မီးပြတိုက် သတင်းစုစည်းမှု (၂၄ ၊ ၁)
- "ခင်ညွန့်ကို ခွင့်မလွှတ်နိုင်ရင် သိန်းစိန်နဲ့ အောင်ဆန်းစုကြည်ကိုလည်း ခွင့်လွှတ်နိုင်စရာမရှိ " ၊
- ဒေါ်အောင်ဆန်းစုကြည် ဆုပေးထားတဲ့ ဇတ်ကားများ စင်ကာပူတွင်ပြသခွင့်မရ ၊
- NLD ပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်မှု အငြင်းပွားမှုများ ဖြစ်ပေါ် ၊
- ၈၈ မျိုးဆက် သတင်းစာရှင်းလင်းပွဲ ကျေနပ်စရာ တကွက်မှ မရှိ ၊
- အမြင်မှန်ရလာတဲ့ SNLD ပါတီ ပြန်လည်မှတ်ပုံတင်မည် ၊
- ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် ) ၊
- အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် ဘေးမကင်းသော လိင်ဆက်ဆံမှု ဆက်နွှယ် ၊
- အမျိုးသားတွေ စားသင့်သော အစားအသောက် ၁၀ မျိုး ၊
- အများဆုံးပြဿနာပေးတဲ့ အူအတက် ၊
- ဘယ်သတ္တဝါတွေရက်ဘယ်လောက်ကိုယ်
ဝန်ဆောင်ကြလဲ ၊ - မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် ”
"ခင်ညွန့်ကို ခွင့်မလွှတ်နိုင်ရင် သိန်းစိန်နဲ့ အောင်ဆန်းစုကြည်ကိုလည်း ခွင့်လွှတ်နိုင်စရာမရှိ "
(
ဆောင်းပါးရှင် မြန်မာသ့တော်ဆင့်ရဲ့ စဉ်းစားဘွယ် အငြင်းပွားဘွယ်
ဆောင်းပါးဖြစ်ပါတယ် ၊ စဉ်းစားကြဘို့ အငြင်းပွားကြဘို့နဲ့
ဝေဖန်သုံးသပ်နိုင်ဘို့ အတွက် တင်ပြလိုက်ပါတယ် ၊
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေ ဖမ်းဆီး
ထိမ်းသိပ်းတာကို ခံရတဲ့ အထဲမှာ ကျွန်တော်လည်း ပါပါတယ် ၊ အရှိန်ရနေတဲ့
ဘ၀တစ်ခုလုံး ကပြောင်းကပြန် ဖြစ်သွားရဘူးပါတယ် ၊ ဒါပေမယ့် ဒီနေ့
သူ့ကိုခွင့်လွှတ်တဲ့အထဲမှာ ကျွန်တော်ပါပါတယ် ဘာလို့ခွင့်လွှတ်လဲမေးရင် ( ၁ ) က
ပြန်မစချင်တော့လို့ပါ ....ဒေါက်တာဆိတ်ဖွား )
ဝင်စတန် ချာချီဟာ သူရဲ့ နာမည်ကျော် အတွဲပေါင်း များစွာရှိတဲ့ ဒုတိယ
ကမ္ဘာစစ်ကြီး (Second World War) လို သမိုင်းကျမ်းနဲ့ နှိုင်းယှဉ်ရင်
အရေးကြီးပုံချင်း အတူတူပဲ ဖြစ်ပေမဲ့ အရွယ် အစားအစား လက်ဝါးသာသာ
လောက်သာရှိတဲ့ စာအုပ်(ကျမ်း) ကလေး တစ်အုပ်ကိုလဲ ရေးခဲ့ ဘူးတယ်။
စာအုပ်နာမည်က Great Contemporaries (pub. 1947) တဲ့။
စာအုပ်ထဲမှာ
တခြားခေတ်ပြိုင် ပုဂ္ဂိုလ်တွေနဲ့ အတူတူ ဟစ်တလာ၊ စတာလင်နဲ့ ထရော့စကီးတို့
အကြောင်းတွေလဲ ပါတယ်။ စာအုပ်ရဲ့ နိဒါန်းမှာတော့ ရေးတဲ့ ရည်ရွယ်ချက်ကို သူက
ဝေ့လည်ကြောင်ပါတ် လုပ်မထားဘဲ ပြောင်ပဲ ပြောထားပါတယ်။ အာဏာရှင် စံနစ်
(ကွန်မြူနစ်ဝါဒ)နဲ့ ထိပ်တိုက်တွေ့ရမဲ့ နောက်ဆုံးပိတ် တိုက်ပွဲကြီး
အကြောင်းပါ။ “ကြိုတင် မှာထားချင်တာ ကတော့ ကြိုတင်လက်နက် တပ်ဆင်ထားကြ” (To
be forewarned is to be forearmed) လို့ အတိအလင်း ပြောထားပါတယ်။
ဒီစာအုပ်ကို
အကြောင်းပြုပြီး ကျနော် ပြောချင်တာက ချာချီဟာ သူနဲ့ ခေတ်ပြိုင်
ပုဂ္ဂိုလ်တွေကို (ဗကပလေသံနဲ့ ဆိုရရင်) ရန်/ငါစည်းခြား သတ်မှတ် ပြခဲ့ယုံသာမက
သူတို့ပြုမူခဲ့ပုံတွေကို သမိုင်းအမြင်နဲ့လဲ ကြည့်မြင်ခဲ့တဲ့ အချက်ပါ။ ဥပမာ
စတာလင် ကွယ်လွန် (၁၉၅၃) တော့စတာလင်ကို သူ(ချာချီ)က “ဒီပုဂ္ဂိုလ်ဟာ (ကမ္ဘာကြီး
သံမဏိနဲ့ လျှပ်စစ်ခေတ်ကို ရောက်နေချိန်မှာ) သစ်သားထွန်တုံး ထွန်တံကိုပဲ
သုံးနေရသေးတဲ့ တိုင်းပြည်မှာ မွေးဖွားခဲ့ပေမဲ့ သူသေသွားတဲ့ အချိန်မှာ
သူ့တိုင်းပြည်ကို ညူကလီးယား လက်နက်ပိုင်ရှင် နိုင်ငံအဖြစ်
ချန်ထားရစ်ခဲ့တယ်။” (He was born into a country that still used wooden
ploughshares. When he died he left his country a nuclear power.) လို
့အကဲဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးအရ ရန်သူဖြစ်ပေမဲ့ ကိုယ့်တိုင်းပြည်
ကောင်းစားရေး ကိုယ်လုပ် သွားကြတာချင်းကတော့ အတူတူဘဲ ဖြစ်လို့ လူအရတော့
လေးစား ပြတာကို တွေ့ ရတယ်။
စစ်ကြီးအပြီး အမေရိကန် ပြည်ထောင်စုမှာ
သူပြောခဲ့တဲ့ မိန့်ခွန်း တွေထဲမှာ အရေးကြီးတဲ့ အချက်တစ်ခု ပါရှိခဲ့ပါတယ်။
အဲဒါကတော့ သူဟာ ဒီမိုကရေစီကို ကမ္ဘာနဲ့ချီပြီး ကာကွယ်တဲ့ ခုခံစစ်ကြီးကို
ကြီးမှုးခဲ့ပေမဲ့ “စင်စစ် ဒီမိုကရေစီဟာ အပြစ် အနာအဆာ မကင်း၊ ချို့ယွင်းချက်
ဗလပွနဲ့ စံနစ်တစ်ခုပါ။ ဒါပေမဲ့လဲ ကမ္ဘာကြီးအတွက် လက်တွေ့မှာ ပိုကောင်းတဲ့
ဝါဒစံနစ် ဆိုတာလဲ မရှိသေးပါဘူး။ ဒါ့ကြောင့် အဲဒါကိုဘဲ ဖက်တွယ် နေရပါတယ်”
လို့ ၀န်ခံ မှတ်ချက် ပြုခဲ့ဘူးပါတယ်။
တဘက်မှာတော့ မဟာ့မဟာ
အင်ပါယာဝါဒီ (Arch Imperialist) ဖြစ်တဲ့အတွက် ချာချီဟာ
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂန္ဓီတို့ကို ခွင့်မလွှတ်နိုင် ဖြစ်ခဲ့တာတွေလဲ
ရှိသပေါ့။ သူကဂျပန်နဲ့ ပေါင်းခဲ့တဲ့ အောင်ဆန်းကို သစ္စာဖေါက်လို့ အတိအလင်း
သတ်မှတ်ခဲ့ပြီး ဗြိတိသျှ အင်ပါယာကို လူပုံအလယ်မှာ အရှက်ရစေတဲ့
ဂန္ဓီကြီးကိုလဲ လံကွတ်တီဝတ် ဖကီးကြီး (half naked fakir) လို့ နစ်နစ်နာနာ
ခေါ်ခဲ့တယ်။ ဂျာမဏီ အထိသွားပြီး ဟစ်တလာနဲ့ မဟာမိတ်ပြုကာ အိန္ဒိယ အမျိုးသား
တပ်မတော် ထူထောင်ပြီး အင်္ဂလိပ်ကို လက်နက်နဲ့ တော်လှန်ခဲ့တဲ့
ဆူဘတ်စ်ချန္ဒရာဘို့စ် ကတော့ သူ့ဖာသာသူ စောစောစီးစီး လေယဉ် ပျက်ကျပြီး
သေသွားလို့ ချာချီ အပြစ်တင်ခွင့် မရခဲ့ပါဘူး။ (ဘိုစ်နဲ့ လမ်းစဉ်ချင်း မတူဘဲ
- အိန္ဒိယမှာ သာမက ကမ္ဘာမှာပါ အဓိကရ အကြမ်းမဖက် လှုပ်ရှားမှု ခေါင်းဆောင်ကြီး
