Sunday, January 15, 2012

15.01.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Sunday, January 15, 2012 at 9:23am
 
 
တိုင်ဝမ် ရွေးကောက်ပွဲ မရင်ကျိုးအနိုင်ရ

တိုင်ဝမ် သမ္မတရွေးကောက်ပွဲမှာ တိုင်ဝမ် လက်ရှိသမ္မတ မရင် ကျိုးရဲ့ ပါတီက အနိုင်ရရှိသွားပါတယ်။
သမ္မတ မရင် ကျိုးဟာ သူ့ရဲ့ အဓိက ပြိုင်ဖက် အပေါ် မဲ ၆ ရာခိုင်နှုန်းအသာနဲ့ မမျှော်လင့်ပဲ အပြတ်အသတ် အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဝမ်းမြောက်ဝမ်းသာဖြေစ်နေကြတဲ့ သူ့ကိုထောက်ခံသူ လူအုပ်ကြီးကို မစ္စတာ မရင်ဂျုံးကအသ စည်းရုံးရေး ဌာနချုပ်ရှေ့မှာ ရောက်ရှိနေတဲံ လူထုကို မိန့်ခွန်း ပြောကြားခဲ့တာပါ။
မစ္စတာ မရင် ကျိုးဟာ တရုတ်နဲ့ အသစ်တဖန် ပြန်လည်သင့်မြတ်အောင် သူ့ရဲ့ လုပ်ဆောင်ခဲ့မှု၊ တခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က တိုင်ဝမ် ခွဲထွက်ခဲ့ပြီး နောက်ပိုင်း အခုလို တရုတ်နဲ့ အကောင်းဆုံး ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့မှုတွေနဲ့ ရွေးကောက်ပွဲမှာ စည်းရုံးခဲ့တာဖြစ်ပါတယ်။
အတိုက်အခံကတော့ ပထမဦးဆုံး အမျိုးသမီး သမ္မလောင်း ဆိုင်ရင်ဝမ်း ဖြစ်ပြီး သူကတော့ စီးပွားရေးနဲ့ လူမှုရေး ကိစ္စရပ်တွေကို အလေးပေး စည်းရုံးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆိုင်ရင်ဝမ်းဟာ သူ့ပါတီရဲ့ အစဉ် ရပ်တည်လာတဲ့ လွတ်လပ်ရေး ကိစ္စကိုတော့ အဓိက မထားခဲ့ပါဘူး။

ဂဂ မျိုးဆက် ကိုဌေးကြွယ်၈၈ မျိုးဆက် ကိုဌေးကြွယ် အမြင်
ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြည်သူလူထု ရဲ့ နိုးကြားမှု၊ စည်းလုံးညီညွတ်မှု၊ မိမိရဲ့ အခွင့်အရေး ဘာလဲ ဆိုတာတွေ သိနေကြပုံ ကို မမျှော်လင့် ဘဲ တွေ့ရတဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။
အခုလို ပြည်သူလူထု နိုးကြားလာမှု ကို ကြည့် ပြီး မြန်မာနိုင်ငံဟာ တကယ့် အပြောင်းအလဲ ကို ဦးတည်နေပြီ ဆိုတာကို မျှော်လင့် နိုင်ပြီ ဖြစ်ကြောင်း လည်း ကိုဌေးကြွယ် က ပြောပြပါတယ်။
ဒါပေမယ့် ဖိနှိပ်မှု တွေ နည်းပါးသွားပြီ လို့တော့ မဆိုနိုင်သေးတဲ့ အကြောင်း၊ အုပ်ချုပ်သူတွေ ရဲ့ အပိုင်းအနေနဲ့ စနစ်ပုံစံ ကို ဖြည်းဖြည်းချင်း ပြောင်းလဲပြီး လက်ခံလာတာ ကို တော့ မြင်ရကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
အခုလို နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးရခြင်း ဟာ အစိုးရ အနေနဲ့ အကျပ်အတည်း တွေ့နေလို့ လွှတ်ပေး တယ်လို့ မမြင်ပုံ၊ ဒါပေမယ့် ဒီအချိန်မှာ လွှတ်ပေးရမယ်၊ လွှတ်ပေး သင့်ပြီ ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ဟာ လူထုရဲ့ လိုအပ်မှု ဖြစ်သလို၊ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ထဲ ဝင်ဆန့်ရမယ့် အပိုင်းမှာလည်း နိုင်ငံရေး အကျဉ်းသား လွှတ်ပေး ရမယ့် အရေးဟာ နိုင်ငံတကာ ရဲ့ တောင်းဆိုမှု ဖြစ်ပုံတွေကို ကိုဌေးကြွယ် က ပြောပြပါတယ်။
နိုင်ငံရေး လုပ်လို့ ထောင်မကျနိုင်ဘူး ဆိုတဲ့ ယုံကြည်နိုင် မယ့် ခေတ်ကိုတော့ မရောက်သေးတဲ့ အကြောင်း သူက ပြောပါတယ်။
နောက်ပြီး နိုင်ငံရေးသမား ကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ လိုအပ်နေသေး တဲ့ အကြောင်း ကိုဌေးကြွယ် က ပြောပြပါတယ်။

အမေရိကန်ကိုယ်စားလှယ် ပြည်ပအတိုက်အခံတွေနဲ့ တွေ့ဆုံ
ပြည်ပရောက်အတိုက်အခံတွေရဲ့ သဘောထား ကို မေးမြန်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲယ် ဟာ ပြည်ပရောက် အတိုက်အခံအဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သောကြာနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အခုလို တွေ့ဆုံရာမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ (DPNS) နဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) စတဲ့ အဖွဲ့တွေ က ကိုယ်စားလှယ်တွေ၊ KNU၊ KIO စတဲ့ လက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ အပြင် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေလည်း ပါဝင်ကြ ပါတယ်။
