Wednesday, January 18, 2012

Future Democracy & Political Parties -အနာဂတ် ဒီမိုကရေစီနဲ. နိုင်ငံရေးပါတီများ

by Udp Myanmar on Wednesday, January 18, 2012 at 5:38pm
 
Future Democracy & Political Parties -အနာဂတ် ဒီမိုကရေစီနဲ. နိုင်ငံရေးပါတီများ

မြန်မာပြည်မှာ ဒီမိုကရေစီ ထွန်းကားရှင်သန်ဖို. နိုင်ငံရေးလောကထဲမှာ အရည်အချင်းရှိတဲ့ နယ်ပယ်အစုံက မျိုးဆက်သစ်တွေ ပါဝင်လာဖို. အထူးလိုပါသည်။

နိုင်ငံရေးပါတီသစ်တွေဟာလဲ သမာရိုးကျ လမ်းဟောင်းထဲကနေ ခွဲထွက်ပြီး ခေတ်စနစ်နဲ.အညီ ပြောင်းလဲလာတဲ့ လူဘောင်အသိုင်းအ၀ိုင်းကို ထင်ဟပ်ပြီး အကောင်းဆုံးနဲ. ကိုယ်စား ပြုနိုင်ဖို. လုပ်ရပါမည်။ စမ်းသစ်တဲ့ စွန်.ဦးတီထွင်မှု စွဲဆောင်မှုအသစ်တွေနဲ သွေးသစ်လူသစ် အမြင်သစ် တွေဖြင့် တိုးချဲ.ဖွဲ.စည်းဖို.လိုပါသည်။


ဒီမိုကရေစီ အစဦးပိုင်းမှာ လက်ရှိ ပါတီကြီး ၃ ခု-( တစည၊ ကြံ့ခိုင်ရေး နဲ. ဒီချုပ်) က တော့ လွှမ်းမိုး ချယ်လှယ် ထိမ်းချုပ်မှုတွေ ရှိနေနိုင်ပါသည်။ ဒီအတွက် ပါတီငယ်တွေ ပါတီသစ်တွေ က စိုးရိမ်စရာ အားငယ်စရာ မလိုပါ။ အခုအချိန်မှာတော့ စိတ်ရှည်ပြီး သက်လုံကောင်းဖို.ပါ။

တစညက မဆလ ပါတီကို အမွှေရခဲ့သူ။ တချိန်က တနိုင်ငံလုံးမှာမှ တခုတည်းသော ပါတီကြီး မဟုတ်လေလား။

ကြံ့ခိုင်ရေးက တပြည်လုံးအတိုင်းအတာနဲ. နိုင်ငံတော် အသုံးစရိတ်နဲ. ပြိုင်ဖက်မရှိ ဖွဲ.စည်း ထားသည့် လူမှုရေးအသင်းကြီးအဆင့်ကနေ အာဏာရအစိုးရ၏ ထိပ်တန်းလက်ရွေးစင် ဗိုလ် ချုပ်ကြီးတွေနဲ. အသွင်ပြောင်းပြီး ပါတီထောင်ခဲ့ကာ အာဏာရပါတီကြီးအနေဖြင့် လက်ရှိမှာ ဖြစ်နေသူ။

ဒီချုပ်-NLD ဟာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်စုကိုယ်တိုင် ဦးဆောင်နေပြီး ၁၉၉၀ ရွေး ကောက်ပွဲမှာ မဲအများဆုံးရတဲ့အပြင် နိုင်ငံတကာနဲ. မီဒီယာတွေ၏ ပျိုတိုင်းချစ်တဲ့. နှင်းဆီခိုင် မဟုတ်လေလား။။

ဒီတော့ မြန်မာဒီမိုကရေစီ ခရီးစဉ် အစပိုင်း ကနဦးပိုင်းမှာတော့ ဒီပါတီကြီးတွေ၏ သြဇာ အရှိန်နဲ. လွမ်းမိုးမှုတွေဟာ အချိန်အတိုင်းအတာ တခုအထိတော့ အရိပ် အကြီးကြီးအနေဖြင့် အဓိက နေရာတွေမှာ ရှိနေဦး ထိမ်ချုပ်ထားနိုင်ဦးမှာ သေခြာပါသည်။

