iPad/ iPhone/iPod Touch သုံးသူ မိဘများ သတိပြုဖွယ် ***
to hydegroup, mrsorcerer
ထိုနေ့က ဦးမောင်ခြိမ့် နောက်ကျမှ အလုပ်ကပြန်လာသည်။ ပြန်ရောက်ရောက်ချင်း
"အမေရေ ညနေက မောင်မျိုး ဆီက SMS လာတယ် .."
" ဟုတ်လား အဖေ ... ဘာတဲ့လဲ ..."
." အဖေလဲ အလုပ်ရှုပ်တာနဲ့ မကြည့်ရသေးဘူး ..."
" အင် ဟုတ်လား ... ဘာများအရေးကြီးလဲ မသိဘူးနော် ... ထမင်းစားပြီးရင် အဖေ ဖုန်းခေါ်လိုက်ဦးလေ..."
"မောင်မျိုး"မှာ စင်္ကာပူမှ အန်တီဆွိ၏မောင်ဝမ်းကွဲ ဖြစ်ပါသည်။ စင်္ကာပူမှ
ကိစ္စအ၀၀ကို ကိုယ်မရှိသည့်အချိန်တွင် လုပ်ကိုင်ပေးနေသူဖြစ်ပါသည်။ လစဉ်
ရောက်လာသောစာများကို ဖွင့်ဖောက်ပေးခြင်း၊ ငှါးခဲ့သောအိမ်ကို
စောင့်ရှောက်ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးပါသည်။
ဦးခြိမ့် ညစာထမင်းစားသောက်အပြီး အိမ်ရှေ့ဧည့်ခန်းမှာ TV ကြည့်ရင်း
သုံးဖို့ သူ့ကွန်ပြူတာပါ ထုတ်ချလာသည်။ ပြီးနောက် Skype ကို သုံးကာ
ဖုံးခေါ်ပါတော့သည်။ မိုက်ကရိုဖုန်းကို တပ်ပြီးခေါ်သဖြင့် ဟိုဖက်မှ
အသံများကိုတော့ မကြားရပါ။
"ဟယ်လို ... မောင်မျိုးလား ...."
".............. .................. ..........."
" အကို... မောင်ခြိမ့်ပါ ... အေး ... ဘာအကြောင်းထူးလို့တုံး ငါ့ညီရ ... ညနေက SMS ရတယ်"
" အင်း ... ဟုတ်ပြီ .... ခရက်ဒစ်ကတ် အကောင့် ... "
" ............. ........... ............ ..........."
" အင်း ၃၀ကျော် .... ဟုတ်ပြီ ... iTune စတိုးက ဘီလ် ... "
" ............ ........... ............. .............. ....... ................. ........................ ............ ........ ........... ......... ......
..............................
" အော် ဟုတ်လား ... ၁၀ခုလောက် ... အင်း ... "
" ............. ............ ............. ....................... ........... ..........."
" ဟေ ... "
ဤနေရာတွင် ဦးခြိမ့်၏ "ဟေ" ဆိုသော
အသံမှာ ၀မ်းခေါင်းထဲက လှိမ့်တက်လာသော အသံလုံးကြီးဖြင့် အသံရှည်ဆွဲ
အော်ပြောလိုက်ခြင်းဖြစ်ရာ အနားမှ အသာအကဲခတ်နေသော မဆွိတီပင် လန့်သွားပါသည်။
အပေါ်က ကြားခဲ့ရသလောက် ငွေ၃၀ များ ဒီလောက် " ဟေ " စရာ ပါ သလားပေါ့။
ဒီနေရာတွင် ဦးခြိမ့်၏ "ဟေ" အကြောင်း ပြောရဦးမည်။ လွန်ခဲ့သော ၂လ-၃လလောက်ကလည်း ဤသို့ဖုန်းပြောရင်းဖြင့် တစ်ခါ "ဟေ " ဖူးလေရာ ထိုစဉ်ကလည်း အင်မတန် စိတ်မကောင်းစရာ သတင်းဆိုးတစ်ခုကို ကြားခဲ့ရဖူးသည်။ မိမိတို့ အဖွဲ့ထဲမှ အသိ သူငယ်ချင်းတစ်ယောက် မမျှော်လင့်ပဲ လည်ပင်းတွင် အကျိတ်ကလေးစမ်းမိ၍ သွားစစ်လိုက်ရာ ကင်ဆာကျိတ်ဖြစ်နေကြောင်း အကြောင်းကြားခြင်းဖြစ်လေသည်။ ထိုစဉ်ကလည်း သူ့ "ဟေ" မှာ အတော်ကျယ်ပြီး အထိတ်တလန့် အော်လိုက်ရာ အိမ်ခန်းထဲမှာ ကွန်ပြူတာသုံးနေသော မဆွိတီပင် လန့်သွားပါသည်။ ကိုယ့်မှာ ခင်မင်ရသော မိတ်ဆွေအတွက် အလွန် ၀မ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရဖူးသည်။ ထို့ကြောင့် ဦးခြိမ့် ဤသို့ " ဟေ" လာလျှင် အလွန်ကြောက်ရပါသည်။
ဒီနေရာတွင် ဦးခြိမ့်၏ "ဟေ" အကြောင်း ပြောရဦးမည်။ လွန်ခဲ့သော ၂လ-၃လလောက်ကလည်း ဤသို့ဖုန်းပြောရင်းဖြင့် တစ်ခါ "ဟေ " ဖူးလေရာ ထိုစဉ်ကလည်း အင်မတန် စိတ်မကောင်းစရာ သတင်းဆိုးတစ်ခုကို ကြားခဲ့ရဖူးသည်။ မိမိတို့ အဖွဲ့ထဲမှ အသိ သူငယ်ချင်းတစ်ယောက် မမျှော်လင့်ပဲ လည်ပင်းတွင် အကျိတ်ကလေးစမ်းမိ၍ သွားစစ်လိုက်ရာ ကင်ဆာကျိတ်ဖြစ်နေကြောင်း အကြောင်းကြားခြင်းဖြစ်လေသည်။ ထိုစဉ်ကလည်း သူ့ "ဟေ" မှာ အတော်ကျယ်ပြီး အထိတ်တလန့် အော်လိုက်ရာ အိမ်ခန်းထဲမှာ ကွန်ပြူတာသုံးနေသော မဆွိတီပင် လန့်သွားပါသည်။ ကိုယ့်မှာ ခင်မင်ရသော မိတ်ဆွေအတွက် အလွန် ၀မ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရဖူးသည်။ ထို့ကြောင့် ဦးခြိမ့် ဤသို့ " ဟေ" လာလျှင် အလွန်ကြောက်ရပါသည်။
စောနက အကြောင်းပြန်ဆက်ရလျင် ဤသို့ သမီးယောက်ဖ၂ယောက် ၁၀မိနစ်ခန့် အပြန်ပြန်အလှန်လှန်ပြောကြပြီး ဖုန်းချသွားပါသည်။ ဖုန်းချချခြင်း၊ ဘေးမှာ သတင်းမေးရန် အဆင်သင့်စောင့်နေသော မဆွိတီမှ အလောသုံးဆယ် ...
