Friday, December 23, 2011

လူဈေး

                         

ဆန်ဈေး၊ ဆီဈေး၊ ကြက်သွန်ဈေး၊ အာလူးဈေး

ကြက်ဥဈေး၊ ဘဲဥဈေး၊ အသားဈေး၊ ငါးဈေး၊ ကန်စွန်းရွက်ဈေး

ဝမ်းတစ်ထွာ ပြည့်ဖို့အရေး….. မီးဖိုချောင်ဈေး



မိတ်ကပ်ဗူးဈေး၊ နှုတ်ခမ်းနီဗူးဈေး၊ လက်သည်းနီပုလင်းဈေး

လိုးရှင်းဗူးဈေး၊ ရေမွှေးပုလင်းဈေး၊ ခံတွင်းသန့်ဆေးဗူးဈေး

လူတစ်ကိုယ်စာ လှဖို့အရေး….. အလှပြင်ဈေး



နာရီဈေး၊ တီဗွီဈေး၊ ဂိမ်းစက်ဈေး၊ အဝတ်လျော်စက်ဈေး

ထမင်းပေါင်းအိုးဈေး၊ မီးပူဈေး၊ ကွန်ပျူတာဈေး၊ အဲယားကွန်းဈေး

လက်ကိုင်ဖုန်းဈေး၊ စက်ဆီဈေး၊ ဆိုင်ကယ်ဈေး၊ ကားဈေး

လူတောထဲအဆင့်မြင့်မြင့် နေနိုင်ဖို့အရေး….. ဇိမ်ခံပစ္စည်းဈေး



လက်စွပ်ဈေး၊ ဆွဲကြိုးဈေး၊ နားကပ်ဈေး၊ လက်ကောက်ဈေး

စိန်ဈေး၊ ပလတ်တီနမ်ဈေး၊ ရွှေဈေး၊ ငွေဈေး

လူအထင်ကြီးဖို့အရေး….. ကျောက်မျက်ရတနာဈေး



အိမ်သုံးဆေးဝါးဈေး…..မီတာခဈေး

ကျောင်းသုံးပစ္စည်းဈေး….. ကာခဈေး…..ကျူရှင်ခဈေး… မီရထားခဈေး…..ဈေး….ဈေး…ဈေး…ဈေး…

ဈေးတွေက ပြိုင်ကားထက်မြန်၊ ဂျက်လေယာဉ်ပျံထက်မြန်၊

အသံထက်မြန်၊ အလင်းအလျင်ထက်မြန်၊

တိမ်ပေါ်တက်... ကောင်းကင်ပေါ်တက်... အာကာသပေါ်တက်…ဂြိုဟ်တွေပေါ်တက်

တချို့က သိသိသာသာ၊ အချို့က ထင်စရာတောင်မရှိ

တချို့က ကျောင်းသူလို

တချို့က ကုမ္ပဏီစာရေးမလို

တချို့က ဝန်ထမ်းလို



ခင်မင်သူအချင်းချင်း ဆက်သွယ်

ကြားခံနဲ့ဆက်သွယ်

တာဝန်ရှိသူများနဲ့ဆက်သွယ်

အာဏာပိုင်များနဲ့ဆက်သွယ်

ဈေးနေရာ အတည်တကျမရှိ…အခွန်မရှိ… လိုင်စင်မရှိ

ခေါင်းပုံဖြတ်တာပဲရှိ….. ကိစ္စမရှိ။



မျက်ရည်ကိုရင်း... နှလုံးသွေးကိုရင်… ခန္ဓာကိုယ်ကိုရင်း….. ဘဝကိုရင်း

တချို့က… အစာအိမ် အမောမဖောက်ဖို့

တချို့က….မာရသွန် ဘဝခရီးလမ်းမှာ ခြေမကျဖို့

တချို့က…..ဘီလူးမျက်နှာတွေ ရင်မဆိုင်ချင်ကြလို့

တချို့က….. စိတ်ကူးအလှတွေ တကယ်ဖြစ်မလားလို့

တချို့က.... ဂယောင်ဂတန်းနဲ့ မျက်စိမှိတ်ပြီး လျှောက်ကြလို့



တကယ်က….. ဈေးတကာဈေးကို အမီလိုက်ဖို့

နိုင်ငံခြားမှာ မဟုတ်

နယ်စပ်မှာ မဟုတ်

မြို့ကြီးမှာ မဟုတ်

နယ်ဒေသလေးမှာတောင် မဟုတ်….မဟုတ်….. မဟုတ်



သန့်စင်အောင်(ရန်ကင်း)

၁၉.၁၂.၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...