Friday, December 23, 2011

တရံသောအခါက

by Than Saw on Friday, December 23, 2011 at 4:18pm
    • ရန်ကုန်မှာ လွှတ်တော်ရှိတဲ့နေရာမှာ ၁၉၆၃ က ၁၉၇၃ အထိနေခဲ့စဉ်က အပင် အမျိုးမျိုးစိုက်စားတယ်။ ပန်းတွေလည်း စိုက်တယ်။ ချဉ်ပေါင်၊နီ ချဉ်ပေါင်ခါး၊ ဟင်းနုနွယ် ပဲဇောင်းဝါးပင်၊ ဘူးပင် ငြုတ်သီးပင်တွေ အများကြီးစိုက်ခဲ့တယ်။ မန်ကျီးပင်တို့ ဒန့်ဒလွန်ပင် ရဲယိုပင် ပိနှဲပင် သရက်ပင် တို့ကတော့ ရှိပြီးသား၊ သံပုရာပင်၊ ရှောက်ပင်တွေလည်း စိုက်ထားတယ်။


      မီးဖိုဘေး ကအမှိုက်ပုံပေါ်မှာ သူ့အလိုလို ပေါက်လတဲ့ သံပုရာပင်တပင်ဆို အသီးတွေပြွတ်နေတာဘဲ။ အသီးအများဆုံးအခိုင်မှာ ၉ လုံးအထိရှိခဲ့တယ်။ နောက်ပိုင်းမှာ အမှိုက်တွေကို ခြံထောင့်မှာ ပစ်ထားပြီး နောက် အမိုက်တွေ မြေဆွေးဖြစ်တဲ့အခါ အပင်တွေအတွက်သုံးတယ်။ မျဉ်ကျီးပင်၊ ကင်ပွန်းချဉ် အဖြူ အနီတွေကတော့ အစေ့ကျတဲ့ နေရာတိုင်း မိုးတွင်းရောင်ရင် ထ ပေါက်ကြတယ်။ ဘာမျှ ထွေထွေထူးထူး လုပ်စရာမလိုဘူး။ သူတို့ဘာသာ သူတို့ ပေါက်နေကြတာ။ ဘူးပင်ဘဲ နဲနဲပြုစုပေးရတယ်။ ကန်ဇွန်ပင်တောင် ကန်သေးသေး တူးပြီးစိုက်ဖို့ကြိုးခဲ့တယ်။ သိပ်မအောင်မြင်ဘူး။
      အခုလန်ဒန်မှာ နွေရာသီမှာဘဲ အမိုးပေါ်အိုးတွေထဲမှာ စိုက်လို့ရတယ်။ မြန်မာပြည်မှာ ရေရှိတဲ့နေရာမှာ ဘာမဆို အစေ့ကျရင် အသီးအပင်တွေ အရိုင်းပေါက်ကြတယ်။ ခြံစီးရိုးတွေ အပေါ်မှာ အရိုင်းပေါက်နေတဲ့ ကင်းပုံသီးတွေ အရွက်တွေ ပဲစောင်းဝါးသီးတွေ ပဲညွှန့်တွေကို ခူးခဲ့တာလည်း မှတ်မိတယ်။ ပဲစောင်းဝါးသီးပင်က ကိုယ်ဘာသာ ကိုယ်လည်း စိုက်ထားတယ်လေ။
      သင်္ဘောပင်တွေ ပိန္နဲပင်တွေကလည့် အစေ့ကျတဲ့နေရာပေါက်တာဘဲ။ နဂိုထဲက ပိန္နဲပင် ၂၈ ပင်ရှိတယ်။ စားမကုန်ဘူး။ပိန္နဲသီးမှည့်တဲ့ရာသီမှာ နေ့စဉ် ဖခင်ရဲ့ တပည့်တွေ ပိန္နဲသီးတွေလာခူးတာ မှိတ်မိတယ်။ အခုပြန် စဉ်းစားကြည့်ရင် မြန်မာပြည်မှာ မြေလေးတကွက်ရှိရင် ဘာမဆို ကိုယ့်ဘာသာ ကိုယ်စိုက်စားလို့ရတယ်။ မြေမရှိလည်း ဂျိမ်းစ်လို ငြုပ်ပင်တွေ မော်လမြိုင် ဆရာမများ ကျောင်းဆောင်မှာနေတုန်းက စိုက်စားဘူးတယ်။ အဲဒီအခါမှာ အမိုးအောက်မှာ စိုက်ထားလို့ ပိုးကျလို့ ဘာလုပ်မှမှန်းမသိခဲ့ဘူး။ ခြံထဲမှာစိုက်တုန်းက ပိုးကောင်းငယ်ကို ပိုးကောင်ကြီးကစား၊ ပိုးကောင်ကြီးကို ငှက်ကစားတော့ ကိုယ်က ဘာမျှလုပ်စရာမလိုဘူး၊ သဘာဝမှာ ဒီလို အကောင်တစ်မျိုးက နောက်အကောင်အတွက် အစာဖြစ်နေ တာကိုလည်း သိပ်သတိမထားမိခဲ့ဘူး။ ဒီတော့ မြန်မာပြည်မှာ အပင်စိုက်တဲ့အခါမှာ တခါမျှ ပိုးသတ်ဆေး မသုံးခဲ့ဘူးဘူး။ လန်ဒန်မှာတော့ သုံးတယ်။ ဖခင်ပြောတာမှတ်မိတယ်။ အပင်စိုက်တာ ငရဲကြီးတယ်တဲ့။ သူ အပင်စိုက်တာ လုံးဝစိတ်မဝင်စားဘူး။ စက်ပြင်တာဘဲ ဝါသနာရှိတယ်။ ငယ်ငယ်တုန်းကတော့ အန်တီထင်တာက အန်တီကန်တူး မြေတူးရင် တီကောင်တွေ အပိုင်းပိုင်း ပြတ်သွားတာကို ပြောတယ်ထင်နေခဲ့တယ်။
      ရေကန်တူးတာ လက်တောင် သွေးထွက်တယ်။ ဈေးက ကန်စွန်းရွက်က ညစ်ပတ်တယ်ထင်လို့ ကိုယ့်ဘာကိုယ်စိုက်ဖို့ ကြိုးစားခဲ့တ်ာလေ။ အသက်က ၁၄နှစ်လောက်ဘဲရှိတယ်။ ကျောင်းပြန်လာပြီး မိဘတွေကူလုပ် ကျောင်းစာဖတ်ပြီးရင် ခြံထဲဆင်းဖို့ဘဲ။ ကိုယ့်ကြောင်လေးကလည်း ကိုယ်သွားရာလိုက်တယ်။
      မီးဖိုချောင် တဖက်ထောင့်မှာရှိတဲ့ မန်ကျီးပင်ပေါ် ထိပ်ဆုံး အမြဲတက်တယ်။ အကိုင်းတွေပေါ်မှာ ထိုင်နေရင် ခေါင်းနဲ့ ကိုယ့်ခန္ဒာ အပေါ်ပိုင်းက အရွက်တွေ အပေါ်မှာ နဲနဲ ထွက်နေတယ်။ အိမ်မိုးတွေက အောက်မှာ။ တခြားသစ်ပင်ကြီးတွေကို အပေါ်က ကြည့်ရတဲ့ မြင်ကွင်းဟာ သိပ်လှတယ်။ အကိုင်းတွေကထူတော့ ပုခက်လို ထိုင်စရာ တစ်ခု လိုဖြစ်နေတယ်။ လေတိုက်ရင် တငြိမ့်ငြိမ့်နဲ့။ အဲဒီနေရာမှာ မကြာခဏ တခြားသူတွေ မတွေ့ရအောင် တိတ်တိတ်လေး တက်ပြီး ဘေးကင်း ရန်ကင်းထိုင်ပြီး အုန်းထန်းလျှက်နဲ့ ပဲကြီးလှော်စားပြီး၊ စာအုပ်တစ်အုပ်နဲ့ နေမသာ မုံးအုံနေချိန်မှာ လေတဖြူးဖြူးတိုက်စဉ်မှာ စာဖတ်တယ်။ မိုးကောင်းကင်ကို ကြည့်ပြီး အတွေးကြွယ်တယ်။ ကိုယ်ကို ဘယ်သူ့မျှရှာ မတွေ့ဘူးလေ။ အရွက်တွေရှိနေတဲ့ အချိန်ဆို အောက်က မော့ကြည့်လို့လည်း တော်တော်နဲ့ မြင်ဖို့ခက်တယ်။
      တခါတလေ ဒီလိုဘဲ ဆူညံ ဗျာများလှတဲ့ မနုဿလောကနေ ခေတ္တ ခဏ ရှောင်ထွက်ပြီး ပုန်းနေရတယ်။ လူတွေကလည်း အော်သာခေါ်တာ အာညောင်းတော့ ရပ်သွားပြီး ဘယ်ရောက်နေလည်းတောင် တွေးပြီး စိတ်ပူပင်ပုံမရဘူး။ ကောင်းတယ်။ အခု လန်ဒန်မှာ အိမ်ထဲမှာ မန်ကျီးပင်ကို အိုးနဲ့ စိုက်ထားတယ်။ အသက် ၁၅ နှစ်လောက်ရှိနေပြီ။
      ကိုယ်တိုင်စိုက်ထားတဲ့ အသီးအပွင့်အရွက် အဥ အမြစ်စားရာတာ အင်မတန်စိတ်ချမ်းသာတယ်။ ပိုးသတ်ဆေးမသုံးဘဲ သဘာဝဓါတ်မြေသြဇာနဲ့ စိုက်ထာတဲ့ အတွက် ပိုပြီး စားကောင်းတယ်၊ ဘေးကင်းတယ်၊ ပိုအာဟာရဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...