Thursday, January 12, 2012

လူ့တန်ဖိုး ကင်းမဲ့ခြင်း

by Htain Linn on Thursday, January 12, 2012 at 11:13am
 
      လူသည် သက်ရှိသတ္တဝါဖြစ်၏။ လူသည် အမှားအမှန် အကောင်းအဆိုးကို ဆင်ခြင်ဝေဖန်နိုင်စွမ်းရှိ၏။ ထိုထက်ပို၍ လူသည် ရည်မှန်းချက်ရှိသည့်အတိုင်း လုပ်ဆောင်နိုင်၏။

         အထက်ပါအဆိုကို ကမ္ဘာပေါ်က လူများစုကြီးက လက်ခံပါလိမ့်မယ်။ ကမ္ဘာတဝန်းလုံးက တညီတညွတ်တည်း ဆုံးဖြတ်လက်ခံထားတဲ့ လူမှုအခွင့်အရေးဆိုင်ရာ ကမ္ဘာ့အဓိဋ္ဌာန်ပြု ကြေညာစာတမ်းမှာတောင် “လူတိုင်း၌ လူ့ဘဝ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေးနှင့် လုံòခံစိတ်ချရမှု အခွင့်အရေးများရှိသည်”လို့ ဖော်ပြထားသေးတယ်မဟုတ်လား။ ဒါပေမယ့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီိချက်တွေကို အတည်ပြုခဲ့တဲ့ တချိန်တည်းမှာပဲ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာတဲ့ နိုင်ငံတစ်ခုဟာ လူ့အခွင့်အရေးတွေကို ယနေ့အချိန်ထိ နှစ်ပေါင်းများစွာ ကျူးလွန်ဖောက်ဖျက် နေပေမယ့် ကမ္ဘာကြီးက လတ်တလော ဖြေရှင်းစရာ အရေးတကြီး ကိစ္စတစ်ခုလို့ သဘော မထားကြတာကတော့ တကယ့်ကို ရင်နာစရာ ကောင်းလှပါတယ်။
အဲဒီနိုင်ငံကတော့ ဗီယက်နမ်စစ်ပွဲကို အဆုံးသတ်ပေးခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တစ်ယောက် ပေါ်ထွက်ရာ၊ လက်ရှိအချိန်မှာ အကျယ်ချုပ် အထိန်းသိမ်းခံထားရဆဲ ဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် တစ်ဦးတို့ မွေးဖွားရာ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။
                  မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်ပေမယ့် အဖွဲ့ဝင် နိုင်ငံများ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းများ ကို မလိုက်နာတဲ့အပြင် နိုင်ငံသားများအပေါ် တကယ်တမ်းခွင့်ðပရမယ့် အခြေခံ အခွင့်အရေး များကိုလည်း ပိတ်ပင်တားမြစ်ထားပါတယ်။ နိုင်ငံနေရာ အနှံ့အပြားမှာလည်း အဓမ္မ အနိုင်ကျင့်မှုတွေ ပြည့်နှက်လျက်ရှိပါတယ်။ အဆိုးဆုံးကတော့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း စစ်အုပ်စုကို ဆန့်ကျင်သူများအပေါ်  ဖိနှိပ်မှုများပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင် ၂ဝ ကျော်မှာ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး အဲဒီလို ထိန်းသိမ်းထားသူတွေထဲမှာ အသက်အရွယ်မျိုးစုံနဲ့ ပညာရှင်များစွာ ပါဝင်ပြီး သေဒဏ် အစရှိတဲ့ ပြစ်ဒဏ်မျိုးစုံ ချမှတ်ထားခြင်း ခံနေကြရပါတယ်။ နိုင်ငံတကာက ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းနဲ့ မတူဘဲ ထူးခြားတယ်လို့ ပြောနိုင်တဲ့ အချက် ကတော့ သူတို့ အားလုံးလိုလိုဟာ ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အပိုဒ် (၁ဝ)ပါ “အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ရာဇဝတ်ကြောင်း တရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင်၎င်း လူတိုင်းသည် လွတ်လပ်၍ ဂတိမလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်”ဆိုတဲ့ အချက်နဲ့ လုံးဝ မကိုက်ညီတဲ့ တရားရုံးတွေက ထင်သလို ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူများ ဖြစ်ပါတယ်။ တချို့ဆိုရင် သူတို့ရဲ့ မျက်ကွယ်မှာ ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူများ ဖြစ်ပါတယ်။
                  သာမန်ပြည်သူတစ်ယောက်တောင် အခြေခံရပိုင်ခွင့်တွေ လက်လွတ်ဆုံးရှုံးနေရပြီဆိုတော့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားများအဖို့ ဆိုဖွယ်ရာ မရှိလောက်အောင် ဆိုးဝါးလှတဲ့ ဘဝတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေဟာ လူသားချင်းစာနာမှု ကင်းမဲ့လှပြီး ငရဲတမျှ ကြောက်လန့်စရာ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲကို ရောက်ပြီဆိုတာနဲ့ လူ့ဂုဏ်သိက္ခာ အားလုံးမရှိတော့ဘဲ အာဏာပိုင်တွေရဲ့ ဥပဒေမဟုတ်တဲ့ အနိုင်အထက်ကျင့်မှုတွေကြားမှာ ကျန်မာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်း၊ ဖြစ်သလိုချက်ပြုတ်ထားတဲ့ အစားအသောက်၊ မိသားစုနဲ့ လွယ်လင့်တကူ ဆက်သွယ်ခွင့်မရမှု စတဲ့အရာတွေနဲ့ ရင်ဆိုင်ရင်း ချို့တဲ့စွာ နေထိုင်ကြရပါတယ်။ နိုင်ငံရေးအကျဉ်းသားများဟာလည်း ဒီလိုနှိပ်စက်မှုတွေကို အံတုရင်း သူတို့ရဲ့ ယုံကြည်ချက်အတွက် ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက လူမဆန်မှုတွေဟာ တော်ရုံစိတ်ဓာတ်လောက်နဲ့ဆိုရင် တခြားနှိပ်စက်မှုတွေ မခံစားရဘဲနဲ့တောင် အသက်ပါ သေဆုံးသွားနိုင်ပါတယ်။
                  အကျဉ်းထောင်တွေထဲမှာ အကျဉ်းချခြင်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားများ အနေနဲ့ အကျဉ်းထောင်ထဲကို ရောက်ပြီဆိုတာနဲ့ လူ့တန်ဖိုးအားလုံးကို ခဝါချလိုက်ရပါတော့တယ်။ သူတို့ဟာ နိုင်ငံရေးသမားဆိုရင် တိုင်းပြည်ကို ဖျက်ဆီးသူလို့ မှိုင်းတိုက်ခြင်းခံထားရတဲ့ အကျဉ်းထောင်အာဏာပိုင် ဝန်ထမ်းတွေရယ်၊ ရာဇဝတ်မှုနဲ့ အကျဉ်းချထားခြင်း ခံထားရတဲ့ အကျဉ်းသားများရဲ့ အုပ်ချုပ်မှုတွေရယ်ကို မလွဲမသွေ ခံစားရမှာ ဖြစ်ပါတယ်။ သာမန် ရာဇဝတ် အကျဉ်းသားများနဲ့ မတူတဲ့အချက်ကတော့ ပြင်ပက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအပေါ်မှာ မူတည်ပြီး ပိုမိုဖိနှိပ်ခြင်း ခံရတတ်သလို စစ်ထောက်လှမ်းများရဲ့ အချိန်မရွေး ဝင်ရောက် စစ်မေးခြင်းများကိုလည်း ခံရမှာ ဖြစ်ပါတယ်။ ဒီထက် ဆိုးတာကတော့ နိုင်ငံရေးအကျဉ်းသားများကို တရားမဲ့စွာ ထောင်ဒဏ်တိုးမြှင့်ခြင်းပါပဲ။
