မောက်္ခပညာရေးဆောင်းပါးများ စုစည်းမှု
၂ဝ၁၁ ပညာရေးလောကကို ပြောင်းလဲစေခဲ့သည့် နည်းပညာများ
- Details
- Category: ဆောင်းပါး
- Published on Saturday, 07 January 2012 11:58
- Written by တင်ညွန့်
- Hits: 1530
ဒီဆောင်းပါးကိုရေးတဲ့ မိုက်ကယ် စတေတန် ဆိုတာက Inigral (http://www.inigral.com/) ကို ထူထောင်ခဲ့သူတစ်ဦးပါ။ သူဟာ ဆိုရှယ်ဆော့ဖ်ဝဲတွေကို အဆင့်မြင့်ပညာရေးမှာ အသုံးပြုနိုင်ရေးအတွက် ကျောင်းသားပညာရှင်တွေကို စုဆောင်းပြီး ကြိုးပမ်းဆောင်ရွက် နေသူတစ်ယောက်ဖြစ်ပါတယ်။
Inigral ဟာ ခုဆိုရင် ဘေဂိတ်စ်နဲ့ သူ့ဇနီးတို့တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့ ပညာရေးအတွက် တီထွင်မှုတွေကိုလုပ်ဆောင်ပြီး အလျှင်မြန်ဆုံးတိုးတက်နေတဲ့ ကုမ္ပဏီစာရင်းမှာ ထိပ်တန်းကုမ္ပဏီ ၁ဝ ခု စာရင်းဝင် ဖြစ်လာပါတယ်။
၂ဝ၁၁ ခုနှစ်ဟာ နည်းပညာရှင်သစ်တွေ၊ စီးပွားရေးစွန့်ဦးတီထွင်ရှင်တွေ အများဆုံးပေါ်ထွန်း တဲ့နှစ်လို့တောင် ပြောနိုင်တယ်။ အမေရိကန် ကောလိပ်နဲ့ တက္ကသိုလ်တွေမှာလည်း နည်းပညာရှင်လေးတွေက လက်စွမ်းပြနေတာတွေကို အမေရိကန်ပြည်ကတော့ ပီတိတွေ ဖြစ်နေမယ်ထင်ပါတယ်။ ဒီလိုနဲ့ လူငယ်တွေတီထွင်လိုက်ကြ၊ ကုမ္ပဏီတွေထောင်လိုက်ကြ၊ သန်းကြွယ်သူဌေးတွေ ဖြစ်သွားလိုက်ကြနဲ့ အရမ်းကို အားကျစရာ ကောင်းပါတယ်။
နည်းပညာမှာ လမ်းကြောင်းသစ်တစ်ခု ကို စတင်ဖို့ပြင်ဆင်နေကြတယ်။ အဲဒီလမ်း ကြောင်းသစ်ကိုသွားဖို့ ၂ဝ၁၁ ကတည်းက ပြင်ဆင်နေကြတယ်။ လူငယ်တွေကို ပညာတတ် အောင်လုပ်ပေးမှ၊ ပညာနဲ့အတူ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးမှဆိုတာကိုသိတဲ့ နိုင်ငံတွေကတော့ ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်
ဒီနေ့ခေတ်ဟာ ဒိုင်းနမစ်ပညာခေတ် လို့ပြောရမယ်။ ဒစ်ဂျစ်တယ်ဝန်းကျင်နဲ့ ပညာရေးကို မပြင်ဆင်ဘူးဆိုရင် အများကြီး နောက်ကျကျန်ခဲ့တော့မယ်။ ကွန်ပျူတာနဲ့ တက်ဘလက်ပညာရေးကို ခေတ်ရှေ့ပြေးတဲ့ နိုင်ငံတွေပေါ်ထွန်းနေသလို အစဉ်အလာ လမ်းကြောင်းမှာ ကျောက်သင်ပုန်း ကျောက်တံသုံးနေတဲ့ နိုင်ငံတွေလည်းရှိနေသေးတယ်။
၂ဝ၁၁ မှာ ပညာရေးလောကကို အများကြီး ပြုပြင်ပြောင်းလဲစေခဲ့တဲ့ နည်းပညာ တွေရှိပါတယ်။ ပြောင်းလဲမှုတွေ တွန်းတိုက်ဆောင့်ဝှေ့ဒဏ်ကို ပြင်ဆင်နေတဲ့ နိုင်ငံတွေက ပြင်ဆင်နေပါပြီ။ ၂ဝ၁၂ အတွက် ကျွန်တော်တို့ ဘာတွေပြင်ဆင်ရမလဲ၊ ၂ဝ၁၁ မှာ ဘာတွေ ဖြစ်ခဲ့သလဲ။