ဖြစ်တဲ့ ဂန္ဓီခမျာ -ချာချီနဲ့ ဗြိတိသျှ အင်ပါယာကြီးရဲ့ သြဇာ အရှိန်အ၀ါကို
မဆန့်ကျင် ရဲကြလို့ နိုဗဲလ်ဆု ကော်မတီက သူ့ကို ဆုမပေးရဲလို့
-ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုကြီးကို ရမသွားရှာဘူး။
ချာချီနဲ
့အလားတူ ပုဂ္ဂိုလ်တွေကြောင့် ‘သမိုင်းဆိုတာ နောက်ဆုံးပိတ် ဖြစ်တဲ့ စစ်ပွဲမှာ
နိုင်တဲ့ဘက်က ရေးတဲ့အတိုင်း’ (History is written by the winner of the
last war.) ဖတ်ရတာမျိုးပဲလို့ အငေါ်တူး စကားမျိုးတွေ ပေါ်လာတာလဲ
ဖြစ်နိုင်ပါတယ်။ ချာချီနဲ့ ပါတ်သက်လို့ တခြား ပြောချင်တာတွေ ရှိသေးပေမဲ့
ဒီနေရာမှာတော့ သူနဲ့ ခေတ်ပြိုင် ရာဇ၀င်မြောက် လူပုဂ္ဂိုလ်တွေ (historical
figures) တွေအပေါ် အပြီးသပ် တန်ဘိုးဖြတ် (Final assessment)ရာမှာ
သူအသုံးပြုခဲ့တဲ့ ပေတံ (measures) တွေက ဘာတွေလဲ ဆိုတာကိုသာ လေ့လာစူးစမ်း
တင်ပြ လိုရင်းပါ။
ဘာဘဲပြောပြော အထက်က တင်ပြခဲ့တဲ့ စတာလင်အပေါ်
ချာချီရဲ့ အပြီးသတ် မှတ်ချက်ကို ကြည့်ရင် သူဟာ (ဒီမိုကရေစီဝါဒ အမြင်အရ)
“လူကြမ်းတွေ တိုင်းပြည်ချစ်နည်း” ကို လက်မခံပေမဲ့ သူတို့ရဲ့ တိုင်းပြည်
ချစ်စိတ်ကိုတော့ အသိအမှတ် ပြုခဲ့တာ တွေ့ရတယ်။ ဒီလိုဆိုတော့ လူကြမ်းတွေရဲ့
(လူသား မဆန်တဲ့) တိုင်းပြည် ချစ်နည်းတွေကို သူတို့ရဲ့ တိုင်းပြည်
ချစ်စိတ်ကို ကြည့်ပြီး ခွင့်လွှတ်ထိုက်/ မလွှတ်ထိုက် ဆိုတာကလဲ စူးစမ်းဆင်ချင်
ကြည့်စရာပါ။ “နိဂုံးချုပ် ကောင်းရင် အားလုံး ကောင်းတယ်” (All is well that
ends well) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှိတ်စပီးယားက ပြဇာတ်တပုဒ် ရေးဘူးတယ်။
ပြီးခဲ့တဲ့
နောက်ဆုံးအသုတ် ထောင်ခါပွဲကြီးမှာ အများက လွတ်စေချင်နေတဲ့ သူတွေနဲ့ အတူတူ
အများက မလွတ်စေချင်တဲ့ သူတစ်ချို့လဲ ပါလာတယ်။ အဓိက လူကတော့ တချိန်က
အနောက်တိုင်း စာနယ်ဇင်းတွေက ဒုစရိုက် မင်းသား (Prince of evil) လို့
နာမည်ပေး ခံရဘူးတဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း
ခင်ညွန့်ပါ။
[ခင်ညွန့်လို့ခေါ်တာ မြန်မာ့ ယဉ်ကျေးမှုအရ ဆိုရင်တော့
ရင့်သီးတယ် ထင်ကြမှာပဲ။ ဒါကတော့ ကျနော်ရဲ့ ဂျာနယ်လစ်ဇင် စတိုင်ဖြစ်လို့
မတတ်နိုင်ဘူး။ လူတွေကို ဦး/ဒေါ် တပ်ခေါ်ပြီး စာစီရတာက ရှည်လွန်းတယ်။ စာထဲမှာ
တစ်ကြိမ်မက အကြိမ်ကြိမ် ပြန်စီဘို့ လိုတဲ့ နာမည်တွေ ဖြစ်နေယင် အလွန်
အချိန်ကုန်ပြီး လက်ညောင်းတယ်။ လူတွေကို မလေးစားလို့ မဟုတ်ပါ။ ဒါကြောင့်
စာမှာပါတဲ့ သူတိုင်းကို တပြေးညီ နာမည်ရင်း အတိုင်း အတိအကျ သုံးစွဲတာပါ။
ဒါတောင် နဂို အမည်ရင်းကိုက ရှည်နေတဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့လို၊
အောင်ဆန်းစုကြည် တို့လို နာမည်တွေကျရင် မလွှဲမရှောင်သာ အပြည့်အစုံ ရေးနေ
ရတာပါဘဲ။ ပရိသတ် အသီးသီးက ခေါ်နေကြသလိုသာ “နိုင်ငံတော် သမ္မတကြီး
ဦးသိန်းစိန်” တို့ “မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်”
တို့ ဆိုတာမျိုးတွေ ရေးနေရယင် ခရီးတွင်မှာ မဟုတ်သလို၊ ရေးရသူ မဆိုထားနဲ့
ဖတ်ရသူ အတွက်တောင် အတော်ရှည်ပြီး ၀ါကျမှာ နေရာ ယူလွန်းတယ်။ ကျနော့် ပုဂ္ဂလိက
အမြင်မှာ ဂျာနယ်လစ်ဇင် မဆန်ဘူး၊ ပရိုဖက်ရှင်နယ် မဖြစ်ဘူး။ ပြည်ပက ရေးသူမို
့တတ်နိုင်လို့  ရေးတာဘဲလို့ ဆိုရင်လဲ ဟုတ်ပါတယ်။ ၀န်ခံပါတယ်။]
လူတစ်ယောက်ကို
သူမသေခင် အပြီးသတ် သဘောမျိုး အကဲဖြတ်တာ မမှန်နိုင်ပါဘူး။ ဒါပေမဲ့လဲ
လုပ်တော့ လုပ်နေ ကြတာပါဘဲ။ သတင်း နည်းပညာတွေ အဆမတန် ထွန်းကား လာယုံမက
လူတိုင်း လက်လှမ်း မှီလာတဲ့ ကနေ့ခေတ် မှာတော့ တကမ္ဘာလုံးမှာ လူတိုင်းက
လူတိုင်းအပေါ် တရားသူကြီး ပြန်လုပ်တဲ့ ခေတ်ကို ရောက်ပြီလို့တောင်
ပြောရမလားဘဲ။
ကျနော်တို့ ဗမာတွေကလဲ အရာရာကို အလျင်စလို မှတ်ချက်
ပေးတတ်တဲ့ လူမျိုးရေး စရိုက် (racial character) ရှိလို့  “မပြီးခင် ဗမာ
မမြင်စေနဲ့ ” လို့တောင် တခြား တိုင်းရင်းသားတွေက ပြောစမှတ် ပြုရသူတွေ
ဖြစ်ကြပါတယ်။
ဒီ ၂ ချက်အပြင် နှစ်ပေါင်း ၅၀ကျော် ပါးစပ်ပိတ်
ခံထားရပြီး အခုဖွင့်ပေး လိုက်တော့မှ ပြောရဲဆိုရဲ ဖြစ်လာကြတဲ့ တိုင်းပြည်
ဖြစ်နေပြန်တဲ့ အတွက် အခု အချိန်မှာတော့ - သခင်စိုး မှတ်ချက် ပေးဘူးသလို
“အရူးထောင် ဖွင့်ပွဲကြီး” တစ်ခုဟာ တားမရ ဆီးမရ ကန်ဘောင် ကျိုးကြလာနေ
တော့ပါဘဲ။ ဒီမိုကရေစီ အရူးထောင် ဖွင့်ပွဲကြီးလို့ ပဲ ဆိုကြပါစို့ ။
ခင်ညွန့်ကို
လွှတ်ပေး လိုက်တာကို မကျေနပ်တဲ့ လေသံနဲ့ မှတ်ချက် ပြုသူတွေ Facebook မှာ
ထောင်ဂဏန်း နီးပါးရှိ တာကို တွေ့ရပါတယ်။ ခင်ညွန့် အာဏာရှိစဉ် ကာလမှာ
ထိပ်တိုက်ရင်ဆိုင် နိုင်ငံရေး လမ်းကြောင်း လိုက်မိခဲ့သူတွေဟာ စစ်အစိုးရရဲ့
ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့ နှိပ်ကွပ်မှု ဒဏ်ကို ရက်ရက် စက်စက်
ခံခဲ့ကြရတဲ့ အတွက် သူ့ရာထူးကျပြီး တလှည့်တပြန် ထောင်နန်းစံ ရတဲ့အခါမှာ
အလွန် အင်မတန် ကျေနပ်အားရ ခဲ့ကြသလို အခု ပြန်လွတ် လာတော့လဲ ၀မ်းမသာနိုင်
ဖြစ်ကြရ ပြန်တယ်။ လူ့ သဘာဝပါ။ အပြစ် ဆိုစရာမရှိ။ ဝေဘန် စောကြောစရာလဲ
မလိုပါ။
သို့သော် အချိန်တန်ယင် မေ့ပျောက်သွားရမဲ့ သာမန် လူ့သဘာဝ
ခံစားချက်ထက် ကျော်လွန်ပြီး နိုင်ငံရေး ပြဿနာ တရပ် ဖန်တီး လာမယ် ဆိုရင်တော့
သတိထား ရပါလိမ့်မယ်။ ဒီလိုဖြစ်လာရင် လက်ရှိ အကောင်းဘက်ကို ဦးတည်
