ဘဂ္ဂတိ သို့ ပေးစာ
by Zay Ya on Friday, December 23, 2011 at 4:42pm
၁။
ချစ်သော ဘဂ္ဂတိ၊
မေတ္တာဖြင့် ထုံမွှမ်းနိုင်စေသတည်း။
ရုပ်ဝါဒ ထွန်းကား ကြကုန်သော လူ့အဖွဲ့အစည်း တို့သည်
အချည်းနှီးသော လူတို့ကို မွေးထုတ် ပေးလျက် ရှိ၏။
လူသည် အတွင်း အနှစ်သား ဗလာဖြင့် အသေသား တို့ကိုသာ ထမ်းပိုးနေကြကုန်၏။
ထိုသေလွန်ပြီး သော ဗလာနတ္ထိဖြင့်
တစ်ဦး မမွေးဖွား လာခင် တစ်ဦးသေဆုံး ကြကုန်၏။
လူသည် ဈေးဆိုင်ကန္နား ပစ္စည်း ပစ္စယ တို့ ချည်းသက်သက်ဖြင့်
ရှင်သန်နေသည် မဟုတ်ကြောင်း သတိပြု သင့်သည်။
သို့သော် ယနေ့ အခါတွင် ယင်း ဈေးဆိုင်ကန္နား တို့သည်သာ
အမြတ်တကာတို့တွင် အမြင့်မြတ်ဆုံး ဖြစ်လျက် ရှိ၏။
ပြင်ပ ချမ်းသာကြွယ်ဝမှု သည်သာ
အတွင်းအဇ္ဈတ္တ ဆင်းရဲကြောင်း အစဦး ကို ဖန်ဆင်းပြုလုပ်၏။
အတွင်းသန္တာန် မကြွယ်ဝလျင် လူ သည် အချည်းနှီး သာ ဖြစ်လိမ့်မည်။
အတွင်းသို့ နှစ်ဝင် နေထိုင်သော အခါမှ
အတွင်းသန္တာန် ဖွံ့ဖြိုးကြောင်း ဖြစ်၏။
အတွင်းသို့ ဦးတည်ခြင်း သည်သာ
ကြီးပွားရာ၊ ငြိမ်းအေးရာ၊ ဘုရားသခင်ထံသို့ ဆိုက်ရောက် ရာ လမ်းကြောင်း ဖြစ်၏။
.................................
1/ The Inward Growth
Beloved Bhakti,
Love.
Materialistic societies produce hollow men.
Men with dead emptiness within.
And because of this dead emptiness one dies before one is
really born.
Remember that man cannot live by SHOPS alone.
And today the holy of holies is the SHOP.
The outer is meaningless without the inner richness.
And the outer richness only makes the inner poverty
prominent
Man is hollow because there is no inner growth.
And the inner grows only when one lives in the inner
Inward is the way of growth, grace and God.
20-4-1971
.................................
၂။
ချစ်သော ဘဂ္ဂတိ၊
မေတ္တာဖြင့် ထုံမွှမ်းနိုင်စေသတည်း။
ဘဝသည် တပေါင်းတည်းသော ဖြစ်စဉ် မှန်၏။
သို့သော် အတွေးအကြံသည် ယင်းဘဝကို အစိတ်စိတ်အမွှာမွှာ ခွဲပိုင်းဟန်ပြု၏
ထိုပိုင်းဖြတ်မှုကြောင့် အလုံးစုံသော ပြဿနာတို့ ဖန်တီး ဖြစ်ပွားကုန်၏။
ထိုစိတ်မွှာကွဲပြားနေမှုကို သတိပြုလော့။
၎င်းတို့၏ အလွန်ကို အစဉ် ရှုမြင်ထားလော့။
၎င်းတို့ကို အမြတ်တနိုးရှိလျက်
ထွင်းဖောက်၍ မြင်လော့။
ထိုအခါ လှိုင်းတို့ကို လွန်မြောက်၍ ပင်လယ်ကို ရှုမြင်နိုင်စွမ်း ရှိလာပေလိမ့်မည် အမှန် ဖြစ်၏။
ပင်လယ်တွင် လှိုင်းတို့ တည်ရှိသော်လည်း၊
လှိုင်းတို့သည် ပင်လယ် မဟုတ်ပေ။
ပင်လယ်သည် လှိုင်းမရှိဘဲ တည်ရှိနိုင်၏။
သို့သော် ပင်လယ်မရှိဘဲ လှိုင်းမရှိနိုင်ပေ။
.................
2/ Life is Non-Fragmentary.......................
Beloved Bhakti,
Love.
Life is non-fragmentary.
But mind makes it appear fragmentary.
And this fragmentation creates all the problems.
Beware of fragmentation.
And always look beyond them.
And belove them.
And through them.
Then you will be able to see the ocean in spite of all the
waves.
The waves are in the ocean.
But the waves are not the ocean.
The ocean can be without the waves
But the waves cannot be without the ocean
21-5-1971
Osho: the Eternal Message :
Osho ( Bhagwan Shree Rajneesh ) က Ma Yoga Bhakti ဆီကို ပေးပို့တဲ့ ပေးစာ အစောင် ( ၃၀ ) ပေါင်းချုပ်က ဖြစ်ပါတယ်။ ကျနော် အစဦး ( ၂ ) ပုဒ် ကိုသာ အမြည်းသဘော သက်သက် ပြန်ကြည့် တယ်။ မူရင်းစာအုပ် ကို အောက်ကလင့်ခ်မှာ ဒေါင်းယူနိုင်ပါတယ်။ တကယ်လို့ လင့်ခ် သေနေမယ် ဆိုရင် ပြောထားနိုင်တယ်။
Download - http://ajaytao2010.files.wordpress.com/2010/05/osho-the-eternal-message.pdf
.......................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.....................
0 comments:
Post a Comment