နိုင်ငံရေးဆိုတာဘာလဲ (What is politics?)
R.C.Vermani (India)
အပေါ်စီးမှရှုမြင်ရသည့် နိုင်ငံရေး
နိုင်ငံရေးဆိုသည်မှာ ကိုယ်ကျိုးစီးပွားရှာဖွေမှုနဲ့ ဆက်နွယ်နေသော
ညစ်ညမ်းသည့် စီးပွားရေးတစ်ခု၊ နှိင်ငံရေးပါတီများက သီးသန့်လူမှုအဆင့်အတန်းတစ်ခု ရရှိရေးအတွက်
ဟန်ဆောင်မှု၊ ကြံစည်မှုများနှင့် ရော ပြွန်းနေသောအရာဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုသူများရှိသလို၊
နိုင်ငံရေးဆိုသည်မှာ လူထုကောင်းကျိုး၊ လူတစ် ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းတစ်ခုလုံး
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သော ကြိုးပမ်းမှုများ ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ကြသုများလည်းရှိပါသည်။
နိုင်ငံရေးဆိုတာဘာလဲဆိုသည့်မေးခွန်းအတွက် အသင့်တော်ဆုံးအဖြေကတော့
နိုင်ငံရေးဆိုသည်မှာ
နိုင်ငံအစိုးရနဲ့ပတ်သက်တဲ့ အခင်းအကျင်းဖြစ်သည်ဟု
ဖြေရပေမည်။ နိုင်ငံရေးသည်အစိုးရဌာန၊ တရားရေး ဌာန၊ လွှတ်တော်အစရှိသော ခမ်းနားကြီးကျယ်သော
အဆောက်အဦးများက ပေါက်ဖွားလာသည့်အရာ၊ အမြစ်တွယ် လာသည့်အရာဟု သဘောထားခြင်းသည် မထူးဆန်းတော့ပေ။
နိုင်ငံတော်နှင့်တစ်သီးပုဂလအကြားဆက်နွယ်မှု၊ အစိုးရအဆောက်အဦးများအကြား
ဆက်နွယ်မှု အား
လုံးအကြုံဝင်သည်။ ဤရှုထောင့်အရဆိုလျှင်
နိုင်ငံရေးသည်ပြည်တွင်းရေး၊ အမျိုးသားရေး၊ ပြည်ထောင်စုရေး၊ စည်ပင်သာယာရေး၊ ဘုရင်အုပ်ချုပ်ရေး၊
နိုင်ငံတကာရေးစသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပေသည်။
တစ်ချိန်က ဘုရင်များကို မည်ကဲ့သို့မြှောက်ပင့်ပြောဆိုရမည်နည်းဆိုသည့်
နည်းနာများကို သင်ယူခဲ့ရ
သည့် နိင်ငံရေးသမားများသည် ယနေ့အချိန်တွင်
မဲဆဒ္ဒရှင်များကို ကိုယ့်ဘက်ပါအောင် မည်ကဲ့သို့ဆွဲဆောင် စည်းရုံးရမည်နည်းဆိုသည့် နည်းနာများကို
ဆည်းပူးနေရပေပြီ။
နိုင်ငံတော် အားဆန်းစစ်လေ့လာသည့်နိုင်ငံရေး
နိုင်ငံရေးဆိုသည်မှာလူအသိုင်းအဝိုင်း တစ်ရပ်လုံးကိုသက်ရောက်စေသော
အမျိုးမျိုးသော အမှုကိစ္စများ နှင့် ပတ်သက်သည်။( ပလေတို၊ အရစ္စတိုတယ်)
လူသည်နိုင်ငံရေးသတ္တဝါပင်ဖြစ်သည်။ နိုင်ငံရေးနယ်ပယ်ထဲတွင် နေထိုင်ရခြင်းသည်လည်း
လောကဓမ္မ
တာပင်ဖြစ်သည်။ (အရစ္စတိုတယ်)
နိုင်ငံရေးနယ်ပယ်မှာ မနေသူဆို၍ ဘုရားသခင်နှင့် လူမဟုတ်သည့်သတ္တဝါများသာဖြစ်ရပေမည်။
နိုင်ငံ
ရေး၏ အဓိကရည်ရွယ်ချက်မျှာ လူတွေအဆင့်အတန်းမြင့်မြင့်နဲ့
အတူတကွနေထိုင်နိုင်ဖို့၊ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ ကောင်းမြတ်တဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့
ကူညီတွန်းပို့ပေးရေးပင်ဖြစ်ပါသည်။
နိုင်ငံရေးဘ၀သည် မိမိကိုယ်မိမိ နားလည်သဘောပေါက်မှု ကဲ့သို့သောလက်ဆုပ်လက်ကိုင်ပြနိုင်သည့်