ရွေ့နေခြင်းကို အန္တရာယ် ပြုနိုင်ပါတယ်။ ခိုင်မာတဲ့ သမိုင်း လက်တွေ့ အရ
ဒီလို ပြောနိုင်တာလဲ ဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ
အနိုင်ရပါတီက ခေါင်းဆောင် တစ်ဦးက Nuremberg ဆိုတဲ့ အသုံးအနှုံး ကလေး
တစ်ခုကြောင့် အာဏာလက်ရှိ စစ်အစိုးရ ခေါင်းဆောင်တွေကို စိတ်ပြောင်းအောင်
လုပ်လိုက်သလို ဖြစ်ပြီး သဘောထားတွေ တင်းမာ ကုန်ကြရာက နိုင်ငံရေး
လမ်းကြောင်း ပြောင်းသွားခဲ့ဘူးတယ်။ အခုတစ်ခါ ၁၉၉၀ တုံးကလို တာဝန်မဲ့
လေသံမျိုးတွေ ကြားလာရပြန်တော့ ဒီတစ်ခါတော့ ဥပဒေထဲမှာ တရားဝင် အာဏာ
သိမ်းခွင့် ထည့်ရေးထားတဲ့ အထိ တဘက်က အဆုံးစွန် အတွက်ပါ အသင့်ပြင်ထား
(Prepared for the worst) တာနဲ့ ဆက်စပ် ကြည့်လိုက်ရင် နောက်ကြောင်း
ပြန်မလှည့်ပါဘူးလို့ ဘယ်သူက ပြောနေပါစေ အကြောင်း တိုက်ဆိုင်လာရင် ဘယ်သူမှ
အာမမခံနိုင်တဲ့ အခြေအနေမျိုး ဆိုတာ တွက်ဆ ကြည့်နိုင်ပါတယ်။
ဒီမိုကရေစီ
နိုင်ငံသစ်တွေမှာ ယခင် အာဏာရှိစဉ်က လူ့အခွင့်အရေး ချိုးဖေါက် ခဲ့ကြတယ်လို့
စွပ်စွဲ ခံကြရသူတွေကို လိုက်လံ ရှာဖွေပီး အရေးယူ အပစ်ပေးတဲ့ နိုင်ငံရေး
(Politics of Retribution) ဟာ အချိန်ကာလ အတိုင်းအတာ တစ်ခုအတွင်း ခေတ်စားလေ့
ရှိပါတယ်။ တည်ဆဲ ကမ္ဘာကြီး (existing world system)ကလဲ ဒါကို အားပေးပါတယ်။
သက်သေ ကတော့ The Hague က အပြည်ပြည် ဆိုင်ရာ ရာဇ၀တ်ကြောင်း တရားရုံး
(International Criminal Court - ICC) ပါဘဲ။ ဒီရုံးရဲ့ တရားဝင်မှု
(legitimacy) ကို နိုင်ငံ အတော်များများက လက်မခံကြဘူး။ ဥပမာ အမေရိကန်
ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက အသိအမှတ် မပြုဘူး။ ဒါဟာ လွပ်လပ်တဲ့
နိုင်ငံတော်တွေရဲ့ အချုပ်အခြာ အာဏာ (national sovereignty)ကို ထိပါးရာ
ကျတယ်လို့ ယူဆကြတယ်။
ဒါပေမဲ့ ICC ဟာ အမေရိကန်လို မဟာ အင်အားကြီး
နိုင်ငံကြီးတွေကို ဘာမှ မတတ်နိုင်ပေမဲ့ အင်အား ချိနဲ့ နေတဲ့ နိုင်ငံတွေ
(weak states) နဲ့ ကျဆုံးနေတဲ့ နိုင်ငံတွေ (Failed states) ၊ ကျဆုံး
သွားတဲ့ နိုင်ငံတွေ (Collapsed states) က ဒီအမှုမျိုးနဲ့ စွပ်စွဲ
ခံရသူတွေကိုတော့ ကောင်းကောင်းကြီး ဒုက္ခပေးနိုင် ပါတယ်။ ဥပမာ မီလိုဆိုဗစ်
(ယူဂိုဆလားဗီးယား)၊ ခမာနီ ခေါင်းဆောင်တွေ (ကမ္ဘောဒီးယား)နဲ့ ချားလ်စ်-တေလာ
(Sierra Leone) တို့ကိုကြည့်ပါ။ အီရတ်နဲ့ အာဖဂန် နစ္စတန် ပြည်သူတွေရဲ့ လူ
့အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖေါက်ခဲ့တဲ့ ဂျော့ဒဗလျူဘွတ်ရှ် (George
W. Bush) ကိုတော့ ICC က လေသံတောင် မဟရဲဘူး။ ဒါတွေဟာ လက်ရှိ အိုဘားမား
လက်ထက် မှာတောင် ဆက်ဖြစ်နေတာပဲ။
ပြည်တွင်းစစ် ရှိနေတဲ့
နိုင်ငံတိုင်းဟာ ချိနဲ့တဲ့နိုင်ငံ (weak state) ပါ။ ဒီ့ထက် ကိုယ်ပိုင်
နယ်မြေ၊ ကိုယ်ပိုင် စစ်တပ်နဲ့ ဗဟိုက အစိုးရကို မနာခံဘဲ တိုင်းပြည်
ကြီးထဲမှာ တိုင်းပြည်ငယ်တွေလို နေနေကြတဲ့ အုပ်စုတွေ အများကြီး ရှိနေယင်တော့
သာမန် ချိနဲ့ရုံ မကတော့ဘဲ ကျဆုံးနေတဲ့ နိုင်ငံတော် (failed state) တစ်ခု
ဖြစ်လာပါတယ်။ [F.S ရဲ့ လက္ခဏာရပ်တွေ (characteristics) ကို ကျနော်
စာရင်းပြုစု ထားတာ အချက်ပေါင်း သုံးဆယ်ကျော် ရှိပါတယ်။ နောင် အလျဉ်း
သင့်တဲ့အခါ တင်ပြပါ့မယ်။]
ဒီလိုနေရာတွေမှာ ဒီမိုကရေစီ ဝေးလို့
တရားဥပဒေ အုပ်စိုးရေး (law and order) တောင် မသက်ရောက်ဘူး။ လူ့အခွင့်အရေး
ဆိုတာကတော့ အစိုးရကော၊ သူပုန်ကော၊ သူပုန်အမည်ခံ တောပုန်း ဓါးပြတွေ၊
မူးယစ်ဆေးဝါး မားဖီးယားတွေ ကကော အားလုံး အပြိုင်အဆိုင် ချိုးဖေါက် နေကြတာ
ပါဘဲ။ တခြားသူတွေ လုပ်နေ ကြတာတွေကို သဘောလောက် ၀တ်ကျေ တန်းကျေ ပြောကြပေမဲ့
အစိုးရတွေ ကျူးလွန် တာတွေ ကတော့ မိမိရရ မှတ်တမ်း မှတ်ရာ တွေနဲ့ ဖြစ်နေ
တတ်ကြတယ် (well documented) ။
မြန်မာပြည်မှာ လူ့အခွင့်အရေး ကင်းတာ
လွပ်လပ်ရေး ခေတ်ဦး ကတည်းကပါ။ ဦးနေ၀င်း လက်ထက် ဆိုရှယ်လစ် ၂၆နှစ်မှာ
လက်နက်ကိုင် ပုန်ုကန်မှုတွေကို နယ်စွန်နယ်ဖျား (peripheries) ရောက်ကုန်အောင်
လုပ်နိုင် ခဲ့ပေမဲ့ ၁၉၈၈ မှာ ဗဟိုချက်မ ဒေသတွေ (center)မှာ အရပ်သားများရဲ့
လက်နက်မကိုင် ပုန်ကန် ထကြွမှုကြီး ပေါ်လာပြန်တယ်။ ဒီအရပ်သားများရဲ့
အုံကြွမှုက မူလကတည်းက ရှိနေပြီးသား ပြည်တွင်းစစ်ကို ပြန်အရှိန် တက်လာ စေပြီး
လူ့အခွင့်အရေး ကိစ္စကို ပိုဆိုး လာစေတာဘဲ။
၁၉၈၈ခုနှစ် စက်တင်ဘာမှာ
ပေါ်လာတဲ့ စောမောင်၊ ခင်ညွန့်တို့ရဲ့ န၀တ (State Law and Order Restoration
Council) ဟာ အသေအချာ လက္ခဏာ အကဲဖြတ် ကြည့်ရင် အာဏာ သိမ်းပွဲ မဟုတ်ခဲ့ဘူး။
ဘယ်သူ့ လက်ထဲမှာမှ မရှိတော့တဲ့ အာဏာကို ဘယ်လိုလုပ် သွားသိမ်းရမလဲ။ အာဏာ
သိမ်းတယ် ဆိုတာ ကမ္ဘာ အရပ်ရပ်မှာကော မြန်မာပြည် (၁၉၆၂) မှာပါ အာဏာ
လက်ရှိအစိုးရ ခေါင်းဆောင်တွေကို အရင်ဖမ်း၊ ထောင်ထည်းတည့်၊ သို့မဟုတ်
လက်စတုံး ကွပ်မျက်ပစ်တာတွေ လုပ်ကြတာဘဲ။ ၁၉၈၈မှာ ဘယ်အစိုးရ ရှိနေသေးလို
့ဘယ်တိုင်းပြည် အကြီးအကဲကို ဖမ်းဆီးခဲ့ရ၊ ရာထူးက ချခဲ့ရသလဲ။
တကယ်က
မင်းမဲ့ အခြေအနေ (anarchy) ဖြစ်သွားတာကို ရန်ကုန်သား ဆိုသူတိုင်း အသိဘဲ။
၁၇၈၉ ပြင်သစ် တော်လှန်ရေးကြီး တုန်းကလို Robespierre နဲ့ Guillotine တို့