၁။ Uncollege ဆိုတဲ့ လှုပ်ရှားမှုကြီးတစ်ခု နဲ့ ပြောင်းလဲမှုကိုစတင်ခဲ့
ကောလိပ်တွေ တက္ကသိုလ်တွေမလို တော့ဘူးတဲ့ဗျာ။ Uncollege Movement ကို စတင်ခဲ့ သူတွေကတော့ PayPal က CEO နဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးဖြစ်တဲ့ ပီတာ သေးလ် ဖြစ်ပါတယ်။ အဆင့်မြင့်ပညာကို ကောလိပ်တက်စရာမလို ကျောင်းပြင်ပ တကယ့်လောကမှာ ပညာရှာနိုင်ရမယ်တဲ့။
သူက 20 under 20 program (http://www.entrepreneur.com/
သူ လက်တွေ့ပြတဲ့အထဲမှာ ဒေးလ် စတီဖင်ဆိုသူ ကျောင်းသားတစ်ယောက်ပါတယ်။ စတီဖင်က ခုဆိုရင် စာအုပ်တစ်အုပ် ကိုရေးနေတယ်။ သူရေးနေတဲ့စာအုပ်ကတော့ ကောလိပ် ဆိုတာ အောင်မြင်မှုအတွက် တစ်ခုတည်းသော လမ်းကြောင်းမဟုတ်ဘူး ဆိုတာကို ရေးထား တာလို့ပြောတယ်။
Fast ကုမ္ပဏီက ဂျာနယ်လစ်တစ် ယောက်ဖြစ်တဲ့ အန်ညာ ကာမီနက်ဇ် ကလည်း ကောလိပ်မတက်ဘဲ The Edupunks Guide to a DIY Credential ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ကို ဂိတ်စ်ရဲ့ ဖောင်ဒေးရှင်းက စပွန်ဆာပေးခဲ့တယ်။
သူတို့ ကောလိပ်မတက်ဘဲ ဘယ်လိုပညာရှာခဲ့တယ်ဆိုတာတွေကို လက်တွေ့ပြောနေပါတယ်။ သူတို့ကို အထောက်အပံ့ပေးနေတဲ့ သူဌေးကြီး ဂိတ်စ်ကလည်း ကောလိပ်ကို ပထမနှစ် အောင်တာနဲ့ ကျောင်းထွက်ပြီး မိုက်ခရိုဆော့ဖ်ကို ထူထောင်ခဲ့ရာကနေ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ဖြစ်နေသူပါ။
၂။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်၊ မီဒီယာနဲ့ ပညာရေးကို လှုံ့ဆော်
ဂိတ်စ်ဇနီးမောင်နှံဖောင်ဒေးရှင်
ရလဒ်ကတော့ EdSurge လိုကုမ္ပဏီကနေ သတင်းစာစောင်တွေထုတ်ပေးတယ်။ အဲဒီ စာစောင်အဖုံးမှာ ပညာရေးမှာထူးချွန်သူတွေကို ဖော်ပြပေးတယ်။ ဒီစာစောင်ကိုလည်း သူတို့နိုင်ငံက ပညာရေးလောကမှာ အတော်လေးဖတ်ကြတယ်။ Hacking Education ဆိုတဲ့ စာစောင်ကိုလည်း ညနေတိုင်းဖတ်နိုင်အောင် ဂျွန် ဘစ်ခ်ျကဲဆိုသူက ထုတ်နေတယ်။ မြို့သုံးမြို့ လောက်က တီထွင်ပညာရှင်တွေကို အဲဒီစာစောင်ကနေ ဖော်ထုတ်ပေးနေတယ်။
