Monday, January 2, 2012

“ ဘဝ ”

ကျွန်တော် ၃ နှစ်သားမှာ ကွန်ပြူတာစသုံးနေပါပြီ။ ကျွန်တော်ကြိုက်တဲ့ Software လေးတွေသုံးတယ်။ Learning CD တွေ Learning Software တွေနဲ့အချိန်ကုန်တာများတယ်။ ကျွန်တော်လိုချင်တဲ့ စက္ကူလေယာဉ်ပျံပုံလေးတွေကို AutoCAD နဲ့ Design ချိုးတယ်။ ဖေဖေနဲ့ မေမေ့ ပုံတွေကို Photoshop နဲ့ပြင်တယ်။ သူငယ်ချင်းတွေရဲ့ အိမ်စာတွေကို Microsoft Word နဲ့ရေးပေးရတယ်။ သူတို့နားမလည်တဲ့ သင်္ချာပုဒ်စာတွေကို Excel နဲ့ တွက်ပေးရသေးတယ်။


ကျွန်တော်က Internet သုံးတာလည်းဝါသနာပါတယ်လေ။ အမှန်က ကျွန်တော်တို့ ၃ နှစ်သားတွေ အတွက် Internet ကမရှိမဖြစ်ပါ။ ဝါသနာပါမှမဟုတ်ဘူး လေ့လာဖို့အတွက်ပါသုံးသင့်တာပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ဆံပင်ကို ပီကေကပ်သွားတော့ ဘယ်လိုခွာရမလည်း Google မှာရှာတယ်လေ။ ကျွန်တော်ညီမတစ်နှစ်သမီးလေးကို ဘယ်လိုသိပ်ရမလည်းကိုလည်း Youtube မှာရှာကြည့်တယ်။ ကျောင်းမတက်ဖြစ်တဲ့ နေ့တွေမှာ သူငယ်ချင်းတွေနဲ့ Facebook မှာ တွေ့ဖြစ်တယ်လေ။ အန္တာရယ်ရှိတဲ့ Facebook မှာ ကျွန်တော့် Photo တွေမတင်ပါဘူး။ Gtalk မှာလည်း အရေးကိစ္စရှိမှ Chat ဖြစ်တာပါ။ အသက် ၂၀ ရှိတဲ့ ကျွန်တော့်အစ်ကိုကြီးတွေက Internet ဆိုင်မှာ Chatting ထိုင်တယ်ပြောတယ်။ ကျွန်တော် ၃ နှစ်သားအတွေးနဲ့တော့ ဘယ်လိုမှနားလည်လို့မရတဲ့အလုပ်ပဲ။ အကျိုးမရှိတဲ့အလုပ်ပါ။

ဒီလိုနဲ့ ကျွန်တော် အသက် ၁၆ နှစ်ရောက်တော့ တရားခွေတွေနာနေပြီလေ။ မေမေ့ရဲ့သွန်သင်မှုကြောင့်ပေါ့။ တရားစာအုပ်တွေဖတ်၊ တရားနာနဲ့ ပဲအချိန်တွေကုန်တော့တယ်။ Software တွေနဲ့အချိန်ကုန်တာတွေလျှော့လိုက်တယ်လေ။ တရားလည်းထိုင်ဖြစ်တယ်။ အဖွားဆုံးသွားတာ သူငယ်ချင်းတစ်ယောက်ရဲ့အမေဆုံးသွားတာတွေက ကျွန်တော့်ကိုတုန်လှုပ်စေတယ်။ ကျွန်တော်စီစဉ်ထားတဲ့ ဘဝအစီအစဉ်တွေက အများသားကလား။ ပညာတွေသင်လိုက်တာလည်း တစ်ပုံကြီး။ ဘယ်လိုအောင်မြင်အောင်လုပ်မယ်။ ဘယ်လိုစီးပွားရှာမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တစ်ခုသိလိုက်ရတယ်။ မနက်ဖြန် အသက်ရှင်ဖို့တောင်သေချာရဲ့လား။ ကျွန်တော်တွေးရပါပြီ။ အခုလုပ်ရမယ့်အရေးအကြီးဆုံးကဘာလဲ ?။

