ အားလုံးပြန်လာကြဆိုပြီး၊ ရိုးရိုးလေး တခါးဖွင့်ပေးလိုက်ဖို့ပဲ ရှိတယ်။ အခုကျတော့လဲ အထဲဝင်လာသူတွေနဲ့ ဦးအောင်မင်း (သမတရုံးဝန်ကြီး) နဲ့ စက်တင်ဘာ ၂ ရက်နေ့က တွေ့တော့၊ ခင်ဗျားတို့ ခေါင်းပဲဝင်လာပါ၊ ကိုယ်တော့ဝင်မလာပါနဲ့လို့ ပြောတယ်။ အဲဒါ အတော်ဆိုးတဲ့ဟာပဲ။ နောက်ပြီး သူတို့ကို သိက္ခာကျအောင် မပြောရဘူးဆိုတဲ့ တောင်းဆိုချက်ကလည်း ရှိသေးတယ်။ ဒါက အကန့်အသပ်တွေနဲ့။ ကျနော်တို့ သိသလောက်ဆိုရင်၊ မသွားခင်သံရုံးတွေမှာ ၀န်ခံချက်လက်မှတ်ထိုးရတာတွေ လုပ်ရတယ်တဲ့။ ပုံ မှန်မဟုတ်ဘူးဗျ။
     ဘယ်သူ့အတွက် အကျိုးအမြတ်လဲလို့ ကြည့်ရမှာဘဲ။ သူတို့တဦးဆီအတွက်၊ တချို့လူတွေအတွက် အ ကျိုးအမြတ်ကတော့ ရှိကြမှာပေါ့။ ဗမာပြည်၊ ပြည်သူလူထုအတွက် အကျိုးမရှိပါဘူး၊ ဘာလို့လဲဆိုတော့.. သူတို့ ရောက်သွားတဲ့အတွက် အထဲမှာလည်း ရှုတ်ရှုတ်ထွေးထွေး စကားများတာတွေဖြစ်ကြ၊ သူတို့ကိုယ်တိုင်လဲ အ တိုက်အခိုက်ခံရ၊ အခုထက်ထိကိုပဲ၊ သူတို့ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပေါ်ကြ၊ ကျနော်ထင်တယ်၊ သိတ်မထူး ပါဘူး၊ အစိုးရနဲ့လည်း ထူးထူးထွေထွေ၊ နိုင်ငံရေးစကား၊ ပေါ်လစီစကားပြောရတာ မဟုတ်ပါဘူး။ အမြတ်က အစိုးရပဲရလိုက်တာပါ။

ဘာပဲပြောပြော၊ ကျနော်တို့ ဗမာပြည်ကို ဖျက်ဆီးအနှောင့်အယှက်ပေးမှာက၂၀၀၈ ဖွဲ့စည်းပုံပဲ။ အဲဒါကြီးဖျက် သိမ်းရေးအတွက် တူညီတဲ့ အင်အားစုတွေ ပြန်စုစည်းလှုပ်ရှားကြတာ (အမြဲတမ်း အဲဒီကြွေးကြော်သံကြီးကိုင် ပြီး အော်နေရမယ် မဆိုလိုပါဘူး) သဏ္ဌာန်အမျိုးမျိုးနဲ့
လှုပ်ရှားမှုဖော်ထုတ်လုပ်ကြရမှာပါ။ ခက်ခဲကောင်းခက်ခဲမှာပါ။ ကြာကောင်းကြမယ်၊ စိတ်ကူးယဉ်သလို လွယ် လွယ်နဲ့တော့ မရပါဘူး။

  အစိုးရရဲ့ ဒီမိုကရေစီဘက် ဦးတည်ရွေ့လျားနေပြီဆိုတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ဗကပ အနေနဲ့ဘယ် လိုမြင်လဲ?

