Thursday, December 1, 2011

Google ၏ အမှုဆောင်အရာရှိချုပ် Eric E. Schmidt နှင့် တွေ့ဆုံခြင်း

by Moenge Aung on Friday, December 2, 2011 at 1:41pm

ဂူဂဲလ် (Google) ဆိုသည်မှာ အမေရိကန်ရှိ ဆီလီကွန်တောင်ကြားမှ ကမ္ဘာကျော် အင်တာနက် ကုမ္ပဏီကြီး ဖြစ်သည်။ တစ်နည်းတင်စား ပြောရ လျှင် လူသားများ အလိုအပ်ဆုံး အင်တာနက်ဝန်ဆောင်မှုများကို လူသား အဆန်ဆုံး အလိုက်သိ ဖြည့်ဆည်းပေးနေသည့် ကုမ္ပဏီကြီးလည်း ဖြစ် သည်။ အချို့သော ၀န်ဆောင်မှုများသည် အင်တာနက်သုံးစွဲသူများ ကိုယ်တိုင် မတောင့်တဖူးသေးသော မတော့င်တရဲသေးသော ၀န်ဆောင်မှု များ ဖြစ်သည်။ ထိုဝန်ဆောင်မှုများကို ဂူဂဲလ်က ကြိုတင်ဖန်တီး ဖြည့်ဆည်း ပေးနေသေးသည်။ ထိုအသစ်များကလည်း လတိုင်းလိုလို သတင်းပတ် တိုင်းလိုလိုတွင် ထွက်ပေါ်နေသည်။ ထိုမျှ ဖန်တီးမှု အားကောင်းသော အဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ်ကို ကမ္ဘာကျော် မီဒီယာကြီး ဖြစ်သော Foreign Policy က စက်တင်ဘာလအတွင်း သွားရောက် တွေ့ဆုံမေးမြန်း ထားသည်များကို Knowledge Bridge စာဖတ် ပရိသတ်များအတွက် ဖော်ပြလိုက်ပါသည်။


အမေရိကန်မှာဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခြားတစ်နေရာရာမှာ နောက်ထပ် ဆီလီကွန် တောင်ကြားတစ်ခုဖြစ်လာ နိုင်ခြေရှိပါ သလား။ အဲဒါကနေ ဘာများထူးထူးခြားခြား ဖြစ်လာ နိုင်သလဲ။
တစ်ခုကတော့ ရာသီဥတု ၊ ခင်ဗျားကို ကျွန်တော် နောက်နေတယ်လို့ ထင်လား။ မဟုတ်ဘူး ရာသီဥတုက တကယ်ကို အရေးပါတယ်တဲ့ အချက် တစ်ခုပါ။
ဆီလီကွန်တောင်ကြားတွေအများကြီးဖြစ်လာနိုင်ပါတယ်။ ဆီလီကွန် တောင်ကြားစတုန်းကဆိုရင် အဲဒီမှာ သုတေသန အကြီးအကျယ်လုပ်နေတဲ့ တက္ကသိုလ်ကြီးတွေ ရှိတယ်။ တိုးတက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ ပတ်ဝန်း ကျင်ရှိတယ်။ ဖန်တီးခွင့်တွေပေးထားတဲ့ ပုံစံနဲ့နေထိုင်နိုင်ကြတယ်။ အဲလို အကြောင်းတွေ အများကြီးကြောင့် လူငယ်တွေအဲဒီနေရာမှာ နေအောင် ဆွဲဆောင် ထားနိုင်ခဲ့တယ်။ လူငယ်တွေဆိုတာ စိတ်ကူးသစ်တွေ အင်မတန် များတဲ့ သူတွေမဟုတ်လား။ သူတို့တွေနေပြီဆိုမှတော့ ခင်ဗျားမှာ တိုးတက်အောင်လုပ်ဖို့အတွက် အရင်းအမြစ်တွေရပြီပေါ့။
စိတ်ဝင်စားဖို့ ကောင်းတာက ဆယ်နှစ်တစ်ကြိမ်လောက်တိုင်း ဆယ်လီကွန် တောင်ကြားနဲ့ပတ်သက်တဲ့ ဆောင်းပါးမျိုး တစ်ယောက် ယောက်က ရေးတတ်ကြတယ်။ ဆီလီကွန်တောင်ကြားက နော
က်ဆုံး အသစ်ပေါ်တဲ့ လှိုင်းတွေအပေါ် ဘယ်လို တာဝန်ရှိတယ် ဆိုတာမျိုးပေါ့။ ဘယ်လိုလှိုင်းမျိုး မစီးလိုက်နိုင်ဘူးဆိုတာမျိုးတွေ ပါတယ်။ ဟုတ်ပါတယ်။ ဆီလီကွန်တောင်ကြားက တခြား နေရာတွေထက်စာရင် ရှေ့ကို နည်းပညာ လှိုင်းလေးငါးလှိုင်းလောက် ကြိုစီးထားပြီး ဖြစ်နေတာပါ။ ဒီတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ အရင်းအမြစ်တွေ ပြည့်စုံပြီး ခုနကလို ပတ်ဝန်းကျင် တွေရှိနေရင် ခင်ဗျားကိုယ်ပိုင် ဆီလီကွန်တောင်ကြားတစ်ခု ခင်ဗျားမှာ ရလာ လိမ့်မယ်။

