Friday, December 23, 2011

တို့ဖခင် .....

by Sandar Win on Saturday, December 24, 2011 at 12:52pm
 
တို့ဖခင် ....

သူ...
သူသည် ဓါးမခုတ် ၊ တောင်ယာလုပ်သည့်ကျောမွဲ လူတန်းစားမှ ဆင်းသက်လာသူမဟုတ် ။

သူ....
သူသည် နေပူပူ ၊ မိုးရွာရွာကျွဲ ၊ နွားနှင့်လှုပ်ရှားလယ်သမားမျိုးရိုးမှမွေးဖွားလာသူလည်းမဟုတ်။

သူ...
သူ၏အဖေကားဝတ်လုံတော်ရ ရှေ့နေမင်း ။သူ၏အမေကားမြေပိုင် ၊ လယ်ပိုင်ရှင်မြို့သူကြီးမျိုးရိုး။


သူ....
သူသည် ကျိကျိတက်ချမ်းသာလူဂုဏ်တန် အသိုင်းအဝန်းမှာလူလားမြောက်လာ ၊ ကြီးပြင်းခဲ့သူ ။

သူ....
သူကိုယ်တိုင်လည်းကလေကချေ ၊ရွာရိုးကိုးပေါက်လျှောက်ပြန် သံပေး ၊ ခြေအေးဝမ်းယောင်ဝေဝေလေလေမဟုတ်။

သူ....
သူသည် ကောလိပ်ကျောင်းသားအတိအကျဆိုရလျှင်….ဒုတိယနှစ်ကောလိပ်ကျောင်းသားအသက်ရွယ်က ၂၀ကျော်သာသာ။

သူ....
သူသည် …….သည်နှစ်(ဒုတိယနှစ်)အောင်လျှင်ပင်မြို့ပိုင် ၊ နယ်ပိုင် ၊ဘုရားထူးခံပုဂ္ဂိုလ်ဖြစ်မည့်သူ ။

ဤသို့………
အဘက်ဘက်ကပြည့်စုံ၊ကုံလုံ နေသူတစ်ယောက်၊အဘယ်သို့သောအတွေးများပေါက်၍
အဘယ်မည်သော ခွန်အားသုံး၍အဘယ်မည်သော တွန်းအားဖြင့် ၊အရာရာကိုစွန့်လွှတ် ၊ဒုက္ခတွင်းထဲ ၊ဆူးမွေ့ယာပေါ်ပျော်ပျော်ကြီးအိပ်ခဲ့ပါလိမ့်။

“မ”တစ်ထောင် တစ်ကောင်ဘွားဆိုရိုးစကားကို လွန်၊

“မ”သိန်းပေါင်းတစ်ထောင် တစ်ကောင်ဘွားဆိုရိုးအသစ် သူထွင်နိုင်ငံတွင် စံတင်ခဲ့လေပြီ ။ ။

သူ……ဆိုသူကား….

ပဲပြုတ်နဲ့ နံပြားကိုနှစ်သက်သူ..

အာဏာအတွက်မဟုတ် ပြည်သူ့အတွက် လက်နက်ဆွဲ၍ထွက်ခဲ့သူ….

လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးလောက ကထွက်စာရေးဆရာဖြစ်ချင်ခဲ့သူ…

လွတ်လပ်ရေး ဗိသုကာတစ်မျိုးသားလုံး၏ ထွက်ရပ်လမ်းကိုဦးဆောင်လမ်းပြခဲ့သူ……

ဗမာ့တပ်မတော်၏ ဖခင်..
တစ်မျိုးသားလုံး၏ဖခင်..
မြန်မာနိုင်ငံ၏ဖခင်...
သခင်အောင်ဆန်း (သို့မဟုတ်)
ဗိုလ်တေဇ (သို့မဟုတ်)
ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်)
တို့ဖခင် ..ဗိုလ်ချုပ်အောင်ဆန်း ။ 

စာကြွင်း ။ ။ဤသို့…အဘက်ဘက်ကပြည့်စုံ၊ကုံလုံ နေသူတစ်ယောက်၊အဘယ်သို့သောအတွေးများပေါက်၍၊ အဘယ်မည်သော ခွန်အားသုံး၍အဘယ်မည်သော တွန်းအားဖြင့်အရာရာကိုစွန့်လွှတ် ၊ဒုက္ခတွင်းထဲ ၊ဆူးမွေ့ယာပေါ်ပျော်ပျော်ကြီးအိပ်ခဲ့ပါလိမ့်။
သည်တစ်ချက်နှင့်တင်..

သူ့အားကျွန်ုပ်တို့လေးစားထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ ရိုကျိုးထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ မြတ်နိုးထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ ရှိခိုးထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ စံပြုထိုက်ပြီ ။
သူ့အားကျွန်ုပ်တို့ ဂုဏ်ပြုထိုက်ပြီ ။ ။
ဆရာကြီး(ဆရာဇော်ဂျီ) ရေ……အခုတော့ …………………………………

လွင့်မောင်မောင် (ထားဝယ်)
(18-7-2010 01:30 hr)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...