" လောကစံပြ မြတ်ဗုဒ္ဓ " - - မဟာဗောဓိမြိုင်ဆရာတော်
by Young Buddhist's Association on Monday, January 9, 2012 at 7:29pm
" လောကစံပြ မြတ်ဗုဒ္ဓ "
လောကသားများသည်ကား -
ကိလေသာကို အဖော်ပြုလျက်က တဏှာ့ကျွန်ဘ၀ဖြင့်ပင် ကာမစည်းစိမ်ခေါ်
အာရုံ၏ အရသာနောက် တကောက်ကောက်လိုက်လံခံစားနေကြရရာ..
ဘုရားရှင်သည် ၄င်းတို့ကို ဆုံးမရာ၌ -
* လောကသားများက နှစ်ယောက်ပေါင်းမှ ဖက်စပ်ကောင်း ကောင်းခွင့်ရသော
ကာမချမ်းသာဖြင့် မေ့မေ့ပျောက်ပျောက် ခံစားနေကြချိန်တွင် ဘုရားရှင်ကား တစ်ယောက်
ထည်းတည်းဖြင့် မရောကောင်း ကောင်းခွင့်သာသော ဈာန်ချမ်းသာကို မမေ့မလျော့
ခံစားကာ နေပြတော်မူခဲ့ပါ၏။
* လောကသားများက နှစ်ယောက်ပေါင်း၍ တစ်ကောင်း ကောင်းခွင့်ပေးနိုင်သော
ကာမစည်းစိမ် မြိန်မြိန်ယှက်ယှက် တွဲဖက်ခံစားနေချိန်တွင် ဘုရားရှင်ကား တစ်ပါးထည်း
တည်းဖြင့် အများကောင်း ကောင်းခွင့်သာစေသော ဈာန်ချမ်းသာကို မြိန်မြိန်ယှက်ယှက်
အတွဲဖျက်ကာ ခံစားပြတော်မူခဲ့ပါ၏။
* ဘုရင်များက တစ်ပါးနှင့်တစ်ပါး ခိုက်ရန်ဖြစ်ပွားလျက် အနိုင်ထက်စီး နိုင်ခွင့်ရရန်
ကြိုးစားနေကြချိန်တွင်၊
ဘုရားရှင်ကား ခိုက်ရန်မပွား မေတ္တာထားလျက်ကသာ ဘုရင်တကာတို့၏ ဘုရင်
အဖြစ် အနိုင်ရနည်းအစစ် လှစ်ပြတော်မူခဲ့ပါ၏။
* ရဟန်းများက ရန်စထက်ပြင်း အချင်းချင်းပင် အတွင်းပက္ခ ထကြွနေကြချိန်မျိုးတွင်၊
ဘုရားရှင်ကား နိရောဓသမာပတ် ၀င်စားပြသလျက်က သမကာသုခ၏ အမြူတေဖြင့်
နေပြတော်မူခဲ့ပါ၏။
ထိုနည်းမခြား အလားတူပင်လျှင် -
သာသနာ့ဝန်ထမ်းသား ရဟန်းများသည်လည်း လောကသားများ၏ အလှည့်မှားကြရာမှ -
- အကြည့်၏ မှားခြင်း - အပျက်မကြည့် အဖြစ်ပေါ်သို့သာ စိတ်ထားခြင်း။
- အမြင်၏ မှားခြင်း - တကယ့်ချမ်းသာ အရသာဟူ၍ အထင်မှားခြင်း။
- မသိ၏ မှားခြင်း - တကယ့်ချမ်းသာ အရသာဟူ၍ အစွဲမိသွားခြင်း။
ထိုမှားခြင်း ၃-ချက် ထွက်၍လာချေက ထိုနှင့်ပြောင်းပြန် အလှည့်မှန်ကန်သဖြင့် အကြည့်မှန်၊
အမြင်မှန်၊ အသိမှန်တည်းဟူသော မှန်ခြင်း(၃)ချက်တို့ဖြင့် မိမိတို့က ရှေ့မပင် ဦးဆောင်ပြီး
လောကသားများ၏ ရှေ့ဆောင်စံပြ ၀န်ထမ်းကောင်းများ ဖြစ်ကြအောင် ကျင့်ဆောင်ပြသကြရာ၏။
အရသာတူ အာရုံတစ်ခုကို ပြိုင်တူခံစားကြရာ၌ပင် အရသာတူဖြစ်နေပါလျက်က အာရုံယူ
ကွဲပြားနေကြခြင်းကြောင့် လောကသားချင်း အကြည့်လွဲမှား၊ အသိလွဲမှားလျက် ရှိနေကြချေသည်။
၎င်းကို ထိုမှအပြန်ဖြစ်သော
မှန်ကန်သောအကြည့် - အာရုံသို့မလှည့် ဖြစ်စဉ်ကိုသာကြည့်ခြင်း၊
မှန်ကန်သောအသိ - ဘာညာမသိ အဖြစ်နှင့်အပျက်ကိုသာ သိခြင်း၊
ဤသို့ မှန်ကန်သောအကြည့်နှင့် အသိတို့ကို ပြောင်းလဲတတ်ကြစေရန် ပြသခြင်းသည်
ဝန်ထမ်းသားတို့၏ တာဝန်တည်း။
ဤကား သာသနာပြုတို့၏ စိတ်နေသဘောထားပေတည်း။
- မဟာဗောဓိမြိုင်ဆရာတော်
0 comments:
Post a Comment