                  နိုင်ငံရေးအကျဉ်းသားများအဖို့ အကျဉ်းထောင်ထဲကို မရောက်ခင်မှာ စစ်ထောက်လှမ်းရေးများရဲ့ နည်းမျိုးစုံ ညှဉ်းဆဲမှုများကို ခံစားခဲ့ကြရပါတယ်။ တချို့သူတွေဆိုရင် အဲဒီစစ်ဆေးရေးစခန်းများမှာတင် အသက်ဆုံးပါး ခဲ့ကြရရှာပါတယ်။ ဒီအဆင့်ကို ဖြတ်ကျော်လာခဲ့တဲ့ သူတွေမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေရဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ အနည်းနဲ့အများ ကပ်ငြိလာကြပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားအချို့ဟာ စိတ်ရောဂါဝေဒနာသည်တွေ ဖြစ်မှန်းမသိ ဖြစ်သွားပါတော့တယ်။
                  ရာဇဝတ်ကျူးလွန်လို့ အကျဉ်းကျတာ မဟုတ်တဲ့ အကျဉ်းသားများအနေနဲ့ အပြစ်မရှိဘဲ အနိုင်ကျင့်ခံကြရပြီး ကိုယ်မှန်တယ်ထင်ရာ ပြောခွင့်မရှိ၊ ကိုယ့်ရပိုင်ခွင့် အခွင့်အရေးကို တောင်းပိုင်ခွင့် မရှိတဲ့ အနေအထားမျိုးနဲ့ သူတို့ရဲ့ အကျဉ်းစံဘဝကို ဖြတ်သန်းကြရပါတယ်။ ဒါကြောင့် သူတို့ရဲ့ နေ့စဉ်ဘဝကို စိတ်ရော ကိုယ်ပါ အဖိနှိပ်ခံထားရတဲ့ ဘဝလို့ ပြောနိုင်ပါတယ်။ သေဒဏ်ပေးထားခြင်း ခံထားရသူတွေ၊ ၃၆ နှစ်၊ ၄၅ နှစ် စသဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခြင်း ခံနေရသူများအနေနဲ့ ဘယ်လိုဖိစီးမှုတွေ ခံစားကြရမယ်ဆိုတာ စိတ်ကူးထဲမှာ တွေးကြည့်ရုံနဲ့ ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။
                  မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများအနေနဲ့ လူ့အခွင့်အရေးတွေ ဘယ်လို ဆုံးပါးနေတယ်၊ လူသားချင်းစာနာမှု ကင်းမဲ့လှတဲ့ အုပ်စိုးသူ လူရမ်းကားတွေနဲ့ ရင်ဆိုင်နေကြရတယ်ဆိုတာကို သာဓက တစ်ခုနဲ့ သက်သေပြလိုပါတယ်။ အဲဒီ ဥပမာကတော့ တရားလက်မဲ့ပြုကျင့်မှုများအောက်မှာ မသေသင့်ဘဲ သေဆုံးခဲ့ရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ သူကတော့ ယခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က သာယာဝတီ အကျဉ်းထောင်အတွင်း အသက်ဆုံးပါးခဲ့ရတဲ့ ကိုစည်သူ (ခ) ကိုရဲနိုင် ရဲ့ ရင်နင့်စရာ အဖြစ်အပျက်ပါ။ သူ့ရဲ့ ကြေကွဲစရာ အဖြစ်အပျက်ကို ကြည့်လိုက်တယ် ဆိုရင်ပဲ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားများ ရင်ဆိုင်နေရတဲ့ အနေအထားကို တွေးကြည့် နိုင်ပါလိမ့်မယ်။