ဒါပေမယ့် မေးစရာရှိတာက ဘယ်လောက် ကြာကြာနဲ. ပြိုင်ဖက်ကင်းတဲ့ ပါတီကြီးတွေအဖြစ် ဆက်ပြီး ရှိနေနိုင်မှာလဲ--- ရွေးကောက်ပွဲ ၂-၃ ခါလောက် သက်တမ်းပြီးသွားတဲ့အခါ ဒီပါတီ ကြီးတွေ၏ အရှိန်အ၀ါတွေ လျော့ကျလာမှာ သေခြာပါသည်။

အိန္ဒိယပြည်က Congress(I) ပါတီကြီးလောက်တော့ အိန္ဒိယနိုင်ငံရေးမှာ အနှစ် ၅၀ နီးပါး ပြိုင်ဖက်မရှိ ထိမ်းချုပ်ထားနိုင်တဲ့ အဆင့်မျိုးတော့ အထက် ပါတီကြီး ၃ ခု ရရှိနိုင်မည် မဟုတ်ပါ။ ဒါတော့ သေခြာသည်။ ခေတ် စနစ်နဲ. နည်းပညာတွေပြောင်းပြီး နိုင်ငံတကာ ကူလူးဆက်ဆံမှုတွေ အရမ်းနီးစပ်လာတဲ့ ဒီခေတ်ကြီးမှာ ပါတီကြီးတွေ ကြာကြာ အာဏာထိမ်းဖို. ခက်လာမည်။ ဘယ်လောက်ပဲ အစဉ်အလာကြီးသူ တန်ဘိုးအာဏာ သြဇာကြီးထွားသူ--- ၂၁ ရာစုမှာ ပါတီ တခုကနေ ရေရှည် အချိန်အကြာပြီး ရွေးကောက်ပွဲတွေမှာ သက်တမ်းအများကြီးနဲ. အပြတ်အသတ် နိုင်ဖို. ပါလီမန်ကို အများစု-Majority ထိုင်းချုပ်ထားဖို. မလွယ်ပါ။  ။

အင်မတန် ဒီမိုကရေစီ ခိုင်မာတဲ့ အနောက်နိုင်ငံတွေမှာတောင် ပါလီမန်တွေမှာ ပါတီတခုက မဲအများစုနဲ. ထိမ်းချုပ်ထားတဲ့အခြေအနေကနေ အခုဆိုရင် နိုင်ငံပေါင်းများစွာမှာ ညွှန်.ပေါင်း အစိုးရတွေ ခေတ်ထ ခေတ်စားလာပါသည်။ အာရှက အိန္ဒိယ။ ဂျပန် စတဲ့နိုင်ငံတွေမှာ ညွန်.ပေါင်းတွေပါ။  အီရတ်တောင် ညွှန်.ပေါင်းဖြစ်ဖို. ၈ လ ကြာမှ အစိုးရ ဖွဲ.ခဲ့ရပါသည်။

ဒီလို အခြေအနေမျိုး မြန်မာပြည် ဒီမိုကရေစီ ခရီးမှာလဲ ရွေးကောက်ပွဲ သက်တမ်း ၂-၃ ခု ကျော်လာရင် ပေါ်လာနိုင်ပါသည်။ တိုင်းရင်းသားဒေသတွေမှာ မြေပြန်.က ပါတီတွေ အသာစီးရရှိဖို. တော်တော်နဲ. မဖြစ်နိုင်ပါ။

အခုတော့ တဖက်မှာ စစ်တပ်ပုံသဏ္ဍန်နဲ. အထက်အောက် အမိန်.ပေးသလို စည်းရုံးတည် ဆောက်ထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ. ကျန်တဖက်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းသမီးကိုယ်တိုင်လဲ ဦးဆောင်နေပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ မှာလဲ ဇာတ်နာတဲ့အခန်းမှာ ရှိခဲ့တော့ လူထု ထောက်ခံမှု စာနာမှု အပါအ၀င် မျှော်လင့်ချက်တွေ လူတွေမှာ ကြီးမားနေတာ သဘာဝ ကျပါသည်။