ပေါ်မလာ သေးတာဘဲ ရှိတယ်။ ဆင်ခြေဖုံးတွေမှာ ဆိုရင် ခေါင်းဖြတ် တာတွေ
လုပ်နေတယ်။ လမ်းတိုင်း၊ ရပ်ကွက်တိုင်း လုံခြုံရေး ပျက်ပြားကုန်ပြီး
ဝါးကပ်ကာ ခြံစည်းရိုးတွေကြောင့် သွားလာ ရေးတောင် ခက်ခဲကုန်ပြီ။
ဒီအချိန်မှာ
အရပ်သား နိုင်ငံရေးသမား တွေဟာ ခေတ်ကို ရှေ့ ဆောင် နိုင်ဘို့ ဝေးစွ၊
အမှီတောင် မလိုက် နိုင်ခဲ့ကြဘူး။ သူတို့ အချင်းချင်း ငယ်ကျိုး ငယ်နာတွေ
မပြေနိုင်ကြ၊ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင် ဆက်ဖြစ် နေခဲ့ကြတာကို
ကြည့်ယင် သူတို့အားလုံး အတိတ်မှာဘဲ ကျန်ရစ် နေခဲ့ကြတာကို သိနိုင်တယ်။
အချိန်နဲ့အမျှ မရပ်မနား ယိုယွင်း နေလာတဲ့ တိုင်းပြည် အခြေအနေကို ဘယ်လို
လုပ်ရမလဲ။
ဒါကြောင့် သမိုင်းအမြင် (historical context) ကနေကြည့်ယင်
SLORC ဟာ သမိုင်း လိုအပ်ချက် (historical necessity) အရ ပေါ်လာရတဲ့
သမိုင်းရဲ့ အသွင်အပြင် (historical phenomenon) တစ်ခုဖြစ်တယ်။ သူ့ထက်
ပိုကောင်းတဲ့ သမိုင်း လမ်းကြောင်းတွေ (betteralternative paths) ကို
အရပ်သားတွေကမှ မဖန်တီးနိုင်ခဲ့ကြဘဲ။
ယ္ခုတိုင် သက်ရှိထင်ရှား
ရှိနေကြသေးတဲ့ နိုင်ငံရေး သမားတွေ ကိုယ်တိုင် ပါခဲ့ကြလို့ သိနေကြတဲ့
အတိုင်း မြန်မာပြည် အတွက် ပိုကောင်းမဲ့ သမိုင်းလမ်းကြောင်း အနည်းဆုံး
သုံးခုနဲ့ လွဲခဲ့ ကြပါတယ်။ အဲဒါတွေ ကတော့ -
(တစ်) - အရေးတော်ပုံ စောစောပိုင်းမှာ ဒေါက်တာ မောင်မောင် အစိုးရရဲ့ သုံးလအတွင်း ရွေးကောက်ပွဲ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြတာ -
(နှစ်) - အရေးတော်ပုံ အထွဋ်အထိပ် ကာလမှာ ဦးနုရဲ့ ခြောက်လအတွင်း ရွေးကောက်ပွဲ လုပ်ပေးပါ့မယ် ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့တာ -
(သုံး)
- ၁၉၉၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နိုင်လို့ အောင်ပွဲနဲ့ ယစ်မူး (dizzy
with success) သွားတဲ့ NLD ပါတီက ခေါင်းဆောင် တစ်ချို့ ရဲ့ ၀င့်ဝါမှုကို
သွေးလန့် သွားတဲ့ စစ်တပ်ဟာ နိုင်ငံရေး ကူးပြောင်းရေး အစဉ် (political
transition process) ကို ချယ်လှယ်(manipulate) လာတာကို ပြည်ပအားကိုး
သက်သက်လောက်နဲ့ ထိပ်တိုက် ရင်ဆိုင်ရေး (confrontation) လမ်းလိုက်မိလို
့အနိုင်ကနေ အရှုံး ပြန်ဖြစ် သွားတာ - စတာတွေဘဲ။
၁၉၈၈/၁၉၉၀ အချိန်ကာလ
အပိုင်းအခြား မှာတော့ ဦးနု - အောင်ဆန်းစုကြည် - စောမောင် - ခင်ညွန့် စတဲ့
နိုင်ငံရေး သမားတွေကော စစ်ခေါင်းဆောင် တွေပါ အခြေအနေသစ် ဖန်ဆင်းသူတွေ
မဟုတ်ကြဘဲ ဖြစ်လာတဲ့ အခြေအနေတွေ အပေါ် တုန့်ပြန်မှုတွေ (response)သာ
လုပ်ခဲ့ကြတဲ့ သမိုင်း ဇာတ်ကောင်တွေ (historical characters) ဖြစ်ခဲ့ကြတယ်။
ဆိုလိုတာက သမိုင်းကို ဖန်တီးတဲ့ ဇာတ်ဆရာတွေ မဟုတ်ကြဘူး။ [ဇာတ်ဆရာ အဆင့်
ရောက်ခဲ့ကြ သူတွေကတော့ ဦးနေ၀င်းထံ ပေးစာတွေ ရေးပြီး လှုံ့ဆော်ခဲ့တဲ့
ဦးအောင်ကြီး၊ အောင်ဆန်းစုကြည်ကို ပွဲထုတ်ပြီး စင်တင်ခဲ့တဲ့ မောင်သော်က၊
သူမကို ဆရာ (mentor)လုပ်ဖို့ အားထုတ် ခဲ့ဘူးတဲ့ သခင်တင်မြ၊
ဦးထွေးမြင့်စတဲ့ သူတွေပါ။ သူတို့ရဲ့ ပါဝင်မှုကာလ တိုတောင်း ပေမဲ့ သူတို့ရဲ့
အဆင့်ကတော့ ဇာတ်ဆရာ အဆင့်ပါ။]
တပ်ထဲက ဖြစ်တဲ့ ခင်ညွန့်ဟာ
အောင်ဆန်းစုကြည်လိုပဲ -သမိုင်း ဇာတ်ကောင် အဖြစ် စင်ပေါ်ကို အခြေအနေက
တွန်းပို့ လိုက်လို့ ရောက်လာတာ ဖြစ်တယ်။ ဒါပေမဲ့ စင်ပေါ် ရောက်လာပြီးတဲ့
အချိန်မှာတော့ မိမိ ရောက်နေတဲ့ နေရာ (SLORC/SPDC အတွင်းရေးမှုး-၁၊
ထောက်လှမ်းရေး အကြီးအကဲ) ကို အစွမ်းကုန် အသုံးချပြီး မိမိရဲ့ နိုင်ငံရေး
ရန်သူတွေကို မလှန်နိုင်အောင် ဖိနှိပ် ထားနိုင်ခဲ့သူ ဖြစ်တယ်။ သူ
့အောင်မြင်မှုက သူ့ ကို ဒုစရိုက် မင်းသား (Prince of evil) ဘွဲ့ကို
ရစေခဲ့တယ်။ တချိန်တည်းမှာပဲ အလုပ်ကို မရပ်မနား လုပ်လို့ အလုပ်စွဲနေသူ
(Workaholic)လို့လဲ အောင့် သက်သက်နဲ့ ချီးမွမ်းတာ ခံရသူ ဖြစ်တယ်။ သူဟာ
‘ဇာတ်ကောင်’ ကနေ ‘ဇာတ်ဆရာ’ အထိ ဖြစ်လာတယ်။
၁၉၉၀ ရွေးကောက်ပွဲ
နောက်ပိုင်း ထိပ်တိုက် ရင်ဆိုင်ရေး စလိုက်ချိန် ကစပြီး ခင်ညွန့်ဟာ သူရဲ့
မက္ခီယာဗဲလီယန်း (Machiavellian) စတိုင် နိုင်ငံရေးကြောင့် “စစ်တပ်က လုပ်တဲ့
နိုင်ငံရေး” ရဲ့ ပင်ရင်း (author of military politics) ဖြစ်လာတယ်။ ကနေ့
အောင်မင်းတို့ အောင်သောင်းတို့ အောင်ကြည်တို့ သိန်းဇော်တို့ လူတွေအများကြီး
ခွဲပြီး ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ အပစ်အခတ်
ရပ်စဲရေး ပြန်ရရေးဟာ ခင်ညွန့် တစ်ဦးတည်း လုပ်ပြ ခဲ့ပြီးသား ဖြစ်တယ်။ ၁၉၉၀
ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း (၁/၉၀)နဲ့ ဖွဲ့စည်းပုံ ဥပဒေသစ်/
ရွေးကောက်ပွဲသစ် လမ်းကြောင်း ချပြီး တဘက်က ပုံစံတကျ အသွင် ကူးပြောင်းရေးကို
ချခင်းပြီး တဘက်ကလဲ တိုင်းပြည်ကို ဖွံ့ဖြိုးရေး (Developmental state)
လမ်းကြောင်းပေါ် တင်ပေးခဲ့တယ်။ SLORC ကနေ SPDC (၁၉၉၂ /၂၀၁၀) ဖြစ်လာတယ်။
ဒီကနေ့ ဦးသိန်းစိန် အစိုးရသစ်က လုပ်နေတာတွေဟာ ခင်ညွန့်ရဲ့ လုပ်ငန်းစဉ်
(seven steps ‘Roadmap’ to democracy) ကို ခင်ညွန့်မပါဘဲ ဆက်လုပ် နေတာသာ
ဖြစ်တယ်။ ဒီနေရာမှာ ‘သိန်းစိန်က ခင်ညွန့်ထက် သာတယ်၊ သူက အောင်ဆန်းစုကြည်ကို
ရအောင် စည်းရုံး ယူနိုင်တယ်’ လို့ ဆင်ခြေ တက်ကောင်း တက်ကြလိမ့်မယ်။