မြန်မာနိုင်ငံအပေါ် လက်ရှိ အမေရိကန်ရဲ့ မူဝါဒ ချမှတ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် အတိုက်အခံတွေရဲ့ သဘောထားကို လာရောက် မေးမြန်းခဲ့တာ ဖြစ်ကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ DPNS ဥက္ကဌ ဦးအောင်မိုးဇော်က ဘီဘီစီကို ပြောပါတယ်။
အတိုက်အခံတွေဘက်ကတော့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု တခုချင်းစီကို ကြည့်ပြီး အမေရိကန်အနေနဲ့ တဆင့်ချင်း တိုးလုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကလည်း တိုင်းရင်သားဒေသတွေမှာ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်နိုင်ဖို့အရေး မစ္စတာ မစ်ချဲလ်ကို အကြံပြု ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်က ဒေါ်တင်တင်ညိုက ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ရှင်းလင်း
မြန်မာနိုင်ငံမှာ သောကြာနေ့က လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်တဲ့ အထဲက ၃၀၂ ဦး ဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တင်ပြထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ စာရင်းထဲမှာ ပါဝင် ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက နေပြည်တော်မှာ စနေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားလိုက်ပါတယ်။
လွှတ်မပေးပဲ ကျန်ရှိသူ တချို့ကတော့ ရာဇဝတ် ပြစ်မှု ကျူးလွန်ထားသူတွေ ဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျုံးမဝင်တဲ့အတွက် ဆက်လက် ထိန်းသိမ်းထားတာ ဖြစ်တယ် လို့ သူကဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကို ဖမ်းဆီး ထားတာနဲ့ ပတ်သက်ပြီးလည်း သူ့ကို တရားဥပဒေအရ အရေးယူဖို့ ဆောင်ရွက် နေတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကတော့ အခုလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အပေါ် ဝမ်းသာကြောင်း၊ ဒါပေမယ့် လည်း ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အနည်းဆုံး ၇၀၀ ကျော်ရှိနေဆဲ ဖြစ်ကြောင်း အသင်းရဲ့ အတွင်းရေးမှူးဖြစ်သူ ကိုဘိုကြည်က ဘီဘီစီကို ပြောပါတယ်။
အခုလို ပြန်လွှတ်ပေးလိုက်တဲ့သူတွေကို နိုင်ငံရေး အကျဉ်းသားတွေ အဖြစ် အစိုးရက အသိ အမှတ်ပြုထားခဲ့တာ မဟုတ်ပဲ ရာဇဝတ် အကျဉ်းသား အဖြစ်နဲ့သာ လွတ်လာတာ ဖြစ်လို့ ပြန်လွတ်လာသူတွေ အနေနဲ့ အပြင်ရောက်တဲ့အခါ အခက်အခဲ တွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း သူကပြောပါတယ်။

အီရတ်အသေခံဗုံးခွဲ တိုက်ခိုက်မှု လူ ၅၃ ဦးကျော် သေဆုံး
ရှီရှာမွတ်ဆလင် ဘုရားဖူးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်
အီရတ်နိုင်ငံတောင်ပိုင်း ဘာဆရာမြို့က စစ်ဆေးရေးဂိတ် တခုကို အသေခံ ဗုံးခွဲ သမား တဦးက ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ အတွက် လူပေါင်း အနည်းဆုံး ၅၃ သေဆုံးသွား တယ်လို့ အီရတ် အာဏာပိုင်တွေက ပြောပါ တယ်။
ဒီတိုက်ခိုက်မှုဟာ ရှီရှာမွတ်ဆလင် ဘုရားဖူး တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ တိုက်ခိုက်မှုကြောင့် တခြားလူပေါင်း ၁၃၀ ကျော် လည်း ဒဏ်ရာ ရရှိ သွားပါတယ်။
ရှီယာမွတ်ဆလင်တို့ရဲ့ အဓိက ဘာသာရေးပွဲတော် တခုအပြီး ဘုရားဖူးတွေဟာ ဘာဆရာမြို့ ပြင်က အဓိက ပလီကျောင်းကို အသွား အခုလို တိုက်ခိုက် ခံရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသွားသူတွေထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ၇ ဦးလည်း ပါဝင်ပါတယ်။
