Friday, December 2, 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး နယ်ပါယ်အသီးသီးမှ ကျွမ်းကျင်သူတို့၏ အမြင်

by Myit Makha Mediagroup on Friday, December 2, 2011 at 7:01pm
ဗိုဟိန်+ နေလွင်(မြစ်မခ)
ဒီဇင်ဘာ  ၂၊ ရန်ကုန်မြို့။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ-၃၀ရက်နေ့ ညနေပိုင်းက အမေရိကန်လေယာဉ် (၈၀၀၀၂)ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကာ  ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန် အပါအ၀င်   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွတ်တောဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။


ဟီလာရီကလင်တန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ်နှင့်မူဝါဒညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် အမေရိကန်နိုင်ငံဒီမိုကရေစီလူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာတို့လည်းပါဝင်ခဲ့ကြောင်းသိရှိရသည်။

နှစ်ပေါင်း(၅၆)နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်လာနိုင်သည့် ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံ(၃)ရက်တာခရီးစဉ်နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြင့်တက်စေမည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ သုံးသပ်ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ အဆိုပါဆုံတွေ့မှုနှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေးစိတ်ပါဝင်စားသူများအား ၄င်းတို့၏ အမြင်နှင့်သဘောထားများအားမေးမြန်းဖြစ်သည်များကို တင်ပြအပ်ပါသည်။

ဦးကိုကိုလှိုင် (နိုင်ငံရေးသမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင်)

အခုလို အမေရိကန်နိုင်ငံရဲ့အရေးပါဆုံးပုဂ္ဂိုလ်တစ်ယောက် ရောက်လာတာက လက်ရှိမြန်မာ့နိုင်ငံရေးအခြေ အနေကို အများကြီးအပြောင်းအလဲဖြစ်စေတာကတော့ အမှန်ပါပဲ။ သူမအနေနဲ့ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှုတွေလုပ်ခဲ့တယ်၊ နှစ်ဘက်စလုံးကိုလည်း အားပေး ထောက်ခံမှု တွေပြုလုပ်တာတွေ့ရတယ်၊ လက်ရှိအချိန်မှာ နှစ်ဘက်စလုံးကလည်း နားလည်မှုရှိစွာနဲ့ လက်တွဲလုပ်ဆောင် နေကြတာကြောင့် မြန်မာ့နိုင်ငံရေးလောကအနေနဲ့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ Sectionကိစ္စကတော့ အမေရိကန်အစိုးရအနေနဲ့ ချက်ချင်းကြီးရပ်တန့်ဖို့ မဖြစ်နိုင်သေးပါဘူး၊ သူတို့အနေနဲ့ဒီကိစ္စကို လွှတ်တော်မှာ ဆန္ဓသဘောထားခံယူပြီး လုပ်ဆောင်ထားတာကြောင့် ရပ်ဆိုင်းဖို့ ကိစ္စမှာလည်း လွှတ်တော်တွင်းဆွေးနွေးမှုတွေလုပ်ရဦးမယ်၊ လာတွေပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရ အနေနဲ့ အပြောင်းအလဲကို အရှိန်အဟုန်နဲ့ဆောင်ရွက်နေတာကြောင့် ကောင်းမွန်တဲ့အကျိုးဆက်တွေ ရရှိလာ မယ်လို့ ထင်ပါတယ် ။

ဦးဖေသိန်း (၀ါရင့်အားကစားကလောင်ရှင်)
ကျွန်တော်ကတော့ ဒီကိစ္စကို အပြုသဘောဆောင်တဲ့ ဖြစ်ရပ်လို့ပဲမြင်တယ်၊ ဒီတွေ့ဆုံမှုကနေတဆင့် မြန်မာ့နိုင်ငံရေးဟာ တဆင့်ပြီးတဆင့် တိုးတက်မှုတွေရှိလာမယ်လို့ထင်ပါတယ်၊ Sanction ကိစ္စနှင့်ပက်သတ်လို့ ယခုတွေ့ဆုံမှုတစ်ခုတည်းကြောင့်တော့ အားလုံးပြေလည်သွားမယ်လို့တော့မထင်ဘူး၊ သူတို့တောင်းဆို ထားတဲ့ အချက်တွေ (ဥပမာ-ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ သူတွေ အမြန်ဆုံးလွတ်မြောက်ရေး) အဲ့ဒီလို ကိစ္စတွေကို အစိုးရအနေနဲ့လုပ်ပြနိုင်မှသာ ဒီကိစ္စပြေလည်မယ်လို့ယုံကြည်တယ်၊ အချုပ်အားဖြင့်တော့ အလုပ်နဲ့သက်သေပြရမယ့် သဘောပါပဲ။