ဒီဆင်ခြေမျိုး
ကတော့ အင်မတန် နုံချာပါတယ်။ ဦးသိန်းစိန် အစိုးရသစ်က သူ့လမ်းစဉ် (တကယ်က
ခင်ညွန့် လမ်းစဉ်) ဘာတစ်ခုမျှ အပွန်းအပဲ့ ခံပြီး အောင်ဆန်းစုကြည်ကို
လျှော့မပေး ခဲ့ရပါဘူး။ အချော့ကြိုက်တဲ့ သူကို ချော့လိုက်တာ လောက်ဘဲ
ရှိပါတယ်။ ဒါမျိုးဟာ အနောက်တိုင်း လူဆိုးလောကက ‘Good cop / bad cop game’
လောက်ပါဘဲ။ ဘာဘဲဖြစ်ဖြစ် ခင်ညွန့်နဲ့ သန်းရွှေတို့ရဲ့ ၂၃နှစ် အထု အထောင်း
ခံခဲ့ရတဲ့ NLD နဲ့ အသက် ရလာပြီ ဖြစ်လာတဲ့ အောင်ဆန်းစုကြည်ဟာ ဆက်တင်း ခံမနေ
နိုင်တော့ဘဲ တဘက်က လူလဲပြ လိုက်တာကို အကြောင်းပြ၊ ‘သူု့ကိုတော့ ယုံတယ်’
ဆိုပြီး ၂၃ နှစ် နိုင်ငံရေး လမ်းစဉ်ကို ‘flip flop’ လုပ်လိုက် ရတာဘဲ။
ရန်ကုန်မြို့က ပွဲစား ဝေါဟာရနဲ့ ပြောရယင် “ပါးပါးကလေး”ပါ။ တဘက်မှာလူထုက NLD
မပါဘဲလဲ ဆက်သွားတော့မှာကို ၂၀၀၈ ဆန္ဒ ခံယူပွဲနဲ့  ၂၀၁၀ ရွေးကောက်ပွဲ တွေကနေ
တဆင့် သတိပေး နေပြီလေ။ နိုင်ငံတကာ ပွဲကြည့် ပရိသတ်တွေ ကလဲ ဒီနှစ်ဘက်
ပဋိပက္ခ ဘယ်နည်းနဲ့ ပြီးပြီး - ပြီးရင် ပြီးရောဆိုပြီး ၀ိုင်းသာဓု
ခေါ်လိုက်ကြရတာပါ။
ယခုအခါ NLD ပါတီက ၁၉၉၀ ခုနှစ် ရလဒ်ကို လက်တွေ
့နိုင်ငံရေး လိုအပ်ချက်အရ မေ့ပြစ်လိုက်ပြီး ပါတီကို မှတ်ပုံ အသစ် ပြန်တင်
အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ဘို့ စိတ်အား
ထက်သန်နေတော့ ခင်ညွန့် ချပေးခဲ့တဲ့ လမ်းစဉ်ကို သိန်းစိန်က ဆက်အကောင် အထည်
ဖေါ်နေပြီး အောင်ဆန်းစုကြည်က ပါဝင် ပူးပေါင်းခြင်း အားဖြင့် တရားဝင်အောင်
ပြုပေး (legitimize) နေပြီဖြစ်တယ်။ တစ်ချိန်က ‘အောင်ဆန်းစုကြည်ရဲ့
အသက်ကိုတောင် အန္တရယ် ပြုတာ ပါဆိုတဲ့’ ဒီပဲယင်း လုပ်ကြံမှုကြီး ဆိုတာကို
တကမ္ဘာလုံး ကြားအောင် အကြီးအကျယ် အော်ဟစ်ခဲ့ကြတာ တွေကို NLD က
မေ့ပစ်လိုက်ပြီ ဖြစ်တယ်။ ဒါဟာ တကယ်မဟုတ်ဘဲ လုပ်ြကံ စွပ်စွဲခဲ့တာမို
့ဒီလောက် အလွယ်တကူ အသံတွေ တိတ်ကုန် တာလား။
ဘာဘဲဖြစ်ဖြစ် အတိုက်အခံနဲ့
အစိုးရသစ် နိုင်ငံရေးအရ တလှေတည်းစီးပြီး တစ်ခရီးတည်း သွားဘို့ ပြင်နေတဲ့
ယ္ခုအချိန်မှာ ဒီလမ်းပြ မြေပုံ နိုင်ငံရေး လမ်းစဉ်ရဲ့ ဗိသုကာ ဖြစ်ခဲ့တဲ့
ခင်ညွန့်ကို ခွင့်မလွှတ် နိုင်ရင် သူ့ရဲ့ နိုင်ငံရေး နောက်လိုက် (အာဏာ ရှိ/
အတိုက်အခံ) အားလုံးကိုလဲ ခွင့်လွှတ် နိုင်စရာ မမြင် ဖြစ်နေလိမ့်မယ်။
လူ့အခွင့်အရေး
ချိုးဖေါက်မှု တွေဟာ မြန်မာပြည်မှာ အာဏာရှင် စံနစ်ကြီး စတင် ကတည်းက စခဲ့တာ
ဖြစ်တယ်။ ခင်ညွန့် မတိုင်ခင်ကလဲ ဖြစ်၊ ခင်ညွန့် လက်ထက်မှာလဲ ဖြစ်၊ ခင်ညွန့်
မရှိတော့တဲ့ နောက်ပိုင်းမှာလဲ ဆက်ဖြစ် နေတာဘဲ။ ထိပ်ဆုံးက ပုဂ္ဂိုလ်ကတော့
ဘယ်သူဘဲ ဖြစ်နေနေ ယန္တယား သဘောအရ တာဝန်ရှိ မှာပေါ့။ (institutionally,
structurally responsible)။ သူဟာ ဘော်လရှီဗစ် ခေါင်းဆောင် လီနင်က ဇာဘုရင်
မိသားစု တစ်ခုလုံးကို ပစ်သတ် ကွပ်မျက်ပြစ်ဘို့ ကိုယ်တိုင် လက်မှတ်
ထိုးအမိန့် ချမှတ်တဲ့ အထိ ရက်စက် တာမျိုးတွေတော့ မကျူးလွန် ခဲ့လောက်ဘူး
လို့တော့ အောက်မေ့ ရတာပဲ။ ဒါကြောင့် ဗမာ နိုင်ငံရေးသမား တစ်ချို
့ကိုးကားတဲ့ တောင်အာဖရိက နမူနာအတိုင်း ဆိုယင် “အမှန် တရားမှ တဆင့်
ကြေးအေးရေး ကော်မရှင်တွေ” (Truth and Reconciliation Commissions) ဖွဲ
့ပြီး ဖြေရှင်း နိုင်တာပဲ။ ဒီလို မဖြစ်ချင်ရင်လဲ နောင်သင့်တော်တဲ့
အချိန်ကျမှ တကယ် လက်တွေ့ အပြစ် ရှိခဲ့သူတွေကို တိတိကျကျ ဖေါ်ထုတ်ပြီး due
process နဲ့ စစ်ဆေး စီရင်လို့ရတာပဲ။ အခု ပြောနေကြသလို ယိုသမျှချေး
ပုဇွန်ဆိပ်ခေါင်း စုပေးတာမျိုး လုပ်ဖို့ ကြိုးစားကြရင် မဆိုင်တဲ့ သူတွေက
လက်မခံဘဲ သူတို့ တတ်တဲ့ နည်းနဲ့ ဟန့်တားကြ လက်တုန့် ပြန်လာကြလိမ့်မယ်။
နိုင်ငံရေး သံသရာ တပါတ် ကျော့လာနိုင်တယ်။
၇ နှစ်ကြာ အကျယ်ချုပ်နဲ့
နေခဲ့ရတဲ့ ခင်ညွန့်ဟာ အခုအချိန်မှာ မာန်စွယ် ကျိုးပြီး အရပ်သားတွေရဲ့ ဘ၀ကို
စာနာလာပုံ ပေါက်နေတယ်။ ဒါတကယ် မဟုတ်ရင်တော့ တော်တော် ဟန်ဆောင်
ကောင်းတယ်လို့ ဆိုရမယ်။ သူဟာ တစ်ချိန်က နေ၀င်းနဲ့ အောင်ကြီး ပဋိပက္ခလို
နိုင်ငံရေး ကွဲလွဲမှုကြောင့် အရာကျတာ မဟုတ်ဘဲ သူများထက် တော်နေလို့ ခြေလှမ်း
ကျဲသွားလို့ လုပ်ဖေါ် ကိုင်ဘက်တွေက သူတို့ကို ချနင်း ကျော်တက် သွားမှာ
စိုးလို့ ဆွဲချခံရတာ ဖြစ်တယ်။ အကျဉ်းကျခံ ၇ နှစ်က သူ့ကို အရပ်သားစိတ်
ထည့်ပေးလိုက်ြပီ (civilianized) ဆိုတာ သေချာရင် သူ့ကို ဒီအတိုင်း
လွှတ်မထားဘဲ သင့်တော်သလို ပြန်အသုံးချတာက တိုင်းပြည် အတွက်ကော သူ့ အတွက်ပါ
ကောင်းလိမ့်မယ်။ တာဝန်မဲ့ ပေါက်ပန်းဈေး ပြောနေ ရေးနေ ကြတာတွေဟာ
အစိုးရသစ်နဲ့ အောင်ဆန်းစုကြည် ကိုပါ အဖျားခတ်နေတယ်။ တင်းမာတဲ့ သဘောထား
ရှိသူတွေကို ပိုတင်းမာ သွားစေလိမ့်မယ်။
မြန်မာသံတော်ဆင့်
ဒေါ်အောင်ဆန်းစုကြည် ဆုပေးထားတဲ့ ဇတ်ကားများ စင်ကာပူတွင်ပြသခွင့်မရ
မြန်မာနိုင်ငံမှာ
ရုပ်ရှင်ပြပွဲလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆုပေးခဲ့ကာ
အဟုတ်ကြီးလုပ်ခဲ့တဲ့ ဇတ်ကားများကို စင်္ကာပူ အာဏာပိုင်တွေက ပြသခွင့်
ပိတ်ပင်လိုက်ပါတယ်။ ဒီဇတ်ကားတွေကို မနေ့တနေ့ကမှ ဒါရိုက်တာ နာမည်ခံခဲ့တဲ့
လူပြက် ဇာဂနာက စင်္ကာပူနိုင်ငံကို ယူဆောင်သွားပြီး ရုပ်ရှင်ပြပွဲလုပ်ကာ
ပြသဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
