Saturday, January 7, 2012

ဗားမားအော့ဖစ်နော့ ရှီတို

ဦးဌေးဇော်
 
ကျွန်တော့ကို သိချင်တဲ့လူတွေကမေးကြပါတယ်၊ မရေးတော့ဘူးလို့ ထားပေးမဲ့ သူ့ထံဖုန်းဆက်တဲ့အခါ (ဒီနိုင်ငံက တရားဥပဒေစိုးမိုးတဲ့နိုင်ငံ တရားစွဲခံရမယ်လို့) ခြိမ်းခြောက်သလိုပြောလို့ မဖြစ်မနေရေးရခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီသမားဆိုတာ တရားဥပဒေစိုးမိုတာ ပိုကြိုက်တာပေါ့၊ မတရားတာအားလုံး တရားဥပဒေအောက်က ဖြေရှင်းရတာပေါ့ဗျာ။ ဒါမှ အမှန်တရားက အောင်ပွဲခံနိုင်မှာကိုး။ ကျွန်တော် ထပ်ပြောပါမယ် (ဂျပန်မှာ နိုင်ငံရေးလုပ်ခဲ့လို့ ဖိနှိပ်ခံရလို့ ထွက်ပြေးလာရတဲ့သူမရှိပါ) အလုပ်လုပ်ဖို့လာတဲ့သူတွေက နိုင်ငံရေးခုတုံးလုပ် (အာလိမ်)လျှောက် အာကျရုံတင်မက နိုင်ငံရေးလုပ်စားဂွင် ထပ်ရှာချဲထွင်ပြီး အဖွဲ့ထောင်စားတဲ့သူတွေဘဲ ရှိပါတယ်။ ငွေစာရင်းတွေ တနေ့မဟုတ် တနေ့ရှင်းကို ရှင်းရပါလိမ့်မယ်။ ဒါဒီမိုကရေစီအရေးပါဘဲ။ ကိုယ့်သမိုင်းကို ကိုယ်ရေးမပြရဲရင် သူများကရေးတာကို ခံရမှာဘဲ။ သူများရေးတာ မခံနိုင်ရင် ကိုယ့်သမိုင်း (ပြည်တွင်းနိုင်ငံရေးလုပ်ခဲ့တဲ့သမိုင်း)ကို ရေးပြကြပါ။ ပြည်တွင်းနိုင်ငံရေးလုပ်ခဲ့မှ ပြည်ပနိုင်ငံတနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံလို့ရပါတယ်။ ပြည်ပထွက်ပြီး တောင်အောင်မြောက်အော်အော်တာ ကိုယ်ကျိုးအတွက်လုပ်စားတဲ့ လူလိမ်တွေပါ။ ထပ်ပြောပါမယ် လူလိမ်တွေမို့အော်စားတာပါ တကယ်တော်လှန်ရေးလုပ်ချင်ရင် လုပ်ရမဲ့နေရာနေကြပါ၊ နိုင်ငံရေးလုပ်ချင်ရင် လုပ်ရမဲ့နေရာကနေလုပ်မှ နိုင်ငံရေးသမားဖြစ်ပါမည်။ 
ကျွန်တော်ကတော့ ဒေါက်တာမင်းညိုလို့ဘဲ ခေါ်ပါတယ်။ ကျွန်တော် ဂျပန်ရောက်ခါစက အိုးချနော့မိစုမှာ အလုပ်စလုပ်တော့ အပြန်ဆို ဗားမားအော့ဖစ်ကို ၀င်ပါတယ်။ ကျွန်တော်ရောက်ခါစက အသိဂျပန်တယောက်(နိုင်ငံခြားရေးဝန်ကြီးဌာန)က ဘယ်သူတွေနဲ့ သိကျွမ်းနေပြီလဲမေးတဲ့အခါ ဗားမားအော့ဖစ်က ဒေါက်တာမင်းညိုနဲ့ သိပါတယ်လို့ပြောတော့ အသိမိတ်ဆွေက (ဗားမားအော့ဖစ်နော့ ရှီတို ဒက်ကား)လို့ ပြန်ပြောပါတယ်။ ရှီတိုဆိုတာ ဟီတိုပါ၊ ဟီတိုဆိုတာ လူပါ၊ နင်း ဂျင်း ဟီတို အကုန်လုံး လူလို့ပြောပါတယ်။ အထူးပြုတဲ့နာမ်နောက်ကနေလို့ ဟီတိုကနေ ရှီတိုလို့ အသံပြောင်းသွားတာပါ၊ ထားပါတော့ နိုင်ငံခြားရေးဌာနက အသိမိတ်ဆွေက ဘာလို့ ရှီတိုလို့ ပြောသလဲ စဉ်းစားရရင် ဘာမှမဟုတ်လို့ လူလို့မြင်လို့ လူတယောက်လို့ ပြောလိုက်တာနေမှာပါ။ သူတို့ ဂျပန်လူမျိုးဆိုတာ ယုံကြည်မှ လေးစားတာပါ။ မယုံကြည်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာလို့ ဒီလိုခေါ်ရသလဲ သမိုင်းကို ပြန်စဉ်းစားရင် ပြန်လှန်ရရင်
မြမြ၀င်းက (၁၉၇၈)ခုနှစ်မှာ ဂျပန်ရောက်ပါတယ်၊ (၁၉၈၀)ခုနှစ်မှာ ဂျပန်ကို ပထမဆုံး လူရိုက်လိုက်တာ ဦးမင်းညိုပါ၊ ဂျပန်ကို (၁၉၈၀)ကထဲက ရောက်တယ်ဆိုပါတော့ ဂျပန်ရောက်တဲ့လူတွေအဆိုအရ (မြန်မာအစ ပုဂံက)အဆိုရှိပေမဲ့ ဦးမင်းညိုကတော့ ဟိုက်ဝေးကားကြီးတွေကို တာယာဖြုတ်လဲပေးရတဲ့အလုပ် မြန်မာပြည်မှာလိုဆိုရင် (ကားလေထိုးကျွတ်ဖာဆိုင်)မှာ အလုပ်လုပ်တယ်ပေါ့။ နောက်တော့ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးပြည်သူ့အုံကြွပေါက်ကွဲမှုကြီးဖြစ်ပေါ်လာတဲ့အခါ ဂျပန်ရောက်တဲ့လူတွေရဲ့ထုံးစံအတိုင်း သံရုံးသွားပြီးတောင်အော်မြောက်အော်ကြရင်း လူစုမိကြပြီး ဦးထွန်းအေးနဲ့ အဆက်အသွယ်ရတယ်ပေါ့၊ နောက်တော့ အာလျှောက်တယ်ပေါ့။ လေးထိုးကျွတ်ဖာဆိုင်မှာ အလုပ်လုပ်ရင်း ငွေကစုမိပေမဲ့ ဒီအတိုင်းနေရင် ဒီဘ၀နဲ့ နိဂုံးချုပ်တော့မှာမြင်လာတဲ့အခါ ဘွဲ့တခုရအောင်ယူပြီး အလုပ်ဝင်လုပ်ရင် လူသက်သာမှန်းသိလို့ ဘွဲ့တခုရအောင် (နာဂိုယာ)တက္ကသိုလ်မှာ (နိုးဂရော)ခေါ်တဲ့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဘွဲ့ကိုယူပြီး ဒေါက်တာဘွဲ့အတွက် (ရေဆိုးမြောင်းထဲမှာ ပေါက်ဖွားသော ငါးသေးငါးမွှားများ)စာတန်းတင်ပြီး ဒေါက်တာဘွဲ့ယူခဲ့တယ်လို့ (ဗားမားအော့ဖစ်)မှာ အကူလုပ်ပေးခဲ့တဲ့ ကိုမောင်မောင်အေးက ပြောဘူးပါတယ်။ ဘွဲ့လေးရတော့ မိန်းမယူချင်လာပြန်ရော ဒေါက်တာဘွဲ့ပြပြီး မြန်မာပြည်က လူကြီးတွေက စပ်ရပ်ပေးစားလို့ ရသွားတာပါ၊ ကိုယ့်ဖာသာကိုယ်ဆိုရင် လမ်းမရှိလောက်ဘူး၊ ဒါပေမဲ့ သူကတော့ ရောက်ခါစကထဲက ဂျပန်မယူရင် အများကြီးရတယ်လို့ ပြောတာဘဲဗျ။ ထားပါတော့ဗျာ ဒီလိုနဲ့ ဒေါက်တာဆိုတဲ့ ဂုဏ်နဲ့ (အချိန်ပိုင်းလဲ)လုပ်လို့မရ ဟိုတက္ကသိုလ်စာပြသလိုလို ယောင်နေရတာပေါ့၊ ဂျပန်တက္ကသိုလ်တွေဆိုတာ ဘယ်သူဘာပြောပြော-ပြောမဲ့သူရှိရင် ဘယ်သူပြောပြော နားထောင်ချင်တဲ့သူတွေ နားထောင်ကြပါတယ်၊ မြန်မာပြည်အကြောင်းသွားပြောမလား မြန်မာလူမျိုးစုတွေအကြောင်းသွားပြောမလား နားထောင်ကြပါတယ်။