                  ကိုစည်သူက ကွယ်လွန်ချိန်မှာ အသက် ၃၅ နှစ်ပဲ ရှိသေးတဲ့ ရန်ကုန်òမိ့၊ စမ်းချောင်းòမိ့နယ်က လူရွယ်တစ်ဦးဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလက ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) မှာ ပညာသင်ယူနေတဲ့ သတ္တဗေဒ ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ အရေးအခင်းကာလ တလျှောက်လုံး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု အစည်းအရုံး (မကဒ)ရဲ့ ဗဟိုစည်းရုံးရေး တာဝန်ခံ တစ်ဦးအဖြစ်နဲ့ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ သူ့ကို ၁၉၉၁ ခုနှစ်မေလမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး အဲဒီနှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပါတယ်။  ပြစ်ဒဏ်မချခင် ၇ လ လုံးလုံး ရန်ကုန်òမိ့က အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို ပြစ်ဒဏ် တစုံတရာ မချမှတ်ဘဲ နှစ်ဝက်ကျော်လောက် ထောင်သွင်းအကျဉ်းချခဲ့တဲ့ လုပ်ရပ်ကို ကြည့်လိုက်ရင် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ “မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ” ဆိုတဲ့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၇) မှာ ပါတဲ့အတိုင်း ကျင့်ဆောင်ခြင်းကို မခံရဘဲ စစ်ထောက်လှမ်ရေးရဲ့ ထင်သလို ဖမ်းဆီးခြင်းကို ခံကြရပါတယ်။
                  စစ်ထောက်လှမ်းရေးများက နိုင်ငံရေး လှုပ်ရှားသူတစ်ဦးကို “ဆွေးနွေးစရာ ရှိလို့ ခဏလိုက်ခဲ့ပါ” လို့ ပြောလိုက်ပြီဆိုရင် အဲဒီစကားလုံးရဲ့ နောက်မှာ အနိမ့်ဆုံးက နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခြင်းဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းခံရနိုင်တဲ့အထိ ဆိုးဝါးတဲ့ အနေအထားရှိပါတယ်။ လက်ရှိအုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အာဏာပိုင်များအနေနဲ့ ဥပဒေကို အလွဲသုံးစားလုပ်ပြီး နိုင်ငံရေးလှုပ်ရှားသူများကို နှိပ်ကွပ်တဲ့နေရာမှာ တခါတရံ မှားယွင်းတဲ့ အမှုတွေကိုပါ စီရင်တတ်ပါတယ်။ ဒါကြောင့် အချို့သော  နိုင်ငံရေးအကျဉ်းသားများဟာ လူမှားပြီး ပြစ်ဒဏ်စီရင်ထားခြင်းကို ခံကြရပါတယ်။ ဒါဟာလည်း တကယ်ဆိုးရွားလွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး ကမ္ဘာမှာ ရှိနေသေးတယ်ဆိုတာ ဂုဏ်ယူစရာ မဟုတ်တာတော့ သေချာပါတယ်။ ဒါကို ကမ္ဘာ့လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးက ဝိုင်းဝန်း တည့်မတ်ဖို့ အရေးကြီး ပါတယ်။
