Author: lubo601 |
8:39 AM |
|
လွမ်းနေသူ
ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။
အားထုတ်ခွင့်ကြုံတုန်း အားထုတ်ကြ၊ သာသနာ ပျက်ပြီဆိုတော့ ၀ိပသာနာနဲ့
တွေ့ရတာမဟုတ်ဘူး။ ဒီတော့ပိုနစ်နာတယ်။
တရားအားထုတ်ဖို့တော့မအားဘူး။ မအားဘူးလို့ပြောကြတယ်။
သေချိန်ကျလာလို့ မသေချင် သေးဘူးလို့ ပြောလို့ရတာမဟုတ်ဘူး။
မအားဘူးလို့ပြောလို့ရတာမဟုတ် ဘူး။
တရားအားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ထုတ်ရတယ်။ မသေချာမရေ ရာ
ဘူးလို့ပြောလို့ ရတဲ့အလုပ်တွေတောင်မှ ဟုတ်နိုးနိုးနဲ့
သက်စွန့်စံဖျားလုပ်နေရတာပဲ။ သေချာ ရေရာတဲ့အလုပ် ဘာပဲလုပ်စရာရှိလဲ။
ဆင်းရဲတစ်ဘ၀ပေါ့။ တစ်ဘ၀တောင်မှ ခဏလေးပါ။
ထိတိုင်း ထိတိုင်းသိနေပါစေ။ ကိလေသာကြားမခိုစေနဲ့။
တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။
စားကောင်း လိမ့်မယ်ထင်ပေမယ့် တကယ်စားတော့ မြိန်ချင်မှမြိန်တာ။
မကောင်းဘူးထင်လို့လဲ တကယ်စားတော့မြိန်ချင်မြိန်တာ။ ဒီတော့မထုတ်ချင်လည်း
ထုတ်၊ ထုတ်ချင်လည်းထုတ်ပေါ့။
ဝိပသာနာ တရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။
အ၀တ်လဲပြောင်းစရာမလိုဘူး။ ဂူထဲ အောင်းစရာ မလိုဘူး။
ပုထုဇဉ်စရိုက်မူပြောင်းဖို့လိုတယ်။
ကိုယ့်ခန္ဓာကိုယ် ရူနေတော့ အမူ ပွေတာပေါ့။
မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရူမှတ်နိုင်မှ
ပတ်ဝန်းကျင်ရဲ့ လောကဓံကိုလဲ ခံနိုင် ရည်ရှိမှာပဲ။
တရားအားထုတ်တဲ့အခါ ကိလေသာ ကြာမခိုအောင် နှာသီးဝလေကို
ထိတိုင်းသိနေပါစေ။ ထိတဲ့ပေါ် သတိထား၊ သတိထားရင် တရားမြင်မယ်၊
သတိမထားရင်အမှားဝင်မယ်။
အရိယာသူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ်
ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေ တာပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။
လူ၏သာဓုခေါ်၊ နတ်သာဓုခေါ်လောက်နဲ့ ကျေနပ် တင်းတိမ်မနေကြနဲ့။
ဘုရား၊ ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေ ချီးမွမ်းတဲ့ထိ ဖြစ်ပါစေ။
ပထမတော့ တရားကိုလူကဦးဆောင်တယ်။ နောက်တော့
တရားကလူကိုဦးဆောင်တယ်။ အဒီအချိန်မှာ လူက တရားနောက် လိုက်ဖို့လိုတယ်။
ခန္ဓာကတော့သူ့တရားသူပြနေတာပဲ။ လောဘ၊ ဒေါသ၊ မောဟဖုံးနေတော့
ဘာမှမသိလိုက် ရဘူး။
အားကိုးမမှားစေနဲ့၊မိမိကိုယ်ကိုအားကိုးရမယ်။
ဘာမဆို အတွင်းက အေးနေအောင်လုပ်ရတယ်။ အပြင်က ဘယ်လောက်ပူပူ
အတွင်းကအေးနေတော့ အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းကပူတော့ပူတာပဲ။
တရားနှင့်အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊
တရားနှင့်မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒတရားပဲ။
လောကီချမ်းသာက တစ်ဘ၀တစ်နပ်စာ။ လောကုတ္တရာ ချမ်းသာမှ
တစ်သံသရာလုံး အေးတာ။ တစ်ဘ၀တစ်နပ်စာလုပ်နဲ့။ တစ်ဘ၀သံသရာစာလုပ်ကြ။
မကောင်းတာလုပ်တာသာ ကြောက်ရမှာ။ ကောင်းတာလုပ်တာ
ကြောက်စရာမလိုဘူး။ မကောင်းတာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ
ဘာမရဲစရာရှိသလဲ။
မဟုတ်လည်းသည်းခံ၊
ဟုတ်လည်းသည်းခံရမှာပဲ။ ခံရမည့်အတူတူတော့ အခုကတည်းက ခံလိုက်တော့
သံသရာပြတ်တာပေါ့။
လောဘ၊ ဒေါသ၊
မောဟ ကင်းအောင်ပြတ်အောင် လုပ်ကြ။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်း
မလုပ်နဲ့။ ဖြစ်အောင်လုပ်တာ လောဘ၊ ပျက်အောင်လုပ်တာက ဒေါသ။ ဖြစ်တာပျက်တာ
မသိတာက မောဟ။
စိတ်ကဖြတ်လို့
ပြတ်တာမဟုတ်ဘူး။ တရားကဖြတ်မှပြတ်တာ။ တရားရှိအောင် အားထုတ် ကြ။ တရားရှိတော့
တရားကပဲ ဖြတ်ပေးတယ်။ ပြတ်ပေးတယ်။ ပယ်ပေးတယ်။
အမြတ်ကမရူံးစေနဲ့၊ အရူံးကသာမြတ်ပါစေ။ အကုသိုလ်က
ကုသိုလ်ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ်မဖြစ်စေနဲ့။
ပုထုဇဉ်တွေ မကောင်းတာလုပ်တာများ အဆန်းလုပ်မနေနဲ့။ အခုလည်း
မကောင်းတာလုပ်နေသလို နောင်လည်း မကောင်းတာလုပ်နေဦးမှာပဲ။ သူတို့မကောင်းတာ
ကိုယ်နဲ့ ဘာဆိုင်သလဲ။ ကိုယ့်တရား ကိုယ်ရူဖို့ပဲ လိုတယ်။
ဘုရားစကား နားလည်အောင်လုပ်၊ ဘုရားစကားနားလည်ရင်
လောကစကားတွေအားလုံး နားလည်တယ်။
နိဗ္ဗာန်မဂ်ဖိုရလိုကြောင်း
ဆုတောင်းခဲ့တာများပြီ။ ၀ိဇ္ဇာဥာဏ်မပါ၊ ဓမ္မတာတောင်းမို့၊ အာညောင်းရုံပဲ
မောဖတ်တင်မည်။ ဒါနပြုကာအခါခါတောင်းလဲ၊ ငါကောင်းချင်မှုခုခံနေသည်။
ငါတစ်လုံးပယ်ကာ၊ ကွယ်ကာပေးမှ လွန်စွာမနှေးနိဗ္ဗာန်မြင်မည်။
(ဆားတောင်ဆရာတော်
ဘဒ္ဒန္တ ပညာဏိက)
0 comments:
Post a Comment