အီရတ်နိုင်ငံမှာ လူများစု ရှီယာမူဆလင်တွေနဲ့ လူနည်းစု ဆူနီတွေအကြား နိုင်ငံရေးအရ တင်းမာမှုတွေ တိုးပွားလာနေချိန်မှာပဲ အခုလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့လကလည်း ရှီယာတွေ အဓိက လွှမ်းမိုးထားတဲ့ လက်ရှိ အစိုးရကနေ ဆူနီလူမျိုး ဒုသမ္မတဖြစ်သူ တာရစ် အဲလ် ဟတ်ရှီမီကို အကြမ်းဖက်မှု စွဲချက်တွေနဲ့ ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ ပါတယ်။

ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ရင် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မည်
By ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမယ်၊ လူမျိုးစု လူနည်းစုတွေအပေါ် အကြမ်းဖက်တာတွေကို အဆုံးသတ်မယ်၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံတာတွေကို ရပ်ဆိုင်းမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးတက်လာနိုင်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။
မြန်မာလူထု၊ မြန်မာအစိုးရနဲ့အတူ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လျှောက်သွားဖို့ အမေရိကန်က သန္နိဋ္ဌာန် ချထားပါတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စနေနေ့က တယ်လီဖုန်းကတဆင့် မစ္စစ်ကလင်တန်က ဆက်သွယ်ပြောဆိုခဲ့တာပါ။ သံတမန် ဆက်ဆံရေး ပြန်ပြီး ထူထောင်ဖို့လည်း သူတို့နှစ်ယောက် ပြောဆိုခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေကို တန်ပြန် လုပ်ဆောင်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတို့ကို သူ ပြောခဲ့တဲ့အကြောင်း တယ်လီဖုန်းကနေ စကားပြောအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စစ်ကလင်တန်က ပြောထားပါတယ်။
မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးလိုက်ပြီးတဲ့ နောက်တစ်ရက်မှာပဲ ဟီလာရီ ကလင်တန်က အခုလို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား သံအမတ်ကြီးအဆင့် အပြန်အလှန် ဆက်သွယ်ရေး လုပ်ငန်းစဉ်တွေ စလုပ်တော့မယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးအပြီး သိပ်မကြာခင်မှာပဲ အမေရိကန်က ကြေညာထားပါတယ်။

နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ
By ကိုဇော်ဝင်းလှိုင်
နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ပိတ်ဆို့ထားတာကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အတော်များများကို မြန်မာအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ အပြုသဘောဆောင် တုံ့ပြန်မှုတွေထဲက နောက်ဆုံး တစ်ခုလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ် အီးယူအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံရဲ့ အမြင်ဆုံး ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်လိုက်ပါတယ်။ အပြည့်စုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ အစိုးရအနေနဲ့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န၀ါရီလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ဇန်န၀ါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသား တချို့ ပြန်လွှတ်ပေးလိုက်တာ အပါအ၀င် လွန်ခဲ့တဲ ၂ လလောက်အတွင်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ ပြောင်းလဲမှုတချို့ကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖရော်ဒါ အန်ဒါဆန် (Frode Andersen) က ပြောပါတယ်။
“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေမလုပ်ဖို့၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကန့်သတ် ထားတာတွေကို ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကျနော်တို့ တိုက်တွန်းခြင်း မလုပ်တော့ပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံဟာ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တာနဲ့အညီ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ကိုတော့ ဆက်လက် ကျင့်သုံးသွားမှာပါ။”
အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးမှုတွေကတော့ အရင် စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ စစ်တပ်အရာရှိတွေနဲ့ သူတို့မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတို့အပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာနဲ့ တခြား ဘဏ္ဍာငွေကြေး၊ စစ်လက်နက်နည်းပညာ တင်ပို့ ရောင်းချမှု၊ သစ်တောထွက်ပစ္စည်း အမျိုးမျိုးနဲ့ လူထုကို ဖိနှိပ်တဲ့နေရာမှာ အသုံးပြုမယ့် ပစ္စည်းကိရိယာတွေ မတင်ပို့ရ စတာတွေ ပါဝင်ပါတယ်။
အခုလျော့ပေါ့ပေးလိုက်ပြီ ဆိုပေမဲ့ အီးယူက ဆက်ပြီး အရေးယူ ထားတာတွေနဲ့အညီ ဖြစ်ဖို့တော့ လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောပါတယ်။
“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ တာဝန်သိစိတ်ဓါတ်နဲ့ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်သလို လွတ်လပ်စွာ ကုန်သွယ်ခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုတော့ အလေးထား လိုက်နာကြဖို့တော့ လိုပါလိမ့်မယ်။”
တဘက်မှာ နော်ဝေးနိုင်ငံက မြန်မာနိုင်ငံအပေါ်ပေးနေတဲ့ လူမှု ဖွံ့ဖြိုးရေး အကူအညီတွေကို ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေကို အထောက်အကူ ပြုစေဖို့နဲ့ တခြား လူမှုရေးအရ အကူအညီ ပေးနေတဲ့ လုပ်ငန်းတွေ အထောက်အကူ ဖြစ်စေဖို့အတွက် ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ရုံး ရန်ကုန်မြို့မှာ ဖွင့်မယ်လို့ အီးယူ ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်မန်း (Michael Mann) က ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အီးယူ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်နိုင်ငံရဲ့ အမြင့်ဆုံး Legion of Honor ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ဖို့ ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) ရုံးက ဆုံးဖြတ်လိုက်တဲ့အကြောင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကာလအပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လွတ်မြောက်မှု ရရှိရေးအတွက် သတ္တိရှိရှိ ကြိုးစား လုပ်ဆောင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဒီဆုကို ပေးအပ်တဲ့အကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် လုပ်ဆောင်နေခဲ့သူ တစ်ဦး ဖြစ်တာကြောင့် ပြင်သစ်က အခုမှ ဒီဆုပေးတာဟာ အရမ်းကို နောက်ကျနေတယ်လို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အာရှပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ ဘန်ဂျမင်အစ်မေးလ် (Benjamin Ismail) က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေခဲ့တာ ကြာပါပြီ။ ပြင်သစ်အစိုးရက အခုမှ ဒီဆုကို ပေးတာဟာ ကျနော့် ပုဂ္ဂိုလ် တစ်ဦးတည်းအနေနဲ့ ပြောရရင်တော့ အရမ်းကို နောက်ကျနေပါပြီဗျာ။”
ဒီ Legion of Honor ဆုကို မြန်မာနိုင်ငံကို စနေနေ့က ရောက်လာတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ (Alain Juppe) က တနင်္ဂနွေနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ကိုယ်တိုင်ပေးအပ်မှာ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေဟာ အချိန်မရွေး နောက်ပြန်လှည့် သွားနိုင်တာမို့ ဆက်လက် စောင့်ကြည့်ဖို့ လိုဦးမယ်လို့ သူက ပြောပါတယ်။