မိန်းမလုပ်သူလဲ သနားစရာပါ ဒေါက်တာဘွဲ့အမြင်ပြတော့ လူမမြင်ဘူးပေမဲ့ လက်ခံလိုက်တဲ့အခါ ဂျပန်လာမှ မြင်တွေ့ဘူးတာ နောက်တော့ ဒေါက်တာဘွဲ့နဲ့ နေရေးထိုင်ရေးအလုပ်မဖြစ်တော့ အမျိုးသမီးလုပ်သူလဲ မြန်မာပြည်မှာ နည်းပြလုပ်ခဲ့ပေမဲ့ ဂျပန်မှာ (ရှောဂတ်ကိုး)မူလတန်းကျောင်းမှာ ကျောင်းသားတွေ ထမင်းချက်ကြွေးမွေးဆေးကြောရတဲ့အလုပ်ဘဲ ရပါတယ်၊ ဘ၀ဆိုတာ ဒီလိုပါဘဲ အတက်အကျတွေ ဖြတ်သန်းရစမြဲပါ။   
(၁၉၉၈)ခုနှစ်မှာတော့ ဂျပန်မှာ နိုင်ငံရေးဝင်လုပ်စားလို့ အားရလို့ မြန်မာပြည်ပြန်ဖို့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ သဘောတူပြန်သွားတဲ့ မြမြ၀င်းနဲ့ဝင်းနိုင်တို့ကို ကောဇောနီခင်း ကြိုဆိုပါသတဲ့ ဒီတော့ ဒေါက်တာကြီးလဲ ပြန်ချင်တော့ သံရုံးသွားပြောတဲ့အခါ သံရုံးက သူတို့နဲ့ မပြီးကြောင်း ဗိုလ်ချုပ်ခင်ညွန့်ကို တင်ပြရမှာ ဖြစ်ကြောင်းပြောပါသတဲ့ ဗိုလ်ချုပ်ခင်ညွန့်က ဖုန်းဆက်ချင်လို့ သံရုံးချိန်းဆိုတဲ့အခါ ဗိုလ်ချုပ်ခင်ညွန့်က တိုက်ရိုက်ပြောပါတယ်တဲ့ (ကောဇောနီတော့ ခင်းမကြိုဆိုနိုင်ကြောင်း ဂုံနီအိတ်ခင်းဘဲ ကြိုဆိုမှာဖြစ်ကြောင်း ပြန်ပြောတယ်ဆိုဘဲ) ဒါကို အင်မီဂေးရှင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက သိပါတယ်၊ ဒါကြောင့် ရှီတိုလို့ သုံးနှုန်းတာ ဖြစ်ဖို့များပါတယ်။ အင်မီဂေးရှင်းကလဲ သိသင့်တာ သိထားပြိးသားပါ။
ဒီလိုနဲ့ (၂၀၀၀)ခုနှစ်မှာ ကိုမောင်မောင်တို့ နိုင်ငံတကာလိုက်ပတ်တောင်းစားတော့ အိုင်အယ်လ်အို အစည်းအဝေးတခုမှာ အလုပ်သမားဘက်က ကိုယ်စားလှယ် (အလုပ်သမားသမားသမဂ္ဂ)လူကြီးတွေနဲ့တွေ့ပြီး ဂျပန်မှာ မြန်မာတွေအတွက် ရုံးခန်းဖွင့်ပေးဖို့ တောင်းခံသတဲ့ (ဗီယက်နမ်တွေရောက်လာတုန်းကလဲ ဖွင့်ပေးခဲ့တော့) မြန်မာတွေအတွက် ရင်ဂို(အလုပ်သမားသမားသမဂ္ဂ)ကလဲ ရုံးခန်းတခု ဖွင့်ပေးလိုက်ပါတယ်။ ဗားမားအော့ဖစ်မှာ ရုံးထိုင်ဖို့ စတိအနေနဲ့ ဂျပန်ရောက်တဲ့ မြန်မာတွေ ဘယ်သူမဆိုလျှောက်ထားနိုင်တယ်ဆိုပေမဲ့ ကိုမောင်မောင်နဲ့ လက်ဝါးခြင်းရိုက်ပြီးသားဖြစ်တဲ့ ဒေါက်တာမင်ညို ရုံးတာဝန်ခံ ရသွားပါတာ အဆန်းတကျယ်မရှိလှပါဘူး။ ရုံးပေးဖွင့်တဲ့ ထုံးစံအရ (၂)နှစ်ပြီး (၂)နှစ် စာချုပ်ချုပ်ပေပါတယ်၊ ပထမ(၂)နှစ်မှာ တနှစ်အတွက် ဂျပန်ယန်း သောင်း(၆၀၀)ရပါတယ် မြန်မာငွေသိန်း(၆၀၀)ပေါ့၊ နှစ်နှစ်အတွက် ယန်းသောင်း(၁၂၀၀)ရတယ်ပေါ့၊ ဒီတော့ ဒေါက်တာမင်းညိုက လခယန်း(၂၅)သောင်းယူပါတယ်၊ တနှစ်စာ ယန်းသောင်း(၃၀၀)ယူပါတယ်၊ ရုံးခန်းငှားခ ရေဖိုးမီးဖိုးအပါအ၀င် ယန်းသောင်း(၁၅)သောင်းဆိုရင် တနှစ် ယန်းသောင်း(၁၈၀)လောက် ကျမှာပါ။ ကျန်တဲ့ ယန်းသောင်း(၁၂၀)ကို ခရီးစားရိတ် စာရွတ်ဖိုး စာတာတွေပြမှာပေါ့။ အမေရိကားကနေ ရမ်းပြီး အစည်းအဝေးလုပ်လဲ သွားတာဘဲ၊ နယ်စပ်က ရမ်းလုပ်လဲ အစည်းအဝေးဆိုတာတွေလဲ မပျက်မကွက် သွားပါတယ်။ ကမ္ဘာပတ်သွားနေတဲ့ အစိုးရကြီးနဲ့ အပြိုင်သွားနိုင်ပါတယ်။
နောက်ထပ်(၂)နှစ်ထပ်ပေးပြီးတဲ့နောက် (၂၀၀၄)မှာတော့ ရုံးခန်းငှားခမပေးတော့ဘဲ ရင်ဂို(အလုပ်သမားသမားသမဂ္ဂ)တတိယထပ်မှာ ပေးထားပါတယ်။ ခုအချိန်ထိ ပေးထားပါတယ်။
ကျွန်တော် ရောက်ကထဲက မြင်တွေ့နေတာတွေကတော့ အာလိမ်လျှောက်တဲ့လူတွေကို ဂျပန်လိုဘာသာပြန်ပေးပြီး ပရင့်ထုတ်ပေးနေတာ မြင်တွေ့နေရတာပါဘဲ။ ဒီလို ဘာသာပြန်ပေးလို့ မြန်မာနည်းမြန်မာဟန်အရ ကန်တော့တယ်ဆိုတာ ရှိချင်ရှိမှာပေါ့၊ ဘယ်လက်တွေ့ ဘယ်မြင်ရပါ့မလဲဗျာ။ အလုပ်ဆိုတာ ဒါဘဲတွေ့နေတာပါ၊ အာလိမ်လျှောက်ဖို့ အကူလာလာ လုပ်ပေးကြတဲ့လူတွေလဲ အာရသွားရင်မလာတော့ဘူးပေါ့၊ အသစ်တယောက်ရောက်လာတယ်ပေါ့၊ ကျွန်တော်ရေးဘူးပါတယ်၊ (သြော်-ဒါကြောင့်ကိုး)ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးဘူးပါတယ်။ အလုပ်က ဆောင်းတွင်းဆိုရင် ဟီတာစက်ကြီးဖွင့်ထားတာ နွေရာသီဆိုရင် လေအေးစက်ကြီးဖွင့်ထားတာ အကူလုပ်တဲ့လူက ဗလူးကားတွေအဆက်မပြတ်ကြည့်နေတာ မြင်တွေနေရပါတယ်လို့ ရေးဘူးပါတယ်။ ဒီညရေးပြီး နောက်နေ့ညနေ ဗားမားအော့ဖစ်သွားတဲ့အခါ ကျွန်တော်မလာရဲတော့ဘူးလို့လားထင်နေသလားမသိ မျက်လုံးပြူးမျက်ဆံပြူးနဲ့ (ခင်ဗျား ဘာလို့လာတာလဲ ဘာညာဆိုပြီး ဟောက်ပြပါတယ်) ကျွန်တော်က ရိုးရိုးသားသားပြောလိုက်ပါတယ်၊ ဒေါက်တာမင်းညိုဆိုတဲ့လူနဲ့ တွေ့ဖို့လာစရာအကြောင်းမရှိပါ ဗားမားအော့ဖစ်က ရုံးတာဝန်ခံနဲ့ တွေ့ဖို့လာတာဘဲ မြန်မာရေးရာရုံး စာတန်းတပ်ပြီး