ကျောင်းတွေ က အလားအလာရှိသူတွေကို ဖော်ထုတ်ပေးနေတာ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ မိတ်ဆက်ပေးနေတဲ့သဘောပဲ။ ပညာရေးဆိုတာ မီဒီယာနဲ့လည်း ဆက်စပ်မှဖြစ်မယ်ဆိုတာ သူတို့သိထားတယ်။ ဒါကြောင့် ပညာရေးလောကကို သတင်းအမှောင် ချမထားဘူး။ ထုတ်ပြော သင့်တာပြော၊ ချီးမြှောက်သင့်သူကို ချီးမြှောက်၊ လူကြီးပြောမှ ကောက်လုပ်တာတွေမရှိတော့ အချိန်မရွေး ပညာရေးလောကအောင်မြင်မှုတွေဟာ လုပ်ငန်းခွင်နဲ့ မဝေးတော့ပါဘူး။
၃။ အစဉ်အလာ ပုံနှိပ်စာအုပ်တွေ သေကုန်ပြီ
Etexbook ဆိုတဲ့ ကုမ္ပဏီတွေပေါ်ထွက် လာတယ်။ အီလက်ထရောနစ် ပုံနှိပ်တွေကို Inkling (http://www.inkling.com/) နဲ့ Kno (http://www.kno.com/home) တွေမှာ လိုသလောက်ရနေပြီ။ ဒါကြောင့် ကျောင်းသွားရင် ပခုံးနာအောင် စာအုပ်တွေ ကျောပိုးအိတ်နဲ့ ထည့်ယူသွားစရာမလိုတော့ဘူး။ Tablet သို့မဟုတ် laptop ရှိရင် ပြဋ္ဌာန်းစာအုပ်တွေအားလုံး အွန်လိုင်းမှာရတယ်။
စာအုပ်တွေကို ဒစ်ဂျစ်တယ် အီလက်ထရော နစ်စနစ်ပြောင်းတယ်ဆိုတာ စာလုံးတွေကို ကွန်ပျူတာပေါ်ရောက်သွားရုံသက်သက် ပြောတာမဟုတ်ဘူး။ မာလ်တီမီဒီယာ လို့ ခေါ်တဲ့ စာတစ်လုံးပေါ်ကို click လုပ်တာနဲ့ ပုံပြ၊ အသံထွက်၊ အဓိပ္ပာယ်အားလုံးကို ရှင်းပြနိုင် တဲ့စနစ်တွေ တစ်ပြိုင်တည်းမှာ ဖော်ဆောင် ပေးနိုင်တာကိုပြောတာ။
Flat World Knowledge ဆိုတဲ့ ကောလိပ်ပြဋ္ဌာန်းစာအုပ်တွေကို ထုတ်ဝေနေတဲ့ နေရာတစ်ခုရှိတယ်။ ကျောင်းသားတိုင်း၊ မိဘတိုင်း စိတ်ချမ်းသာအောင် ထုတ်ပေးနေတယ်။ ရန်ပုံငွေလည်းတောင့်တယ်။ သူ့ဆီမှာ ထုတ်ထားတဲ့ ပြဋ္ဌာန်းစာအုပ်တွေဟာ Wikipedia လို အွန်လိုင်းစွယ်စုံကျမ်းနဲ့လည်း ဆက်စပ်ပေးထားတယ်။ အွန်လိုင်းမှာဖတ်ရင် အခမဲ့။ PDF နဲ့လိုချင်မှ ဒေါ်လာ ၂ဝ လောက်ပဲပေးရတယ်။
ပြဋ္ဌာန်းချက်တွေဟာ ဒစ်ဂျစ်တယ်စနစ် ကိုပြောင်းကုန်ပြီဆိုတာ ပုံနှိပ်ထုတ်ဝေသူ တွေ ကလည်း သတိပြုမိလာကြတယ်။ ဒါကြောင့် ထုတ်ဝေရေးလောကကိုပါ ပြောင်းလဲမှုလေးတွေ လုပ်လာကြတယ်။ မလုပ်ရင် ကျန်ခဲ့တော့မယ်ဆိုတာကိုလည်း သူတို့ သိနေကြတယ်။
၎။ ပညာရေးကိုရင်းနှီးမြှုပ်နှံလာေ
အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာ ဘီလီယံ ရာနဲ့ချီပြီး ထူထောင်ထားတဲ့ ဖောင် ဒေးရှင်းတွေ အများကြီးပေါ်လာတယ်။ အကျိုးအမြတ်ရှိမှ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ အစဉ်အလာ အတွေးအခေါ်တွေ ပြောင်းလဲလာတယ်။ ပညာရေးနဲ့ သုတေသနမှာ ရင်းနှီးမြှုပ်နှံတာကို အနာဂတ်အတွက်ဖြစ်ပေမယ့် လိုလားစွာလုပ်ဆောင်လာကြတယ်။ သူဌေးတွေက သူတို့ ဝင်ငွေတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ကို လှူဖို့စိတ်ဝင်စားလာကြတယ်။