ဖြေ။ ကာတွန်းတခုထဲတွေ့လိုက်ရသလိုပဲ၊ ကရွတ်ကင်းလျှောက်နေတာပါ။ ရှေ့ကိုမတက်ပါဘူး၊ အဲဒီနားလေး လှည့်ပတ်ပြီး အမျိုးမျိုးလုပ်ပြနေတာပါ။ သူတို့အနေနဲ့ လောလောဆယ် နိုင်ငံရေးအရ၊ ၀ါဒဖြန့်ချိရေးအရ အပေါ် စီးရနေတာတော့ အမှန်ပဲ။ ဒီအတိုင်းဆက်သွားပြီး၊ ပြည်သူလူထုဘက်ကနေ ပြောင်းလဲတာမျိုးမလုပ်နိုင်ဘူးဆို ရင်
ဗမာပြည်မှာ၊ အငြိမ်းစားဗိုလ်ချုပ်တွေ တယောက်ပြီးတယောက်လဲပြီး သမ္မတလုပ်တာပဲ တွေ့ရမှာပါ။ ပြီးတော့ ဓနဥစ္စာတွေလည်း၊ ဗိုလ်ချုပ်တွေနဲ့ ဆွေမျိုးသားချင်းတွေ၊ ခရိုနီတွေလက်ထဲမှာပဲ ရှိနေအုံးမှာပါ။ ကြာလေ သူတို့ပဲချမ်းသာလေ၊ လယ်သမားတွေရဲ့လယ်မြေဆုံးရှုံးလေပဲ ဖြစ်နေမှာပါ။

မေး။ အတွင်းအပြင်အလုပ်နဲ့ အတွေးအခေါ်ကွဲပြားမှုလားတော့ မသိဘူး၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ကြားမှာရော၊ နောက် ဗကသ ကျောင်းသားအဖွဲ့တွေလည်း ကွဲနေတဲ့သတင်းတွေ ကြားနေရပါတယ်။ ဘယ်လို မြင်လဲ?

ဖြေ။ မတူတာ၊ ကွဲတာတွေကတော့ သိတ်မဆန်းပါဘူး၊ ဘယ်နေရာမှာမဆို ပေါ်နေတာပဲ။ သူတို့ချင်း ကွဲတယ် ဆိုတော့၊ နဂိုကရော ကိုမိုးသီး တို့၊ ကိုမင်းကိုနိုင် တို့ သိတ်အကြာချည်း စုစုစည်းစည်းရှိခဲ့တာ မဟုတ်ကြပါဘူး။ ပါတီအဖွဲ့အစည်းလို တစုထဲရပ်တည်ခဲ့ကြတာ မဟုတ်ဘူး။ လှုပ်ရှားမှုထဲမှာ သူတို့အတူပါခဲ့ကြ၊ စုစည်းမှုရှိကြ၊ အဲဒီလိုရှိခဲ့တာပါ။ ဆိုတော့..အခုလို နိုင်ငံရေးလေထုကြီးကအစ အပြောင်းအလဲတွေ တိုက်နေတဲ့ အချိန်မှာ၊ (အပြောင်းအလဲဆိုလို့ တကယ့်အခြေခံ၊ အနှစ်သာရအပြောင်းအလဲကို ပြောတာမဟုတ်ပါဘူး)ကျန်တဲ့ဟာတွေ လိုက်ပြီးပြောင်းလဲကြတာ သိတ်မဆန်းပါဘူး။