ကိုယ်ကျင့်သိက္ခာရှိသော ပန်းတိုင်တစ်ခုကို
အရောက်လှမ်းဖို့ တည်ရှိနေခြင်းဖြစ်သည်။
နိုင်ငံရေးသည် လမ်းညွန်မှုတစ်ခုဖြစ်ပြီး ပြည်သူ့နီတိ၊ ကိုယ်ကျင့်တရားဆိုင်ရာတွေးခေါ်ယူဆချက်များ၊
ရုပ်သွင်ပြောင်းပညာဆိုင်ရာ သမိုင်းဖြစ်တည်မှုနဲ့
လူမှုဗေဒအားလုံးတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြဌာန်း
ထားသောသင်ရိုးညွန်းတမ်း တစ်ခုပင်ဖြစ်သည်။
နိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးသည် နိုင်ငံနှင့်ပင်အစပြုကာ နိုင်ငံနှင့်ပင်အဆုံးသတ်ပြီး၊
နိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
တွင် ဖြစ်ပျက်ပြောင်းလဲမှုဟူသမျှကို
လေ့လာခြင်းပင်ဖြစ်သည်။
နိုင်ငံသည် သတ်မှတ်ထားသော နိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့်
လူအားလုံးအပေါ်စီရင်ဆုံး
ဖြတ်ပိုင်းခွင့်ရှိသော လူ့အဖွဲ့အစည်းတစ်ခုအဖြစ်
အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။
နိုင်ငံတော်၏ မည်သည့်လုပ်ရပ်မဆို အစိုးရ၏ လုပ်ဆောင်ချက်များပင်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်
အားလေ့လာခြင်းဆိုရာတွင် အစိုးရယန္တရားလည်ပတ်ပုံအဆင့်ဆင့်၊
တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ လွှတ်တော်၊
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
စသည့်အဆောက်အဦးများနှင့် ဖွဲ့စည်းတည်ဆောက်ပုံများအား လေ့လာခြင်းပင်
ဖြစ်သည်။ အစိုးရများအား လေ့လာဆန်းစစ်မှု
ပိုမိုမြင့်မားလာသည်နှင့်အမျှ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီ မှူးမတ်
များအုပ်ချုပ်မှု၊ သက်ဦးဆံပိုင်ဘုရင်စနစ်
စသည့်အမျိုးမျိုးသော အစိုးရစနစ်များသည် နိုင်ငံတော်လေ့လာမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။
၂၀ရာစုတွင် အစိုးရအဆောက်အဦးများပေါ်တွင် ဗျူရိုကရေစီနဲ့ နိုင်ငံရေးပါတီများ၊
ပြည်သူလူထု၏ သ
ဘောထားရိုက်ခတ်မှုများသည်လည်း လေ့လာမှုထဲတွင်ပါဝင်လာသည်။
ဒုတိယကမ္ဘာစစ် ဖြစ်ပွားသည့်အချိန်အ
ထိ နိုင်ငံတော်သည် အလုံးစုံစုပေါင်းထားသည့်
အဓိကအတွေးအခေါ်မဏ္ဍိုင်အဖြစ် ကာလအတော်ကြာ တည်ရှိ
နေခဲ့ပြီး၊ လက်ရှိကာလအထိ အရေးကြီး၊
အသုံးဝင်သော နိုင်ငံရေးအတွေးအခေါ် ယူဆချက်ဖြစ်နေသေးသည်။
သို့သော်ငြားလည်း နိုင်ငံတော်အား
ဗဟိုချက်မအဖြစ် လွန်ကဲစွာတွေးခေါ်ယူဆချက်များသည် ပြဿနာအချို့ကို
မွေးဖွားပေးလေသည်။
ဂိလ်ဒ်နှင့် ပေါ်လမာ ( Guild and Palmer) နှစ်ဦး၏အဆိုအရ ယူဆချက်နှစ်ရပ်ရှိသည်။
ပထမအချက်မှာ ပညာရှင်များအား နိုင်ငံရေးလောကတွင်
ပြည့်ပြည့်ဝဝပါဝင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံဟူ
သော သဘောတရားသည် မပြောင်းမလဲတည်ရှိရမည်။
ပညာရှင်များအတွက် တစ်စုံတစ်ရာပြောင်းလဲမှုမရှိဘဲ၊