များသောအားဖြင့် တီထွင်မှုနဲ့ တီထွင်သူတွေကိုပေါ်ပေါက်အောင် ရင်းနှီးမြှုပ်နှံတယ်ဆိုတာ သူတို့အနာဂတ် အတွက်လည်း ရင်းနှီးမြှုပ်နှံနေတာပဲလို့ သဘောပေါက်ထားကြတယ်။ ငွေအရင်းအနှီးကို အမြတ်တစ်ခုတည်းအတွက် မြှုပ်နှံမှုတွေ မလုပ်တော့တာကို စွန့်စားရတဲ့ဂိမ်းတစ်ခု အနေနဲ့ စိတ်ဝင်စားလာကြတယ်။
ဂိတ်စ်ဖောင်ဒေးရှင်းက Next Generation Learning Challenges ဆိုတဲ့ ပရောဂျက် ကို စပွန်ဆာတွေပေးပြီး အများကြီးမြှုပ်နှံထားတယ်။ ဝင်ငွေနည်းတဲ့မိသားစုတွေက သာမန် ကလေးတွေကို ဒီပရောဂျက်ကနေ ထောက်ပံ့ပေးပြီး ပန်းတိုင်တစ်ခုခု ရောက်အောင် မွေးထုတ် ပေးတယ်။ အထူးသဖြင့် နည်းပညာရှင်တွေ ဖြစ်လာအောင် ဦးတည်ချက်နဲ့ ထုတ်လုပ်နေတယ် ဆိုတာကိုတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။
၅။ ပညာရေးလောက စီးပွားရေးမဟာတွေ သိမ်းပိုက်လာ
ဥပမာ Providence Equity ကုမ္ပဏီကြီး က Blackboard website ကို ဒေါ်လာ ၁.၆ ဘီလီယံ နဲ့ဝယ်လိုက်တယ်။ Hellman & Friedman ကလည်း Sungard Higher Education ကို ဒေါ်လာ ၁.၇ ဘီလီယံနဲ့ ဝယ်ပြီးတော့ Datatel ဆိုပြီးထူထောင်လိုက်တယ်။ ကုမ္ပဏီ သစ်တွေကို မျှော်လင့်ချက်ကြီးစွာနဲ့ ထူထောင်လာတဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ အနာဂတ် စိတ်ကူးကို ကျွန်တော်တို့မှန်းလို့မရဘူး။ ဒါပေမယ့် အချိန်ကစကားပြောပါလိမ့်မယ်။ သူတို့ တတွေ အကြောင်းမဲ့ ရင်းနှီးမြှုပ်နှံနေကြတာ မဟုတ်ဘူးဆိုတာကတော့ထင်ရှားတယ်။
၆။ သင်ယူမှုစီမံ အပြိုင်အဆိုင်လိုအပ်လာ
သင်ယူမှုစီမံဆိုတာ ခေတ်စားလာတဲ့ LMS (learning management systems) ကိုပြောတာ။ Apple 1984 ကြော်ငြာကို ရိုက်ပြီးချိန်မှာ ကြော်ငြာရဲ့စွမ်းအားကို ဈေးကွက်မှာ ဗီဒီယိုနဲ့ ရိုက်ပြတာအကောင်းဆုံးလို့ လက်ခံလာကြတယ်။ ဒီလိုလက်ခံလာနိုင်အောင် လုပ်ခဲ့တာက Blackboard ပါ။ ပညာရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Pearson က “OpenClass” လို့ခေါ်တဲ့ LSM စနစ်ကို အခမဲ့ထုတ်ပြီး ဖြန့်လိုက်တယ်။ ပြိုင်ဘက်တွေကို အခမဲ့နဲ့ စိန်ခေါ်လိုက်တဲ့သဘောပဲ။