မြန်မာပြည်အတွက် ဘာတွေလုပ်နေသလဲဆိုတာ သိချင်လို့လာတာဘဲ။ ဒါက မြန်မာတွေအတွက်ချပေးထားတဲ့ရုံး ခင်ဗျားအတွက်ပေးထားတာလား မေးလိုက်ပါတယ်။ မေးသာမေးရတာပါ သူ့အတွက်ချပေးထားတာပါ၊ အာလိမ်လျှောက်တဲ့သူတွေအတွက်တော့ ဘာသာပြန်ပေးတာတော့ ရှိတာပေါ့။ ကျွန်တော်တို့လို့ (၈၈)ကထဲက တစိုက်မတ်မတ်လုပ်လာလို့ အမျိုးသမီးအလုပ်ဖြုတ်ပြစ်ခံလို့ ရောက်လာတဲ့သူတွေကိုတော့ နှုတ်၏စောင်ခြင်း လက်၏စောင်မခြင်း နှမ်းစေ့သွေးပြစ်တဲ့အရည်လောက်ပင် မရခဲ့ပါ။ 
ဒီလိုနဲ့ တလယန်း(၂၅)သောင်းစားရင် ကမ္ဘာအနှံ့က တောင်လုပ်မြောက်လုပ်လေပြစ်တဲ့ အစည်းအဝေး(အလုပ်မပါ)ပွဲတိုင်း ခရီးစားရိတ်ထက်ပိုတဲ့ငွေနဲ့ အစည်းအဝေးဆိုတဲ့ (အလုပ်မပါ)ပွဲတိုင်းတက်ရင် အမျိုးသမီးကို အမေရိကားထားခဲ့ပြီး အာလိမ်လျှောက်ခိုင်းပါတယ်၊ အမေရိကားမှာ အကြိမ်ကြိမ်အပယ်ခံရပြီး တရားရင်ဆိုင်နေရပေမဲ့ ခုထိအာမရသေးပါ၊ နိုင်ငံတနိုင်ငံမှာ အာကျပြီးရင် တခြားနိုင်ငံမှာ လျှောက်ခွင့်မရှိတော့ပေမဲ့ အရင်အာလိမ်တွေအတိုင်း အမျိုးသမီးက မှီခိုနဲ့နေနေရာက တခြားနိုင်ငံမှာ အမျိုးသမီးကို အာလိမ်လျှောက်ခိုင်းပြီး အာကျတဲ့အခါ  ယောက်ျားလုပ်သူက တဖန်မှီခိုဗီဇာနဲ့ ပြန်နေတဲ့အတိုင်းလုပ်တာပါ။ ဒါပေမဲ့ ရှေ့သွားအာလိမ်တွေက မိန်းမတင်မက ခယ်မတွေပါ ခေါ်သွားတာ အမေရိကားက သိသွားသလို ဗားမားအော့ဖစ်ဒါရိုက်တာဆိုပြီး ခရီးသွားအထောက်အထားတွေက ရထားပြီးဖြစ်တော့ နိုင်ငံပေါင်းစုံလိုက်လိမ်နေတာ သိသွားတာလဲ ပါပါမယ်၊ အာက နှစ်နိုင်ငံ ပေးလို့မရပါ၊ မရနိုင်တော့ပါ။
ဒီနေ့လဲ ဘာတွေလုပ်နေသလဲ ဘာတွေလုပ်မှာလဲ ဘာတွေလိမ်မှာလဲသိချင်လို့ ဖုန်းဆက်မေးတဲ့အခါ (ဒီနိုင်ငံတွေက ဥပဒေစိုးမိုးတဲ့နိုင်ငံတွေတဲ့ တရားစွဲခံရမယ်လို့) ခြိမ်းခြောက်လို့ မဖြစ်မနေရေးရခြင်းဖြစ်ပါတယ်။ ကျွန်တော် ဒေါက်တာမင်းညိုကို ပြောဘူးပါတယ်၊ ဂျပန်မှာ ဒေါက်တာဘွဲ့ရတာ ဒေါက်တာမင်းညိုတယောက်ရှိလို့ ဗားမားအော့ဖစ်မှာ လခယူစားနေတာ ကျေနပ်ပါတယ်၊ တခြားလူလိမ်တွေဆိုရင်တော့ ကျွန်တော်လဲ ခံမှာမဟုတ်ဘူးလို့ ပြေားဘူးပါတယ်။ ခုတော့ တရားဥပဒေစိုးမိုတဲ့နိုင်ငံ တရားစွဲခံရမယ်ဆိုလို့ စောင့်ကြည့်ချင်လို့ မဖြစ်မနေရေးလိုက်ပါတယ်။      ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...