Tuesday, December 13, 2011

JUST BE for 24 hours !

by Zay Ya on Monday, December 12, 2011 at 3:35pm
 
ဘာဝနာ ဟာ တကယ် လှပပါတယ်။ ဘာဝနာ အလုပ်ကို တိတ်ဆိတ်နေတဲ့ အချိန်မှာ လုပ်ရတာ ကောင်းတယ်။ ဒါပေမယ့် ဘေးပတ်ဝန်းကျင် ဆူညံပွက်လော ရိုက်နေတဲ့ အခါ ပြဿနာ ရှိလာပါတယ်။ အဲ့အချိန်မှာ ဘယ်လိုနည်းနဲ့မှ ဘာဝနာ လုပ်နေလို့ မရဘူး။



ဖြေကြည့်ပါမယ်။

စောင့်ကြည့်ခြင်း၊ သိမြင်ခြင်း သက်သက်ဟာ  ဘာဝနာပါ။ အဲ့ဒါကိုသာ ဘာဝနာလို့ ကျနော် ခေါ်ဆိုလိုပါတယ်။ စောင့်ကြည့်တဲ့ အရာဝတ္ထု ဘယ်အရာ ၊ ဘယ်ဟာ - ဆိုတာက အကျုံးမဝင် ပါဘူး။ ခင်ဗျား သစ်ပင်တွေ ကို စောင့်ကြည့် နေမိနိုင် တယ်။ ကောင်းကင် ကို မော့ကြည့်ပြီး တိမ်တွေ ကို ကြည့်နေနိုင်တယ်။ သီချင်း နားထောင် နေနိုင်တယ်။ အခုလို ဆူညံနေသံ လည်း ကြားနေရနိုင်တယ်။
ဒါပေမယ့် အဲ့ဒါတွေ၊ အဲ့ဒီ အရာတွေက အဓိက မဟုတ်ဘူး။ အဲ့ဒီ အရာတွေ အပေါ် ခင်ဗျား အာရုံ၊ အတွေးထဲ ထင်ရှားနေ သမျှ စောင့်ကြည့်ခြင်း သက်သက် ဟာ ဘာဝနာ ဖြစ်ပါတယ်။ ခင်ဗျား သန္တာန်မှာ ၂၄ နာရီ လုံးလုံး ဘာဖြစ်နေနေ ဘာဝနာ ရှိနေနိုင်ပါတယ်။

ဆိုလိုတာက - ခင်ဗျား ဘာကို အာရုံရောက်နေတာလဲ ၊ ဘယ်အရာ ဖြစ်မှ  ရမှာလဲ ဆိုတာက အရေးမကြီးဘူး။ စောင့်ကြည့်မှု မပြတ် ရှိနေလား - ခင်ဗျားရဲ့ အခု ခဏ တိုင်း အတွက် သိမြင်မှု ရှိနေလား - အဲ့ဒါပဲ အရေးကြီးပါတယ်။ စောင့်ကြည့်ခြင်း သက်သက် ကပဲ အရေးကြီးပါတယ်။ အဲ့ဒါ ဘာဝနာလို့ ကျနော် ခေါ်ဆိုတာ ဖြစ်ပါတယ်။

အသံတွေ ဆူညံနေမယ်။ ခင်ဗျား အတွက် - အသံတွေမှာ အချို့က ဂီတသံ ဖြစ်ပြီး၊ အချို့က ဆူညံသံ ဖြစ်နေမယ်။ အဲ့ဒါက ခင်ဗျားရဲ့ ခံယူမှု၊ ခင်ဗျား နားဝင်နိုင်စွမ်း ပေါ် မူတည် ပါလိမ့်မယ်။ ဆိုလိုတာက - ဆူညံသံ နဲ့ ဂီတသံ ဆိုတာ Harmony အသံတွဲဖက်မှု အပေါ် သာလျှင် မှီတွယ်နေတာ ဖြစ်ပါတယ်။ ခင်ဗျားက ကြားနေရတဲ့ အပေါ် စောင့်ကြည့်နေရုံပဲ။ ဆူညံသံ လား  ဂီတသံ လား - အဲ့ဒါက အရေးမကြီးပါဘူး။ အသံဟာ အသံပဲ - ခင်ဗျားက စောင့်ကြည့်မှု သာ ရှိနေဖို့ လိုအပ်တယ်။တကယ်တမ်းမှာ စိတ်ရဲ့ အကြိုက်ကတော့ ဆူညံသံ ဖြစ်နေရင် ငြင်းပယ်နေမှာပဲ။ ခင်ဗျား ဘာဝနာ ရှိနေချိန်ရယ်မှ မဟုတ်ဘူး ။ ဂီတသံနဲ့ ဆူညံသံ  ရွေးပါလို့ ဆိုရင် ခင်ဗျား မူရင်း စိတ်ကိုက ဂီတသံကိုပဲ ရွေးချယ် နေမိတော့မှာ။ အဲ့ဒါ ဘာဝနာနဲ့ မသက်ဆိုင်ပါဘူး။ ခင်ဗျား စိတ်ရဲ့ အပိုင်းသက်သက် ဖြစ်ပါတယ်။