                  ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခြင်းခံထားရတဲ့ ကိုစည်သူဟာ နောက်ပိုင်း ၁၉၉၂ ခုနှစ်မှာ စစ်အစိုးရက ၁ဝ နှစ် အထက် အကျဉ်းသားအားလုံးကို ၁ဝ နှစ်တည်စေခဲ့တာကြောင့် သူဟာလည်း ၁ဝ နှစ်တည်ခဲ့ပါတယ်။  ကိုစည်သူဟာ စတင်ထောင်ကျချိန်ကနေ ၁၉၉၅ ခုနှစ် သြဂုတ်လထိ အင်းစိန်ထောင်မှာ နေထိုင်ရပြီး နောက်ပိုင်းကာလ တလျှောက်လုံး ရန်ကုနò်မိ့နဲ့ ၇၈ မိုင်ဝေးတဲ့ သာယာဝတီ အကျဉ်းထောင်မှာ နေထိုင်ခဲ့ရပါတယ်။ ကိုယ်ခန္ဓြွာသေးသေးည‡က်ည‡က်သာရှိတဲ့ ကိုစည်သူဟာ တည်တည်တံ့တံ့နေထိုင်တတ်ပြီး မထင်မှတ်လောက်အောင် စိတ်ဓာတ်ခိုင်မာလှပါတယ်။ ဒါကြောင့်ပဲ အကျဉ်းထောင် ဥပဒေအရ တရားဝင် ပြန်လွှတ်ပေးရမယ့် ၁၉၉၉ ခုနှစ် မတ်လ မှာ ပြန်မလွှတ်ပေးဘဲ “ဆန့်ကျင်ဘက် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်နေဆဲဖြစ်သည်” ဆိုတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှုးကြီး တင်လှိုင်ရဲ့ မှတ်ချက်နဲ့ ဆက်လက်ချုပ်နှောင်ထားခဲ့ပါတယ်။ ဒီအချက်ဟာလည်း လူသားချင်း စာနာမှုကင်းမဲ့စွာ ðပမူတဲ့ လုပ်ရပ်ပါပဲ။ မိမိရဲ့ ဆွေမျိုးစု အသိုင်းအဝိုင်း၊ မိတ်ဆွေ အပေါင်းအသင်းများနဲ့ ဝေးကွာစွာ နေထိုင်ရပြီး အနေအစား၊ ကျန်မာရေးစောင့်ရှောက်မှု အရာခပ်သိမ်း ဆိုးဝါးလှတဲ့ အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်ချီနေရတဲ့ သူတစ်ယောက်အဖို့ စိတ်ဓာတ်ခွန်အား တစ်ခုတည်းနဲ့ ကြံ့ကြံ့ခံရတာပါ။ ဒီလိုနေထိုင်ခြင်းက ဆက်လက် ချုပ်နှောင်လောက်စရာ ပြစ်ချက် တစ်ခုဖြစ်မယ်ဆိုရင် အရာရာကို အရှုံးပေး အညံ့ခံရုံသာ ကျန်ပါတော့တယ်။
                  သာယာဝတီထောင်ဟာ သာယာဝတီမြို့နဲ့ အတန်ငယ်ဝေးပြီး ငှက်ဖျားရောဂါထူပြောရာ ပဲခူးရိုးမနဲ့ နီးကပ်စွာတည်ရှိပါတယ်။ ဒါကြောင့် အဲဒီထောင်မှာ အကျဉ်းကျနေသူတွေမှာ ငှက်ဖျားရောဂါ ကပ်ငြိပါလာတတ်စမြဲပါ။ ဒီအခြေခံကြောင့်ပဲ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလမှာ ကိုစည်သူဟာ ငှက်ဖျားရောဂါ အပြင်းအထန် ဖြစ်ပွားပြီး အကျဉ်းထောင် အတွင်းက ဆေးရုံမှာ တက်ရောက်ခဲ့ရပါတယ်။ သူဟာ ငှက်ဖျားရောဂါကတဆင့် အူရောင်ငန်းဖျားရောဂါ ကိုပါ ဆက်လက်ခံစားခဲ့ရရှာပါတယ်။ မြန်မာနိုင်ငံက အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု အနေအထားဟာ òမိ့ပြတွေမှာတောင် အလွန်အမင်း ညံ့ဖျင်းနေတာမို့ အကျဉ်းထောင်အတွင်းက ကျန်းမာရေး စောင့်ရှောက်မှုဟာ တကယ့်ကို မည်ကာမတ္တ ဖြစ်ပါတယ်။ ဒါကြောင့် ကိုစည်သူအနေနဲ့ လိုအပ်တဲ့ဆေးဝါးများကို ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူခဲ့ရပါတယ်။ ဒီလိုဝယ်ယူနိုင်ဖို့တောင် မိသားစုနဲ့ ဆက်သွယ်ရရှိနိုင်မှု၊ ဆေးဝါးဝယ်ယူခွင့် ရရှိဖို့တို့အတွက် တောင်းဆိုမှုတွေပြုလုပ်ခဲ့ရပါတယ်။ အတန်ကြာ ဆေးဝါးကုသပြီးလို့ ဆေးရုံက ဆင်းလာခဲ့ရပေမယ့် ပုံမှန်အနေအထားကို ပြန်လည်မရောက်ရှိလာဘဲ ငှက်ဖျားရောဂါက ဆက်လက်ဖိစီးခဲ့ပါတယ်။