စင်္ကာပူအာဏာပိုင်တွေ ပြသခွင့် ပိတ်ခဲ့တဲ့ ဇတ်ကားတွေအားလုံးက အနုပညာအကြောင်းနားမလည်သူ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ “လွတ်လပ်ခြင်း အနုပညာ” ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆန်ကာတင်အဆင့် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ တုန်းကတော့ စည်းမဲ့ကမ်းမဲ့ လုပ်ချင်တာလုပ်လို့ ရခဲ့ပေမယ့် စင်္ကာပူရောက်မှ လွတ်လပ်ခြင်း အနုပညာ ဇတ်ကားတွေ မလွတ်မလပ်ဖြစ်နေရပါတယ်။ မြန်မာအစိုးရကသာ ပိတ်ခဲ့ရင် အတိုက်အခံတွေ၊ ပြည်ပေါက်ရောက် မြန်မာတွေသာမက ပြည်တွင်းပြည်ပ မီဒီယာအားလုံးက ကပါ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်" "ဒီမိုကရေစီ" "လူ့အခွင့်အရေး" စတဲ့ စကားလုံးအကြီးကြီးတွေနဲ့ အမျိုးမျိုး ကြီးကြီးကျယ်ကျယ် ဟောင်ဖွာဟောင်ဖွာ လုပ်သူကလုပ်၊ အကျီဖြူဝတ် ကာ ဘုရားတွေဆီသွားပြီး ဆီမီးထွန်းသူကထွန်း၊ စာရွက်လွတ်မှာ စာတွေရေးပြီး ဝါးခြမ်းပြားနဲ့ထိုးကာ လမ်းပေါ်ထွက် လမ်းလျှောက်ကြမယ့်လူတွေ တပြုံကြီး ရှိနေပေမယ့် အခုလို စင်္ကာပူအစိုးရက ပိတ်ပင်ချိန်မှာတော့ ဘယ်မီဒီယာကမှ အပြစ်မတင်ရဲသလို တကမ္ဘာလုံးကမြန်မာတွေနဲ့ စင်္ကာပူက မြန်မာတွေကပါ မတောင်းဆိုရဲ ဆန္ဒမပြရဲကြဘူးလို့ သိရပါတယ်။
စင်္ကာပူအစိုးရရဲ့ ပိတ်ပင်မှုကို "လွတ်တာနဲ့ ပြောပြီ" ဆိုတဲ့ ကိုယ်တိုင်သာ ဘာမှမဟုတ်တာ လွှတ်တော်မတ်တွေကစပြီး သမ္မတထိ အမျိုးမျိုးဝေဖန်နေသူ ဇာဂနာ ကိုယ်တိုင်က ဘာမှ မပြောမဆိုရဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက ဇာဂနာ နဲ့ မြန်မာအတိုက်အခံများကို "အိမ်ကျယ်" များသာ ဖြစ်ကြောင်း အခုလို မှတ်ချက်ပေးသွားပါတယ်။
"တကယ်တော့ မြန်မာအတိုက်အခံဆိုတဲ့လူတွေက အိမ်ကျယ်တွေပါ... အိမ်မှာသာ ဟီးရိုး လိုလို ဘာလိုလိုနဲ့ အိမ်က အစိုးရကို အပြစ်ရှာထောက်ပြရဲကြတာ တခြားနိုင်ငံ အစိုးရတွေရဲ့ ကိုယ့်နိုင်ငံအပေါ် ပိတ်ပင်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကျတော့ မဟ ရဲကြဘူးဗျ... ဥပမာ စီးပွားပိတ်ဆို့မှုပဲ ကြည့်လေ.... စီးပွားပိတ်ဆို့ခံရရင် ပြည်သူတွေ ဆင်းရဲတာ သိနေကြတာပဲ... ဒါပေမယ့် ဘယ်တစ်ကောင်မှ မဝေဖန်ရဲဘူး... အမြီးကုပ်နေကြတာ... တကယ်သာ ပြည်သူဖက်က ရပ်တည်ချင်ရင် အော်မယ်ဆို အော်လို့ရတာပဲ... အစိုးရကို ဒဏ်ခတ်ချင်ရင် တခြားနည်းလမ်းသုံးဖို့ အကြောင်း၊ စီးပွားပိတ်ဆို့မှုက မြန်မာအခြေခံလူတန်းစားတွေကို ထိခိုက်တဲ့အကြောင်း၊ ပြောကြပေါ့... လုံးဝ သတ္တိမရှိကြဘူး.. ကိုယ့်အစိုးရကိုသာ အတိုက်အခံလုပ်ရဲကြတာ သူများအစိုးရက မတရားလုပ်နေတာကိုတော့ မဆန့်ကျင်ရဲကြဘူးလေ... အခု ဖြစ်သွားတဲ့ စင်္ကာပူက ဖြစ်ရပ်က သက်သေပဲပေါ့...." လို့ ပြောခဲ့ပါတယ်။
စင်္ကာပူအစိုးရရဲ့ ပိတ်ပင်မှုကြောင့် ရုပ်ရှင်ပြပွဲလည်း ပျက်ခဲ့ရပြီး၊ ဒီဖြစ်ရပ်ပေါ်မှာ ငြိမ်ခံနေတဲ့ စင်္ကာပူက မြန်မာတွေကိုလည်း လူထုက တင်းမာနေတဲ့အကြောင်း ရန်ကုန်မြို့မှ ၈၈ မျိုးဆက် တစ်ဦးက အခုလို ပြောပါတယ်...
"စင်္ကာပူက မြန်မာတွေအကြောင်းကို ကျွန်တော် နားစွင့်နေတာ ကြာပြီ... တခြားနိုင်ငံက မြန်မာတွေက ဒီမိုကရေစီအရေး တက်တက်ကြွကြွရှိသလောက် စင်္ကာပူက မြန်မာတွေက ယောင်္ကျားလေးတွေဆိုရင် ကလိမ်ကကျစ်လုပ်ဖို့နဲ့ မိန်းကလေးတွေဆိုရင် ဖာသည်တွေလို ဝတ်စားပြီး လမ်းပေါ်ထွက်ဖို့ပဲ သိကြတယ်... မြန်မာကားတွေကို မြန်မာစကားနဲ့ ရိုက်ပြီး မြန်မာနိုင်ငံမှာတောင် ပြလို့ ရသေးတာကို အခု စင်္ကာပူက မြန်မာတွေဆီမှာ ပြခွင့်မရတာ အဲဒီက မြန်မာတွေ သတ္တိမရှိလို့ပဲ... ၈၈ တုန်းက စိတ်မျိုးနဲ့ဆိုရင် စင်္ကာပူက ယောင်္ကျားတွေအားလုံးအတွက် ထမိန်နဲ့ ကျောက်ပျဉ် တွေ လေယဉ်နဲ့ အပြည့် ပို့ပေးမိမှာ သေချာတယ်ဗျာ... တကယ်ဒေါသထွက်ဖို့ကောင်းတယ်...." လို့ လေသံမာမာနဲ့ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဆုပေးခဲ့တဲ့ ဇတ်ကားတွေဟာ မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့ရဲ့ ဆင်ဆာကင်းလွတ်ခွင့် လက်မှတ် မရယူထားတဲ့ဇတ်ကားတွေ ဖြစ်နေတဲ့အပြင် ဆင်ဆာအဖွဲ့ကိုပါ လှောင်ပြောင်ထားတဲ့ ဇတ်ကားတွေလည်း ပါရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ဆင်ဆာအဖွဲ့ကို လှောင်ပြောင်ထားတဲ့ ဇတ်ကားကို မြန်မာနိုင်ငံမှာ ပြလို့ရပြီး စင်္ကာပူနိုင်ငံမှာ ဆင်ဆာ ဖြတ်ခံရတာကို ကြည့်ခြင်းအားဖြင့် ဒီနေ့ အတိုက်အခံတွေအပေါ်မှာ အစိုးရရဲ့ အလျှော့ပေးမှုနဲ့ အတိုက်အခံတွေရဲ့ စည်းကမ်းမဲ့နေမှုကို မြန်မာပြည်သူများ ဆင်ခြင်ဖို့ အချိန်ရောက်ပါပြီ။

လွတ်လပ်ခြင်းအနုပညာ ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွားသိလရှင်တစ်ဦးကို ဖိနပ်ဆီးပြီး ဆုပေးခဲ့စဉ်

ထိုင်မှာတုန်းက " လျှော့ဖြစ်သွားတယ်" လို့ အော်ခဲ့တဲ့ ဇာဂနာတစ်ယောက်၊
စင်္ကာပူမှာတော့ " လျှော့.. လျှော့.." လို့တောင် မအော်နိုင်တော့
စင်္ကာပူမှာတော့ " လျှော့.. လျှော့.." လို့တောင် မအော်နိုင်တော့
စင်္ကာပူအစိုးရရဲ့ ပိတ်ပင်မှုကြောင့် ရုပ်ရှင်ပြပွဲလည်း ပျက်ခဲ့ရပြီး၊ ဒီဖြစ်ရပ်ပေါ်မှာ ငြိမ်ခံနေတဲ့ စင်္ကာပူက မြန်မာတွေကိုလည်း လူထုက တင်းမာနေတဲ့အကြောင်း ရန်ကုန်မြို့မှ ၈၈ မျိုးဆက် တစ်ဦးက အခုလို ပြောပါတယ်...