"အဖေ ဘာတဲ့လဲဟင် ... ခရက်ဒစ်ကတ်က ဘီလ်တွေ အများကြီးလာလို့လား ...ဘာဖြစ်လို့လဲ ..."
" အေး ... iTune ကနေ ညည်းအကောင့်က ခရက်ဒစ်ကတ်ဘီလ်တွေ ၁၀၀၀ကျော်ဖိုးတောင် လာသတဲ့ "
"ဟင် ..."
ဒီတစ်ကြိမ်
"ဟင်" လိုက်သူက အန်တီဆွိ ကိုယ်တိုင်ပင် ဖြစ်ပါသည်။ ဘာတွေများ iTune စတိုးက
မသိလိုက်ပဲ ၀ယ်ခဲ့မိပါလိမ့်။ ဒါမှမဟုတ် Apple မှ အကောင့်မှားကာ
တောင်းခြင်းလား။ Hack ခံရခြင်းလား။ ကိုယ်လဲ တကယ်မသုံးရပဲနှင့် အော်ဇီဒေါ်လာ
၁၀၀၀ကျော်ကတော့ ဘယ်နည်းနှင့်မျှ မပေးနိုင်ပါလေ။ သမီးအတွက် ဂိမ်းတွေ
ဒေါင်းတော့လဲ အတော်များများ free ရတဲ့ ဟာတွေပဲ ရွေးဒေါင်းခဲ့တာပဲ။
သမီးများ ကိုယ်မသိရပဲ ပိုက်ပိုက်ပေးရတဲ့ ဂိမ်းတွေ သူ့ဟာသူ ဒေါင်းနေခဲ့သလား။
ပိုက်ပိုက်ပေးရတယ်ဆိုဦးတော့ သမီးဒေါင်းတာတွေက ဂိမ်းတစ်ခု
တစ်ကျပ်၂ကျပ်လောက်သာရှိရာ ပျမ်းမျှအခု ၄-၅၀၀လောက်ဒေါင်းမှ
ငွေတစ်ထောင်ရှိမည်။ ခုသမီးကစားသည့်ဂိမ်းက အလွန်ဆုံးရှိလှ ၁၀ခုလောက်သာ။
ရုတ်တရက် အတွေးမျိုးစုံ ခေါင်းထဲမှာ။
"
အမလေး အဖေရယ် ... တို့တွေက free ရတဲ့ဟာတွေပဲ ဒေါင်းလုပ်လုပ်တာများတာ ...
တစ်ထောင်ကျော်ကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ... တစ်ခုခုမှားနေပြီ ...
မှားနေပြီ အဖေရေ ..."
" ညည်းကသာ မဖြစ်နိုင်ဘူးပြောနေ ... ဟိုက ခရက်ဒစ်ကတ်ကတောင်ဖြတ်ပြီးသွာြး
ဤနေရာမှာ
ဦးခြိမ့် အကြောင်းပြောရဦးမည်။ ဦးခြိမ့်သည် ပုံမှန်အားဖြင့်
အလွန်ကပ်စေးနဲသူ နှမြောတတ်သူဖြစ်ပါသည်။ သို့ပေမဲ့ ယခုကဲ့သို့ ဘဏ်ကိစ္စ၊
ဘီလ်ကိစ္စတွေဆိုလျှင်တော့ အလွန်မှန်ကန်တိကျကာ ပေးစရာရှိသည်များကို
မနှောင့်နှေးစေရပဲ အရင် ပေးနှင့်သည်ချည်းသာဖြစ်ပါသည်။ မဆွိတီက ဦးတိကျကြီး၊ ဦးစာအုပ်ကြီးဟု ရွဲ့ကာ ခေါ်လေ့ရှိပါသည်။
ဈေးဝယ်ရင်း ငွေ ၄-၅-၁၀ကျပ်ကို နှမြောချင်နှမြောနေတတ်သည်။ ထို ၁၀၀၀ဆိုသော
ဘီလ်ပေးရမည်ဆိုတော့ မနှမြောသည့်အလား သူကပင် calm down ဖြစ်နေသေးသည်။
"အေး ဘီလ်ကတော့ တောင်းထားတယ်။ မနက်ဖြန် မောင်မျိုး စကင်န်ကူးပြီး ပို့လိုက်လိမ့်မယ်"
ထို့နောက် အနားမှာထိုင်ကာ စာလုပ်နေသော သမီးကို မေးရတော့သည်။
" သမီးလေး ... အိုင်ပက်မှာ ပိုက်ဆံပေးရတဲ့ ဂိမ်းတွေ သမီး ဒေါင်းလုပ်လုပ်သေးလား ..."
