Monday, January 23, 2012

‘၀တ်စားဆင်ယင်မှုကြောင့် အသွင်ပြောင်းလဲသွားသူလေး’

by General Knowledge on Monday, January 23, 2012 at 5:43pm
Celebrity Makeover

ယောင်္ကျားလေး တစ်ယောက်လိုဝတ်ပြီး သရုပ်ဆောင်တဲ့အခါ ချစ်စရာကောင်းတဲ့ကောင်လေး ချောချောအသွင်နဲ့ မထူးခြားလှတဲ့ သာမန်ရုပ်ရည်ရှိသူလေးက မိန်းခလေးပီပီသသ ၀တ်စားဆင်ယင်ပြီး စတိုင်ကျကျပြင်ဆင်လိုက်တဲ့ အခါမှာတော့ သူမတူထူးခြား လှပလွန်းသူလေးတစ်ယောက် ဖြစ်သွားသူလေးအကြောင်းကို ပြောပြချင်ပါတယ်.......












သူမကတော့ Coffee Prince ထဲကမင်းသမီးလေး ယွန်အန်းဟေးဘဲဖြစ်ပါတယ်...
 သူမရဲ့မျက်နှာပေါ်မှာ ထူးခြားထင်ရှားတဲ့ အရာကတော့ ပုံမှန်ထက် ကြီးမားလှတဲ့ ရှေ့သွားလေး ၂ ချောင်းနဲ့ အောက်နှုတ်ခမ်း အလယ်က အချိုင့်ရာလေး ဖြစ်ပါတယ်....

တော်ရုံ မျက်နှာပြင်မျိုးမှာ တွေ့ရခဲတဲ့ ဆွဲဆောင်မှုကောင်းလှတဲ့ ချစ်စရာလေးပဲ ဖြစ်ပါတယ်...

လူတစ်ယောက်ရဲ့ ပြင်ပအသွင်အပြင်ဟာ ၀တ်စားဆင်ယင်မှုကြောင့် မထင်မှတ်လောက်အောင် ပြောင်းလဲ သွားနိုင်တာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး...

ဒါကြောင့်လဲ Athena တို့ မြန်မာစကားပုံလေး ရှိပါရောလား...
‘တောင်းမှာအကွပ် လူမှာအ၀တ်’ ဆိုတဲ့ စကားလေးပါ...

Coffee Prince ဆိုတဲ့ ဇာတ်ကားလေးမှာ ယောင်္ကျားလေးအသွင်နဲ့ ရိုးရိုးတီရှပ်စပို့ရှပ်လေးများသာ ၀တ်ဆင်ထားတဲ့ ယောင်္ကျားဆန်ဆန် ကောင်မလေးဟာ Princess Housr မှာတော့ တော်ဝင်ဆန်တဲ့ အလှ၊ မဟာဆန်တဲ့ အလှ၊ ချစ်စရာ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသူလေးရဲ့ အလှ စသဖြင့် ရသမျိုးစုံကို ခံစားကြည့်ရှုရပါလိမ့်မယ်...

The Vineyard Man ဇာတ်ကားထဲမှာတော့ ရိုးရိုးရှင်းရှင်းဝတ်ဆင်တတ်တဲ့ သာမန်စတိုင်နဲ့ စပျစ်ခြံက
မိန်းကလေး တစ်ယောက်ရဲ့ အသွင်ကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်...

၁၉၈၄ အောက်တိုဘာ ၃ ၇က်နေ့မှာ မွေဖွားတဲ့ ယွန်းအန်းဟေးရဲ့ အနုပညာခရီးအစက ၁၉၉၉ ခုနှစ် အသက် ၁၅ နှစ် အရွယ်မှာ ကိုးရီးယား အမျိုးသမီး ပေါ့ပ်ဂီတ အဖွဲ့ Baby V.O.X မှာ အဖွဲ့ဝင် အဖြစ်နဲ့ သီချင်းလောကထဲ ၀င်ရောက်ခဲ့ပြီးတဲ့နောက် ၂၀၀၅ မှာတော့ သရုပ်ဆောင်လမ်းကြောင်းကို စတင်ဝင်ရောက်ဖို့ Baby V.O.X အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်..

သူမရဲ့ ပထမဆုံး ဒရာမာကားက Princess Hours( Goong) စတင်ပြသချိန်မှာ ကြည့်ရှုသူ အရေအတွက်အားဖြင့် အနည်းငယ်သာ ရှိပေမဲ့ နောက်ပိုင်းမှာတော့ ကြည့်ရှုသူ ပရိတ်သတ်အရေအတွက် တိုးတက်များပြား လာခဲ့ပါတယ်...

ဒီဇာတ်ကားနဲ့ အောင်မြင်မှုရရှိပြီးတဲ့နောက် The Vineyard Man ဇာတ်ကားကို ဆက်လက် သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်....

ဒီဇာတ်ကားပြသချိန်မှာ ကိုးရီးယားနိုင်ငံမှာ MBC က တင်ဆက်တဲ့ နံမည်ကြီး ဂျူမုန်ဒရာမာကား ပြသချိန်နဲ့ တိုက်ဆိုင်တဲ့အတွက် ကြည့်ရှုသူအရေအတွက် နည်းပါးခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ကြည့်ရှုသူအရေအတွက် မြင့်မားလာခဲ့ပါတယ်.....