"စင်္ကာပူက မြန်မာတွေအကြောင်းကို ကျွန်တော် နားစွင့်နေတာ ကြာပြီ... တခြားနိုင်ငံက မြန်မာတွေက ဒီမိုကရေစီအရေး တက်တက်ကြွကြွရှိသလောက် စင်္ကာပူက မြန်မာတွေက ယောင်္ကျားလေးတွေဆိုရင် ကလိမ်ကကျစ်လုပ်ဖို့နဲ့ မိန်းကလေးတွေဆိုရင် ဖာသည်တွေလို ဝတ်စားပြီး လမ်းပေါ်ထွက်ဖို့ပဲ သိကြတယ်... မြန်မာကားတွေကို မြန်မာစကားနဲ့ ရိုက်ပြီး မြန်မာနိုင်ငံမှာတောင် ပြလို့ ရသေးတာကို အခု စင်္ကာပူက မြန်မာတွေဆီမှာ ပြခွင့်မရတာ အဲဒီက မြန်မာတွေ သတ္တိမရှိလို့ပဲ... ၈၈ တုန်းက စိတ်မျိုးနဲ့ဆိုရင် စင်္ကာပူက ယောင်္ကျားတွေအားလုံးအတွက် ထမိန်နဲ့ ကျောက်ပျဉ် တွေ လေယဉ်နဲ့ အပြည့် ပို့ပေးမိမှာ သေချာတယ်ဗျာ... တကယ်ဒေါသထွက်ဖို့ကောင်းတယ်...." လို့ လေသံမာမာနဲ့ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဆုပေးခဲ့တဲ့ ဇတ်ကားတွေဟာ မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့ရဲ့ ဆင်ဆာကင်းလွတ်ခွင့် လက်မှတ် မရယူထားတဲ့ဇတ်ကားတွေ ဖြစ်နေတဲ့အပြင် ဆင်ဆာအဖွဲ့ကိုပါ လှောင်ပြောင်ထားတဲ့ ဇတ်ကားတွေလည်း ပါရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ဆင်ဆာအဖွဲ့ကို လှောင်ပြောင်ထားတဲ့ ဇတ်ကားကို မြန်မာနိုင်ငံမှာ ပြလို့ရပြီး စင်္ကာပူနိုင်ငံမှာ ဆင်ဆာ ဖြတ်ခံရတာကို ကြည့်ခြင်းအားဖြင့် ဒီနေ့ အတိုက်အခံတွေအပေါ်မှာ အစိုးရရဲ့ အလျှော့ပေးမှုနဲ့ အတိုက်အခံတွေရဲ့ စည်းကမ်းမဲ့နေမှုကို မြန်မာပြည်သူများ ဆင်ခြင်ဖို့ အချိန်ရောက်ပါပြီ။
1 comments:
ရန် ကုန် မြို. က ၈၈ တ
ဦး ပြော တဲ. အ ထဲ က စ ကား လုံး ၊ အ သုံး အ နှုန်း တွေ က အင် မ တန် မိုက်
ရိုင်း ပြီး ၊ အောက် တ်း ကျ တဲ. အ သုံး အ နှုန်း တွေ ဘဲ ၊
NLD ပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်မှု အငြင်းပွားမှုများ ဖြစ်ပေါ်
လာမည့် ဧပြီလတွင်ကျင်းပမည့်
ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း
ရွေးချယ်မှုများတွင် အငြင်းပွားမှု ၊ မကြေလည်မှုများ ဖြစ်ပေါ်နေကြောင်း
သတင်းရရှိပါသည်။ မြို့နယ် ၊ ပြည်နယ် ၊ တိုင်းဒေသကြီးများမှ အဆင့်ဆင့်
တင်ပြလာသော ကိုယ်စားလှယ်လောင်းများကို မရွေးချယ်ပဲ ၊ ဗဟိုမှ
အခြားကိုယ်စားလှယ်လောင်းအမည်စာ ရင်းကို ထုတ်ပြန်ကြေငြာခဲ့ရာမှ ၊ ယခုကဲ့သို့
မကျေနပ်မှုများ ဖြစ်ပေါ်လာတာဖြစ်ကြောင်း သိရပါသည် ။
ထိုသို့
ဗဟိုဦးစီးစနစ်ဖြင့်ရွေးချယ်မှုေ ကြာင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသော
မြို့နယ်များအနက်မှ အချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။
မိထ္ထီလာမြို့
။ ။ မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ် NLD ပါတီ၏ အတွင်းရေးမှူး
ဒေါ်မြင့်မြင့် အေး ဟာ မြို့နယ်ခရိုင် အဆင့်အစည်းအဝေးများကျင်းပပြီး
သူမအားထောက်ခံသူ ၄၀၀၀ ကျော်၏ လက်မှတ်ထိုးများ ဖြင့်တင်ပြခဲ့သော်လည်း ဗဟိုမှ
ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ကိုရွေးချယ်ခဲ့သဖြင့် ဒေါ်မြင့်မြင့်အေးဟာ
တစ်သီး ပုဂ္ဂလ အဖြစ် ၀င်ရောက်အရွေးခံတော့မည်ဖြစ်ပြီး ၊ NLD မှ
ဦးဝင်းထိန်နှင့် ယှဉ်ပြိုင်တော့မည် ဖြစ်ပါသည် ။
မြန်အောင်မြို့
။ ။ မြန်အောင်မြို့နယ်တွင် NLD ပါတီ မြို့နယ်အဆင့် တာဝန်ရှိသူများက
မဏာမရွေးချယ်သူ ၄ ဦးအား လျှို့ဝှက်မဲ ပေးစံနစ်ဖြင့်ရွေးချယ်ကာ အနိုင်ရသော
ရှေ့နေကြီး ဦးခင်မောင်လတ် ကို တင်ပြခဲ့သော်လည်း ဗဟိုမှ လူသိနည်းလှသော
ဦးကျော်မြင့်ကို ရွေးချယ်ခဲ့သဖြင့် မကျေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိပါသည် ။
ပခုက္ကူ
။ ။ ပခုက္ကူ မြို့နယ်တွင် ဒေါက်တာကြည်မင်းဦးဆောင်သော NLD
ပါတီအောင်နိုင်ရေးကော်မတီ က အများလက်ခံသော ဦးလှိုင်အေး ကို
ကိုယ်စားလှယ်လောင်းအဖြစ် တင်ပြခဲ့သော်လည်း ၊ ဗဟိုမှ ဦးပိုက်ကို အား
ရွေးချယ်ခဲ့သဖြင့် ပါတီဝင်အချို့မှ မကျေနပ်မှုများ ဖြစ်ပေါ်လာသဖြင့် ၊
ဒေါက်တာကြည်မင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုံးချုပ်သို့ သွားရောက်ကာ
မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ရွေးချယ်ခဲ့သည်ကို သိရှိနိုင်ရန်
ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည် ။
အလားတူအခြားမြို့နယ်အများအပြား တွင်လည်း
အောက်ခြေမှ တင်ပြသူများနှင့်ဗဟိုမှ ရွေးချယ်သူ
ကွဲလွဲမှုများအပေါ်မကျေနပ်မှုများ ဖြစ်ပေါ်နေသည့်အပြင် Hip Hop အဆိုတော်
ဇေယျာသော် ၊ HIV ဝေဒနာသည် စောင့်ရှောက်သူ ဖြူဖြူသင်း စသော နိုင်ငံရေးအရ
အတွေ့အကြုံနည်းပါးလှသူများကို ရွေးချယ်မှုများအပေါ်တွင်လည်း
ဝေဖန်မှုများရှိနေကြောင်း သတင်းရရှိပါသည် ။
၈၈ မျိုးဆက် သတင်းစာရှင်းလင်းပွဲ ကျေနပ်စရာ တကွက်မှ မရှိ
ဒီကနေ့
၂၀၁၂ ခုနှစ် ဇန်နဝါရီလာ ၂၁ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားများ ဆိုပြီး
နာမည်ခံထားတဲ့လူတွေက သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်သွားခဲ့ပါတယ်။
သတင်းထောက်အများအပြားကို ဖိတ်ကြားခဲ့ပေမယ့် အခန်းအနားတက်ရောက်သူ တဝတ်ကျော်က
သူတို့လူတွေသာဖြစ်နေတာကို တွေ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ
တစ်ယောက်ပြီး တစ်ယောက်က ထပြီး မိုက်ခရိုဖုန်းရှေ့ကုန်းကာ
စကားတွေပြောခဲ့ကြပါတယ်။ ပြောတဲ့အထဲမှာ ခဏခဏ ပါတဲ့ စကားကတော့ ၈၈
ကျောင်းသားတွေက ၂၃ နှစ်ကျော် အနစ်နာခံခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။
၈၈ ကျောင်းသားတွေရဲ့ ၂၃ နှစ်ကြိုးစားမှုမှာ ဘာမှတိုးတက်မလာတဲ့အကြောင်းနဲ့
၈၈ ကျောင်းသားတွေ ကြိုးစားမှုကြောင့် ပြည်သူတစ်ဦးတစ်ယောက် ဘယ်လို
တိုးတက်ကောင်းမွန်သွားတယ်ဆိုတာ ကိုတော့ ရှင်းမပြခဲ့ပါဘူး။
ဒါ့အပြင် ဦးမင်းကိုနိုင်က ဒီကနေ့ နိုင်ငံရေးတိုးတက်မှုက ၈၈ မျိုးဆက်တွေရဲ့ ကြိုးပမ်းမှုတွေ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ မှမဟုတ်ပဲ ဟိုးအရင်ကတည်းက နိုင်ငံတော်အကြီးအကဲတွေက လမ်းပြမြေပုံ ခုနှစ်ချက်ကို ရေးဆွဲကာ နိုင်ငံတော်သစ်တည်ဆောက်ဖို့ အစီစဉ်ဆွဲခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလမ်းပြမြေပုံ ၇ ချက်ကတော့
သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် ဦးမင်းကိုနိုင်က ၁၉၈၈ အရေးအခင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့ပေမယ့် အဲဒီချိန်တုန်းက အရေးအခင်းမှာ ဆူပူသူ ၈၈ မျိုးဆက်တွေရဲ့ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမှုအကြောင်း၊ အပစ်မဲ့ပြည်သူတွေကို ခေါင်းဖြတ်သတ်ခဲ့တဲ့အကြောင်း၊ ဂိုဒေါင်တွေကို မီးရှို့တဲ့အကြောင်း တွေကိုတော့ ထိန်ချန်ထားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်တွေရဲ့ နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်လဲ ဆိုတာကိုတော့ ဦးမင်းကိုနိုင်ကပဲ နိုင်ငံရေး အသုံးအနှုံး စကားလုံး တစ်ခုမှ မပါပဲ ဒီနေ့ မြန်မာနိုင်ငံက ဖန်ခွက်ထဲက ရေတဝက်ဖြစ်ကြောင်းနဲ့ ပြည်သူက အဲဒီရေထဲက ငါး ဖြစ်ကြောင်း ဥပမာ ပြ ပြောကြားသွားပါတယ်။ ဖန်ခွက်ထဲကို ရေတဝက်ထည့်ပြီး ငါးထည့်ကြည့်ပါက နာရီပိုင်းအတွင်း ငါးက သေသွားမှာ ကိုတော့ ဦးမင်းကိုနိုင် ဦးနောက်က စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိမသွားခဲ့ပါဘူး။ ဒီနေ့နိုင်ငံဟာ ဖန်ခွက်လည်း မဟုတ်သလို ရေ လည်း မဟုတ်ပါဘူး။ မြန်မာပြည်သူတွေကလည်း ငါး မဟုတ်ပါဘူး။ ငါး ဆိုရင်လည်း ဖန်ခွက်ထဲမှာ မနေပဲ မြစ်ထဲ ပင်လယ်ထဲမှာပဲ နေချင်ကြမှာပါ။ မြန်မာနိုင်ငံသားအားလုံးကတော့ မြန်မာနိုင်ငံထဲမှာပဲ နေချင်ကြပါတယ်။ ဒါကြောင့် နိုင်ငံရေး နားမလည်တဲ့ ဦးမင်းကိုနိုင်ရဲ့ ဥပမာက နိုင်ငံရေးနားလည်သူတွေအတွက် ဟာသ ဖြစ်စေတယ်လို့ သတင်းထောက်တစ်ဦးက ဆိုပါတယ်။
ဦးမင်းကိုနိုင်သာမကပဲ တခြား ၈၈ မျိုးဆက် ဆိုသူတွေထဲမှာ နိုင်ငံရေးနဲ့ ဘွဲ့ရသူ၊ သမိုင်းနဲ့ ကျောင်းပြီးသူ တစ်ယောက်မှ မရှိပဲ အားလုံးက ကျောင်း တပိုင်းတစ နဲ့ ထွက်လာကြသူတွေသာ ဖြစ်တာကြောင့် အတွေးအခေါ်တွေက ညံ့ဖျင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်ကာ လူဖြစ်ပြီး လူတွေကြားမှာ မနေရတာကြာတော့ လူလို မတွေးတတ်တာလည်း ဖြစ်နိုင်တယ်လို့ အခန်းအနားကို တက်ရောက်ခဲ့တဲ့ သတင်းထောက်ကပဲ ဆက်ပြောပါတယ်။