အဲဒီလမ်းကြောင်းကို Sakai ဆိုတဲ့ဆော့ဖ်ဝဲက လိုက်လာပြီး တက္ကသိုလ် အနှံ့ပျံ့သွားတယ်။ Blackboard ကိုပိုင်တဲ့ ပိုင်ရှင်သစ် Providence Equity ကလည်း အစဉ်အလာ ကောင်းတဲ့ Blackboard ကို ဒီအတိုင်းထားမယ်တော့ မထင်ဘူး။
၇။ နည်းပညာသစ်အတွက် ဆရာသစ်တွေလိုလာ
ပညာရေးလုပ်ငန်းတွေကို ဝန်ဆောင်မှု ပေးနေတဲ့ Pizza (http://pizza.com/) နဲ့ CourseKit (http://coursekit.com) တွေက အွန်လိုင်းပညာရေးအတွက် ဆရာသစ် တွေရှာလာတယ်။ အွန်လိုင်းဆရာတွေပေါ့။ ခုချိန်မှာ အွန်လိုင်းဆရာလိုင်းတွေဖြစ်တဲ့ Engrade (http://www.engrade.com/), LearnBoost (https://www.learnboost.com), ClassDojo (http://www.classdojo.com/) တွေကို အွန်လိုင်း လက်ဦးဆရာတွေအဖြစ် အသိအမှတ် ပြုရမယ်။
၈။ အခြေခံကျောင်းများအတွက် ကွန်ရက်တွေဆောက်လာ
အမေရိကန်နိုင်ငံမှာ အခြေခံမူလတန်းမှ အထက်တန်းအဆင့်အထိ Edmodo ဆိုတဲ့ လိုင်းကို ကျောင်းသား ကျောင်းသူ ဆရာ ဆရာမပေါင်း ၅ သန်းလောက် အသုံးပြုနေကြတယ်။ နောက်ပိုင်း Edmodo က ဂိမ်းတွေကိုပါ ပရိုဂရမ်မှာထည့်သွင်း ပေးလာတယ်။ ပညာရေးဆိုတာ စာသင်ဖို့ တစ်ခုတည်းသက်သက်မဟုတ်ဘူးဆိုတာကိ
၉။ ကောလိပ်ကွန်ရက် ကုမ္ပဏီတွေဝင် ရောက်သိမ်းပိုက်လာ
Chegg ဆိုတဲ့ကုမ္ပဏီက Courserank, Notehall, Cramster, Zinch ဆိုတာတွေကို တစ်ခုပြီးတစ်ခုသိမ်းပိုက်လာရင်း ကျောင်းသားတွေရဲ့ ကွန်ရက်ကြီးတစ်ခုကို ထူထောင်လိုက် တယ်။
အထူးသဖြင့်တော့ ကောလိပ်ကျောင်းသားတွေရဲ့ကွန်ရက်
၁ဝ။ နည်းပညာလုပ်ငန်းနဲ့ စီးပွားဖြစ်တာ စိတ်ဝင်စားလာ
Codeschool (http://www.codeschool.com/) Codecademy (http://www.codecademy.com/#%
Udemy (http://www.udemy.com/) ကလည်း လုပ်ငန်းလုပ်လိုသူတွေ လေ့လာ သင်ယူနိုင်တဲ့ ကိုယ်တိုင်လေ့လာ သင်ရိုးတွေကို ရေးထုတ်ပေးနေတယ်။ ဈေးသက်သာစွာ၊ ရှင်းလင်းလွယ်ကူစွာ ဆရာမပါဘဲ လေ့လာနိုင်အောင်ကို စီစဉ်ပေးနေကြတာ။ နည်းပညာ ဆိုတာ ကျောင်းတက်မှ မဟုတ်ဘူး။ အလုပ်လုပ်ရင်းလည်း သင်ယူနိုင်တယ်ဆိုတာကို လက်တွေ့ဖော်ဆောင်ပြနေတော့ လုပ်ငန်းရှင်ဆိုတိုင်း မတတ်ပါဘူးလို့လည်း အထင်သေးလို့ မဖြစ်တော့ဘူး။
၁၁။ ကျောင်းဆိုတာ ဘောင်ကျဉ်းလာ၊ ဆရာဆိုတာ မရှိမဖြစ်မဟုတ်ပါ
2tor (http://2tor.com/) မှာ ဝင်ကြည့်ရင် သဘောပေါက်လာပါလိမ့်မယ်။ ကာလီ ဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်