ခင်မောင်ညို (ဘောဂဗေဒ) စီးပွားရေးပညာရှင်
ဟီလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုမှာ အပြောင်းအလဲက ဘာရှိမလဲဆိုတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ဆက်ဆံရေးတိုးမြှင့်တာပါ၊ (ဥပမာ-မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ထားမယ်) ဆိုတာမျိုးပေါ့၊ ဒါပေမယ်ဟီလာရီကလင်တန်ပြောခဲ့တာလည်းရှိတယ်လေ၊ ရေတစ်စက်နဲ့တော့ ဘာမှဖြစ်လာနိုင် မှာ မဟုတ်ဘူးတဲ့၊ ဒီလိုပါပဲ တစ်ဘက်က တောင်းဆိုထားတဲ့အချက်တွေကို အကောင်ထည်ဖော်နိုင်မှသာ မျှော်လင့်ထားတဲ့အပြောင်းအလဲတွေ မြင်တွေ့ရမှာပါ၊
အားလုံးကတော့ ကောင်းတဲ့အပြောင်းလဲကို မျှော်လင့် ထားကြတာပဲလေ။

ဦးစိုးမိုးကျော် - မီဒီယာ ဒါရိုက်တာ (မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)
ဒေါ်စုနဲ့ ဟီလာရီကလင်တန်လာရောက်တွေ့ဆုံမှုကို သဘောကျကြိုဆိုပါတယ်၊ ဒီလိုမျိုး ဆုံတွေမှုတွေ များများလာရင် နိုင်ငံအတွက်ပိုကောင်းမယ်လို့မြင်ပါတယ်။

ကျော်သူ (နာရေးကူညီမှုအသင်းဥက္ကဋ္ဌ)
ဟီလာရီကလင်တန်ရောက်လာလို့ မြန်မာ့နိုင်ငံရေးအခြေအနေက ရုတ်ချည်းပြောင်းလဲသွားမှာပါလို့တော့ ပြောလို့မရပါဘူး၊ အပြောင်းအလဲတွေ ဆက်ပြီးဖြစ်နေမှာပါ၊ ဘယ်လောက်အထိပြောင်းလဲသွားမလဲဆိုတာသာ စောင့်ကြည့်ရမှာပါ၊ Section ကိစ္စကလည်း လက်ရှိအနေအထားအရ ထူးခြားမှုရှိမယ်အထင်ဘူး၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရဘက်က ထင်သာမြင်သာတဲ့အပြောင်းအလဲတွေလုပ်နိုင်မှသာ အမေရိကန်အစိုးရအနေနဲ့လည်း Sectionကိစ္စပြောင်းလဲလိမ့်မယ်လို့ ထင်ပါတယ်။

နေမျိုးဝေ (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ)
ဒေါ်စုနဲ့ဟီလာရီကလင်တန်တွေ့ဆုံမှုနဲ့ပတ်သက်လို့ အခုအချိန်မှာ ဘာမှမျှော်လင့်လို့ မရသေးဘူးလို့ ထင်ပါတယ်၊ ကောင်းမွန်တဲ့အပြောင်းအလဲဖြစ်ပေါ်ဖို့အတွက် အရိပ်အယောင်တစ်ခုလောက်ပါပဲ၊ အမေရိကန်နဲ့ ကျွန်တော်တို့နိုင်ငံ တကယ့်စီးပွားရေးလုပ်ငန်းတွေမှာ ဆက်ယှက်လုပ်တော့မယ် ဆိုမှ တကယ့်စစ်မှန်တဲ့  ရီရယ်လဇင်ဖြစ်လာမှာပါ၊ Actual အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီကိုသွားဖို့အတွက် အရိပ်ယောင်တစ်ခုလို့တော့ ပြောလို့ရတယ်၊ စက်မှုလုပ်ငန်းတွေ အမေရိကန်က လာရောက်လုပ်ကိုင်မယ့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေ လုပ်ကိုင်မယ့်အပေါ်မှာ မူတည်ပြီးတော့ ပြောလို့ရမှာဖြစ်တဲ့ အဲ့ဒါလေးအတွက် ရှေ့ပြေးအရိပ်အယောင်တစ်ခုလို့ပဲ မြင်ပါတယ်၊