ဒီမိုကရေစီ ကျင့်စဉ်အသားကျလာတာနဲ.အမျှ ကြုံခိုင်ရေးပါတီ၏ စည်းရုံးဖွဲ.စည်းမှုတွေလဲ လျော့ကျသွားမှာ ဖြစ်သလို ဒေါ်စုအပေါ် လူထု၏ အားကို မျှော်လင့်မှုတွေဟာလဲ ပါလီမန် သက်တမ်း ၂-၃ အကြားမှာ အတိုက်အခံပဲ ဖြစ်ဖြစ် အာဏာရပါတီပဲ ဖြစ်လာဖြစ်လာ လူထု တွေ ထင်ထား မျော်လင့်ထားတွေနဲ. လက်တွေ. လုပ်ပေးနိုင်မှု ဖြစ်လာမှုစတဲ့ လုပ်ဆောင် ချက်-Performance ကို ပြည်သူတွေ လက်တွေ. သိခွင့်ရမည် မဟုတ်ပါလား။  ။

အဲဒီအခါ အခုအချိန်အလောက်အထိ အရှိန်အ၀ါနဲ. မျှော်လင့်ချက်တွေ လူထုကြားမှာ မြင့် မားဖို. အခက်အခဲတွေ ရှိပါသည်။ နောက်တခုက ဒေါ်စုဟာ အသက်အရွယ်အရ ကျန်းမာရေး အရ ကိုယ်တိုင် ကိုယ်ကျ အခုလိုမျိုး ဦးဆောင်မှု မပေးနိုင်တဲ့အချိန်မှာ NLD-Post Daw Suu ဖြစ်လာတဲ့အခါ သိသိသာသာ ကွာခြားသွားနိုင်တာလဲ ရှိပါသည်။

ဒါကြောင့် လက်ရှိပါတီငယ်တွေ ပါတီအသစ်တွေအနေဖြင့် စနစ်တကျဖြင့် အချိန်ယူပြီး ပြင် ဆင်ထားမယ်။ ကိုယ်ပိုင်တဲ့ အားသာတဲ့အကြောင်းအရာကိစ္စ-Issues တွေနဲ. ပါတီ ရပ်တည် ရှင်သန် ကြီးထွားလာရန် လုပ်ဆောင်ဖို.ပဲ လိုပါသည်။ ပွဲဦးထွက်မှာတော့ ဒီလိုပဲ လူမသိ သူမ သိ ဖြတ်သန်းရမည့်အချိန်ကာလကတော့ ရှိနေဦးပါမည်။

ဒါကြောင့် တနိုင်ငံလုံးအတိုင်းအတာရ ဗြဲလရမ်းကြီး မစဉ်းစားပဲ မဟာဗျူဟာကျကျ လက်တွေ. ကျကျ ကိုယ့်ပါတီ သေခြာတဲ့ မဲဆန္ဒနယ်မြေ အနည်းကျဉ်းမှာ ခြေကုတ်ရအောင် လုပ်နိုင်ရင် လုံလောက်နေပါသည်။ အကြောင်းကတော့ ဤခရီးက ရှည်မည်။ သက်လုံကောင်းဖို. ဇွဲရှိဖို.နဲ. လာဒ်မြင်ပြီး ကြိုတင်ပြင်ဆင်တတ်ဖို.ပဲ အရေးကြီးပါသည်။

ဒါကြောင့်အခု လာမည့် ရွေးကောက်ပွဲမှာ ပါတီတွေကို အခြေခံပြီး ထောက်ခံတာထက် အမတ်လောင်း ကိုယ်စားလှယ်တွေ၏ အရည်အချင်းနဲ. လုပ်နိုင်တဲ့စွမ်းရည်အပေါ်မူတည်ပြီး မဲပေးထောက်ခံဖို.လိုပါသည်။