အဲဒီ site မှာ သင်ကြားပေးနေတဲ့ ပါမောက္ခကြီးတွေက တကယ့်နာမည်ကျော် တွေချည်းပဲ။ AI (Artifical Intelligence) လို ဘာသာရပ်ကိုတောင် အွန်လိုင်း course အနေနဲ့ ပထမဦးဆုံးပို့ချပေးနေတယ်။
အဲဒီ 2tor လိုင်းမှာ ဝင်ရောက်သင်ယူ နေသူပေါင်း ၁ သိန်းကျော်ရှိတယ်။ သူတို့ လုပ်ဆောင်ထားတဲ့ assignment တွေကို တင်ဖို့ နေ့စဉ်ကြိုးစားနေသူတွေက ၃၅ဝဝဝ ကျော်ရှိတယ်။ အခကြေးငွေကလည်း မယူသလောက်၊ လာသလောက်လည်းလက်ခံ၊ အတန်းတိုင်းမှာ သင်ပေးနေတာကလည်း နာမည်ကျော်ပါမောက္ခကြီးတွေဆိုတော
ကိုင်း ကျွန်တော်တို့ ဘာတွေဆက်လုပ်ကြမလဲ။ နံရံလေးဘက်ကာထားတဲ့ ကျောင်း ဆိုတဲ့နေရာထဲကို ကျောင်းသားဆိုတာတွေ ကို တစ်နေကုန်ထည့်ထားပြီး၊ လက်ကလေး တွေပိုက် ထိုင်ခိုင်းထားမလား၊ အင်တာနက် နဲ့ Open Online ကိုဆက်စပ်ပေးမလား စဉ်းစားကြရအောင်။
တင်ညွန့်
အမေရိကန်နှင့် အခြားနိုင်ငံများရှိ အလုပ်လက်မဲ့ အများဆုံး ဘွဲ့ဒီဂရီများ
Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Friday, 06 January 2012 08:47
- Written by စောပြည့်ညို
- Hits: 2396
အမေရိကန် ပြည်ထောင်စုရှိ ကျောင်းသားများသည် ကောလိပ်ကျောင်းများတွင် ထင်ရှား ကျော်ကြားသော ပလေတို၊ ရှိက်စပီးယား စသည့် ပုဂ္ဂိုလ်ကျော်များ၏ ထင်ရှားကျော်ကြားမှုများကို လေ့လာရန် စိတ်ဝင်စားမှု ရှိကောင်းရှိခဲ့ကြမည်။ သို့သော် ဂျော့ခ်ျတောင်း တက္ကသိုလ်မှ ပြုလုပ်သော သုတေသန တွေ့ရှိချက်တွင် ၄င်းပုဂ္ဂိုလ်ကျော်ကြီးများရဲ့ Arts, Humanities and Architecture ဘာသာရပ်တို့ဖြင့် ဘွဲ့ရများသည် အလုပ်လက်မဲ့ အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။
အလုပ်လက်မဲ့ အများဆုံး ဘွဲ့ရများမှာ ဗိသုကာပညာရပ် (၁၃.၉) ရာခိုင်နှုန်း၊ အနုပညာ ဘာသာရပ် (၁၁.၁) ရာခိုင်နှုန်းနှင့် လူမှုရေးဘာသာရပ် (၉.၄) ရာခိုင်နှုန်း၊ ကျန်းမာရေး (၅.၄) ရာခိုင်နှုန်း၊ ပညာရေး (၅.၄)၊ စိုက်ပျိုးရေးနှင့် သဘာဝအရင်းအမြစ် ဘာသာရပ်တို့မှာ (၇) ရာခိုင်နှုန်း အသီးသီးရှိကြသည်။ အလုပ်အကိုင်ရရှိမှု အကောင်းဆုံး ဘာသာများမှာ စီးပွားရေးနှင့် အင်ဂျင်နီယာဘာသာရပ် ဘွဲ့ရများ ဖြစ်သည်။