“ပြင်သစ်အစိုးရက အနာဂတ်မှာ ဘယ်လို မူဝါဒတွေ ချမှတ် လုပ်ဆောင်မယ် ဆိုတာတော့ ကျနော်တို့ အတိအကျ မသိဘူး၊ ဒါပေမဲ့ ကျနော်တို့ RSF အနေနဲ့ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာနဲ့ တခြား ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို ကြိုဆိုပါတယ်။ အဲဒီလို တိုးတက်တဲ့ ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့အတွက်လည်း တိုက်တွန်းသွားမှာပါ။ ဒါပေမဲ့ တဘက်ကလည်း အဲဒီ ဖြစ်ပေါ် တိုးတက်မှုတွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး နောက်ပြန်ဆုတ်သွားမယ့် လုပ်ဆောင်ချက်မျိုးတွေကို ဝေဖန် ထောက်ပြသွားမှာ ဖြစ်ပါတယ်။”
သူတို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့လို သတင်းနဲ့ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့အဖွဲ့တွေကို တိုင်းပြည်အတွင်း လာရောက် လေ့လာခွင့် ပြုတာဟာလည်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်တယ် ဆိုတာကို ပြသရာ ရောက်တာကြောင့် မြန်မာအစိုးရကက ခွင့်ပြုရင် သူ့အနေနဲ့ မြန်မာပြည်ကို ကိုယ်တိုင် သွားရောက် လေ့လာလိုကြောင်း ဘန်ဂျမင်က ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်
By ဗွီအိုအေ (မြန်မာဌာန)
ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ ပြန်လွှတ်ပေးခဲ့ရာ မြန်မာနိုင်ငံကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေး (Alain Juppe) ဇန်န၀ါရီ ၁၄ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ ပြင်သစ်အစိုးရ အဖွဲ့ဝင်တွေထဲက အဆင့်အမြင့်ဆုံး ၀န်ကြီးတစ်ပါး သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွေကို ရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး တိုးမြှင့် လုပ်ဆောင်သွားကြဖို့ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာအာဏာပိုင်တွေကို ၀န်ကြီး အလန်ယူပေး အနေနဲ့ အားပေး တိုက်တွန်းချင်တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဝန်ကြီးအလန်ယူပေးဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်တဲ့ Legend of Honor ဘွဲ့ကို ပေးအပ်ချီးမြင့်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က ဒေါ်အာင်ဆန်းစုကြည်နဲ့ ဖုန်းစကားပြောခဲ့စဉ်မှာ ဒီ ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်မယ့်အကြောင်း ကြိုတင် ပြောကြားခဲ့ပါတယ်။
ဇန်န၀ါရီ ၁၆ ရက်နေ့ တနင်္လာနေ့မှာ ၀န်ကြီး အလန်ယူပေးဟာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာအစိုးနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး ပဏာမအဆင့် အပစ်အခတ် ရပ်စဲကြဖို့နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်သွားကြဖို့ သဘောတူညီချက် ရရှိခဲ့တာကို ၀န်ကြီး အလန်ယူပေးက ကြိုဆိုလိုက်ပါတယ်။ ဒီသဘောတူညီချက်ဟာ မြန်မာအစိုးရ လျှောက်လှမ်းနေတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် တန်းတူညီမျှ လေးစားသမှုရှိရေး လမ်းကြောင်းပေါ်က နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ၀န်ကြီးအလန်ယူပေးက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို ပထဆုံးသွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီးတော့ ၀န်ကြီးအလန်ယူပေး ဟာ ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံနောက်ပိုင်း ပြင်သစ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးအနေနဲ့  မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်သူလည်း ဖြစ်ပါတယ်။

နီပေါအတွက် ဒေါ်လာ သန်း ၁၂၀ တရုတ်ကူညီ
By ဗွီအိုအေ (မြန်မာဌာန)
နီပေါနိုင်ငံက အတိမ်းအစောင်းမခံနိုင် ဖြစ်နေရတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားပေးဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အကူအညီအဖြစ် တရုတ်နိုင်ငံက ဒေါ်လာသန်း ၁၂၀ ကျော် အကူအညီပေးဖို့ စနေနေ့မှာပဲ သဘောတူလိုက်ပါတယ်။ နီပေါနိုင်ငံ ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) က နီပေါဝန်ကြီးချုပ် ဘာဘူရမ် ဘက်တာရိုင် (Baburam Bhattarai) နဲ့ တွေ့ဆုံခဲ့ပြီး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကိုလည်း အတူတက်ရောက်ခဲ့ကြတာပါ။