တကယ် စင်စစ် ဘာဝနာနဲ့ အလေ့အထ မရှိတဲ့သူ အတွက် အခက်အခဲ ရှိမယ် ဆိုတာ အမှန်ပါပဲ။ ထပ်ပြောပါမယ်။

အကြောင်းရင်းက - အဲ့ဒီ အသံတွေ မဟုတ်ဘူး။ ခင်ဗျားရဲ့ စိတ်ပါ။ စောင့်ကြည့်မှု သက်သက်ကို ခင်ဗျား လုပ်နေတယ်။ အဲ့အတွက် - အစောင့်ကြည့် ခံနေရတဲ့ စိတ် ဟာ ခင်ဗျားရဲ့ သန္တာန် အတွင်းမှာ ရုန်းကန် နေမှာပဲ။ ခင်ဗျား အတွက် ပြဿနာ ရှာနေမှာပဲ ။ စိတ်အတွေး အာရုံဆိုတာ - ပြင်ပ အရာဝတ္ထု တိုက်ခိုက်မိဖို့ ပိုများလေ သူ့သဘာဝက ပျော်မွေ့ရာ သွားချင်လေလေပဲ ဖြစ်ပါတယ်။ အဲ့ဒီ စိတ်ရဲ့ သဘာဝဟာ ခင်ဗျားနဲ့ မဆိုင်ဘူး။ ခင်ဗျား အလုပ်က သူဘယ်သွားမလဲ - မျက်ခြေမပြတ် လိုက်ကြည့်ပေးဖို့ သက်သက်။ အခု ခဏ သူ ဘာဖြစ်နေလဲ - စောင့်ကြည့်ပေးနိုင်ဖို့ သက်သက်။

ဒါကို - ခင်ဗျားက စောင့်ကြည့်ရုံ မဟုတ်တော့ဘဲ -ထိန်းချုပ်ဖို့ ကိုပါ ရည်ရွယ် မိတဲ့အခါ - အဲ့အချိန်မှာ ပြဿနာ ရှိလာပါတယ်။ ခင်ဗျား ဘာလုပ်လုပ် စိတ်အစဉ်က ခင်ဗျားကို ပြဿနာ ရှာတော့မယ်။ အဲ့လိုနဲ့  စိတ်အစဉ် အတွင်းမှာပဲ အတွေးတွေက ခင်ဗျားကိုယ်ကို မေးခွန်း ထုတ်လာတယ်။ “ဒါ ဘာဝနာ အကုန်ပဲလား”

တစ်ခုကို မပြတ် သိထား နေစေချင်ပါတယ်။ ဘာဝနာရဲ့ အဓိပ္ပာယ်ဟာ စောင့်ကြည့်မှု သတိ ကိုသာ ဆိုလိုတယ်။ ခင်ဗျား သတိ သိမှတ်မှု၊ စောင့်ကြည့်မှုနဲ့ လုပ်သမျှ - ခင်ဗျား သန္တာန်မှာ - ဘာဝနာ ဖြစ်နေတယ်။ ခင်ဗျား ဘာလုပ်တယ် ဆိုတာဟာ မေးခွန်း ထုတ်စရာ မဟုတ်ပါဘူး။ ခင်ဗျား လုပ်သမျှ ခင်ဗျား သိနေ မနေ၊ စောင့်ကြည့်နေ မနေ ဆိုတာကသာ အဓိက အခရာ အကျဆုံး ဖြစ်ပါတယ်။

ခင်ဗျား နိုးကြားတဲ့ သတိ၊ စောင့်ကြည့်မှုနဲ့ အတူ လမ်းလျောက် နေရင် - ခင်ဗျား လမ်းလျောက် နေတာဟာလည်း ဘာဝနာပဲ။ ခင်ဗျား နိုးကြားတဲ့ သတိ၊ စောင့်ကြည့်မှုနဲ့ ထိုင်နေမယ် ဆိုရင် - ခင်ဗျား ထိုင်နေတာဟာလည်း ဘာဝနာပဲ။ ဘာဝနာဟာ စောင့်ကြည့်မှု သက်သက် ခင်ဗျား သန္တာန်မှာ ကျန်ရစ်ခဲ့စေတယ်။ အိပ်ပျော်သွားဖို့ မဟုတ်ဘူး။ ခင်ဗျား နိုးကြား၊ သတိရှိနေဖို့။ အဲ့ဒီ နိုးကြားမှု၊ သတိ၊ စောင့်ကြည့်မှု ( ဒီစကားလုံး သုံးလုံးဟာ အတူတူပါ ) ရှိနေရင် ခင်ဗျား ဘာလုပ်လုပ် - ဘာဝနာ ဖြစ်နေတယ်။ အခြား စိုးရိမ် ကြောင့်ကြစရာ မလိုအပ်ဘူး လို့ ကျနော် ပြောလိုပါတယ်။