တကယ်လို့ ဂူဂဲလ်သာ ဆယ်လီကွန်တောင်ကြားမှာ မဟုတ်ဘဲ တစ်ခြား တစ်နေရာမှာ ရှိတယ်ဆိုပါစို့။ ဘယ်လိုနေရာမှာ ဂူဂဲလ်ရှိ နေလိမ့်မယ်လို့ခင်ဗျားထင်သလဲ။
ဒါကဖြေဖို့ ခက်တဲ့မေးခွန်းပဲ။ တစ်ချို့ကတော့ ကိန်းဘရစ်တို့ အင်္ဂလန်တို့ ပြောလိမ့်မယ်။ အင်္ဂလန်မှာဆိုလည်း ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။ အဲဒီမှာ စလုပ်ဖို့ ဖြစ်နိုင်တာတွေ ရှိတယ်။ နောက်ထပ် အဲလို တစ်နေရာက နယူးယောက်ဆိုရင်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီမှာ က ရာသီဥတုကတော့ သိပ်မကောင်းဘူး။ ဒါပေမဲ့ အဲဒီမှာ လူငယ်တွေ နေချင်တဲ့ ရေခံမြေခံတော့ရှိတယ်။ ပြီးတော့ အဲဒီမှာ လူတော်တွေ အများ ကြီးရှိနေတာနဲ့ ကမ္ဘာကြီးနဲ့ ကောင်းကောင်းဝင်ဆံ့တဲ့ အခြေအနေမျိုး ရှိဖို့တော့လိုတယ်။ မဖြစ်နိုင်တဲ့နေရာမျိုးကတော့ ဆီလီကွန်ဗယ်လီဖြစ်ချင် တဲ့ နေရာမျိုးကိုယ်နှိုက်က မတိုးတက်သေးဘဲနဲ့ ရေခံမြေခံတွေရှိ မထား သေးတဲ့ နေရာမျိုးပေါ့။

