‘မိတ်ဆွေစစ် ဆိုသည်မှာ’
by General Knowledge on Saturday, January 21, 2012 at 6:37pm
သစ်ပင်ပေါ်မှ ပြုတ်ကျလုဆဲဆဲ ပုတ်သင်ညိုလေး တစ်ကောင်ကို အခြားပုတ်သင်ညို တစ်ကောင်က အသည်းအသန် လက်ချင်းချိတ်တွဲ ကယ်ဆယ်နေပုံသည် အဟိတ် တိရစ္ဆာန်များကြား အပြန်အလှန် စောင့်ရှောက်မှုကို ထင်ဟပ်ပေါ်လွင်စေခဲ့သည်။
Posted on Jan 20 2012 - 05:52 PM | Hits : 682
သစ်ပင်ပေါ်မှ ပြုတ်ကျလုဆဲဆဲ ပုတ်သင်ညိုလေး တစ်ကောင်ကို အခြားပုတ်သင်ညို တစ်ကောင်က အသည်းအသန် လက်ချင်းချိတ်တွဲ ကယ်ဆယ်နေပုံသည် အဟိတ် တိရစ္ဆာန်များကြား အပြန်အလှန် စောင့်ရှောက်မှုကို ထင်ဟပ်ပေါ်လွင်စေခဲ့သည်။
အဆိုပါ ဖြစ်တောင့်ဖြစ်ခဲ အနေအထားမျိုး ဓာတ်ပုံကို ယူကရိန်း ဓာတ်ပုံဆရာ အလက်ဆီ တိုင်မိုရှန်ကိုက ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်သည်။ ပုတ်သင်ညိုတစ်ကောင်သည် ဟန်ချက်ပျက်ကာ ပြုတ်ကျချိန်တွင် ကျန်တစ်ကောင်က လှမ်းဆွဲထားသည့် မြင်ကွင်းကြောင့် မိမိမျက်စိကိုပင် မယုံနိုင်အောင် ဖြစ်မိကြောင်း အသက် (၁၉)နှစ်အရွယ် ဓာတ်ပုံဆရာက ဆိုသည်။
“ကျွန်တော့် မိဘတွေရဲ့ နွေရာသီ အပမ်းဖြေ အိမ်နားမှာ ဒီပုံတွေကို ရိုက်ခဲ့တာပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ပုတ်သင်ညိုတွေနဲ့ ဆော့ကစားခဲ့တာပါ။ အစပိုင်းမှာ သူတို့က ကျွန်တော့်ကို ကြောက်ပေမယ့် အန္တရာယ် မပေးမှန်းသိတော့ မကြောက်တော့ဘူး။ အရင်ကတည်းက ပုတ်သင်ညိုတွေကို ကျွန်တော် စိတ်ဝင်စားပြီး သူတို့ကို ဓာတ်ပုံရိုက်နေကျပါ။ ဒီမြင်ကွင်းကတော့ ကျွန်တော့်အတွက် အရမ်းကို အံ့ဩစေခဲ့တာ အမှန်ပါပဲ” ဟု တိုင်မိုရှန်ကိုက ဖွင့်ဟ ပြောကြားသွားသည်။
0 comments:
Post a Comment