၁။ ၁၉၉၆ခုနှစ်ကစတင်၍ ယာယီအားဖြင့်ဆိုင်ငံ့ထားလျှက် ရှိသော အမျိုးသား ညီလာခံကို ပြန်လည်ကျင်းပခြင်း။
၂။ အမျိုးသားညီလာခံကြီးအောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်သည့်
စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွ က် လိုအပ်သော
ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကိုတဆင့်ပြီး တဆင့် ဆက်လက်ဆောင်ရွက်ခြင်း။
၃။ အမျိုးသားညီလာခံကြီးက ချမှတ်ပေးသော အခြေခံမူများနှင့် အသေးစိတ်အခြေခံ ရမည့်မှုများနှင့်အညီဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုရေးဆွဲခြင်း။
၎။ ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကျင်းပ ၍အတည်ပြုခြင်း။
၅။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေး အတွက်တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်း။
၆။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်နှင့်အညီလွှတ်တော်ကိုယ် စားလှယ်များဖြင့် လွှတ်တော်အစည်း အဝေးပွဲများကျင်းပခြင်း။
၇။ လွှတ်တော် ကရွေးကောက် တင်မြှောက်သောနိုင် ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့်အာဏာပိုင်အဖွဲ့ အစည်းများဖြင့်ခေတ်မှီဖွံ့ဖြိုး တိုးတက်သော
ဒီမိုကရေ စီနိုင်ငံတော်သစ်တည်ဆောက်ခြင်း။
တို့ဖြစ်ပါတယ်။ နိုင်ငံတော်မှ အစိုးရနဲ့ တာဝန်ရှိသူများက အဲဒီမူဝါဒ ခုနှစ်ချက်အတိုင်းလုပ်ဆောင်နေရာ က ဒီနေ့ မြင်တွေ့နေရတဲ့ ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရတာဖြစ်ပါတယ်။ ၈၈ မျိုးဆက်တွေ လုပ်ခဲ့လို့
ဖြစ်လာတာလည်း မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လုပ်ခဲ့လို့ ဒီနေ့
ရလဒ်ကောင်းတွေ ဖြစ်လာတာ မဟုတ်ပါဘူး။
၈၈ မျိုးဆက်တွေနဲ့ ဒေါ်အောင်ဆန်းဆုကြည်နဲ့ NLD က လမ်းပြမြေပုံ ၇ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံ ကို မတက်ခဲ့ကြပါဘူး၊ တက်သူတွေကိုလည်း ရှုံ့ချခဲ့ပြီး မတက်သူတွေကို ထောက်ခံခဲ့ကြသူတွေဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်းကိုလည်း ပိုးစိုးပက်စက် မကောင်းပြောခဲ့သူတွေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြသူတွေဖြစ်ပါတယ် ။
ဒါတောင်မှ ဒီကနေ့ နိုင်ငံတော်ရဲ့ တိုးတက်မှုတွေက သူတို့တွေ အနစ်နာခံခဲ့လို့၊ သူတို့တွေ ၂၃ နှစ်လုံးကြိုးစားခဲ့လို ဖြစ်လာတယ်လို့ အရှက်မရှိပြောနေကြတာကို တွေ့နေရပြန်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ဆိုသူ ဦးမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုမှ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တဲ့အပေါ်မှာ ကြိုဆိုကြောင်း ပြောကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အမျိုးသားညီလာခံကို မတက်ခဲ့ခြင်း၊ အခြေခံဥပဒေကို စစ်ကျွန်အဖြစ်သွပ်သွင်းမယ့် ဥပဒေလို့ ပြောခဲ့ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းကို နအဖ ရဲ့ နွားတင်းကုပ်ထဲဝင်ခြင်း ဖြစ်ကြောင်း ပြောခဲ့ခြင်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖို့ ပြောခဲ့ခြင်းများအပေါ်မှာတော့ တစုံတရာ ပြောမသွားခဲ့ဘူးလို့ သိရပါတယ်။
၂။ အမျိုးသားညီလာခံကြီးအောင်မြင်စွ
၃။ အမျိုးသားညီလာခံကြီးက ချမှတ်ပေးသော အခြေခံမူများနှင့် အသေးစိတ်အခြေခံ ရမည့်မှုများနှင့်အညီဖွဲ့စည်းပုံ
၎။ ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုပြည်လုံးကွ
၅။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေး အတွက်တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်း။
၆။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်နှင့်အညီလွှတ်တော်ကိုယ်
၇။ လွှတ်တော် ကရွေးကောက် တင်မြှောက်သောနိုင် ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့်အာဏာပိုင်အဖွဲ့
တို့ဖြစ်ပါတယ်။ နိုင်ငံတော်မှ အစိုးရနဲ့ တာဝန်ရှိသူများက အဲဒီမူဝါဒ ခုနှစ်ချက်အတိုင်းလုပ်ဆောင်နေရာ
၈၈ မျိုးဆက်တွေနဲ့ ဒေါ်အောင်ဆန်းဆုကြည်နဲ့ NLD က လမ်းပြမြေပုံ ၇ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံ ကို မတက်ခဲ့ကြပါဘူး၊ တက်သူတွေကိုလည်း ရှုံ့ချခဲ့ပြီး မတက်သူတွေကို ထောက်ခံခဲ့ကြသူတွေဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်းကိုလည်း ပိုးစိုးပက်စက် မကောင်းပြောခဲ့သူတွေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြသူတွေဖြစ်ပါတယ်
ဒါတောင်မှ ဒီကနေ့ နိုင်ငံတော်ရဲ့ တိုးတက်မှုတွေက သူတို့တွေ အနစ်နာခံခဲ့လို့၊ သူတို့တွေ ၂၃ နှစ်လုံးကြိုးစားခဲ့လို ဖြစ်လာတယ်လို့ အရှက်မရှိပြောနေကြတာကို တွေ့နေရပြန်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ဆိုသူ ဦးမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုမှ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တဲ့အပေါ်မှာ ကြိုဆိုကြောင်း ပြောကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အမျိုးသားညီလာခံကို မတက်ခဲ့ခြင်း၊ အခြေခံဥပဒေကို စစ်ကျွန်အဖြစ်သွပ်သွင်းမယ့် ဥပဒေလို့ ပြောခဲ့ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းကို နအဖ ရဲ့ နွားတင်းကုပ်ထဲဝင်ခြင်း ဖြစ်ကြောင်း ပြောခဲ့ခြင်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖို့ ပြောခဲ့ခြင်းများအပေါ်မှာတော့ တစုံတရာ ပြောမသွားခဲ့ဘူးလို့ သိရပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် ဦးမင်းကိုနိုင်က ၁၉၈၈ အရေးအခင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့ပေမယ့် အဲဒီချိန်တုန်းက အရေးအခင်းမှာ ဆူပူသူ ၈၈ မျိုးဆက်တွေရဲ့ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမှုအကြောင်း၊ အပစ်မဲ့ပြည်သူတွေကို ခေါင်းဖြတ်သတ်ခဲ့တဲ့အကြောင်း၊ ဂိုဒေါင်တွေကို မီးရှို့တဲ့အကြောင်း တွေကိုတော့ ထိန်ချန်ထားခဲ့ပါတယ်။
၈၈ မျိုးဆက်များ ဂိုဒေါင်တွေဖောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ဖျက်ဆီးခဲ့စဉ်က
သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်တွေရဲ့ နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်လဲ ဆိုတာကိုတော့ ဦးမင်းကိုနိုင်ကပဲ နိုင်ငံရေး အသုံးအနှုံး စကားလုံး တစ်ခုမှ မပါပဲ ဒီနေ့ မြန်မာနိုင်ငံက ဖန်ခွက်ထဲက ရေတဝက်ဖြစ်ကြောင်းနဲ့ ပြည်သူက အဲဒီရေထဲက ငါး ဖြစ်ကြောင်း ဥပမာ ပြ ပြောကြားသွားပါတယ်။ ဖန်ခွက်ထဲကို ရေတဝက်ထည့်ပြီး ငါးထည့်ကြည့်ပါက နာရီပိုင်းအတွင်း ငါးက သေသွားမှာ ကိုတော့ ဦးမင်းကိုနိုင် ဦးနောက်က စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိမသွားခဲ့ပါဘူး။ ဒီနေ့နိုင်ငံဟာ ဖန်ခွက်လည်း မဟုတ်သလို ရေ လည်း မဟုတ်ပါဘူး။ မြန်မာပြည်သူတွေကလည်း ငါး မဟုတ်ပါဘူး။ ငါး ဆိုရင်လည်း ဖန်ခွက်ထဲမှာ မနေပဲ မြစ်ထဲ ပင်လယ်ထဲမှာပဲ နေချင်ကြမှာပါ။ မြန်မာနိုင်ငံသားအားလုံးကတော့ မြန်မာနိုင်ငံထဲမှာပဲ နေချင်ကြပါတယ်။ ဒါကြောင့် နိုင်ငံရေး နားမလည်တဲ့ ဦးမင်းကိုနိုင်ရဲ့ ဥပမာက နိုင်ငံရေးနားလည်သူတွေအတွက် ဟာသ ဖြစ်စေတယ်လို့ သတင်းထောက်တစ်ဦးက ဆိုပါတယ်။
ဦးမင်းကိုနိုင်သာမကပဲ တခြား ၈၈ မျိုးဆက် ဆိုသူတွေထဲမှာ နိုင်ငံရေးနဲ့ ဘွဲ့ရသူ၊ သမိုင်းနဲ့ ကျောင်းပြီးသူ တစ်ယောက်မှ မရှိပဲ အားလုံးက ကျောင်း တပိုင်းတစ နဲ့ ထွက်လာကြသူတွေသာ ဖြစ်တာကြောင့် အတွေးအခေါ်တွေက ညံ့ဖျင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်ကာ လူဖြစ်ပြီး လူတွေကြားမှာ မနေရတာကြာတော့ လူလို မတွေးတတ်တာလည်း ဖြစ်နိုင်တယ်လို့ အခန်းအနားကို တက်ရောက်ခဲ့တဲ့ သတင်းထောက်ကပဲ ဆက်ပြောပါတယ်။
သောက်ရူး စားစရာမရှိ မြက်စားမယ်.. အောက်တန်းကျတဲ့ စာတော့မရေးဘူးကွာ။
ReplyDelete၈၈ ကျောင်းသားတွေ ကိုဘာတွေလုပ်ခွင့်ပေးလို့တုံး။