၂၀၀၇ ခုနှစ်မှာ ရိုက်ကူးတဲ့ Coffee Prince မှာ ယောင်္ကျားလေးတစ်ယောက်အသွင်နဲ့ သရုပ်ဆောင်ခွင့် ရခဲ့ပြီးတဲ့နောက်မှာတော့ သူမဟာ ကိုးရီးယားတင်မက ဂျပန်၊ထိုင်ဝမ်၊ထိုင်းနဲ့ တရုတ်နိုင်ငံတို့မှာပါ ပရိတ်သတ်များစွာ ရရှိပြီးကိုးရီးယားရဲ့ စတားတွေထဲမှာ အပါအ၀င်ဖြစ်လာခဲ့ပါတယ်..

အန်းဟေးရဲ့ ငယ်နံမည်က Pooh ဖြစ်ပါတယ်..
သူမဟာ ၂၀၀၇ ခုနှစ်မှာ Kyung Hee Cyber University မှ Bechelor of Business Administration ဘွဲ့ရရှိခဲ့ပါတယ်...

သူမရဲ့ အထူးပြုဘာသာရပ်က Tourism Management ဘာသာရပ်ဘဲဖြစ်ပါတယ်...

သူမဟာ ဓာတ်ပုံရိုက်ဝါသနာပါသူဖြစ်ပြီး ပုံဆွဲရာမှာလည်း ထူးချွန်သူတစ်ဦး ဖြစ်ပါတယ်..

သူမဟာလည်း စီးပွားရေးလုပ်ငန်းရှင်များစွာတို့ နှစ်သက်သဘောကျခြင်း ခံရသူလေးဖြစ်တဲ့အတွက် ကြော်ငြာများစွာကို လက်ခံရိုက်ကူးနေရပြီ ဖြစ်ပါတယ်...

အသက်၂၃ နှစ်အရွယ်မှာ ကိုးရီးယားရဲ့ ၀င်ငွေအကောင်းဆုံး ၁၀ ဦး ထဲမှာ တစ်ဦးအပါအ၀င် ဖြစ်တဲ့ တီဗွီစတား တစ်ဦး အဖြစ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်...

‘ယွန်းအန်းဟေး’ ဟာ သရုပ်ဆောင်တင်မက သီချင်းအဆိုပါ ကောင်းလှသူတစ်ဦး ဖြစ်တဲ့အတွက် သူမ ရရှိတဲ့ ထူးချွန်ဆုများမှာ သရုပ်ဆောင်ထူးချွန်ဆုတင်မက တေးဂီတနဲ့ ပတ်သက်တဲ့ ဆုများလည်း ပါဝင်ပါတယ်....

သူမ ရရှိခဲ့တဲ့ ထူးချွန်ဆုများကတော့ . . .

‘ 44th Baeksang Awards: Best Actress Award for The 1st Shop of Coffee Prince (2008)
2007 MBC Drama Awards: Top Excellence Acting Award for The 1st Shop of Coffee Prince
2006 The Grime Awards: Best Actress for The Vineyard Man
2006 KBS Acting Awards: Best New Actress Award for The Vineyard Man
2006 KBS Acting Awards: Best Couple Award with Oh Man Suk
2006 MBC Drama Awards: New Actress Award for Goong
2004 Hallyu Award: 15th Seoul Music Awards
2003 Korean Music Awards: Best Singer Award
2002 SBS Music Awards: Representative Award
2001 Award Model Line: Best Dressed Singer
10th Seoul Music Awards: Best Singer Award (1999) ’
စသည်တို့ ဖြစ်ပါတယ်....

အသက်ငယ်ငယ်နဲ့ အောင်မြင်မှု သရဖူဆောင်းနေတဲ့ အန်းဟေးရဲ့ ၀တ်စားဆင်ယင်ပုံများကို လေ့လာကြည့်ရင်းဖြင့် လူတစ်ယောက်အတွက် အ၀တ်အစားဆိုတာဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါကြောင်း တွေ့ရှိ ရမှာဖြစ်ပါတယ်...

ဝတ်စားဆင်ယင်ပုံကြောင့် ကွဲပြားခြားနားတဲ့ သူမရဲ့ အလှအပစတိုင်လေးများကို လေ့လာကြည့်နိုင်ရန်အတွက် ဒီနေရာလေးကနေ တင်ပြပေးလိုက်ပါတယ်...

မြန်မာပြည်က ယွန်းအန်းဟေးရဲ့ ပရိတ်သတ်များကို သူမရဲ့  Friendster ကို သွားရောက်လည်ပတ်နိုင်ဖို့ Link လေးပါထည့်ပေးလိုက်ပါတယ်....

စိတ်ဝင်စားသူများ သွားရောက်လည်ပတ်နိုင်ကြပါတယ်....
အန်းဟေးကတော့ သူ့ကို မှတ်ချက် ပေးတာကိုကြိုဆိုတဲ့အပြင် မက်ဆေ့ခ်ျလေးများပို့ခဲ့ရင်တော့ ပိုပြီး သဘောကျပါတယ်တဲ့....

သူမရဲ့  friendster ကနေ အန်းဟေးသိအောင် မိတ်ဆက်နိုင်ကြပါပြီ....

http://profiles.friendster.com/42050596
















































0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...