"ဂျူဂျူ မနေ့က မေမေ့ကို ပြတယ်လေ၊ ၁ကျပ်တန် နဲ့ ၂ကျပ်တန်၊ အဲ့ ၂ခု အဲဒါပဲ လုပ်တာ ... မေမေက အေး .. အေး လုပ်လိုက် ဆိုလို့ လုပ်တာလေ ... "
"အင်းအင်း
... ဟုတ်ပြီ သမီး အခု ခရက်ဒစ်ကတ်ကနေ iTune စတိုးက ဘီလ် ဒေါ်လာ
၁၀၀၀ကျော်တောင်ကျနေတယ်ပြောတယ် ... သမီး ဘာတွေများ ဆော့မိသေးလဲ ...
ဂိမ်းဆော့ရင်းနဲ့ ဘာတွေများ ၀ယ်မိသေးလဲ"
"
ဂျူဂျူ Smurf ဂိမ်းနဲ့ Tap pet hotel တော့ ဆော့တယ်။ ဒါပေမဲ့ ဘာမှ
မ၀ယ်မိဘူးထင်တာပဲမေမေ ..." ဟု ဆိုကာ ဂျူဂျူလဲ အဆူခံရမည်စိုးလို့လားမသိ
ငိုမဲ့မဲ့ ဖြစ်နေပါပြီ။
" သမီး
... မငိုနဲ့နော်။ ဒါငိုစရာ မဟုတ်ဘူး ... မေမေတို့က သမီးကို မေးရုံမေးတာ။
ဒါမှ ဘာဖြစ်တာလဲဆိုတာသိရမှာ ... ဖြေရှင်းလို့ရမှာလေ ..."
သားအမိ၂ယောက်
စကားပြောနေတုံး ဦးခြိမ့်မှ iTune စတိုးသို့ account Kay-in လုပ်ကာ
ခရက်ဒစ်ကတ်နံပါတ်ကို ပြောင်းလိုက်ပါသည်။ သူက ခရက်ဒစ်ကတ်များ hack
လုပ်ခံရလား သံသယရှိ၍ဖြစ်ပါသည်။ ထို့နောက် account history ရှာရာ iTune
စတိုးမှာ ရှာမတွေ့ပါ။
သို့နှင့် မဆွိတီ၏ email မှာ ပြန်ရှာကြရာ တွေ့ပါပြီ။ iTune store မှ " Your receipt No xxxxxx" ဆိုကာ ၁၅စောင်ခန့်ရှိသော စာများ။
မဆွိတီ၏
ထို email အကောင့်မှာ သိပ် active မဖြစ်ရာ email မစစ်သည်မှာ ရက်၂၀ကျော်ပြီ
ထင်သည်။ ယခင်ကလဲ iTune မှ စာများလာဖူးရာ သင့်အကောင့်မှ သုံးငွေ $0
ဆိုတာတွေသာဖြစ်၍ ဂရုလည်း မစိုက်ခဲ့ပါ။ ဖွင့်လဲ မကြည့်ခဲ့ပါ။
ယခုဖွင့်ကြည့်လိုက်တော့ အာလားမား ဘီလ်တစ်ခုကို အနည်းဆုံး ငွေ၆၀ခန့် ရှိသော
ဘီလ်များ ၁၀ခု-၁၅ခုလောက်။ ဒါတွေကို အကုန်ပေါင်း ဒေါ်လာ
၁၀၀၀ကျော်လောက်ဖြစ်နိုင်ပါသည်။
နမူနာ ဘီလ်တစ်ခု
သေချာတာကတော့
သေချာနေပြီ။ သမီးကစားသော Tap Pet Hotel ဟူသော ဂိမ်းမှ Pocket Gems Inc
ဆိုသော Artist ကုမဏီနာမည်နှင့် လာခြင်းဖြစ်ပါသည်။ ဤသို့ဆိုလျင်
ဦးခြိမ့်ပြောသလို ကိုယ့်ဖက်ကတော့ သုံးမိတာ သေချာနေပြီ။ ဘာမှလုပ်၍ မရတော့။
သို့နှင့် ဤငွေ တစ်ထောင်ကျော် ပေးရတော့မည်လား။
အန်တီဆွိကား
မကျေနပ်ပါ။ ဤလောက်များသောငွေများ သိသိကြီးနှင့်တော့ သမီးတော့
မသုံးလောက်ပြီ။ သုံးသည်ထားဦး ဒီလောက်ကြီး လက်လွတ်စပယ် ကလစ်ကလေး
တစ်ချက်လောက်နှိပ်ရုံနှင့် ငွေ၂၀ကျပ် ကျသော ကစားနည်းမျိုး မည်သူက
တီထွင်ထားပါသနည်း။ ဒါ မတရားမှု။ ခေတ်သစ် Cheat လုပ်နည်းတစ်မျိုးဟုပင်
သတ်မှတ်ပါသည်။
------------------------------ ------------------------------ ------------------------------ --------
အင်တာနက်မှာ
ဟိုရှာ ဒီရှာလုပ်ရတာကို အလွန်ဝါသနာပါသော အန်တီဆွိ ကတော့ ရှာဖွေမှူများကို
စလုပ်ပါတော့သည်။ ပထမဆုံး "Pocket Gems accidentally charge" ဆိုကာ google
မှာ စရှာလိုက်ရာ အောက်မှ စိတ်ဝင်စားဖွယ် topic တစ်ခုသွားတွေ့ပါသည်။
မိဘများမှ Pocket Gems သို့ ကွန်ပလိမ့်တက်ထားသော ဖိုရမ် အမေးအဖြေများဖြစ်ပါသည်။ ယခုကေ့စ်နှင့် တိုက်ရိုက်နီးပါးတူသော ကေ့စ်ပေါင်းများစွာ ဖတ်ရပါသည်။
မိဘများမှ Pocket Gems သို့ ကွန်ပလိမ့်တက်ထားသော ဖိုရမ် အမေးအဖြေများဖြစ်ပါသည်။ ယခုကေ့စ်နှင့် တိုက်ရိုက်နီးပါးတူသော ကေ့စ်ပေါင်းများစွာ ဖတ်ရပါသည်။
http://community.pocketgems.