                  သူရဲ့ဝေဒနာဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတာမို့ ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထောင်တွင်းဆေးရုံကို ထပ်မံတက်ခဲ့ရတယ်။ ဒါပေမယ့် သူရဲ့ ကိုယ်အပူချိန်က ၁ဝဝ- ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက် ကနေ မလျော့ကျခဲ့ပါဘူး။ ဝေဒနာကို ဆက်တိုက်ခံစားနေရတဲ့ ကိုစည်သူက သူ့ရဲ့ ဝေဒနာနဲ့ ပတ်သက်ပြီး ဓာတ်ခွဲ စမ်းသပ်မှုကအစ သေသေချာချာ လုပ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုတော့မှ ခရိုင် အရပ်ဘက်ဆေးရုံနဲ့ တွဲဖက်စမ်းသပ်ခွင့် ရရှိခဲ့ပါတယ်။ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း တို့ပြုလုပ်ပြီးမှ ဒီဇင်ဘာလဆန်းမှာ ထောင်တွင်း ဆရာဝန်ရဲ့ “Unknown Fever” ဆိုတဲ့ မှတ်ချက်နဲ့ သာယာဝတီ ခရိုင်ဆေးရုံကြီးရဲ့ သီးခြားအချုပ်ခန်းမှာ ပြောင်းရွှေ့ကုသစေခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာတောင် လွတ်ရက်စေ့ပြီး အကျဉ်းသားတစ်ဦးကို ဆက်လက် ဖမ်းဆီးထားတာကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အာဏာပိုင်များရဲ့ လူသားချင်းကိုယ်ချင်းစာနာစိတ် ကင်းမဲ့စွာပြုမူပုံကို တွက်ဆနိုင်ပါတယ်။
                  ဆေးရုံမှာ တစ်လကျော် ကုသပြီးတဲ့နောက် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ထောင်ကို ပြန်လည်ပို့ဆောင်လိုက်ပြန်ပါတယ်။ လွတ်ရက်စေ့ပေမယ့် မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးခြင်း ခံထားရတဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသူ အကျဉ်းသားတစ်ယောက်ရဲ့ ဘဝကို မျက်ကွယ်ðပထားခြင်းများဟာ လွန်စွာ အကျည်းတန်လှတာမို့ လွတ်လပ်စွာ ရှင်သန်ကြီးပြင်းခွင့်ရတဲ့ လူ့အဖွဲ့အစည်းထဲက လူတွေအဖို့ ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် မြန်မာစစ်အာဏာပိုင်များအနေနဲ့ သားသတ်သမားဟာ သူ့ရှေ့မှောက် ရောက်ရှိလာတဲ့ ဘယ်သတ္တဝါကိုမဆို သတ်ဖို့ ဝန်မလေးသလို အကြင်နာတရားကင်းဝေးစွာ ပြုကျင့်နေခဲ့တာကတော့ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ အကျဉ်းထောင်ထဲကို ပြန်ရောက်လာတဲ့ ကိုစည်သူဟာ တီိဘီရောဂါ ပျောက်ဆေးတွေကို ထောင်တွင်းဆရာဝန် ညွှန်ကြားတဲ့အတိုင်း ၆ လလောက် သောက်ခဲ့ရပါတယ်။ ထူးခြားတာက သူ့ကို ညွှန်ကြားတဲ့အညွှန်းက ပုံမှန်ကုထုံးအညွှန်း မဟုတ်တာပါပဲ။ ကိုစည်သူမှာ HIV ပိုး ကပ်ငြိနေခဲ့ပြီ ဆိုတာကိုလည်း ကြားကြရပါတယ်။
