Monday, December 26, 2011

ညစ်ညမ်းလေထုနှင့် ဆီးချိုသွေးချို အန္တရာယ်

by Moenge Aung on Monday, December 26, 2011 at 4:00pm
 
The Mandalay Times
မော်တော်ယဉ်များမှ ထုတ်လွှတ်သည့် လေထုညစ်ညမ်းမှု ပမာဏ မြင့်မားစေသော နိုက်ထရိုဂျင်အောက်ဆိုဒ်ကဲ့သို့ ဓာတ်ငွေ့များသည် လူတို့၏ ဇီဝတွင်း ဖြစ်ပျက်မှု အပေါ် ထိခိုက်စေနိုင်ပြီး သွေးချိုဆီးချို ဖြစ်ပေါ်မှု အန္တရာယ် တိုးမြင့်စေသည်ဟု ဆိုသည်။  ယာဉ်သွားယာဉ်လာ များပြား ထူထပ်ပြီး နိုက်ထရိုဂျင်ပါအောက်ဆိုဒ် ပမာဏ များပြားသည့် နေရာများတွင် နေထိုင်သော ဒတ်ခ်ျလူမျိုး ငါးသောင်း နှစ်ထောင်နီးပါးက လေ့လာ စူးစမ်းခဲ့ရာ သွေးချိုဆီးချို ဖြစ်ပေါ်မှု ၄ ရာနှုန်းကျော် ရှိကြသည်ဟု ဆိုသည်။
အဆိုပါ လေ့လာမှု စတင်ချိန်၌မူ အသက် ၅၀ နှင့် ၆၅ ကြား ရှိသူများ၏ ၅.၅ ရာနှုန်းနီးပါး၌ သွေးချိုဆီးချိုရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးလိပ် မသောက်သူများတွင် ညစ်ညမ်းလေထု၏ အကျိုးဆက်ကြောင့် သွေးချိုဆီးချို ဖြစ်နိုင်သည့် သံသယ ပိုများကြောင်း တွေ့ရပြီး ထပ်ဆင့် ဓာတ်ခွဲ စစ်ဆေးချက်များ ပြုလုပ်ရန် လိုအပ်သည်ဟု ဒတ်ခ်ျကင်ဆာ အဖွဲ့အစည်းမှ ဇိုရာနာဂျေအန်ဒါစန်နှင့် အဖွဲ့မှလည်း ဆိုထားသည်။
ယခင် ဆိုခဲ့ကြသည့် ကိုယ်အလေးချိန် ပိုခြင်း၊ အသက်ကြီးပိုင်း ဖြစ်ခြင်း၊ အမျိုးသား ဖြစ်ခြင်း၊ ဆေးလိပ်သောက်သူ ဖြစ်ခြင်း စသည့် ဆီးချို ဖြစ်စေနိုင်သော အန္တရာယ်များ အပြင် ညစ်ညမ်းလေထုသည်လည်း ဆီးချိုအန္တရာယ်တစ်ခု ဖြစ်လာသည်ဟု သုတေသီတို့က အကြံပြု ပြောဆိုထားသည်။ သို့ရာတွင် အဆိုပါ ပြောဆိုချက်အား သက်သေသာဓက မပြနိုင်သေးကြောင်း အကြောင်းမှာ ဆင်းရဲခြင်းနှင့် ဖိစီးဒဏ်ခံရခြင်းကဲ့သို့ အခြား အကြောင်းအချက်များကြောင့်လည်း ဆီးချိုအန္တရာယ် ဖြစ်နိုင်သည်ကို လေ့လာချက် မရှိသောကြောင့် ဖြစ်ကြောင်း ဆိုထားသည်။ အန်ဒါစန်နှင့် အဖွဲ့သားများ၏ လေ့လာချက်၌မူ ညစ်ညမ်းလေထုသည် လေဖြတ်လူနာများတွင် သေဆုံးနှုန်း တိုးမြင့်စေနိုင်ကောင်းသည်ဟုလည်း ဖော်ပြထားသည်။ သာဓက အနေဖြင့် အချို့ ညစ်ညမ်း လေထုများသည် နှလုံးသွေးကြော ဆိုင်ရာ ပြဿနာများ၊ ပန်းနာ၊ နှလုံး တိုက်ခိုက်ခံရမှု၊ လေဖြတ်ခြင်းကဲ့သို့ နာတာရှည် ရောဂါများဆီ တွန်းပို့ရာ ရောက်စေသည်ဟု ဆိုထားသည်။ မြို့တော် တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲခြင်း၊ လူထု သယ်ယူပို့ဆောင်ရေး ယာဉ်များ ထားရှိခြင်း၊ လူအများ နားနေရာ နေရာများမှ ဝေးသော နေရာတွင် ပင်မ(မိန်း) လမ်းမကြီးများ အဖြစ် ခွဲခြား သတ်မှတ်ခြင်းတို့ဖြင့် မြို့ပြ ဧရိယာများရှိ ကျန်းမာရေး အန္တရာယ်များနှင့် ဆက်စပ်သော ယာဉ်သွားလာမှုများကို လျှော့ချရမည်ဟု သိပံ္ပပညာရှင်များက အာဏာပိုင်များအား အကြံပြု ထားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...