ထို့နောက် ဆက်၍ရှာရာ အောက်ပါ topic များကိုလဲ တွေ့ပါသည်။
http://www.wusa9.com/news/
(ခလေးတစ်ယောက် ဂိမ်းထဲမှ အတုအယောင်ခွေးကို ကျွေးရန် ငွေ ၆၅၉ဒေါ်လာအထိ သုံးဖြုံးမိခြင်း ဟု အဓိပါယ် ပြန်ရမည်ထင်သည်)
http://arstechnica.com/apple/
(Apple မှ ခလေးများဆော့သော in-app purchase နှင့် ပတ်သတ်ပြီး တရားရင်ဆိုင်နေရပြီ။)
အထက်ပါစာများကို ဖတ်ကြည့်မှ ဖိုရမ်အချို့တွင် သူ့သမီး ၄နှစ်သမီး ကစားမိလို့၊ ၇နှစ်သမီးက မသိပဲ ၀ယ်မိလို့၊ သူသား ၆နှစ်သားက မတော်တဆ ကလစ်လိုက်လို့ အစရှိသဖြင့် ကွန်ပလိမ့်များစွာတွေ့ရာ အင်း ငါလိုလူစားအများကြီးပါလား၊ ဒီလိုကေ့စ်မျိုးတွေ အများကြီးပါလားဟု သဘောပေါက်ပါသည်။
ထို့နောက် သမီး ပြသနာဖြစ်ခဲ့သော Tap Pet Hotel ဟူသော ဂိမ်းကို သွားကြည့်တော့မှ ပို၍ သဘောပေါက်သွားပါသည်။
သမီးဆော့သော
ထိုဂိမ်းမှာ တိရိစ္ဆာန်လေးများကို မွေး၍အစာကျွေးရသော ဂိမ်းဖြစ်ရာ
တိရိစ္ဆာန်များ ပျော်ရွှင်ကျေနပ်စေရန် အစာများကို ၀ယ်ကျွေးခြင်း၊ အခန်းအတွက်
decoration များကို ၀ယ်ဖြည့်ပေးခြင်း အစရှိသည်တို့အတွက် ငွေများကို
အသုံးပြုရရာ ထိုငွေများမှာ တကယ့်ငွေအစစ်လား၊ ဂိမ်းထဲမှာသုံးသောငွေဖြစ်သည်လား
ခလေးတွေမှာ မခွဲခြားနိုင်ပါ။ ထိုသို့ မခွဲခြားနိုင်အောင်လည်း နားလည်မှုလွဲအောင် software ကုမဏီများက
trap လိုမျိုး တမင်လုပ်ထားသည်ထင်သည်။ ထိုမှရသည့်ငွေက နဲနဲနောနောမှမဟုတ်သည်ကိုး။ ဒီ့ထက်လွယ်သည့်ငွေရှာနည်း လောကတွင် ရှိသေးသလား။
နောက်တစ်ခုက Apple မှာ password ကို ပထမတစ်ခါသုံးပြီး ၁၅မိနစ်အော်တို သုံးစရာမလိုရာ ခလေးများမှာ password ထပ်မတောင်းတော့၍ ပို၍အထင်မှားကာ တကယ့်ငွေအစစ်နှင့် ဂိမ်းငွေကို မှားကြခြင်းဖြစ်လေသည်။ ထိုသို့ ကလစ်တစ်ချက်နှိပ်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း ငွေများဖြောကနဲ၊ ဖြောကနဲ ကုန်ကာ၊ ဘီလ်လာတော့ complaint တက်ရမှန်းမသိပဲ ပေးလိုက်ရသော မိဘများ ဘယ်နှစ်ဦးရှိပြီလဲ။ မသိနားမလည်သေးသော ခလေးဘယ်နှစ်ယောက် အဆူခံ၊ အဆဲခံ၊ အရိုက်ခံခဲ့ရပြီလဲ။ ဘုမသိ၊ဘမသိနှင့် ခလေးဘယ်နှစ်ယောက် ဒါဏ်ပေးခံခဲ့ရပြီလဲ။
နောက်တစ်ခုက Apple မှာ password ကို ပထမတစ်ခါသုံးပြီး ၁၅မိနစ်အော်တို သုံးစရာမလိုရာ ခလေးများမှာ password ထပ်မတောင်းတော့၍ ပို၍အထင်မှားကာ တကယ့်ငွေအစစ်နှင့် ဂိမ်းငွေကို မှားကြခြင်းဖြစ်လေသည်။ ထိုသို့ ကလစ်တစ်ချက်နှိပ်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း ငွေများဖြောကနဲ၊ ဖြောကနဲ ကုန်ကာ၊ ဘီလ်လာတော့ complaint တက်ရမှန်းမသိပဲ ပေးလိုက်ရသော မိဘများ ဘယ်နှစ်ဦးရှိပြီလဲ။ မသိနားမလည်သေးသော ခလေးဘယ်နှစ်ယောက် အဆူခံ၊ အဆဲခံ၊ အရိုက်ခံခဲ့ရပြီလဲ။ ဘုမသိ၊ဘမသိနှင့် ခလေးဘယ်နှစ်ယောက် ဒါဏ်ပေးခံခဲ့ရပြီလဲ။
အပေါ်တွင်
ဖတ်ထားသည်များအရ Apple မှ ထိုသို့သော ဘီလ်များ ကွန်ပလိမ့်တက်လာလျှင်
အလွန်လျှင်မြန်စွာ ဖြေရှင်းပေးပြီး refund ငွေ ပြန်ပေးသည်ဆိုရာ
အနည်းငယ် အားတက်သွားသည်။ သို့ပေမဲ့ ဒီလို ခလေးတွေရဲ့ မသိနားမလည်မှုအပေါ်
အခွင့်အရေးယူကာ cheat လုပ်သလို အမှုမျိုးအတွက်ကား လုံးဝမကျေနပ်နိုင်ပါ။
မနက် မောင်မျိုးထံမှ ဘီလ်ရလာတော့ Apple ကို လှမ်းစာရေးပါသည်။ iTunesStoreSupport@apple.com လိပ်စာကို ရေးခြင်းဖြစ်ပါသည်။ ကလစ်နှိပ်၍သာ ဖတ်ကြည့်ကြပါ။