ကျွန်တော်၂၅ နှစ် ရှိပါပြီ။ လူ့အသိုင်းအဝိုင်းမှာလိုအပ်နေတာတွေကို ကျွန်တော်တွေ့စပြုလာတယ်။ လူ့လောကကြီးက မချောမွေ့ဘူးဆိုတာသိလာတယ်။ လူတွေက အမျိုးမျိုးအဖုံဖုံပဲ။ လူ့အသိုင်းအဝိုင်းကို အကျိုးပြုတဲ့လူတွေရှိသလို။ ဖျက်ဆီးနေတဲ့သူတွေလည်းရှိတာကို။ ကျွန်တော့်ရဲ့ အခန်းကဏ္ဍကိုသိလာတယ်။ ကျွန်တော်သွားရမယ့်နေရာ လုပ်ရမယ့်အရာတွေကိုသိလာတယ်။ ကျွန်တော့်ကိုလိုအပ်တဲ့သူတွေဆီကိုကျွန်တော်သွားတယ်။ ကျွန်တော်လိုအပ်တဲ့သူတွေ ဆီကိုလည်းသွားတယ်။ ဒီလိုနဲ့ ၂၄ နာရီဆိုတဲ့ တစ်နေ့တာအချိန်တွေဟာ ကျွန်တော့်အတွက်မဟုတ်တော့ပါဘူး။ ဘဝမှာဘယ်အလုပ်က တန်ဖိုးအရှိဆုံးဆိုတာသိလာခဲ့ပြီလေ။

အသက် ၅၀ ပြည့်တဲ့ ကျွန်တော့မွေးနေ့မှာပဲ ကျွန်တော့်ချစ်ရမယ့်သူကို စတွေ့ရပါပြီ။ သူ့အပြုံးနဲ့ သူ့နှလုံးသားကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခဲ့တယ်။ သူကလေးဟာကျွန်တော့်ရဲ့လက်တွဲဖော်ဆိုတာကို အနှစ်ငါးဆယ်ရှိပြီဖြစ်တဲ့ ကျွန်တော့ရဲ့ ဦးဏှောက်နဲ့ နှလုံးသားတစ်စုံက ကောင်းကောင်းကြီးရွေးချယ်ပေးနိုင်ခဲ့ပါတယ်။ နားလည်မှုတွေတည်ဆောက်ပြီးတဲ့အချိန်မှာ ချက်ချင်းဆိုသလိုပဲ ကျွန်တော်တို့လက်ထပ်ဖြစ်ခဲ့ကြတယ်။ အရာအားလုံးကအဆင်သင်ဖြစ်ခဲ့နေပြီလေ။

ဒီလိုနဲ့ အသက် ၈၀ မှာတော့ ဘဝ ဟာတိုတိုလေးပဲဆိုတာသိလာတယ်။ ကျွန်တော်ဟာဘာမှမဟုတ်သေးဘူဆိုတာလည်းသိလာတယ်။ ဘဝဆိုတာ ဘာလည်း?။ ဘဝဆိုတာ ဖြစ်ခြင်းဆိုရင် ဖြစ်ခြင်းမရှိတော့တဲ့ အချိန်မှာ ကျွန်တော်ဘယ်ရောက်နေမလည်း?။ ကျွန်တော်မသိသေးတာတွေအများကြီးပါလား။ ကျွန်တော်သူငယ်တန်းပြန်တက်ခဲ့ပါတယ်။ အဖိုးကြီးလို့အခေါ်ခံရတဲ့ဒီအချိန်မှာ ကျွန်တော်ဟာ အဘိုး မကြီးနိုင်တော့ဘဲ အရာရာကိုဆက်လက်လေ့လာခဲ့ပါတော့တယ်။ ဒီအချိန်မှာသိလိုက်ရတာတစ်ခုက ကျွန်တော်မသိသေးတာတွေအများကြီးပါလားပေါ့ ခင်ဗျာ။


အောင်မျိုးခန့် (မော်ကျွန်း)
၂၊ ၁၊ ၂၀၁၂ (တနင်္ဂလာနေ့)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...