Sunday, December 25, 2011

Eleven ကသန်းထွဋ်အောင်အတွက် BOT ကကြီးခခွေး

by Kyaw Aye on Sunday, December 25, 2011 at 6:05pm


by Pyi Chit Thar on Sunday, December 25, 2011 at 7:24pm
Fwd: [MM Daily Mail:2826]မှ ကူးယူဖော်ပြသည်။

BOT ဆိုတာနဲ့ ငွေကောက်မယ်ထင်နေတဲ့ Eleven ကသန်းထွဋ်အောင်အတွက် BOT ကကြီးခခွေး 

ဒီနေ့ Eleven Media ရဲ့ အွန်လိုင်း စာမျက်နှာမှာ ရန်ကုန်က ခုံးကျော်တံတားတွေကို BOT စနစ်နဲ့ ဆောက်မယ့်သတင်းတွေကို သက်ဆိုင်ရာဝန်ကြီးတွေရဲ့ ပြောကြားချက်အရ သတင်းတွေမှာ ထည့်လိုက်ကြောင်း ဒါကြောင့် Eleven ရဲ့ မဟာပညာရှိ သန်းထွဋ်အောင်က BOT ဆိုတာကြားတာနဲ့ တံတားဖြတ်သန်းခ ကောက်တော့မှာပဲ ဆိုပြီး သူ့ဂျာနယ်မှာ တံတားတွေဆောက်ပြီးငွေကောက်တော့မယ်ဆိုတဲ့ သတင်းရေးလိုက်တာ ခုဝန်ကြီးတွေက သတင်းစာရှင်းလင်းပွဲမှာ ငွေကောက်မယ်ဆိုတာ မမှန်ပါဘူးလို့ပြောလိုက်တော့ မခံမရပ်နိုင်ဖြစ်ပြီး BOT ဆိုတာ ( Build - Operation - Transfer ) ဖြစ်ကြောင်း ဆောက်တဲ့သူက ငွေကောက်မှာဖြစ်ကြောင်း ၀န်ကြီးတွေဟာ ရှေ့နောက်အပြောမညီဘူးဆိုပြီး ရေးလာပါတယ် ။



တကယ်တော့ သန်းထွဋ်အောင်ဟာ သူကိုယ်တိုင် BOT ဆိုတာကိုနားလည်ပုံမရပါဘူး ၊ အဝေးပြေးလမ်းတွေမှာ BOT စနစ်နဲ့ လမ်းဖေါက်တဲ့ကုမ္မဏီတွေဟာ လမ်းအသုံးပြုခကောက်တယ် ၊ ဒီမှာလဲ BOT နဲ့ဆောက်ရင် ငွေကောက်တော့မှာပဲဆိုပြီး ထင်တစ်လုံးနဲ့ ရေးလိုက်တာဖြစ်ပါတယ် ။ BOT ဆိုတာနဲ့ ငွေကောက်မယ်လို့ တရားသေမှတ်ထားလို့မရပါဘူး ။
နိုင်ငံတကာမှာလဲ BOT စနစ်နဲ့ပဲဆောက်ပါတယ် ။


BOT တစ်ခုလုပ်တော့မယ်ဆိုရင် မလုပ်ခင်မှာနှစ်ဘက်ညှိနှိုင်းတဲ့ Engagement အဆင့်ဟာအရေးကြီးပါတယ် ၊ ဒီအဆင့်မှာ နှစ်ဘက်ဟာ Process mapping တွေ လုပ်ရပါတယ်  Forecasting လို့ခေါ်တဲ့ ဖြစ်နိုင်ခြေကြိုတင်ခန့်မှန်းမှုတွေ လုပ်ရပါတယ် ၊ infrastructure requirements တွေတွက်ချက်သဘောတူရပါတယ် ၊ ပြီးမှ Service Level agreement ( SLA ) တွေ Non-disclosure agreement (NDA) တွေလုပ်ရပါတယ် ပြီးမှ ဒါတွေပေါ်မူတည်ပြီး ပိုင်ရှင်လွှဲပြောင်းမှုသဘောတူညီချက် Contractual  framework for Transfer ownership  လုပ်ရပါတယ် ဒီပေါ်မှာမူတည်ပြီး ငွေကောက်တာမကောက်တာ တွေပေါ်လာတာပါ ၊ ဒါအများနားလည်လွယ်အောင် တင်ပြတာပါ BOT process တွေဟာ လုပ်ငန်းသဘာဝ၊ ငွေကြေးခိုင်မာမှု ၊ အာမခံနိုင်မှု စတဲ့ အခြေအနေတွေ ပေါ်မှာမူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါသေးတယ် ။ BOT စနစ်ရဲ့ ကျယ်ပြန့်တဲ့သဘောကို ပညာရှင်တွေအားလုံးသိပါတယ် ။ ဒီမှာက BOT ဆိုရင်ငွေကောက်မယ်ဆိုပြီး တရားသေမှတ်ထားတဲ့ မဟာပညာရှိက သတင်းတွေမှာထင်တစ်လုံးနဲ့လျှောက်ရေးနေလို့ နားလည်မှုမလွဲယုံတင်ပြတာပါ ။