မနက် မောင်မျိုးထံမှ ဘီလ်ရလာတော့ Apple ကို လှမ်းစာရေးပါသည်။ iTunesStoreSupport@apple.com လိပ်စာကို ရေးခြင်းဖြစ်ပါသည်။ ကလစ်နှိပ်၍သာ ဖတ်ကြည့်ကြပါ။
၃နာရီအချိန်လောက်အတွင်း Apple မှ စာပြန်လာသည်။ သူသည် အောက်ပါငွေကို refund ပြန်ပေးမည်ဟု
အကြောင်းပြန်သည်။ ရယ်စရာတစ်ခုမှာ ကွန်ပလိမ့်စာအတွက် သူကပင် appreciate လုပ်ပါကြောင်း၊ ၀မ်းမြောက်ပါကြောင်းပင် ပြောလိုက်သေးသည်။
အကြောင်းပြန်သည်။ ရယ်စရာတစ်ခုမှာ ကွန်ပလိမ့်စာအတွက် သူကပင် appreciate လုပ်ပါကြောင်း၊ ၀မ်းမြောက်ပါကြောင်းပင် ပြောလိုက်သေးသည်။
$912.17
Dear xxx xxx,
I understand that your 6 year old made some substantial purchases on your account that you would like refunded. I know how disheartening it is to pay for something you don't want and I can certainly appreciate your desire to be refunded for this mistaken purchase. My name is xxx and I will be more than happy to rectify the situation for you.
I checked your account and it looks like the purchase "Treats" was purchased from within the application "Tap Pet Hotel" on your iPhone, iPad, or iPod touch. This is called an "In-App Purchase". For information on this type of purchase, check out this article:
iTunes Store: About In-App Purchases
http://support.apple.com/kb/
I understand that the purchase of "Treats" was unintentional. In five to seven business days, a credit of $912.17, plus any applicable taxes, should be posted to the credit card that appears on the receipt for that purchase.
Please note that this is a one-time exception, as the iTunes Store Terms and Conditions state that all sales are final.
I understand that in app purchasing seems to be better off blocked all the time, but iTunes cannot block the option for developers to add in app purchasing within their applications. Apple has, however, added a "blocking" feature to Apple devices that you can set up straight from your end. If you would like to prevent In-App Purchases from being made in the future, you can block them on your iOS device. Follow these steps:
1) Tap Settings on your device's home screen.
2) Tap General.
3) Tap Restrictions.
4) If necessary, tap Enable Restrictions and enter a passcode. This passcode will prevent restrictions from being disabled without your permission.
5) Scroll down to the Allowed Content section. Switch the In-App Purchases option to OFF. Enter your Restrictions passcode if prompted.
It has been a pleasure assisting you. Please don't hesitate to write back if you need further assistance. We want to ensure that your issue gets resolved in its entirety. We appreciate your business, thank you for being an iTunes customer!
