Sunday, January 1, 2012

ကျောင်းနေအရွယ်ကလေးများ ဆရာနှင့်မဝေးစေချင်

by Ko Kyi Win on Sunday, January 1, 2012 at 11:42am
 
မူလတန်းပညာသင်ကြာရေးစနစ် သည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေး၏ အခြေခံဖြစ်သည်။ အထက် တန်းပညာ၏ အုတ်မြစ်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးများအတွက် အသိဉဏ်ပညာနှင့် မိတ်ဆက်နိဒါန်းပျိုး ပေးခြင်းဖြစ်၍ လွန်စွာအရေးကြီးသော အဆင့်ဖြစ်သည်။ အုတ်မြစ်မခိုင်လျှင် လဲပြိုနိုင်သည်။ ရင်းမြစ်မမှန်လျှင်အပင် မသန်နိုင်ပါ။ မူလတန်းပညာသင်ချိန်သည် မိခင် ရင်ခွင်မှ ဆရာရင်ခွင်သို့ကူးပြောင်းနားခို ရသော ကာလတစ်ခုဖြစ် သည်။ ““ရင်ငွေ့ လှုံ””ထွေးပိုက်ပဲ့ပြင် သင်ကြားသင့်သည် ဟုမြင်သည်။

ဝါရင့်အငြိမ်းစား ဆရာမတစ်ဦး၏ ကိုယ်တွေ့ပြောကြားချက်ကိုတင်ပြခွင့်ပြု စေချင်ပါသည်။ ““သူငယ်တန်းကလေး တစ်ယောက်ကို ရင်ခွင်ထဲသွင်းပြီး၊ ညာ လက်ကလေးနဲ့စနစ်တကျရေးသားတတ် အောင် သင်ပေးရတာသင်ကြားရေး အတွက် အများကြီးအထောက်အကူ ဖြစ်တယ်။ ဒီအရွယ်လေးတွေကို ကိုင်တွယ်ရတာ အထာမသိရင် တော် တော်ခက်တယ်။ ကလေးတွေကိုနွေးထွေး မှုပေးပြီးကျောင်းမကြောက်၊စာမကြောက်၊ ဆရာမကိုမကြောက်ဖို့ ကြိုးစားရတာ”” ဟုဆိုသည်။
မူလတန်းပညာသင်ကြားရေးရင်းမြစ် ကိုသိသော နိုင်ငံတော်အကြီးအကဲများ မှလည်း ၂၀၁၁-၁၂ ပညာရေးနှစ်အတွက် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်း သူ ငါးသန်းကျော်အတွက် ငွေကျပ်သန်း ၂၄၀၀ တန်ဖိုးရှိ ကျောင်းသုံးစာအုပ်များ အခမဲ့ ထောက်ပံ့ဖြန့်ဝေပေးခဲ့သည်ကို တွေ့ရသည်။
နိုင်ငံတော်အနေဖြင့် ““အခမဲ့ပညာ ရေးစနစ်မှသည် မသင်မနေရမူလတန်း ပညာရေးစနစ်”” သို့ တက်လှမ်းရန်ကြိုးပမ်း လျက်ရှိသည်။