ရန်ကုန်တိုင်း ကော့မှူးမြို.နယ်မှာ ပြိုင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုတော့ အရည်အချင်းအရရော လိုအပ်ချက်အရရော နိုင်ငံရေးအရပါ အရေးကြီးတာမို. အားလုံး ၀ိုင်းပြီး ထောက်ခံဖို. အရွေးခံရအောင် ပါလီမန်ထဲ ရောက်သွားအောင် ကူညီဖို. လိုပါသည်။

ဒါပေမယ့် ဥပမာအနေဖြင့်ပေါ့ မန္တလေးတိုင်းက မိတ္ထီလာမြို.နယ်မျိုးမှာတော့ NLD ပါတီ ကိုယ်စားလှယ် ဦးဝင်းထိန်ထက် ဒေသခံလဲဖြစ် အရည်အချင်းလဲရှိပြီး လက်တွေ. တကယ် လုပ်နိုင် ကိုင်နိုင် လုပ်ပြနိုင်ခဲ့သူဖြစ်တဲ့ တသီးပုဂ္ဂလအမတ်လောင်း ဒေါ်မြင့်မြင့်အေးလို ပုဂ္ဂိုလ်မျိုးကို အားပေးဖို. လိုကောင်းလိုပါမည်။

ထို.အတူ တကယ်လို. ရှမ်းပြည်နယ် လားရှိုးကနေ ဦးခွန်ထွန်းဦးဟာ တိုင်းရင်းသားပါတီ တခုခုကနေ၀င်ပြိုင်ခဲ့ရင်လဲ နောက်ကနေ ၀ိုင်းပြီး အားပေးရမည်ဖြစ်ပါသည်။ တချိန်တည်းမှာ ကချင်ပြည်နယ် မိုးကောင်းမြို.နယ်မှာလဲ ကချင်တိုင်းရင်းသားခေါင်းဆောင် ဒေါက်တာ တူးဂျာ က တိုင်းရင်းသားပါတီတခုခု (သို.) တသီးပုဂ္ဂလအနေဖြင့် ၀င်ပြိုင်ရင်လဲ သူနိုင်အောင် ကူညီ ပေးရမှာပါ။ အခုလို ပြောရချင်းဟာ ပါတီတွေထက် ၀င်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တဦး ချင်းစီ၏ အရည်အချင်းနဲ. လုပ်နိုင်ကိုင်နိုင်ဖို. မိုးထဲရေထဲ အပြတ်နွဲရပြီဆိုရင် သတ္တိရှိသူ လုပ်ရဲ ကိုင်ရဲ လုပ်တတ်သူတွေ ပါလီမန်ထဲမှာ ပုဂံသူရဲကောင်းတွေလို ပါသွားအောင် ရွေးချယ်နိုင်ဖို. အထူး လိုအပ်ပါသည်။

ဒီကြောင့် ဒီမိုကရေစီ ခရီးဦးမှာတော့ ပါတီငယ်တွေ ပါတီသစ်တွေ သက်လုံကောင်းဖို. လိုပြီး ကိုယ့်ပါတီက ပြိုင်ခြေ နိုင်ခြေမရှိရင် တခြားပါတီကို ပါတီအလိုက်ထောက်ခံအားပေးခြင်းထက် ပါလီမန်ထဲမှာ အရည်အချင်းရှိတဲ့ လုပ်ရဲကိုင်ရဲ ပြောရဲသူတွေ များများဝင်သွား နိုင်သွားအောင် သာ ၀ိုင်းဝန်းကူညီပေးခြင်းသာလျင် မဟာဗျူဟာမြောက်ပြီး လက်တွေ.ကျတဲ့နိုင်ငံရေးအလုပ် တွေ ဖြစ်ပါသည်။

 အခုအချိန်မှာ High Profiles တွေ၏ အရှိန်တွေ ပြင်းနေဦးမှာ ဖြစ်သော်လဲ တချိန်ချိန်မှာတော့ ပါတီငယ်တွေလဲ ကထိန်ပွဲးတွေ နွဲခွင့်ရမှာ သေခြားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...