Tuesday, December 13, 2011

“ဖေဖေပြောသောဗလ(၅) တန်”


Aung Lat

သူငယ်ချင်းတို့ရေ လောကမှာလူရယ်လို့ဖြစ်လာရင် တစ်ယောက်ထဲနေလို့မရဘူးလို့ လူကြီးတွေကပြောတတ်ကြတယ်။


ဒါပေမဲ့တိုးတက်နေတဲ့ခုခေတ်ကြီးမှာ တစ်ယောက်ထဲနေမယ်ဆို၇င်နေလို့ရပါတယ်။ သို့သော်တစ်ယောက်ထဲမနေတတ်သူတွေအတွက်

ဒီစာလေးကို မေကရေးချင်တာပါ။

လောကမှာပန်းကလေးတွေပွင့်လာရင် ပျား၊ ပိတုန်း၊ လိပ်ပြာလေးတွေလာနားတတ်သလို၊ မိန်းကလေးတွေအရွယ်ေ၇ာက်လာရင်လဲ

ကောင်လေးတွေဝိုင်းလာတတ်တာက သဘာဝတစ်ခုပါ။ ဒါပေမဲ့ ပန်းကလေးတွေက ကိုယ့်ပေါ်လာနားစေချင်တဲ့ ပျား၊ ပိတုန်းလေးတွေကို

ရွေးချယ်ခွင့်မရှိပေမဲ့ မေတို့မိန်းကလေးတွေမှာတော့ ရွေးချယ်ခွင့်ရှိတာကလဲ သဘာဝကပေးထားတဲ့အခွင့်အရေးတစ်ခုပေါ့နော်။

အဲလိုရွေးချယ်တော့မယ်ဆို၇င် မေ့ဖေဖေပြောတဲ့ ဗလ(၅)တန် ဆိုတာကလိုလာပြီပေါ့။

မေ့ကွန်ပျူတာက ပါတ်ဆင့်တွေရိုက်လို့မရလို့ အသံထွက်အတိုင်းရိုက်ထားရတာကိုသည်းခံဖတ်ပေးပါနော်လို့ ကြိုတောင်းပန်ပါတယ်။

ဗလ(၅)တန်

၁။ ကာယဗလ

၂။ ဥာာဏဗလ

၃။ ဘောဂဗလ

၎။ မိတ်တဗလ

၅။ စာရိတ်တဗလ

၁။ ကာယဗလ - မေတို့ဘ၀ထဲကိုလက်တွဲဖို့ေ၇ာက်လာတဲ့သူဟာ ချောမွေ့နေဖို့မလိုပေမဲ့ ၊ ကြည့်ပျော်ရှုပျော်ဖြစ်၇ပါမယ်။

ကိုယ့်မိဘ၊ ဆွေမျိုး၊ အပေါင်းအသင်းကြားမှာချမပြ၀ံ့လောက်အောင် ပုံဆိုးနေသူမဖြစ်ရပါဘူး၊ နောက်ပြီး

ခြေ၊ လက်၊ အင်္ဂါစုံသူဖြစ်ရပါမယ်။ ဒါမှသာအေ၇းကြုံလာရင် ကိုယ့်ဘက်ကနေကာကွယ်နိုင်သူဖြစ်မှာပါ။

၂။ ဥာာဏဗလ - ဒါကလဲအေ၇းကြီးပါတယ်၊ မေတို့လက်တွဲမဲ့သူဟာ ပညာတတ်မဖြစ်ခဲ့ရင်တောင် သူကအသက်မွေးဝမ်းကြောင်း

အလုပ်တစ်ခုခုတော့ ကျွမ်းကျင်သူဖြစ်၇ပါမယ်။ ဒါမှသာမေတို့လျှောက်လှမ်းမဲ့ဘ၀လေးဟာ သာယာနိုင်မှာပါ။

ခုခေတ်မှာ ပညာတတ်ဖြစ်ခဲ့ရင်တော့အတိုင်းထက်အလွန်ပေါ့နော်။

၃။ ဘောဂဗလ - ဘောဂဗလကတော့ ချမ်းသာဖို့မဆိုလိုပါဘူး၊ ဓန၊ ပစ်စည်း၊ဆိုတာရှာရင်ရပါတယ်။ ပြည့်စုံခဲ့မယ်ဆို၇င်တော့ပို

ကောင်းမှာပါ။

၎။ မိတ်တဗလ - မိတ်တဗလဆိုတာကတော့ ကိုယ်နဲ့လက်တွဲမဲ့သူဟာ ကိုယ့်မိဘ၊ မောင်နှမ ၊ဆွေမျိုးတွေကို အလိုမရှိဘဲကိုယ့်တစ်

ယောက်ထဲကိုသာချစ်နိုင်ရင် အားလုံးနဲ့သဟဇာတမဖြစ်တဲ့အတွက် ကိုယ်ကပဲစိတ်ညစ်ရတတ်တယ်တဲ့။ နောက်

ပြီးနားလည်မှုမရှိတဲ့လူပေါ့နော်။

၅။ စာရိတ်တဗလ - ဒါလေးကတော့အေ၇းကြီးဆုံးပါ၊ စာရိတ်တဟာနေရာတိုင်းမှာ လိုအပ်ပါတယ်။ အချစ်ရေးမှာတော့သူကအဓိကပါပဲ

ကိုယ့်ချစ်သူဟာဘယ်လိုလူမျိုးလဲဆိုတာကို လေ့လာစုံစမ်းပြီး အကျင့်မကောင်းခဲ့ရင် အသဲသာကွဲခံလိုက်ပါ။

အသဲကွဲတာကခဏပါ။ အကျင့်မကောင်းသူနဲ့နေရရင်တော့ ဘ၀တစ်သက်တာလုံးစိတ်ဆင်းရဲရမှာပါ

ကဲဒါကြောင့် လက်တွဲဖော်ရှာမဲ့သူတွေဟာ ဒီအချက်ကလေးတွေကို မှတ်သားထားပြီး ကိုယ့်နဲ့သင့်တော်မဲ့သူကိုရွေးချယ်နိုင်ကြပါစေနော်။

တကယ်လို့များ ကိုယ်ကအချစ်ကိုသာကိုးကွယ်သူ သူနဲ့မှလို့ဆိုရင်တော့ နံပါတ်(၅)အချက်ကလေးတစ်ချက်ထဲနဲ့ပဲ စာမေးပွဲကိုစစ်လိုက်ပါ။

လုံးဝကို မစစ်ချင်သူတွေဆို၇င်တော့ ခုထဲက ကိုယ်သူ့ဒဏ်ဘယ်လောက်ခံနိုင်မလဲဆိုတာကိုသာတွက်ဆထားပါတော့လို့ပြောချင်ပါတယ်။

မေခုပြောနေတာတွေဟာ တစ်သက်တာလုံးအတွက် ဘ၀မှာတစ်ခါသာချစ်ချင်သူတွေအတွက် ပြောနေတာပါ။

ခဏတာသာသတ်မှတ်ထားခဲ့ရင်တော့ ရွေးနေစရာမလိုပါဘူး။

မေပြောတဲ့ဗလ(၅)တန်ဟာ မိန်းကလေးများအတွက်သာမက ယောကျာ်းလေးများအတွက်ပါဖြစ်ပါတယ်။

မေပြောတဲ့အချက်ကလေးတွေနဲ့ သာယာလှပတဲ့ဘ၀လေးတွေနဲ့ လက်တွဲဖော်ကောင်းများဖြစ်နိုင်ကြပါစေ။

မေရီ (ငှက်လှောင်အိမ်)

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...