Sunday, December 11, 2011

အရှိန်ရလာပြီ ဖြစ်တဲ့ သူတို့ခေါ်တဲ့ "အဖြုရောင်တော်လှန်ရေး"

by ကိုကို သစ္စာ on Sunday, December 11, 2011 at 11:44pm
 
အဖြူရောင်နှင်းထုကြားက အဖြူရောင်တော်လှန်ရေး

  ရုရှားနိုင်ငံ ရဲ့ကရင်မလင်ရင်မှာ လူငါးသောင်းပါတ်ဝန်းကျင်နဲ့ မြို့ပေါင်း ၅၀ မှာပါ။ ပူတင်အစိုးရဆန့်ကျင်ရေးကို နှင်းထုကြားမှာဆင်နွဲရတဲ့ အတွက် အဖြူရောင်တော်လှန်ရေးလို့ မှဲ့တွင်တိုက်ပွဲ ၀င်နေချိန်မှာ ပူတင်ကလည်း ပြည်သူအများဟာသူကိုထောက်ခံနေဆဲဖြစ်ကြောင်း အရှက်နည်းစွာ အာဏာရှင်ထုံးနှလုံးမှုပြီး အုံကြွမှု့ကို နိမ်နှင်းနေပါတယ်။ တဖက်ကလည်းနိမ်နင်းလေ ပိုကြွလာလေနဲ့ အဖွဲ့ပေါင်းစုံဖြစ်လာနေပါပြီ။



 
မော်စကိုမြို့သူမြို့သားများရဲ့ ဆန္ဒပြမှု - AP

ရုရှတွေ လမ်းပေါ်ထွက်ပြီ


အရင်တပတ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ် ဆိုပြီး ၀န်ကြီးချုပ် ဗလာဒီမီယာ ပူတင်ကို ရုရှမှာ ထောင်သောင်းချီတဲ့ ပြည်သူတွေက “သူခိုးကြီး ပူတင်” “ပူတင်ကို ရုရှမှာ အလိုမရှိ” ဆိုပြီး မနေ့က ဆန္ဒပြကြပါတယ်။

လာမယ့် ၂၄ ရက်နေ့မှာ ဒီထက်များတဲ့ လူအုပ်ကြီးနဲ့ ဆန္ဒထပ်ပြအုံးမယ်လို့ အတိုက်အခံခေါင်းဆောင်တွေက ပြောနေကြပါတယ်။

ဆန္ဒပြပွဲထဲ ပါဝင်လာသူတွေကတော့ အရောင်စုံပါပဲ။ အမျိုးသားရေးဝါဒီတွေ၊ အနောက်နိုင်ငံတွေဘက် ယိမ်းသူတွေ၊ ကွန်မြူနစ်တွေ အစုံပါဝင်ပါတယ်။ အယူအဆ မတူကြပေမယ့် ပူတင်ကို စိတ်ကုန်နေပုံတော့ တူနေကြပါတယ်။




ဆန္ဒပြပွဲကို မြို့အတော်များများမှာ ချိန်ကိုက်ပြုလုပ်တာဖြစ်ပြီး မြို့တော် မော်စကိုဆန္ဒပြပွဲက အကြီးဆုံးပဲလို့ ရုရှက လာတဲ့ သတင်းများက ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ် လို့ ပြည်သူအများအပြား ယူဆကြသလို လေ့လာစောင့်ကြည့်အကဲခတ်သူတွေကလည်း ယူဆကြပါတယ်။


 
ကရင်မလင်နန်းတော်ကို ကာကွယ် ထားတဲ့ လုံထိန်းကားများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...