၂၀၀၆ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကြာ ပြည်တွင်းစစ်ဒဏ် ခံခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ရာမှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးအတွက် ငွေကြေး ပံ့ပိုးကူညီသွားမယ်လို့လည်း တရုတ်ဝန်ကြီးချုပ်က ကတိပေးခဲ့တာပါ။
တရုတ်နိုင်ငံ လက်အောက်က လွတ်မြောက်ဖို့ လိုလားကြသူ တိဘက်လူမျိုး ထောင်ဂဏန်းချီပြီး နီပေါနိုင်ငံမှာ ခိုလှုံနေတာကလည်း တရုတ် အစိုးရအတွက် အဓိက စိုးရိမ်ပူပမ်နေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဟိမ၀န္တာတောင်တန်းဒေသ နိုင်ငံတစ်ခုဖြစ်တဲ့ နီပေါမှာ လတ်တလော အဝေးရောက် တိဘက်လူမျိုး ၂ သောင်းလောက် နေထိုင်နေကြတာဖြစ်ပြီး နေရပ်ရင်းကို စွန့်ခွာထွက်ပြေးနေတဲ့ တိဘက်လူမျိုးတွေ ၀င်ရောက် နေတာတွေကို ဟန့်တားဖို့ အတွက်လည်း နီပေါအစိုးရ ဖိအားပေးခံနေရတာပါ။
ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို ဆက်လက် မထွက်ခွာမီ တရုတ်ဝန်ကြီးချုပ်က နီပေါသမ္မတ ရမ်ဘရမ် ယာဒဲ့ဖ် (Ram Baran Yadav) နဲ့လည်း ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ်ဟာ နီပေါနိုင်ငံကို ပြီးခဲ့တဲ့လမှာ ကတည်းက သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ လုံခြုံရေး ပြဿနာကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

အိုးဘိုထောင်မှ အကျဉ်းကျ အစိုးရဝန်ထမ်းများလည်း လွတ်
မန္တလေးမြို့ အိုးဘိုထောင်မှ ကိုမင်းသူ၊ ကိုဝင်းရွှေ၊ ကိုဝင်းကြည်၊ ကျောက်ဆည် ဆရာတော်ကြီး အပါအ၀င် သံဃာ ၆ ပါး၊ စစ်ထောက်လှမ်းရေး ၈ ဦးနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးတို့ လွတ်မြောက်လာကြောင်း သတင်းရသည်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒါဗို့စ် တက်ရန် ဖိတ်
ရန်ပိုင် on January 14, 2012
သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား  ဒါဗို့စ် ကမ္ဘာ့စီးပွားရေး ညီလာခံ (World Economic Forum)တက်ရောက်ရန် ဖိတ်ကြားထား ကြောင်း ရန်ကုန်အခြေစိုက် သံတမန်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

ယမန်နှစ်က ကျင်းပသော ဒါဗို့စ် ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော မိန့်ခွန်းကို ဖွင့်လှစ်ပြသနေစဉ် (ဓာတ်ပုံ - Business Today)
အဆိုပါ စီးပွားရေး ဖိုရမ်ကို ယခုလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည်ဖြစ်သည်။
သမ္မတဦးသိန်းစိန် တက်ရောက်မည် မတက်ရောက်မည်ကို မသိရသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာမူ လာမည့် တနင်္လာနေ့တွင် ပါတီမဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်တော့မည် ဖြစ်၍ ယင်းဖိုရမ်သို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း သိရှိရသည်။
ယင်း စီးပွားရေးဖိုရမ်ကို အာရှ၊ အာဖရိက၊ ဥရောပနှင့် လက်တင်အမေရိက တိုင်းပြည်များမှ ခေါင်းဆောင်များ၊ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ နာမည်ကြီး အနုပညာရှင်များနှင့် စာနယ်ဇင်းသမားများ တက်ရောက်ကာ ဒေသတွင်းဆိုင်ရာ ပြဿနာများကို ဆွေးနွေးကြသည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ဒါဗို့စ် ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပေးပို့ခဲ့ဖူးသည်။ ယင်း မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှု၊ လူနေမှု အဆင့်မြင့်မားမှု စသည်တို့ကို ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်များက ၀ိုင်းဝန်း ဆောင်ရွက်ရန် ပန်ကြားကြောင်း၊ ဆင်းရဲနွမ်းပါမှု ပပျောက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး အပါအ၀င် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကို ပါတီများ မျှော်လင့်ချက်ထား