“မိဘတွေက သူတို့ရဲ့ ကလေးတွေကို ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ယူဖို့ပြောကြပါတယ်၊ လူလတ်တန်းစားတွေရဲ့ အတွေးအခေါ်ဖြစ်တဲ့ နိုင်ငံ့သားကောင်းဖြစ်ဖို့၊ အသက်ရှင်နေစဉ်ကာလ အတွင်း ပူးပေါင်းပါဝင်မှုတွေလုပ်ဖို့ ပြောကြတယ်၊ အားလုံးမှန်ပါတယ်၊ ဒါပေမဲ့ အလုပ်လက်မဲ့ အကြောင်း ပြောတဲ့အခါ စဉ်းစားစရာဖြစ်လာတယ်” ဟု သုတေသန စစ်တမ်းပြုလုပ်ခဲ့သည် Anthony P. Carnevale ပြောဆိုခဲ့သည်။
ဂျော့ခ်ျတောင်း တက္ကသိုလ်မှ ပြုလုပ်သော သုတေသနသည် ၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်း ကောက်ယူခဲ့သော ဒေသကောလိပ်များ၏ သုတေသန စစ်တမ်းများကို အခြေခံထားခြင်းဖြစ်သည်။
ယခင်က အမေရိကန် ပြည်ထောင်စုတွင် ဒေသကောလိပ်များသည် ငွေကြေးမတတ်နိုင်သော သူများ၏ ပညာရှမှီးရာ နေရာဖြစ်သော်လည်း ယခုအခါတွင် လူလတ်တန်းစားများနှင့် အထက်တန်းလွှာတို့ မိသားတို့၏ ကလေးများ ပညာသင်ကြားရာ နေရာဖြစ်လာခဲ့သည်။
ဤကဲ့သို့ ကျောင်းသားများ၏ အပြောင်းအလဲဖြစ်ပေါ်လာရ ခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းနည်းပါး
ကွန်ပျူဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်နှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်တို့သည် အလုပ်အကိုင် ရရှိ နိုင်မှုတွင် အခြားသော ဘာသာရပ်များထက် ၅၀ ရာခိုင်နှုန်းအထိ သာကြောင်း ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်တခုတွင် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ကျောင်းသားတဦးမှ “ထိုင်းမှာလည်း Social Science ဘာသာရပ် ဘွဲ့ရတွေ အနေနဲ့ ပညာရပ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် ရှိနိုင်မှု အခက်အခဲရှိတယ်၊ ကျနော် under grade မှာ လူမှုရေးဘာသာရပ်ကို ယူခဲ့တယ်၊ ဘွဲ့ရတာ တနှစ်ကျော်ပြီ ၊ အလုပ်အကိုင် မရှိသေးဘူး” ဟုပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ ကျော်ခုနှစ်များအတွင်း ကျောင်းသားများ အကြိုက်ဆုံးဘာသာရပ်များမှာ ဆေး၊ စစ်မှု၊ ကွန်ပျူတာ ဘာသာရပ် တို့ဖြစ်ကြသည်။ ယခုအခါတွင် အလုပ် အကိုင်ရရှိနိုင်မှု အခက်အခဲတို့ကြောင့် နိုင်ငံခြားဘာသာ တက္ကသိုလ်များတွင် တက်ရောက်သည့် ကျောင်းသားဦးရေ များပြားလာခဲ့သည်။
စောပြည့်ညို
Sources; New study shows architecture, arts degrees yield highest unemployment.
0 comments:
Post a Comment