ဗမာပြည်သမိုင်းမှာ၊ အရင်တုန်းကလဲ (လွတ်လပ်ရေးရပြီး နောက်ပိုင်း) ကွဲကုန်တာတွေ ရှိတယ်။ သမဂ္ဂတွေ ထဲမှာလည်း၊ ကျောင်းသားတွေထဲမှာလည်း ကွဲဒါမျိုးတွေတော့ ရှိကြတာပဲ။ ဒါပေမဲ့ အဲဒီဟာတွေထဲကနေပြီး တိုးတက်မှုရှာနိုင်ဖို့ လိုတယ်လို့ ထင်တယ်။ အရင်တုန်းလည်း ကျောင်းသားတပ်ဦးဆိုတာ ရှိတယ်၊ နောက် ဖဆပလ က မွေးထားတဲ့ ဒီအက်စ်အို လို အဖွဲ့အစည်းလည်းပေါ်လာတယ်။ အဲလိုအဖွဲ့ကွဲတွေပေါ်လာပြီး မတူ ညီတဲ့ ကျောင်းသားလှုပ်ရှားမှု ကျောင်းဝင်းထဲမှာ အကြီးအကျယ်ပေါ်လာတာပဲ။ ဒါပေမဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကိုတော့ ကျောင်းသားသမဂ္ဂက မှန်မှန်ကန်ကန် ရှေ့ဆက်ဦးဆောင်နိုင်ခဲ့တယ်ဗျ။ အဲဒီတော့
အခုလည်း အကွဲတွေဘယ်လိုပဲရှိရှိ ရှေ့ဆက်လှုပ်ရှားနိုင်မဲ့အရာတွေ ဖော်ထုတ်ရမယ်၊ ရှာဖွေရမယ်လို့ ကျနော် မြင်တယ်။ အဲဒါကပိုအရေးကြီးတယ်။ ကွဲတာက သဘာဝတမျိုးလို ဖြစ်နေပြီ၊ တားမရဘူး။ အဲဒီအကွဲထဲကနေ အကောင်းဆုံး ဘယ်လိုလုပ်နိုင်မလဲဆိုတာက အရေးကြီးတယ်။
သူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးလက္ခဏာကို ဖော်ပြတဲ့အချက်တချက် ပြောချင်ပါတယ်။ သူတို့က တပြည်လုံးပြေလည်မဲ့ငြိမ်းချမ်းရေးဆိုတာထက်၊ သူတို့အတွက်အကျိုးရှိမှ လှည့်လုပ်နေတာပါ။ ကျနော့်အထင် ဒီငြိမ်းချမ်းရေးတွေဟာ သိတ်ပြီးတော့ မြဲနိုင်စရာအကြောင်းမရှိဘူး။ အခုရထားတဲ့ သဘောတူညီချက်တွေအရ ဆို၊ စစ်အစိုးရလက်ထဲမှာ အကုန်ရှိနေခဲ့တာပဲ။ ဆိုလိုတာက အချိန်မရွေး စစ်ကိုပြန်ဖန်တီးလို့ရတယ်။ သူတို့ ဖန်တီးလိုက်ရင် ကျန်တဲ့အဖွဲ့တွေက လက်နက်ရှိပြီး ခံဘို့ပဲရှိတယ်။ စစ်အစိုးရ အဲလိုလုပ်နိုင်တာကို ကြိုပြင် ထားတာဆိုလို့၊ ၀၊ မုန်းလား၊ အဲဒီ ၂ဖွဲ့ပဲရှိတယ် ထင်တယ်။ ကျန်တဲ့အဖွဲ့တွေ နောင်ဆိုလို့ရှိရင် စစ်အစိုးရပြုသမျှနုရတော့မဲ့အခြေအနေရောက်သွား မယ်ထင်တယ်ဗျာ။

မေး။ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီထဲမှာလည်း ဖြုတ်ထုတ်သတ် ပြဿနာတွေ ရှိခဲ့ဖူးတယ်၊ ဒီဘက် နောက်ပိုင်း မြောက်ပိုင်းဒေသ ကချင်ဘက်မှာလည်း ကျောင်းသားတပ်မတော်အတွင်း စွတ်စွဲလုပ်ကြံသတ် ဖြတ်မှုတွေရှိခဲ့တယ်။ ဘယ်လိုသုံးသပ်ချင်သလဲ?

