Thursday, January 12, 2012

အမျိုးသမီးများ ရင်သားထိပ်ဖျားသည် လိင်အင်္ဂါတွေလို အတူတူ ဦးနှောက်မှာ သက်ရောက်

by ဆေးလောက on Wednesday, October 12, 2011 at 12:01pm

 အမျိုးသမီးတွေရဲ့ ရင်သား-ထိပ်ဖျား Nipples ကို ထိကိုင်တာ လုပ်ပေးရင် လိင်စိတ် နိုးထစေတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ဘာကနေ ဘယ်လို ဖြစ်ရတယ်ဆိုတာ ဆရာဝန်တွေက ရှင်းမပြနိုင်ခဲ့ဘူး။ အခု သုတေသန တခုက ရှင်းပြလိုက်ပြီ။
အမေရိကားမှာ ရှိတဲ့ Rutgers University က စိတ်ပညာရှင် တွေ့ရှိလာတာက အမျိုးသမီးတွေ ရင်သား-ထိပ်ဖျားကို Aroused နှိုးဆွ ပေးရင် သုတို့ရဲ့ Genitals လိင်အင်္ဂါကို အဲလို လုပ်တဲ့အတိုင်း ဦးနှောက်ရဲ့ နေရာတူမှာ လာသက်ရောက်စေတယ် တဲ့။



အမျိုးသမီးတွေကို သူတို့ဖါသာသူတို့ နို့ကို နှိုးဆွခိုင်းပြီး Brain scans ရိုက်စစ်တဲ့အခါ Vagina ဗဂျိုင်းနားနဲ့ Clitoris မ-အစိ နေရာတွေကို နှိုးဆွပေးတဲ့အတိုင်း Same spot နေရာ အတူတူမှာဘဲ သက်ရောက်မှု ရှိတာ သိလာတာ ဖြစ်ပါတယ်။


ဒီသုတေသနအရ Nipples တွေဟာလဲ Erogenous zone ဖြစ်တယ်ဆိုတာ သေခြာစေတယ်။ အသက် ၂၃ နဲ့ ၅၆ နှစ် ကြားရှိသူ ကိုယ်ဝန် မဆောင်တဲ့ အမျိုးသမီး ၁၁ ဦးကို Brain scanner ထဲမှာထား စမ်းသပ်ခဲ့တာ ဖြစ်တယ်။ ဦးနှောက်ထဲမှာ တွေ့ရတာက ဦးနှောက် အပေါ်ပိုင်း အလည်မှာရှိတဲ့ Medial paracentral lobule မှာ Cluster of grapes စပျစ်သီးခိုင်လို နေရာကို တွေ့ပါတယ်။ ယောက်ျားတွေမှာလဲ အဲဒီနေရာပါဘဲ။

သုတေသနမှူး Barry Komisaruk ကနေ ပြောတာက "ကျွန်တော့် Speculation အထင်ပြောရရင် အမျိုးသမီးတွေမှာ ရင်သားဟာ လိင်စိတ်ကို နှိုးဆွပေးနိုင်တယ်လို့ ယူဆကြတာရဲ့ အခြေခံပါဘဲ။ ဦးနှောက်မှာ လိင်အင်္ဂါတွေနဲ့ အတူတူ သက်ရောက်တာကိုး။"

မ-လိင်အင်္ဂါတွေကနေ ဦးနှောက်ဆီကို သတင်းအချက်အလက် သယ်ပို့ပေးတဲ့ အာရုံကြော ၄ ချောင်းရှိပါတယ်။ မ-အစိ Clitoris က Pudendal nerve (ပြူဒင်တယ်လ်-နာ့ဖ်)၊ (ဗဂျိုင်းနာ) က Pelvic nerve (ပဲလ်ဗစ်-နာ့ဖ်) Cervix သားအိမ်ဝနဲ့ Uterus သားအိမ်တွေက Hypogastric nerve (ဟိုက်ပို-ဂက်စထစ်-နာ့ဖ်) တွေ ဖြစ်ကြတယ်။

Paralysed women လေဖြတ်တဲ့ အမျိုးသမီးတွေလဲ Orgasm (အော်ဂဇင်) လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာ ရနိုင်တယ်။ ဘာလို့လဲဆိုတော့ Cervix သားအိမ်ဝက Vagus nerve (ဗေးဂတ်စ်-နာ့ဖ်) ကို သုံးနိုင်တာမို့ Spinal cord ခါးထဲက အာရုံကြောကြီးကို ဖြတ်ပြီး သတင်း အချက်အလက် ပို့နိုင်လို့ ဖြစ်ပါတယ်။

Komisaruk က ဆက်ပြောတာက "Breast feeding ကလေးကို နို့တိုက်တဲ့အခါမှာ အဲလို လာဖြစ်မယ်ဆိုတာ မဖြစ်လောက်ဘူး။"

Stimulating the nipples နို့သီး-ထိပ်ဖျားကို ထိကိုင်ပေးရင် Oxytocin hormone (အောက်စီတိုဇင်) ဟော်မုန်း ထွက်လာစေတယ်။ ဒီဟော်မုန်းဟာ ကလေး မီးဖွါးတဲ့ အချိန်မှာ ထွက်လာနေကြ ဖြစ်တယ်။ သူထွက်မှ သားအိမ်က တင်း-ကြုံ့လာလို့ ကလေး မွေးစေတာ ဖြစ်ပါတယ်။ သားအိမ်ညှစ်အား နည်းနေသူတွေကို တမင်တကာ ဒီဟော်မုန်းကို Drip ထဲထည့် IV သွေးပြန်ကြောထဲကနေ ဖြေးဖြေးချင်း သွင်းပေရတယ်။ မီးဖွါးပြီး၊ အချင်းချပြီးလဲ IM အသားဆေး ထိုးပေးမှ မီးဖွါးပြီး သွေးသွန်တာ သက်သာစေပါတယ်။

Dr. တင့်ဆွေ
http://www.yamunaclinic.org

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...