Sincerely,
xxxx
Apple
နောက်ပြီး အရေးကြီးသော အချက် တစ်ခု ရေးထားသေးသည်၊ နောက်ဤလို ပြသနာမျိုး ထပ်မပေါ်အောင် "In-App Purchase" ကို block လုပ်နည်းဖြစ်ပါသည်။ (အမှန် ဦးခြိမ့်က ဟိုနေ့ကတည်းက iTune store မှာ ဖတ်ပြီး block လုပ်ပြီးနေပါပြီ။) iPod Touch/iPad/iPhone သုံးသူ မိဘများ အားလုံး block လုပ်ထားသင့်ပါသည်။*****
ကဲ ဒေါ်လာ၁၀၀၀ကျော် ဘီလ်အတွက် ငွေ၉၀၀ကျော်ပြန်အမ်းမည်ဆိုတော့ အန်တီဆွိတို့ ယခုမှ
သက်ပြင်းချရပါသည်။ ပေးမည်တကဲကဲ လုပ်နေသော ဦးမောင်ခြိမ့်ကိုလဲ (အဟမ်း ... အဟမ်း)
မျက်မှောင်ကုတ်ကြည့်ကာ Apple မှ စာကိုပြလိုက်ပါသည်။ အမှန်မှာ ထိုနေ့ကတည်းက ခရက်ဒစ်ကတ်က
ပေးစရာရှိသော ဘီလ် ၁၀၀၀ကျော်ကို ပေးပြီးဖြစ်ပါသည်။ မဟုတ်ပါက ခရက်ဒစ်ကတ်က
နောက်ကျကြေး ထပ်တောင်းနေမှာ စိုး၍ဖြစ်ပါသည်။ အော် လောကကြီးမှာ
ငွေကုန်နည်း၊ ငွေချူနည်း trap တွေကလဲ ပေါမှပေါ။ ဘဏ်တွေက trap လိုက်၊ Apple
လို ကမ္ဘာကျော်ကုမဏီကြီးတွေက trap လိုက်၊ သူတို့မှ မချမ်းသာ မည်သူတွေ
ချမ်းသာမည်နည်း။ ထိုပေးခဲ့သော
ငွေအတွက် Apple မှ ခရက်ဒစ်ကတ်ထဲကို ပြန်အမ်းငွေထည့်ပေးမည်ဆိုပါသည်။
------------------------------ ------------------------------ ------------------------------ --------------------
------------------------------
(၁) မိဘများမှ အမှား
(က) Apple မှ password ကို ခလေးအား ပေးသိစေခြင်း
ခလေးကို ဒီလောက်တော့ နားလည်မှာပါ။ မသုံးလောက်ပါဘူးဟုဆိုကာ Apple store
/iTune store ၏ password ကို ပေးမသိစေသင့်ပါ။ ခလေးများ ငယ်သေးရာ
မသိနားမလည်သည်ကို အခွင့်ကောင်းယူကာ လုပ်စားသည့်သူများ ရှိနေသည်ကို
သတိပြုပါ။
(ခ) ဂိမ်းများမှ သတိပေးစာတမ်းများ သေချာမဖတ်ခြင်း
ခလေးမှ ထိုဂိမ်းများကို ဒေါင်းလုပ်လုပ်သောအခါ သတိပေးစာတမ်းကိုသေချာ
ဖတ်ပါစေ။ ကွန်ပလိမ့်တွေများလို့လားမသိ ယခုတော့ ဂိမ်း၏မျက်နှာစာမှာကို
ဤဂိမ်းတွင် သုံးသောငွေများသည် တကယ့်ငွေကြေးအစစ်ကို သုံးခြင်းဖြစ်သည်ဟု
notice စာရေးထားပါသည်။ အများအားဖြင့် ထို notice ကို ဂရုမပြုပဲ
ကျော်သွားသည်သာ များပါသည်။ ခလေးများ ကစားနေသည့်အခါလည်း ဒီတိုင်းလွှတ်မထားပဲ
တစ်ခါတစ်ရံ surprise check လိုမျိုး စစ်ဆေးသင့်ပါသည်။ ခလေးများကိုလည်း ငွေရေးကြေးရေး ကိစ္စ နားလည်အောင် ရှင်းပြထားသင့်ပါသည်။
(ဂ) In-App Purchases ကို block မလုပ်ထားခြင်း
အပေါ်တွင် ဖော်ပြပြီးဖြစ်ပါသည်။ block လုပ်နည်းကို Apple မှ လာသော စာထဲတွင်ဖတ်ပါ။
(ဃ) ဘီလ်ကို မှန်မှန်မစစ်ခြင်း၊ မဖတ်ခြင်း
email မှ ရောက်လာသော ဘီလ်များကို မှန်မှန်စစ်ခြင်းအားဖြင့် ငွေတွေ ဤမျှလောက်
ပမာဏများများ deposit ဖြစ်မှ သိခြင်းကို ကာကွယ်နိုင်ပါသည်။ အရင်က ဘီလ်တွေက
$0 ဆိုတာတွေချည်းလာတာပဲဆိုကာ မဖတ်ပဲ ဖျက်ပစ်ခြင်းများမလုပ်ပါနှင့်။ ဤ case
တွင် ပထမ ဘီလ် $ 59.99 ဆိုတာ စလာကတည်းက လိုအပ်သည်များကို လုပ်ခဲ့ပါက
နောက်က ဘီလ်တွေ ထပ်လာစရာ မရှိပါ။
( ကိုယ့်ဖက်က အားနည်းချက်များလဲ ရှိသည်ကို ၀န်ခံပါသည်။ )(၂) Software ရေးသော Artist ကုမဏီများမှ လူလည်ကျခြင်း
အန်တီဆွိကတော့ ဤကုမဏီများ တမင်လုပ်စားသည်၊ ဥပဒေကို လက်တလုံးခြားလုပ်ကာ