ဖြေ။ ဖြုတ်ထုတ်သတ်လို့ ကျနော်တို့ ပါတီက မခေါ်ဘူး။ အဲဒါ စစ်အစိုးရက ပေးထားခဲ့တဲ့ နာမည်၊ ကျနော်တို့ ပါတီကတော့ ပါတီတွင်းတော်လှန်ရေးလို့သုံးနှုံးခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့က တရားဝင်ပဲမှားတယ်၊ မလုပ်သင့်တဲ့ဟာလို့ ပြောပြီးပြီ။ ကြုံရင်လည်း ကြုံသလို ပြောနေတုန်း။ ဟိုအဖွဲ့အစည်းမှာဖြစ်တဲ့ သူတို့အတွင်း ရေး ကျနော်တို့ မသိဘူး။ ဒါပေမဲ့ အဲဒီကိစ္စ စပေါ်နေပြီး အရေးယူတာတွေဘာတွေ လုပ်နေပြီး ဖမ်းတာဆီးတာ လုပ်နေတာကို ကျနော်တို့ ကြားတယ်။ သတ်တဲ့အဆင့်တော့ မရောက်သေးဘူး။

အဲဒီသတင်းကြားလို့၊ ကျနော့် ပါတီကနေ ကျနော့်ကိုလွှတ်တယ်။ ကျနော်ကိုယ်တိုင် သွားပြီးပြောတယ်၊ အဲဒီ မှာ။ အဲဒီထဲက ခေါင်းဆောင်တွေအကုန်လုံးနဲ့ ကျနော် တွေ့တယ်။ တွေ့ပြီးတော့ ကျနော် ပြောတယ်။ ဒီလိုမ လုပ်သင့်ဘူး၊ ကျနော်တို့ ပါတီဟာ၊ ပဲခူးရိုးမမှာ ပါတီတွင်းတော်လှန်ရေးလုပ်ခဲ့တယ်၊ အဲဒီတုန်းက တကယ်တမ်း ပါတီကအရေးယူလိုက်တာ လူ ၂၀ တောင် မရှိဘူး၊ ဒါပေမဲ့ ပါတီတခုလုံးအတွက် နစ်နာသွားတယ်။ အဲဒီတော့ ခင်ဗျားတို့လည်း အဲလိုမဖြစ်စေချင်ဘူး၊ မဖြစ်ပါနဲ့လို့ သွားပြောခဲ့တယ်။ အဲလို ကိုယ့်အတွေ့အကြုံသင်ခန်းစာကို သွားပြောခဲ့တာပါ။ သူတို့က နားထောင်ထားလိုက်တာကလွဲလို့ ဒီထက်မပိုပါဘူး။ တက်တက်ကြွကြွ နားထောင် တဲ့သဘောတောင် မရှိပါဘူး၊ ၀တ်ကြေတန်းကြေ နားထောင်တဲ့ သဘောလောက်ပါ။

        ဗမာပြည်ရဲ့ နိုင်ငံရေးမှာ လက်တွေ့ကျတဲ့လုပ်ငန်းတွေနဲ့ ကင်းကွာနေသလိုပဲ။ လက်တွေ့ဘက် အာရုံ လှည့်ကြစေလိုတယ်။ လက်တွေလုပ်ငန်းဆိုတာက သမဂ္ဂကြီး ၃ ရပ်ဖြစ်တဲ့ အလုပ်သမားသမဂ္ဂ၊ လယ်သမား သမဂ္ဂ၊ ကျောင်းသား သမဂ္ဂ ဆိုတာတွေ ဖော်ထုတ်ဘို့ တရားဝင်ဖြစ်လာအောင်လုပ်ဖို့၊ အဲဒါက အဓိကပဲ။
နောက်တခုက အဲဒါတွေနဲ့ ဆက်စပ်နေတဲ့ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး၊ ကျောင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးလှုပ်ရှားကြဘို့ လိုတယ်လို့ ထင်တယ်။ အခုကျနော်တို့ မြင်နေရတာက နိုင်ငံ ရေးလုပ်တဲ့သူတွေဟာ အဲဒါတွေနဲ့ ရှောင်ကွင်းပြီး နေသလိုပဲ။ ဒါဟာ ဗမာပြည်နဲ့ ဗမာပြည်လူထုဘ၀ တိုးတက် ရေးကို အလှမ်းကွာနေတယ်လို့ ထင်တယ်။
(သတင်းထောက် ကိုညို က ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနှင့် လက်ရှိနိုင်ငံရေးအခြေအနေအပေါ် ဆက်သွယ်မေးမြန်းချက်)

by FNG on September 18, 2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...