စိတ် အစဉ်ဟာ လိုဘ ဆန္ဒ ဇောတွေကို အချိန်ပြည့်နီးပါး ဖန်တီး နေတတ်တယ်။ အဲ့ဒီ အချက်ဟာ - အသေးစိတ် စောင့်ကြည့်နေနိုင်လာတဲ့ အခါ ပိုပြီး သိသာ လာပါတယ်။

အဲ့လို အချိန်မှာ နောက်တစ်ခု ပေါ်လာတယ်။ ဘာဝနာ အလုပ် လုပ်ဖြစ်ကြသူ အများစု ပြောလေ့ရှိကြတဲ့ စကားမျိုး။ ဥပမာ - "ဒါကို လုပ်နေချိန် မှာ ခံစားလို့ ကောင်းတယ်။ ပေါ့ပါး နေတယ်။ ဒါဟာ ဘာဝနာ စစ်မှန်လို့ ဖြစ်တာပါလား။" --  အဲ့လို မေးလာရပြီ ဆိုရင်လည်း ဒါဟာ - ဘာဝနာ အတန်ငယ် စိတ် လာတဲ့ အခါ ပေါ်ပေါက်လာတတ်တဲ့ စိတ်ရဲ့ ပြဿနာ တစ်ခု ပါ။ အစစ်အမှန် ဟုတ်ခြင်း မဟုတ်ခြင်းကို ကျနော် ဝေခွဲပြောနေစရာ မလိုအပ်ပါဘူး ။ ဥပမာ - ခင်ဗျား ခေါင်းကိုက်နေမယ် ဆိုပါတော့။ - ငါ ခေါင်းကိုက်နေတာ ဟာ အစစ်အမှန် လား လို့ တွေးကြည့်ပါသလား။ စင်စစ် ခင်ဗျား ခေါင်းကိုက်တယ် ဆိုတဲ့ ခံစားချက်ဟာ အဲ့ခဏ အတွင်း ခင်ဗျား ခန္ဓာစဉ်၊ စိတ်သန္တာန် စဉ်မှာ စင်စစ် ဖြစ်ပေါ်နေတဲ့ အရာ တစ်ခု သက်သက်။ ခင်ဗျား သန္တာန် စဉ်မှာ ရှိနေမယ့် အရာ တစ်ခု သက်သက်။ ဒါပေတဲ့ - စောင့်ကြည့်မှု အလုပ်က အဲ့အချိန်မှာလည်း ရှိနေရပါတယ်။ ခင်ဗျားရဲ့ စိတ်ကတော့ - ဒါလေးဟာ အစစ်အမှန်လား ။ ငါ စိတ်အစဉ်က ဘာဖြစ်နေပြီလား ၊ ညာဖြစ်နေပြီလား ဆိုတာမျိုး ထင်နေ တွေးနေမှာပဲ။ အဲ့ဒီအချိန်တွေမှာ လည်း ခင်ဗျား အလုပ်ကို မမေ့သွားဖို့ လိုအပ်ပါတယ်။ သူတို့ကို ငြင်းပယ်ဖို့လည်း မဟုတ်ဘူး။ လက်ခံဖို့လည်း မဟုတ်ဘူး။ သိနေဖို့ သက်သက်ရယ်ပါ။ ခင်ဗျား ထင်ယောင်ထင်မှား မြင်နိုင်တယ်။ ပုံရိပ်တွေ ထင်နိုင်တယ်။ နောက်ဆုံး အိပ်မက်တွေပါ မက်နေနိုင်သေးတယ်။

ဒါပေမယ့် - ခင်ဗျား ဘာကြီး ဖြစ်နေနေ - အဲ့ဒီ အဖြစ်တွေ က အရေးမကြီးပါဘူး ။ စောင့်ကြည့်မှု သတိ မပြတ်ဖို့ ကသာ အရေးကြီးပါတယ်။ အဲ့ဒါကိုသာ ကျနော် ဘာဝနာ လို့ ခေါ်ဆိုပါတယ်။


..........................
12.12.2011
2:30 PM
.........................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.........................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...