ရှန်ဟိုင်းတို့ ဘေဂျင်းတို့မှာရော ဖြစ်နိုင်ခြေရှိပါသလား။
ရှန်ဟိုင်းက ဖြစ်နိုင်ခြေ ရှိပါတယ်။ တကယ်တမ်းက တရုတ်ရဲ့ အကောင်းဆုံး တက္ကသိုလ်ကြီးတွေက ဘေဂျင်းမှာရှိနေတာပါ။ အိန္ဒိယက ဘန်လောဆိုရင် သူ့နိုင်ငံရဲ့နည်းပညာ ဗဟိုချက်ကြီး အဖြစ်ပေါ်ထွက်လာ ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဖြစ်နိုင်ခြေရှိတဲ့ ရေခံမြေခံလည်း ကောင်းတယ်။ ရာသီဥတု ကောင်းတယ်။ ခိုင်မာအားကောင်းတဲ့ တက္ကသိုလ်စနစ်တွေ ရှိတယ်။ အစိုးရရဲ့အထောက်အပံ့လည်း ကောင်းကောင်းရလိုက်တယ်။ ဒီတော့ ဒီလိုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ သူ့အစိတ်အပိုင်းနဲ့သူ အထောက်အပံ့ တွေ အဘက်ဘက်က လိုအပ်ပါတယ်။
ကမ္ဘာကြီးမှာ နည်းပညာကြောင့် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်နေလဲ။
ကျွန်တော်ကြီးပြင်းလာတုန်းကဆိုရင် မီဒီယာတွေကို အထက် တန်းစား ပညာတတ်ကြေးရတတ်အလွှာက လူတွေကပဲ ချုပ်ကိုင်ထား ကြတာ။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ လူအများစုကြီးက ငွေရော ပညာတတ် မြောက်မှုပိုင်းမှာရော တော်တော်လေးကို နောက်ကျဆင်းရဲနေခဲ့ကြရတာ။ ဒါပေမဲ့ ဒစ်ဂျစ်တယ် တော်လှန်ရေး၊ မိုဘိုင်းဖုန်းတော်လှန်ရေး စတာတွေ ပေါ်လာပြီးတော့ တော်တော်လေး ၀မ်းသာစရာကောင်းလာပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ အကြမ်းအားဖြင့် ဆင်းရဲချမ်းသာကွာဟ ပေမယ့် တော်ရုံတန်ရုံ အခွင့်အရေးတွေကို အညီအမျှရအောင် လုပ်လာနိုင် ကြတယ်။ ဆင်းရဲလို့ဆိုပြီး တစ်ချို့ကိစ္စတွေ မလုပ်နိုင်တာကနေ လုပ်နိုင် လာကြတယ်။ အချင်းချင်း ဆက်သွယ်ရေးလုပ်နိုင်တဲ့ အခွင့်အရေးရလာ တာမျိုးပေါ့။
သတင်းအချက်အလက်တစ်ခု မသိ တာတစ်ခုကို သိသွားတာမျိုးက လူတစ်ဦးချင်းတိုင်းကို စွမ်းရည်ထက်မြက်လာအောင် လုပ်ပေးနိုင်စွမ်း ရှိတယ်။ အဲဒါက အင်မတန်ကို ကြီးမားပြီး အားလုံးလည်း ခြုံငုံအကျိုးရှိတဲ့ ရလာဒ်ကောင်းတွေကို လူ့အသိုင်းအ၀ိုင်းမှာ ဖြစ်စေခဲ့တယ်။ စဉ်းစားကြည့် ရအောင်။ ကျောင်းသားတစ်ယောက်က ကျောင်းတက်နေတယ်။ ဒါပေမယ့် ဘဏ္ဍာရေးနဲ့ ပတ်သက်တာတို့ နည်းပညာနဲ့ ပတ်သက်တာတို့ စတဲ့ ဖတ်စာအုပ်တွေ သူအကြောင်းအမျိုးမျိုးကြောင့် မရပေမယ့် ဒါမျိုးကို အခု အင် တာနက်ကနေ ရတယ်။ ဒါမှမဟုတ် ဆေးပညာလောကပဲ ဆိုပါစို့။ ဒါမျိုး တွေက ကဏ္ဍတိုင်းမှာ သူ့ဟာနဲ့သူ ရှိနေမှာပဲ။