ဒီနေရာမှာ မေးစရာဖြစ်လာတာက BOT ရဲ့ရှေ့ဆုံး B ကတော့ Build တည်ဆောက်တာ  ဟုတ်ပါပြီ အလယ်က O က Operation ကဘာလဲ ၊ ဆောက်ပြီးတာနဲ့ငွေမကောက်တော့ဘူးဆိုရင် တန်းပြီး Transfer လွှဲလိုက်ရင်မရဘူးလား လို့ မေးစရာရှိလာတယ် ၊ ဒီနေရာမှာ မြန်မာပြည်မှာတော့ ဘယ်လိုတံတားဆောက်မယ်မသိပါဘူး ၊ အဆင့်မြင့်တဲ့ တံတားတွေမှာတော့ ဒီတံတားရဲ့ Traffic control systems တွေ maintenance လုပ်ဘို့ အတွက် တံတားရဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာအချက်အလက်တွေ ကို လက်ခံမယ့်အဖွဲ့ ကလူတွေကို ဒီမှာဆိုရင် ၇န်ကုန်စည်ပင် လမ်းတံတားဌာနတို့ အင်ဂျင်နီယာဌာနတို့က ၀န်ထမ်းတွေ ကို လေ့ကျင့်ပေးရပါတယ် ပြီးမှ တံတားကြီးကို Trial Run လုပ်ရပါတယ် စမ်းသပ်မောင်နှင်တဲ့အဆင့်ပေါ့ဗျာ ၊ အန္တရာယ်ကင်းရှင်းမှုစံတွေ ကိုက်ပြီဆိုတော့မှ Go Live လုပ်ပါတယ်  ဒီအဆင့်တွေဟာ BOT ထဲက O ဆိုတဲ့အဆင့်ပါ ။ O ဆိုတာ သန်းထွဋ်အောင်ပြောသလိုငွေကောက်တဲ့အဆင့်မဟုတ်ပါဘူး ။


နောက်တစ်ခုက အဲဒီသတင်းမှာပဲ သန်းထွဋ်အောင်က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲနှစ်ခုကို သူတို့ Eleven မီဒီယာကိုမဖိတ်လို့ -
''ဒီလို သတင်းစာရှင်းလင်းပွဲတွေ မဖိတ်တာမျိုးကအစ ကျွန်တော်တို့အပေါ် မမြင်နိုင်တဲ့ ဖိအားတွေပေးတာ မသင့်တော်ဘူးလို့ပဲ ကျွန်တော်တို့ မြင်တယ်။ လူကျွံဘောဖမ်းကစားတာကို မကြိုက်ဘူး''ဟု Eleven Media Group  ရဲ့ မဟာ CEO  သန်းထွဋ်အောင်ကပြောပါသေးတယ် ။


ဒီနေရာမှာပထမဆုံးပြောချင်တာက ဒီမိုကရေစီရဲ့သဘောပါ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အဖွဲ့အစည်းက သူဖိတ်ချင်တဲ့ သူပဲရွေးဖိတ်ဘို့ သူ့မှာအခွင့်အရေးရှိပါတယ် ။ အဖိတ်ခံချင်ရင် အဖိတ်ခံရအောင်နေဘို့ လိုပါတယ် ၊ အဖိတ်ခံရတဲ့ အဆင့်ရှိဘို့လိုပါတယ် ။ဒါကတစ်ချက်ပါ ။


နောက်တစ်ချက်က လူကျွံဘောဖမ်းကစားတာမကြိုက်ဘူးဆိုတဲ့စကားပါ အားကစားဂျာနယ်တွေထုတ်နေတဲ့ Eleven ကဘောလုံးကစားနည်းရဲ့ လူကျွံဘောဆိုတဲ့ အခြေခံ Game rules လေးကိုတောင် နားလည်ပုံမရပါဘူး ။ လူကျွံဘောဆိုတာ တစ်ဘက်အသင်းက လူကျွံဘောဖမ်းကစားတာမကစားတာနဲ့ မဆိုင်ပါဘူး ကျွံတဲ့လူနဲ့ပဲဆိုင်ပါတယ် ။ ကျွံတဲ့သူကိုပဲ ဒိုင်လူကြီးက တားတာဖြစ်ပါတယ် ၊ ခဏခဏ လူကျွံတဲ့ကစားသမားကို ပရိတ်သတ်ကလည်းမကြိုက်ပါဘူး နောက်ပြီး အသင်းမန်နေဂျာကလည်း ခဏခဏ လူကျွံတဲ့ကစားသမားကို သူ့အသင်းမှာ ထည့်ကစားမှာမဟုတ်ပါဘူး ။ ဘေးထွက်မနေချင်ရင် ကိုယ်တိုင် လူမကျွံအောင်နေဘို့ပဲရှိပါတယ် ။

ဒေါက်တာဆိတ်ဖွား

  1 comment:

  1. မောင်ရင်တို့တွေ ကထစ်ကနဲ ဆိုကောက်မယ် ဆိုတာဘဲ.ဟုတ်ပြီ ဒီမိုကရေစီ နည်း ကျကျဆို လက်သိပ်ထိုး ဆောက်ခိုင်းတာလားကွ.ဟေ.. ဈေးဆောက်တာ မဟုတ်ဘူးနော်.. စဉ်းစားအုံး..

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...