မတော်တဆ မှားမိသော အမှားအတွက်၊ မသိနားမလည်သေးသော ခလေးသူငယ်များထံမှ ငွေကို
လိမ်ယူသည်ဟုပင်ပြောချင်ပါသည်။ ဆော့ဖ်ဝဲလ် ရေးကတည်းက ထိုအမှားမျိုး
မမှားအောင်ကာကွယ်နည်းတွေရှိပါလျ က်နှင့် တမင် trap လုပ်ထားခြင်းဖြစ်ပါသည်။ ထို
ကလစ်လုပ်နိုင်သော ငွေပမာဏမှာ $0.99 မှ $99 အထိပင်ရှိရာ တစ်နေ့တည်း
၉၉ကျပ် အခါများစွာနှိပ်မိသော ခလေးအတွက် စဉ်းစားကြည့်ပါလေ။ သူတို့အနေနှင့်
ကွန်ပလိမ့်လာလျှင်လည်း ကျေနပ်အောင် ပြန်လျော်လိုက်မည်။ မလာပါကလည်း ထို ဘီလ်ကို ယူလိုက်မည်။ အချောင်ရ နည်းလားနော့။
အန်တီဆွိတို့လို အင်တာနက်မှာ ရှာကြည့်ရမှန်းမသိ၊ နားမလည်ပါးမလည်နှင့် ကိုယ်သုံးမိတာ ပေးရမှာပဲဆိုကာ ပေးသူမိဘများ ဘယ်နှစ်ယောက်ရှိမလဲ စဉ်းစားကြည့်ပါလေ။ မဆွိတီတို့လို သာမန်လူတန်းစားပင် ဤသို့ဘီလ် ၁၀၀၀ကျော်ပေးရမည့်အမှားမျိုး ဖြစ်တတ်လေရာ၊ ငွေကြေးအလွန်ချမ်းသာသော မိဘများ၏သားသမီးများ ထံမှ ငွေဘယ်လောက်ယူပြီးပြီလဲ တွေးကြည့်ပါလေ။
အန်တီဆွိတို့လို အင်တာနက်မှာ ရှာကြည့်ရမှန်းမသိ၊ နားမလည်ပါးမလည်နှင့် ကိုယ်သုံးမိတာ ပေးရမှာပဲဆိုကာ ပေးသူမိဘများ ဘယ်နှစ်ယောက်ရှိမလဲ စဉ်းစားကြည့်ပါလေ။ မဆွိတီတို့လို သာမန်လူတန်းစားပင် ဤသို့ဘီလ် ၁၀၀၀ကျော်ပေးရမည့်အမှားမျိုး ဖြစ်တတ်လေရာ၊ ငွေကြေးအလွန်ချမ်းသာသော မိဘများ၏သားသမီးများ ထံမှ ငွေဘယ်လောက်ယူပြီးပြီလဲ တွေးကြည့်ပါလေ။
ခုဆို ဘီလ် ၁၀၀၀ကျော်ကျတာ ပြန်ပေးငွေက ၉၀၀ကျော်ဆိုတော့ ကျန်တဲ့ ငွေ၁၀၀ကျော်
ကတော့ ပေးရမည်။ အမှန်မှာ မဆွိတီတို့ မိသားစုအနေဖြင့် ထို iPad
နှင့်ပတ်သတ်၍ free game များစွာရှိရာ ငွေ ဘီလ် ၁၀၀ကျော်ကိုလဲ
မမျှော်လင့်ထားပါ။ အစကတည်းက ဘီလ် ၁၀၀ ဆိုပါကလဲ ကွန်ပလိမ့်တက်မည်သာ။
သို့ပေမဲ့ ယခုအဖြစ်က ငွေ ၁၀၀၀ကျော်မှာ ၉၀၀ ကျော်ပင် လျော့သွားရာ
ထိုသည်ကိုပင် အလွန်ဝမ်းသာနေရပြီ။ ကျန်သည့်ငွေ၁၀၀ကတော့ သိပ်အရေးမစိုက်တော့၊
စစ်လဲ စစ်ကြည့်မနေတော့ပါ။ ပေးလိုက်တော့မည်ဟု ။ ဤသည်ကကော ကပ်စတန်မာကို
လှည့်ပတ်ကာ ငွေကိုယူသည့်နည်းပေပဲလားဟု သံသယဖြစ်မိပါသည်။ (အန်တီဆွိ
အဆိုးမြင်တာတွေ များနေပြီလားမသိပါ။)
ယခုကဲ့သို့ Apple မှ ကွန်ပလိမ့်စာ ရရချင်း ကပ်စတန်မာကို
ကျေနပ်အောင်ပြောဆိုကာ အလွယ်တကူ ငွေပြန်အမ်းသည်ကိုက မသင်္ကာစရာ
အချက်ဖြစ်နေပါသည်။ Bill မှာ လာကတည်းက တောင်းသူသည် Pocket Gems ကုမဏီမှ
ဖြစ်ပါသည်။ Apple မှ မဟုတ်ပါ။ သို့ပေမဲ့ ဖတ်ထားသည်များအရ Apple မှလည်း
ထိုငွေကို % အချိုး တစ်ခုခု ရသည်ဆိုပါသည်။ Consumer များမှ ပေးသည့်ငွေများသည် ပထမ Apple ကို
အရင်သွားသည်။ နောက်မှ Apple က % ဖြတ်ယူကာ Artist ကုမဏီများထံ
ပို့ပေးသည်ဆိုပါသည်။ ကမ္ဘာတွင် Apple သုံးသူ မီလျံနှင့် ချီရှိရာ ထိုအခါ
သူကလဲ စားနေကျ ကြောင်ဖားကြီးဆိုသလိုပင် ဖြစ်နေတော့ ထိုကိစ္စ ကာကွယ်၍
မရဟုပင်ပြောပေတော့မည်.။ Apple က ပြောသည်မှာ သူ့အနေနှင့် သူ၏ Artist ကုမဏီ
(သို့) vendor များ၏ ထိုကဲ့သို့ (ခလေးများကို trap လုပ်ကာ) ငွေရှာနေသည်ကို
သိသော်လည်း ဥပဒေကြောင်းအရ တားမြစ်ပိုင်ခွင့်မရှိဟု အကြောင်းပြပါသည်။