ခင်ဦးသာ on January 13, 2012
လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို အာဏာပိုင်တို့က လွတ်လပ် မျှတစွာ ကျင်းပပေးဖွယ်ရှိသည်ဟု နိုင်ငံရေးပါတီ အများအပြားက ယူဆနေကြသည်။
“ကျနော်တို့ နိုင်ငံရေးပါတီတွေရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့ကြတော့ သူက ကတိတွေ ပေးထားတယ်။ လွတ်လပ်ပြီး တရားမျှတ စေရမယ်လို့ ပြောထားတဲ့ အတွက်ကြောင့်ပါ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရသော NLD ခေါင်းဆောင်များ နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
၂၀၁၀ ရွေးကောက်ပွဲမှ အတွေ့အကြုံများကို ယူ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီ တိကျရဲဝံ့စွာ ဘက်မလိုက်ဘဲ လုပ်ဆောင်ကြရန်   ဦးတင်အေးက ကော်မရှင် အဖွဲ့ဝင်များအား ပြောဆိုခဲ့ကြောင်း ဇန်န၀ါရီလ ၁၁ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
၂၀၁၀ ရွေးကောက်ပွဲအတွင်း  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ဒေသခံအာဏာပိုင်များက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များတွင် ပါဝင်ပတ်သက်မှု ရှိခဲ့ပြီး ရွေးကောက်ပွဲ မသမာမှုသတင်း အများအပြား ထွက်ပေါ်ခဲ့သည်။
ကော်မရှင် ဥက္ကဋ္ဌနှင့် မကြာသေးမီက တွေ့ဆုံစဉ် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးအတွက် ပြောဆိုခဲ့သည်ဟု ဦးသုဝေက ပြောသည်။
“အောက်ခြေအဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို နိုင်ငံရေး ပါတီဝင်တွေ မဖြစ်စေဖို့ ဦးတင်အေးကို အကြံပြုခဲ့ပေမယ့် ဘာမှတော့ ပြောင်းလဲတဲ့ အနေအထား မတွေ့ရသေးဘူး။ ဦးတင်အေး ကိုယ်တိုင်တော့ ကြံ့ခိုင်ရေး ပါတီဝင် မဟုတ်တော့ဘူး ဆိုတာပဲ ပြောတယ်” ဟု ဦးသုဝေ က ဆိုသည်။
ဦးသုဝေသည် ၂၀၁၀ ရွေးကောက်ပွဲနေ့တွင် မဲအများဆုံး ရခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်တနေ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော ကြေညာချက်တွင် ကြံ့ခိုင်ရေးပါတီမှ ၀န်ကြီး ဦးအောင်ကြည်က ကြိုတင်မဲများဖြင့် အနိုင်ရခဲ့ကြောင်း ဖော်ပြထားသည်။
ဗိုလ်ချုပ်ဟောင်းများဖြစ်သော ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းများ ကြိုတင်မဲအများအပြား ရရှိပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့်  ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက်မည့် ပါတီများသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထားသည့်  ကြံ့ခိုင်ရေး အပြင် NLD နှင့်လည်း အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
“NLD ပါတီကလည်း လူကောင်းတွေပဲ။ ကျနော်တို့ပါတီကလည်းပဲ လူကောင်းတွေ ဆိုတော့ ပြည်သူတွေက ကြိုက်တဲ့သူရွေးမှာပါ။ ဒီမိုကရေစီ သဘောအရ နိုင်နိုင် မနိုင်နိုင် ပြိုင်ကြရမှာပေါ့” ဟု ဦးသုဝေက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ကြားဖြတ်  ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတလိမ့်မည်ဟု ယုံကြည်ထားပြီး  မဲဆွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း  ပါတီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင် က ပြောသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း၊ ကော့မှူး မဲဆန္ဒနယ်တွင် “ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD နိုင်ရမည်၊ နိုင်ရမည်” ဟူသော ကြွေးကြော်သံများဖြင့် စည်းရုံးရေး ဆင်းနေပြီး ဒေသခံပြည်သူများက မဲပေးရန် စိတ်အား ထက်သန်နေကြသည်ဟု ကော့မှူးမြို့နယ် NLD စည်းရုံးရေးမှူး ဦးအေးသိန်းက ဆိုသည်။