ဦးလျှံကြယ် (ချင်းတိုးတက်ရေးပါတီ)
တိုင်းရင်းသားပါတီတစ်ခုအနေနဲ့ ဒေါ်စုနဲ့ဟီလာရီကလင်တန်တွေ့ဆုံမှုကို ကြိုဆိုပါတယ်၊ ကျန်တဲ့တိုင်းရင်းသားပါတီကလုန်လုံးကလည်း welcomeလုပ်ကြမှာပါ၊ ဖြစ်ပေါ်လာတဲ့ တိုးတက်ပြောင်းလဲမှုနဲ့ လက်ရှိအခြေအနေကိုလာကြည့်တယ်၊ ဖြစ်စေချင်တဲ့ အရာတွေပြောမယ်၊ ညှိုနှိုင်းကြမယ်၊ အဲ့ဒါမျိုးတွေ ဆောင်ရွက်ကြမယ်လို့ထင်ပါတယ်၊Sanction ကိစ္စပြန်ဖွင့်ပေးဖို့ အပြောင်းအလဲအနည်းငယ်တော့ရှိနိုင်တယ်၊ နိုင်ငံတော်ပိုင်းကလည်း အင်အယ်လ်ဒီပါတီ မှတ်ပုံတင်သွင်းမှုအပိုင်းမှာ သူကလည်းအားရမယ်၊ကျွန်တော်တို့ကလည်းကြိုဆိုတယ်၊ မျှော်လည်းမျှော်လင့်တယ်၊ ဖြစ်ဖို့တိုးတက်ဖို့အတွက်လည်း ကောင်းတယ်၊ပြောင်းလဲဖို့လည်း အချိန်ကောင်းရောက်နေပြီ၊ သေချာတာက တိုးတက်ပြောင်းလဲမှုတစ်ခုတော့ ဖြစ်လာမှာပါ၊ အဲ့ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသားပါတီတစ်ခုအနေနဲ့လည်း အများကြီးမျှော်လင့်ထားပါတယ်၊

ဒေါ်နေရီဗဆွေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ)
ကျွန်မအနေနဲ့ အများကြီးတိုးတက်လာတယ်၊ အမေရိကန်အစိုးရနဲ့ လက်ရှိဆက်ဆံနေတဲ့ အနေအထားထက် ပိုမိုတိုးတက်လာတဲ့အရိပ်အရောင်ကို တွေ့ရတယ်၊၊ ဟီလာရီကလင်တန် ရောက်လာတဲ့ အတွက် လာမယ့် ရွေးကောက်ပွဲတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ၊ တစ်ကမ္ဘာလုံးက တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေး စောင့်ကြည့်မှုတွေကလည်း ပိုပြီးအရှိန်မြင့်လာဖို့ရှိပါတယ်၊ Section ကိစ္စ ကတော့ အမေရိကန်အစိုးရမှုဝါဒနဲ့ပဲဆိုင်မယ်ထင်ပါတယ်၊ အရင်ကပြောခဲ့သလိုမျိုး ပြည်သူတွေနစ်နာစေ မယ့်ကိစ္စမျိုး ရပ်တန့်ပေးဖို့လည်း တောင်းဆိုပါတယ်၊ လက်ရှိမြန်မာအစိုးရကလည်း နောက်ပြန်ဆုတ်ဖို့ မရှိဘူးလို့ဆိုထားတာကြောင့် သူမရဲ့လာရောက်မှုဟာ အကောင်းဘက်ကိုဦးတည်တယ်လို့ပဲ ယုံကြည် ထားပါတယ်။

မြန်မာ့နိုင်ငံနှင့်အမေရိကန်နိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေးသည်လည်း ပိုမိုကောင်းမွန်လာနိုင်ပြီး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းပွင့် နိုင်ကြောင်း ပြောဆိုလျက် သုံးသပ်လျက်ရှိပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...