လေ့လာချက်များအရ အောက်ပါဂိမ်းများမှာ ပြသနာအပေးဆုံး ဂိမ်းများဖြစ်ပါသည်။ ခလေးများ အကစားများသော ဂိမ်းများလဲ ဖြစ်ပါသည်။
Tap Pet Hotel
Tap Zoo
Smurfs Village
အချုပ်ဆိုရသော် ယခုခေတ်ကြီးတွင် ဥပဒေတွေက လက်တလုံးခြားတွေ
ရေးထားရာ ထိုအပေါ် အခွင့်ကောင်းယူကာ ဂိမ်းဆော့ဖ်ဝဲကုမဏီများမှ
လုပ်စားနေသူများရှိရာ သုံးစွဲသူများအနေဖြင့် အထူးပင် သတိချပ်ရမည်ဖြစ်ပါသည်။
------------------------------ပြီးခဲ့သည့်အပတ်က မဆွိတီတို့ ဖလင်မင်တန်ဈေး (ဆစ်ဒနီမှ ဟင်းသီးဟင်းရွက် ဖောက်သယ်ဈေး) သွားတော့ တစ်နေရာတွင် "one dollar" "one dollar " ဟုအော်ကာ အာလူးထုပ်တွေ ရောင်းနေသည်ကိုတွေ့သည်။ အာလူးထုပ်များမှာ တစ်တောင်လောက်ရှိပြီး အနည်းဆုံး ၃-၄ ကီလိုတော့ရှိရာ မယုံနိုင်လောက်အောင် ဈေးပေါလှပါသည်။ ဒါတွေဒီလိုရောင်းနေတာ ဒီလို လူသားလုပ်အားခ ဈေးကြီးသည့် အရပ်မှာ အာလူးစိုက်ခ၊ နှုတ်ခ၊ သယ်ပို့စံရိတ်တောင် ကျေပါ့မလားဟု သူတို့အစား တွေးမိကာ ရောင်းသူတွေကို အားနာနေမိသည်၊ သနားနေမိသည်။ ဒီလောက်ပေါတာတောင် ၀ယ်သူကလဲ ခြောက်တိ၊ ခြောက်ချက်သာရှိသည်။
နောက်တစ်နေရာရောက်တော့လဲ ဈေးထိုင်ခုံပေါ် ထိုင်ကာ မှိုင်နေသည့်
သခွါးသီးရောင်းနေသူတစ်ဦး။ သခွါးသီးတွေကို ဆိုင်ပေါ်မှာလဲ ခင်းထားသည်။
ပုံးတွေထဲမှာလဲ တစ်ချို့တစ်ဝက်။ သူများတွေ တစ်ကေဂျီ ၂ကျပ်-၃ကျပ်ရောင်းနေရာ
သူကတော့ တစ်ကေဂျီ တစ်ကျပ်တဲ့။ ဈေးပေါသည်ဆိုကာ သူ့သခွါးသီးတွေကို
ကြည့်လိုက်တော့ အပွေးတွေ တက်နေသည်။ အဖြူရောင် အပွေးတွေမှာ ထင်ရှားရကား
မည်သူမှ သူ့သခွါးသီး ၀ယ်မည့်သူမရှိ။ သူကလဲ လက်လျှော့သည်လားမသိ။
ဈေးခေါ်ခြင်း၊ အော်ခြင်းအလျင်းမရှိ။ သခွါးသီးပုံကြည့်ကာ မှိုင်နေလေတော့သည်။
ဤတစ်ဆိုင်လုံးပင်ရောင်းရစေဦးေ တာ့ ငွေ ၁၀၀ဖိုးလောက်ပင်မရှိသည့်ငွေအတွ က်
သူ့မှာ ပူပင်နေရသည်။ သူသည် ဖောက်သည်ဖြစ်သည်ထားဦး၊ ဒါတွေကို အပင်ပန်းခံ
စိုက်ပျိုးသည့် လယ်သမား၊ ယာသမားတွေ ဘယ်လောက်သာ အမြတ်အစွန်း ရကြမည်လဲ။
နေရာတကာ ဈေးတွေကြီးသည့် ဆစ်ဒနီလို နေရာမျိုးတွင် ဒါတွေမရောင်းရလျှင် အမြတ်မပြောနှင့်
အရင်းပင်မရပါက ဘ၀တွေ ဘယ်လိုရပ်တည်မည်လဲ။ မဆွိတီကတော့ ဖလင်မင်တန်ဈေးသွားကာ
ဈေးသည်တွေ၊ စိုက်ပျိုးသူ ယာသမားတွေကို သနားကာ ပြန်လာရသည်။ (မြန်မာပြည်တွင်တော့
မပြောနှင့်၊ ဤအဖြစ်မျိုး ကြုံဖူးလွန်း၍ ရိုးနေပြီဟုပင် ပြော၍ရသည်။)
ဤတစ်ဆိုင်လုံးပင်ရောင်းရစေဦးေ
ထိုသူများနှင့် နှိုင်းယှဉ်ကာ ကမ္ဘာ့နာမည်ကျော် ဆော့ဝဲလ် ကုမဏီများမှ
ငွေရလွယ်လမ်း၊ အချောင်လိုက်ကာ ကလစ်ကလေးတစ်ချက် နှိပ်လိုက်ရုံဖြင့် သူ့
ဘဏ့်အကောင့်ထဲ စက္ကန့်ပိုင်းအတွင်း ငွေ ၉၀-၁၀၀ဖိုး တဖြောဖြော ရောက်အောင်
cheat လုပ်ကာ ငွေရှာသူများနှင့်နှိုင်းယှဉ်ကာ တရားလည်းကျပါသည်။ လောကကြီးမှာ
လူချင်းတူသော်လည်း ငွေရှာပုံ၊ရှာနည်း အလွန်ပင် ကွာကြရာ ယနေ့ခေတ်၏ နည်းပညာ
တိုးတက်မှုများ၊ ကောင်းလွန်းလှပါသည်ဆိုသော ခေတ်စံနစ်များသည် လူသားတို့ကောင်းကျိုးအတွက် တကယ်ပင်
စွမ်းဆောင်သည်လား၊ လူသားအားလုံးအတွက် တရားမျှတမှု အမှန်တကယ်ပင်ရှိပါရဲ့လား
သံသယ ဖြစ်မိပါတော့သည်။ ။
--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
0 comments:
Post a Comment