ကြံ့ခိုင်ရေးပါတီကလည်း ကော့မှူးတွင် မဲဆွယ်မှု စတင်နေပြီဟု ဒေသခံ တချို့က ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေရာ ၄၈ နေရာရှိရာ  ကြံ့ခိုင်ရေး နှင့် NLD တို့က  မဲဆန္ဒနယ် အားလုံး၌ ၀င်ပြိုင်ကြမည် ဖြစ်သည်။
အာဏာရှင်ခေတ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) က နေရာ ၂၀ သာ ၀င်ပြိုင်မည်ဟု ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ တတိယအများဆုံး အနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီ ဖြစ်သည့် ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရစ်တစ်ပါတီ (SNDP) က ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ် မျှတသည့် အခြေအနေများ ပေါ်ပေါက်လာမည်ဟု ယူဆထားပြီး မဲဆန္ဒနယ် ၃ နေရာတွင် ၀င်ပြိုင်မည်ဟု သိရသည်။
“NLD ရယ်၊ ကြံ့ခိုင်ရေးတို့နဲ့ ပြိုင်ရပေမယ့် ၃ နေရာ စလုံးက ကျနော်တို့ ပါတီကပဲ နိုင်မှာပါ၊ နိုင်မယ့်နေရာတွေပဲ ရွေးပြီးတော့ ၀င်ပြိုင်မယ်။ အမျိုးသားရေး မျိုးချစ်စိတ်ဓာတ်အရ နိုင်ကိုယ် နိုင်မှာပါ” ဟု ပါတီအတွင်းရေးမှူး ဦးစောသန်းမြင့်က ပြောသည်။
၂၀၁၀ တွင် ရွေးကောက်ပွဲမှုများ ရှိခဲ့သည့်တိုင် ကျားဖြူပါတီက အနိုင်ရခဲ့ကြောင်း၊ ယခုတကြိမ်တွင်လည်း မဲဆွယ်စည်းရုံးမှုများ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၍ အောင်မြင်မှုရရန် သေချာနေပြီ ဖြစ်ကြောင်း၊ ၂၀၁၀ အတွင်း ဖြစ်ပေါ်ခဲ့သည့် မဲမသာမှုများအား မိတ်ဆွေပါတီများနှင့် ပူးပေါင်းစာတမ်းပြုစု၍ ဥက္ကဋ္ဌ ဦးတင်အေးထံ တင်ပြထားပြီး ဖြစ်ကြောင်း ဦးစောသန်းမြင့်က ဆိုသည်။
နိုင်ငံရေးပါတီ အများအပြားက ရွေးကောက်ပွဲ ကော်မရှင်၏ အနေအထားကို လေ့လာနေသည်ဟု ဧရာဝတီကို ပြောသည်။
“ဦးတင်အေးက ကတိတွေ ပေးနေပေမယ့် ဟုတ်မဟုတ် စောင့်ကြည်ရဦးမှာပေါ့၊ ကော်မရှင် အဖွဲ့ဝင် အဆင့်ဆင့်တွေ အပြောင်းအလဲ မလုပ်သေးသမျှပေါ့” ဟု ဦးသုဝေ က ဆိုသည်။

လွတ်မြောက်လာတဲ့ သူတို့ရဲ့ အသံ
ဧရာဝတီ on January 14, 2012
မြောင်းမြထောင်မှ လွတ်မြောက်လာသော အရှင်ဂမ္ဘီရ၊ ကျောက်ဖြူထောင်မှ လွတ်မြောက်လာသော ရွှေသံစဉ် ဂီတမှူး ကိုဝင်းမော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုဇော်မင်းတို့ကို ဧရာဝတီသတင်းထောက် လင်းသန့်က သီးခြားစီ ဆက်သွယ် မေးမြန်းထားပါသည်။
အရှင် ဂမ္ဘီရ

၁၉၉၉ ခု ဇူလိုင်လတွင် ရိုက်ကူးထားသော အရှင် ဂမ္ဘီရ နှင့် မိသားစု။ (၀ဲမှယာ) အရှင် ဂမ္ဘီရ အစ်မ ၊ မယ်တော် ဒေါ်ရေး၊ အစ်ကို ကိုအောင်ကျော်ကျော် နှင့် အမည်မသိ သံဃာတော် တပါး၊ အရှင် ဂမ္ဘီရ(ယာစွန်)(ဓာတ်ပုံ - မိုးမခ)
အရှင် ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်(ပေါက်မြို့နယ် NLD ၏ တသီးပုဂ္ဂလ အမတ်လောင်း) နှင့်အတူ မန္တလေးတိုင်း၊ စဥ့်ကူမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။ အရှင်ဂမ္ဘီရသည် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အသင်းနှင့် ဆက်သွယ်မှုအပါအ၀င် ပုဒ်မ ၁၃ ခုတို့ဖြင့် ထောင်ဒဏ် ၆၈ နှစ်ကျခံနေရာမှ ထောင်ဒဏ် ၅ နှစ်လျှော့ချပေးခြင်းခံခဲ့ရသည်။
မေး ။    ။ ဦးဇင်း အခုလို လွတ်မြောက်လာတဲ့အပေါ်မှာ ဘယ်လိုခံစားရသလဲ။
ဦးဇင်း ။    ။ လွတ်မြောက်လာတဲ့ အတွက်တော့ ဘယ်လိုခံစားရလဲဆိုတော့ အလုပ်တွေဆက်လုပ်ရမယ်။ ဒါပဲရှိတာပေါ့။ တခြားမရှိပါဘူး။ သွားနည်းနည်း နာနေတယ်။ အဲဒီတခုက လွဲပြီးတော့ ကျန်တာ ကျန်းမာရေးကောင်းပါတယ်။
မေး ။    ။ ဒေါ်အောင်ဆန်းစုကြည် အခုလုပ်ဆောင်နေတဲ့ လမ်းကြောင်းပေါ်မှာရော ဦးဇင်းအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ထားပါသလဲ။
ဦးဇင်း ။    ။ ဦးဇင်းကို ထောင်ဝင်စာလာတွေ့တော့ မှာလိုက်တာပဲ၊ မကန့်ကွက်ဘူးလို့။ ဒါပေမယ့် မထောက်ခံဘူးလို့။ အဲဒါ အပြတ်ပြောထားတယ်။ အဲဒါ  ငါနဲ့ မဆိုင်ဘူးလေ။ ပါတီလုပ်ငန်းပဲ။ ပါတီလုပ်ငန်းအတွက် လုပ်တာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...