                  မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ တစ်ခါသုံး ဆေးထိုးအပ် အသုံးðပခွင့် မရရှိဘဲ ဆေးထိုးအပ် တစ်ချောင်းတည်းနဲ့ လူများစွာကို ကုသတာကြောင့် HIV ပိုး၊ တီဘီရောဂါ ကူးစက်ခြင်း စတာတွေကို ကြုံတွေ့ကြရပြီး အဲဒီ ကူးစက်ရောဂါတွေကြောင့် သေဆုံးရသူတွေ မနည်းပါဘူး။ ဒါကြောင့် ကိုစည်သူမှာ HIV ပိုး ကပ်ငြိနေပြီ ဆိုတာကို မဖြစ်နိုင်ပါဘူးလို့ ဘယ်သူကမှ ကာကွယ်ပြောဆိုနိုင်ခြင်း မရှိတာဖြစ်ပါတယ်။ မိုးရာသီဖြစ်တဲ့ ဇွန်လ ၂ဝ ရက်နေ့မှာ ကိုစည်သူဟာ ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး ဖျားပါတော့တယ်။ ထောင်တွင်းဆရာဝန်ကို ပြသပေမယ့် ရောဂါအခြေအနေ မေးမြန်းခြင်း မရှိ၊ ဆေးဝါးကုသမှု မပေးဘဲ သာမန်အကိုက်အခဲ ပျောက်ဆေးသာ ပေးခဲ့ပါတယ်။ ဒီလိုနဲ့ လေးရက်ကြာတဲ့ အချိန်မှာတော့ အပူချိန် ၁ဝ၃ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိခဲ့ပြီး အသက်ရှူ ခက်ခဲလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအချိန်ထိ ထိရောက်တဲ့ ကုသမှု မပေးခဲ့ပါဘူး။ ဇွန်လ ၂၇ ရက်နေ့မှာ အပူချိန်က ၁ဝ၇ ဒီဂရီထိ မြင့်တက်လာခဲ့ပြီး အစာအာဟာရ စားသောက်နိုင်ခြင်း မရှိတော့တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ ဒါကြောင့်မို့ ဝေဒနာဒဏ်ကို လုံးဝ ခံနိုင်ရည်မရှိတော့ဘဲ ခန္ဓွာကိုယ်မှာ ရေဓာတ် သိသိသာသာ ခန်းခြောက်သွားပါတော့တယ်။
                  ဒီအချိန်ကို ရောက်မှ ထောင်တွင်းဆရာဝန်က ကုသမှု တစုံတရာပေးခဲ့တယ်။ ဒါပေမယ့် လူနာဟာ အသက်ရှူပုံ အနေအထားမမှန်တော့တဲ့ အနေအထား ရောက်နေတာတောင် အူရောင်ငန်းဖျားနဲ့ ငှက်ဖျား ဖြစ်နိုင်တယ်ဆိုတဲ့ မှတ်ချက် လောက်သာပေးပြီး အောက်ဆီဂျင်ပေးခြင်း၊ အစာပိုက်သွင်းခြင်း စတဲ့ ကုသမှုမျိုးတွေကို မပေးခဲ့ပါဘူး။ ဇူလိုင်လ ၆ ရက်နေ့ကျမှ ခရိုင်ဆရာဝန်ကြီးနဲ့ အထူးကုဆရာဝန်ကြီး တစ်ဦးတို့ ရောက်လာပြီး ကုသပုံ ပြောင်းလဲစေပါတယ်။ သူတို့က လူနာဟာ အဆုတ်ရောင်ပြီး အသည်းကြီးနေတယ်လို့ ကောက်ချက်ပေးကြပါတယ်။ အခြေအနေက ပိုမိုဆိုးရွားလာတာကြောင့် နောက်တနေ့မှာ ခရိုင်ဆေးရုံကြီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း အများသူငါနဲ့ တန်းတူမဟုတ်တဲ့ ဆေးရုံက သီးသန့်အချုပ်ခန်းကိုပဲ ဖြစ်ပါတယ်။ ဆေးရုံပြောင်းပြီး ၅ ရက်အကြာ ဇူလိုင်လ ၁၂ ရက်မှာတော့ ကိုစည်သူဟာ သီးခြားအချုပ်ခန်းထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတော့တယ်။ မြန်မာနိုင်ငံအတွင်းမှာ အကျဉ်းကျနေရတဲ့ နိုင်ငံရေး အကျဉ်းသားများအဖို့ အကျဉ်းထောင်ထဲမှာ ဘယ်လောက်ဆိုးရွားတဲ့ အနေအထားတွေနဲ့ ရပ်တည်နေကြရတယ်ဆိုတာကို သူရဲ့ အသက်နဲ့ ရင်းပြီး သက်သေပြသွားခြင်းပဲ ဖြစ်ပါတယ်။
