Friday, January 6, 2012

ဒီမိုကရေစီဝါဒသာလွတ်လပ်ရေးနှင့် ဆီလျော်

by Wai Maw on Friday, January 6, 2012 at 3:52pm

ဒါကြောင့် ဖက်ဆစ်ဝါဒကမ္ဘာမှာ ပပျောက်ရေးကို ကျွန်တော်တို့ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာအဲဒီဝါဒမျိုးကို တိုက်ဖျက်မယ့် လူတွေနှင့် အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။
အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ ဒီဝါဒမျိုးလုံးဝမရှိနိုင်အောင် လုပ်ရမယ်၊ အာဏာရှင်ဝါဒ၊ လူမျိုး အချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ဘုရင်စနစ်ဝါဒ၊ အဲဒီဝါဒအငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား၊ ရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး
တိုင်းသူပြည်သားဆန္ဒအရမဟုတ်ဘဲ တိုင်းသူပြည်သားတွေနှင့် ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေခြယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး။
ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့မြန်မာနိုင်ငံထူထောင်နိုင်အောင် ကြိုးစားရမယ်၊ ဒါမျိုး မလုပ်နိုင်ရင် ကျွန်တော်တို့မြန်မာပြည်က လူတွေဟာလည်းနစ်နာမယ်၊ ကျွန်တော်တို့ပြည်ကိုလည်း ကမ္ဘာကကြည့်နေလို့မရတဲ့ တစ်နေ့ ဂျပန်နှင့် ဂျာမနီ ၀ိုင်းပြီးအနှိမ်ခံရသလို အနှိမ်ခံရမယ်ဆိုတာကို သတိချပ်ကြရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်၊ ဒီဝါဒသာ ငြိမ်းချမ်းရေးကိုအားပေးတယ်၊ အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ရည်ရွယ်ရမယ်၊ ဒါဖြင့် ဒီဝါဒဟာဘာလဲ ဆိုတာကိုပဲ ကျွန်တော်ရှင်းပြချင်သေးတယ်။
“ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး ၁၉၄၅ခုနှစ် သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ ခေါင်းဆောင်များအစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း”
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နုတ်ချက်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ်၇၆
၅-ဇန်န၀ါရီ-၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...