Saturday, January 21, 2012

“ ပေတံနဲ့တိုင်းကြည်ကြပါ”

by Wai Maw on Saturday, January 21, 2012 at 9:33am

-သန်းထွန်း( tgkn)-၂၀-၁ -၂၀၁၂

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အသိုင်း အဝန်းမှာ နိုင်ငံရေးသမားတွေကို အထူးသဖြင့် ထင်ပေါ်ကြော်ကြားတဲ့ နိုင်ငံရေးသမားတွေကို ဝေဖန်တဲ့ အယူအဆတွေကို အများသိသာအောင် တင်ပြ ချပြ တဲ့ စာရေးသူ ဝေဖန်သူ တွေဆိုရင် မျက်မုံးကျိုး ခံရစမြဲပါ၊

အဲဒီဝေဖန်သူတွေရဲ့ တင်ပြမှု ဝေဖန်မှု တွေရဲ့ အမှန် နဲ့အမှားဟာလဲဝေဖန်ခံရတဲ့နိုင်ငံရေးသမားနဲ့နည်းတူ သမိုင်းရဲ့ အဆုံးအဖြတ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ မလွဲမသွေ ခံယူရမှာဖြစ်ပါတယ်၊
ဒါဟာနိုင်ငံရေးသမားများဖြတ်ကိုဖြတ်သန်းရမဲ့ ဘူတာ တစ်ခုပါ။


ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း ဆိုရင် တစ်နှစ်အတွင်းလွတ်လပ်ရေး ရကိုရ ရ မယ်ဆိုပြီး ပြည်သူကို ကဓိပေးခဲ့တယ်၊
အဲဒီကာလမှာလဲ ဗိုလ်ချုပ်ကို ကွန်မြူနစ်တွေက သစ္စာဖေါက် တစ်ယောက်အဖြစ် ရိုးစွပ်ခဲ့တယ်၊

အဖြေက ရလဒ်က နောက်နှစ်မှာ ထွက်ပေါ်လာ ပါပြ။
ီ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီ၊ ကဲအဲဒီမှာ သမိုင်းဆိုတာ အကြာကြီးမစောင့်လိုက်ရဘဲ ရလဒ်က ဗိုလ်ချုပ် သစ္စာဖေါက်လား၊ မဖေါက် လားဆိုတာ နောက်နှစ်မှာ အဖြေပေးလိုက်ပြီ ။

နောက်ပိုင်း ခေတ် နိုင်ငံရေးသမားတွေ ကဗိုလ်ချုပ်လို နိုင်ငံရေး ပရိယာယ်၊ နိုင်ငံရေးအနုပညာ ပြောင်မြောက်တဲ့ နိုင်ငံရေးသမား ဆိုတာ အခုအချိန်ထိ မမြင်ရသေးတာ မြန်မာနိုင်ငံအတွက် ယူကြုံးမရစရာ။


ကဲအဲဒီတော့ ကျွန်တော့ကိုပြောကြမယ် ၈၈ နောက်ပိုင်းမှာ ဒေါ်အောင်းဆန်းစုကြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြည်သူတွေကို ဦးဆောင်းပြီ ချီုတက်နေတာဘဲ၊
လူထုက ဒေါ်စုကို အမျိုးသားခေါင်းဆောင်အဖြစ်တင်မြှေက်ထားတာဘဲ လို့ ပြောလာစရာရှိပါတယ်၊

တကယ်တော့ ဒေါ်စုဟာ ၈၈ အရေးတော်ပုံမှာ အသက်တွေ သွေးတွေ ဘဝတွေ ပေးဆပ်သွားကြတဲ့ ဒီမိုကရေစီ အညတရ သူရဲကောင်းတွေ ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တွေ ပြည်သူတွေရဲ့ရည်ရွယ်ချက်တွေကို အကောင် အထည် ဖေါ်ဆောင်ပေးဖို့ ခေါင်းဆောင် တစ်ယောက် အဖြစ်တင်မြှောက်ခြင်း ခံရသူတစ်ဦးပါ၊

အမျိုးသားခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဗိုလ်ချုပ်လို တိုင်းပြည် မနစ်နာရ လေအောင် နိုင်ငံရေး ပရိရာယ်ကြွယ်ဝပြီး နိုင်ငံရေးကို အနုပညာ ဆန်ဆန်း ကကြိုး စုံစုံလင်လင်နဲ့ စည်းချက်ပိုင်ပိုင်နိုင်နိုင် မြန်မာ့နိုင်ငံရေးလောက ကမ္ဘာ့နိုင်ငံရေးလောက ကိုအချိန်အတိုင်းအတာတခုအတွင်းမှာ ရလဒ်ကောင်းတွေ ပေးနိုင်ခဲ့လို့ မြန်မာနဲ့ကမ္ဘာကနေ အမျိုးသားခေါင်းဆောင်အဖြစ် အသိအမှတ် ပြုခဲံ့ကြတာပါ၊
ဒေါ်စုကို တခြားနိုင်ငံတွေရဲ့ အမျိုးသားခေါင်းဆောင်တွေရဲ့ ဖြတ်သန်းကြိုးပမ်းခဲ့တဲ့ နိုင်ငံရေး သမားပေတံ တွေနဲ့ မတိုင်းဘဲ သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ဖြစ်စဉ်တွေရဲ့ ပေတံနဲ့ တိုင်းတာ ကြည့်မယ်ဆိုရင် ဒေါ်စုဟာ အမျိုးသားခေါင်းဆောင် တယောက်ဖြစ်ခြင်းကို နိုင်ငံရေးသမားများ ပိုင်းခြားရမှာ။


သန်းထွန်း( tgkn)
ရက်စွဲ-ဇန်န၀ါရီလ(၂၀၉)ရက်။
ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျမှ ကူးယူဖော်ပြပါသည်။(ဟစ်တိုင်) -------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...