အရင်တုန်းက မတိုးတက်ခဲ့တဲ့ အခြေအနေမှာ နေထိုင်ခဲ့ကြ လူသန်း နှစ်ထောင်လောက်ဟာ ကမ္ဘာဆန်လာတာကြောင့် လူလတ်တန်းစား ဘ၀ တွေကနေ ဒီထက်ပိုမြင့်တဲ့ဘ၀တွေကို ရကြမယ်။ အဲဒီရလဒ်ကြောင့်
သူတို့ဟာ အဆင့်မြင့်တဲ့ ပညာတွေကို ပိုသင်ကြားလာနိုင်ကြမယ်။ အခွင့် အရေးတွေ ပိုရလာမယ်။ ဒီအတွက် သူတို့ဘာသာ သူတို့အဆင်ပြေနေတဲ့ အတွက် သူတစ်ပါးကို တိုက်ခိုက်ထိပါးပြီးမှ ဘ၀ကောင်းစားအောင် လုပ်ဖို့ မလိုတော့ဘူး။ သူတို့ဟာသူတို့ သူတို့ဘ၀တွေကို တိုးတက်သထက် တိုးတက်အောင် လုပ်ချင်ရင် လုပ်ချင်သလောက် ရသွားပြီ။ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နေလိမ့်မယ်။ သူတို့လိုချင်တဲ့ ကားမျိုးဝယ်နိုင်ဖို့ ကြိုးစားနေလိမ့်မယ်။

သတင်းအချက်အလက် အလွန်အကျွံရနေတာမျိုးကြောင့် ဘာများမကောင်းတာတွေ ဖြစ်လာနိုင်လဲ။
စာတွေ နက်နက်နဲနဲ ဖတ်လွန်းတာကနေ ဘာများဖြစ်လာမလဲလို့ ကျွန်တော်လည်း စိတ်ပူပါတယ်။ တစ်ခြားတစ်မျိုး ပြောရရင်တော့ လေယာဉ်ပေါ် ရောက်နေလို့ အင်တာနက်သုံးလို့ မရတဲ့အခါမျိုးမှာ စာတွေ ဖြည်းဖြည်း အေးအေးဆေးဆေးဖတ်ရတယ်။ ကောင်းပါတယ်။ နို့မို့ဆို တစ်ချိန်လုံး အင်တာနက်ကနေ အချင်းချင်း စကားတွေပြောနေရ၊ သတင်း တွေ တစ်ခုပြီးတစ်ခုရနေလွန်းလို့ လူကတစ်ခုပြီးတစ်ခုအတွက် အမြဲတမ်း တပ်လှန့်ခံနေရာလေ။