သို့ရာတွင် လက်ရှိအခြေအနေအရ မူလတန်းကျောင်းအချို့တွင် အားနည်း ချက်များရှိနေသည်။ ““စနစ်ဟောင်း၏ အကျိုးဆက်””များလားဟုသံသယ၀င်စရာ အကြောင်းတရားတို့ကရှိနေသည်။
မူလတန်း သင်ကလေးတစ်ဦး၏ အဖြစ်အပျက်တစ်ခုကို တင်ပြခွင့်ပြုစေ ချင်ပါသည်။ ဒုတိယတန်းကျောင်းသူ ဖြစ် သည်။ မူလကသူငယ်တန်းနှင့်ပထမတန်း ကို ရန်ကုန်မြို့လယ်ရှိ အထက်တန်း ကျောင်းတွင် နေခဲ့ရာ၊ ပညာချွန်သူက လေးတစ်ဦးဟု ဆိုသည်။ ယခုနှစ်တွင် မိသားစုနေထိုင်ရေး အခြေအနေအရ ကမာရွတ်မြို့နယ်ရှိ မူလတန်းကျောင်းသို့ ရွှေ့ပြောင်းရာမှ အခက်အခဲနှင့်ကြုံခဲ့ရ သည်။
ကျောင်းတက်စကတည်းကအတန်း ပိုင် ဆရာမက သူ၏ကျူရှင်တက်ရန် ဆွယ်ခဲ့ကြောင်းသိရသည်။ ကျူရှင်လခ က တစ်လခြောက်ထောင်ဖြစ်၍ မိဘများ ၀င်ငွေနှင့် မနိုင်မနင်းနိုင်ကြကြောင်းသိရ ပြန်သည်။
နောက်ဆုံးတွင် ကလေး၏ပညာ ရေးရလာဒ်က မကောင်းသည့်အခြေ အနေသို့ရောက်ခဲ့သည်။ကလေးကလည်း ကျောင်းနေမပျော်၊ စာမတော်တော့ပေ။
သို့ပါ၍ ဖခင်ဖြစ်သူမှာ ကျူရှင်ကိစ်္စ စုံစမ်းပါရတော့သည်။ ကျောင်းသား၊ ကျောင်းသူ (၄၇) ယောက်ရှိသည်။ အခန်းတွင်ကလေး (၄၀)လောက်ဆရာမ  ကျူရှင်တက်သည်။ ဆရာမက ကျောင်း ဆင်းလျှင် အိမ်ကျူရှင်သို့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ်္ဓဟူးအလှည့်ကျခေါ်ယူသင်ပေးလျက် ရှိကြောင်းသိရသည်။ နောက်ဆုံးတွင် သမီးဖြစ်သူကို ဆရာမကျူရှင်တက်ခိုင်း လိုက်ရသည်။ အဆိုပါနေ့မှစ၍ ကလေး ပညာရေးကသိသာစွာတိုးတက်ခဲ့ကြောင်း သိရသည်။ ကလေးလည်းကျောင်းမပျင်း တော့သည့်““ရလဒ်ကောင်း””တစ်ခုရရှိခဲ့ ကြောင်း သိရပြန်သည်။
အဆိုပါ အဖြစ်အပျက်ကို သုံးသပ် ကြည့်လျှင်ကျောင်းနေရွယ်ကလေးနှင့် ဆရာမနီးစပ်ဖို့အတွက် အတန်းပိုင်ဆရာ ဖွင့်သည့် ကျူရှင်ဆိုသည့် စည်းကခြားနေ သည်။ ““မဖြစ်သင့် မဖြစ်ထိုက်””ဟုဆိုသင့် သော်လည်း ““ယနေ့ထိုသို့ဖြစ်နေသည်”” ဟုဆိုချင်သည်။

ကျူရှင်ကိစ်္စနှင့်ပတ်သက်၍လည်း နိုင်ငံတော် ဒုတိယသမ်္မတ၏ ပညာရေး ခရီးစဉ်တစ်ခုတွင် ““ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အား စာမေးပွဲတွင် မိမိကိုယ်တိုင်ဖွင့်သည့် ကျူရှင်ကစာကို ပြန်မေးပြီးအအောင်ပေး လျှင်၊ နိုင်ငံတကာပညာရေးအဆင့်၊ အာ ဆီယံပညာရေးအဆင့်မီရန်မည်သို့မျှ မဖြစ်နိုင်ကြောင်း”” ထည့်သွင်းပြောကြား ခဲ့သည်။
မျက်မှောက်ပညာသင်ကြားရေး စနစ်မှာ ဒုတိယသမ္မတ ဝေဖန်သုံးသပ် သလိုဖြစ်နေသည်။ ပိုမိုစိုးရိမ်မိခြင်းမှာ မူလတန်းပညာအဆင့်တွင် ထိုသို့ကြုံဆုံ နေရခြင်းကြောင့်ဖြစ်သည်။
ကျောင်းနေစအရွယ်ကလေးတစ်ဦး အတန်းပိုင်ဖွင့်သည့်ကျူရှင်တက်မှကျောင်း နေပျော်ရမည့် အဖြစ်မျိုးမှာ….။
မိခင်ရင်ခွင်မှ ဆရာမရင်ခွင်သို့ကူး ပြောင်းကာ နွေးထွေးမှုရှာဖွေနေသော ကျောင်းနေစအရွယ်ကလေးများ ဆရာမ နှင်မဝေးစေချင်ပါ။ ယနေ့ကာလသည် မူလတန်းပညာသင်ကြားရေးကို မသင် မနေရ ပညာရေးစနစ်သို့ကူးပြောင်းရန် ကြိုးပမ်းနေချိန်ဖြစ်သည်။ အချို့ဆရာ များ၏လုပ်ဆောင်ချက်များက နိုင်ငံတော် ၏ စေတနာနှင့်ဖီလာဖြစ်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

မြင့်ဇော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...