                  အာဏာပိုင်များရဲ့ နိုင်လိုမင်းထက်ပြုမူပုံက ဒီလောက်နဲ့ မရပ်သေးပါဘူး။ ကိုစည်သူ ကွယ်လွန်ပြီးချိန်မှာ သူ့ရဲ့ နာရေးသတင်းကို သတင်းစာတွေထဲမှာ ထည့်ဖို့ သူ့အပေါင်းအသင်းတွေက စီစဉ်ကြပါတယ်။ အံ့သြဖို့ ကောင်းတာက ကိုစည်သူသေဆုံးတဲ့ သတင်းက သတင်းစာတိုက်ဆီ ကြိုပြီးရောက်နေပါတယ်။ ဒီလို ကြိုရောက်နေလို့ အဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့တော့ မယူဆလိုက်ပါနဲ့။ ဒါဟာ သေသူတစ်ဦးအတွက် နောက်ဆုံးအခွင့်အရေးကို ပိတ်ပင်ဖို့ ကြိုးစားတဲ့ နည်းလမ်းတစ်ရပ်သာ ဖြစ်ပါတယ်။ ကိုစည်သူရဲ့ နာရေးကြော်ငြာသတင်းကို ဘယ်သတင်းစာတိုက်မှာမှ ထည့်လို့ မရခဲ့ပါဘူး။ သုံးလေးစောင်လောက်သာ ရှိတဲ့ သတင်းစာတွေကလည်း စစ်အစိုးရလက်အောက်ခံ သတင်းစာတွေဆိုတော့ ဘယ်လိုမှ မတတ်နိုင်ကြပါဘူး။ ဒီလိုနဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရဲ့ ဘဝဟာ စစ်အာဏာပိုင်များရဲ့ လူမဆန်မှုအောက်မှာ စတေးလိုက်ရပါတော့တယ်။
                  ဒီဖြစ်ရပ်ကို ကြားလိုက်ရသူတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရတာ ဒီလောက်ထိ ဆိုးဝါးပါလားလို့ တွေးမိမှာ မလွဲပါဘူး။ ဖြည့်စွက်ပြီး ပြောချင်တာကတော့ ဒီဖြစ်ရပ်ကို အဆိုးဆုံးဖြစ်ရပ်လို့ မယူဆစေချင်တဲ့ ဆန္ဒဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ထက်ပိုပြီး ဆိုးရွားတဲ့ ဖြစ်အင်တွေရှိနေလို့ပါပဲ။ တခါတလေ ကျတော့ အာဏာပိုင်များရဲ့ မတရားပြုကျင့်မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ ဖြစ်ရပ်တွေက ပုံစံကွဲပြားစွာ တွေ့မြင်ကြားသိ နေကြရတာမို့ ဘယ်သူ့အဖြစ်ဟာ ဘယ်သူ့ထက်ပိုပြီး ဆိုးတယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဖြစ်ကြရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်စနစ်အောက်က တိုင်းပြည်တစ်ခုရဲ့ ပုံရိပ်ပဲ ဖြစ်ပါလိမ့်မယ်။
                  ကမ္ဘာပေါ်ကလူအများဟာ အမှန်တရားကို မြတ်နိုးတယ်။ အမှန်တရားဘက်က တကယ်ပဲ ရပ်တည်တယ်ဆိုတာကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေက မျှော်လင့်နေကြပါတယ်။ အာဏာရှင် စနစ်ဆိုးကို ကမ္ဘာကြီးတစ်ခုလုံးက လက်မိခံတော့ဘူးဆိုတာကို ယုံကြည်ချင်နေကြပါတယ်။ ဒါ့အပြင် မတရားဖိနှိပ်ရက်စက်မှုတွေကို ဘယ်လောက်ရွံမုန်းပြီး ဘယ်လိုရှုတ်ချတယ်ဆိုတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်လိုကြပါတယ်။ နည်းပညာတိုးတက်မှုတွေအရ ကျဉ်းမြောင်းသွားပြီလို့ ပြောဆိုနေကြတဲ့ ကမ္ဘာကြီးဟာ လက်နက်နဲ့အနိုင်ယူပြီး ပြည်သူလူထုကို နှိပ်စက်နေကြသူ လူနည်းစုအတွက် နေရာပေးမှာလား၊ လူများစွာရဲ့ ဘဝတွေကို ကယ်တင်မလားဆိုတာကတော့ အချိန်ကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ။

ထိန်လင်း
၂၄၊ ၁ဝ၊ ၂ဝဝ၁

ကိုစည်သူ (ခ) ကိုရဲနိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...