ဒါဆိုအခုခင်ဗျား ဘာများဖတ်နေပါလိမ့်။
Steve Coll ရေးတဲ့ Ghost Wars ပါ။

ကမ္ဘာပေါ်မှာ ခင်ဗျားသွားချင်ပေမယ့် မရောက်ဖူးသေးတဲ့ နေရာက ဘာလဲ။
အစ္စရေး။

ကောင်းမွန်တဲ့ စွန့်စားမှုဆိုတာ ဘယ်လိုအရာမျိုးလဲ။
စွန့်စားမှုစရာ ကြုံလာတဲ့အခါ အားလုံးကို ခင်ဗျား ကိုင်တွယ်ဖြေရှင်း အဆုံးသတ်ပစ်နိုင်လိုက်မယ် ဆိုတာမျိုးတော့ မရှိဘူးပေါ့။ ဒါပေမဲ့ ဆုံရှုံးမှု တွေကနေ ကိုယ်ကိုယ်ကိုယ် ဆိုးဆိုးရွားရွား ဖြစ်မသွားအောင်တော့ သေချာ လုပ်တတ်ရမယ်။ နောက်တစ်မျိုး ပြောရရင်တော့ အစပိုင်းမှာတင် အရှုံးခံ လိုက်။ ခင်ဗျား ဒေါ်လာသန်း နှစ်ဆယ်လောက်နဲ့ လူတွေအများကြီး လောက် ရင်းနှီးပြီးမှ ဆုံးရှုံးရမယ့်အဖြစ်မျိုးအစား ခပ်သေးသေးအဖွဲ့ လောက်နဲ့လုပ်ကြည့်ရင်း အရှုံးပေါ်သွားတာမျိုးကို လုပ်ကြည့်တတ်တာ မျိုးပေါ့။ လူဆယ်ယောက်လောက်နဲ့ မအောင်မြင်တာမျိုး ဖြစ်ရင်သူတို့ရဲ့ အချိန်တွေနဲ့ ဒေါ်လာ တစ်သန်းနှစ်သန်းလောက် ဆုံးသွားတယ်ဆိုတာမျိုး က ဒါမျိုးမလုပ်ခဲ့မိလို့ အာကာသယာဉ် ပျက်ကျသွားလို့ ဒေါ်လာ သန်း ထောင်သောင်းချီပြီး အကြီးအကျယ် ရှုံးတယ်ဆိုတာမျိုး ထက်သာတာပေါ့။

အသစ်တီထွင်မှုတွေဆိုတာ ဘယ်လို ပေါ်ပေါက်လာတတ် တာလဲ။
အသစ်တစ်ခုခုကို တကယ်ထိုးထွင်း သိမြင်လာတယ်ဆိုတာမျိုးက ပုံမှန် အစီအစဉ်အတိုင်းလေးနဲ့ သွားနေတာမျိုးတွေကနေ ထွက်လာတတ် တာမဟုတ်ဘူး။ အဲဒါမျိုးတွေက စိတ်ကူးတွေကို စုစည်း၊ အဲဒါတွေကို တွေးခေါ် ပြီးမှ အဲဒါတွေ အားလုံးကနေ ရုတ်တရက် ထွက်လာတတ်တာ မျိုး။ ဖန်တီးမှု အသစ်ဆိုတာမျိုးက စနေမနက်ပိုင်း ဘာမှသိပ်လုပ်ဖို့ မမျှော် လင့်ထားတတ်တဲ့ အချိန်မျိုးမှာ ပေါ်လာ တတ်တာမျိုးလေ။

 Eric E. Schmidt ၏ ကိုယ်ရေးအကျဉ်း


Eric Emerson Schmidt ကို ၁၉၅၅ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် မွေးဖွား သည်။ သူသည် ဂူဂဲလ်၏ အင်ဂျင် နီယာ၊ ဥက္ကဌနှင့် အမှုဆောင်အရာရှိ ချုပ်ဖြစ်သည်။ နာမည်ကျော် အက် ပဲလ်ကုမ္ပဏီကြီး၏ ဒါရိုက်တာအဖွဲ့ ၀င် ဖြစ်ခဲ့ ဖူးသည်။ Carnegie Mellon တက္ကသိုလ်နှင့် Princeton တက္ကသိုလ်တို့၏ အတိုင်ပင်ခံ အကြီး အကဲလည်း ဖြစ်သည်။ Standford Business School ၌လည်း အချိန် ပိုင်း ပါမောက္ခအဖြစ် သင်ကြားနေ သည်။ ပရင်စတန်နှင့် ဘာကလေ တို့တွင် အင်ဂျင်နီယာ ပညာရပ်ကို ပါရဂူဘွဲရသည်အထိ ပညာ ဆည်းပူးခဲ့သည်။ ဇနီးဖြစ်သူ ၀င်ဒီနှင့်အတူ ကယ်လီဖိုးနီးယား၌ နေထိုင်နေပြီး ပိုင်ဆိုင်မှုအရပ်ရပ်မှာ အမေရိကန် ဒေါ်လာသန်း သုံးထောင်ကျော်ရှိသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...