ပကတိတည်မြဲနေရမည်။ ဥပဒေသမားများကမူ
နိုင်ငံဟူသည် တိကျသောနယ်မြေအပိုင်းအခြား၊ တရားဥပဒေစိုး
မိုးရေးကို ထိန်းသိမ်းနိုင်စွမ်းရှိသည့်အစိုးရနှင့်
တိုင်းတပါးသားအစိုးရလောင်းရိပ်မှလွတ်ကင်းခြင်း အစရှိသည့်
ကြန်အင်လက္ခဏာများ ရှိရမည်ဟုရှုမြင်သည်။
စစ်ပွဲ၊ တော်လှန်ရေး၊ ကိုလိုနီချဲ့ထွင်မှုများ ပေါ်ထွန်းလာခြင်း စ သည့် နိုင်ငံရေးအခင်းအကျင်းများသည်
၎င်း၏ခေါင်းစဉ်အောက်တွင် နိုင်ငံအား အဓိကထားတွေးခေါ်ယူဆချက် ကို ပြောင်းလွယ်ပြင်လွယ် ဖွင့်ဆိုချက်များလိုအပ်သည်။
ဤအတွေးအခေါ်ယူဆချက်သည် ဥပဒေကို အလေး အနက် ထားလွန်းရာရောက်လေသည်။ ၎င်းသည်ဥပဒေကြောင်းအရ ဖွဲ့စည်းထားသည့်
ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေး၊ ဗျူရိုကရေစီနှင့် အခြားသောအဆောက်အဦးများကဲ့သို့သော
နိုင်ငံရေး ဟိတ်ဟန်တစ်ကြီး ယူဆချက်များကိုသာ အလေးပေးသည်။
ဒုတိယအနေနှင့် ၎င်းအတွေးအခေါ်ယူဆချက်များ၊ နည်းနာများနှင့်ပတ်သက်သော
နိုင်ငံရေးလေ့လာမှု
သည် ပို၍ပီပြင်လာခဲ့ပြီး နိုင်ငံတော်ဟူသော
တွေးခေါ်ယူဆချက်သည် ပို၍မပီမပြင်ဖြစ်လာခဲ့သည်။ နိုင်ငံရေးကို
လေ့လာသူ များပြားလာသည်နှင့်အမျှ
၎င်း၏တွေးခေါ်ယူဆချက်များနှင့် နည်းနာများကို ပို၍သတိပြုလာမိကြ လေလေ၊ နိုင်ငံဟူသောအတွေးအခေါ်သည်
ပို၍မှုန်းဝါးလာလေလေဖြစ်သည်။ သမိုင်းကြောင်းအရ ဥပဒေအရ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊
အတွေးအခေါ်အရ ညွန်းဆိုချက်များ အမြှောက်အများရှိခဲ့သည်။
ထို့ကြောင့် မည်သို့မျှ ဖြစ်နိုင်ခြေမရှိသည့် နိုင်ငံရေးဆိုသော
အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုအပေါ် သဘောတူညီမှု ရယူဖို့အားထုတ်ခြင်းထက၊် နိုင်ငံကို
အရေးကြီးသောနိုင်ငံရေးတွေးခေါ်ချက်အဖြစ် ရိုးရှင်းစွာ သ ဘောထားရန်နှင့် နိုင်ငံရေးတွေးခေါ်မှုများအား
ပေါင်းစည်းနိုင်ရန်ရှုထောင့်မျိုးစုံမှသာ ချည်းကပ်နိုင်ပါက ပို၍သင့် တော်ပေသည်။
ဖြစ်စဉ်ရှုထောင့်နိုင်ငံရေး
နိုင်ငံ၊ နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံများနှင့် အစိုးရအဆောက်အဦးများအား
လေ့လာသည့်နိုင်ငံရေးသည် ကိစ္စရပ်များ၏ နက်နဲသောအပိုင်းသို့ မရောက်ရှိနိုင်ပေ။ ဥပမာအားဖြင့်
နိုင်ငံသားများ အမှန်တကယ်ရင်ဆိုင်နေရ
သည့် နက်ရှိုင်းစွာအမြစ်တွယ်နေသော
ပြဿနာများပင်ဖြစ်သည်။
ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးအား လူ၊ လူ့အဖွဲ့အစည်းနှင့်
နိုင်ငံရေးစနစ်များအကြား အပြန်အလှန်အကျိုးပြုမှုအဖြစ် လေ့လာသုံးသပ်ကြသည်။ နှိင်ငံရေးသည်
လူမှုရေးသိပ္ပံပင် ဖြစ်သည်။ ၎င်းလူမှု
ရေးသိပ္ပံသည် လူမှုဖြစ်စဉ်များအပေါ်တွင်
တစ်စိုက်မတ်မတ် စောင်းပေးရသည်။
ကျယ်ကျယ်ပြန့်ပြန့်ပြောရလျှင် နိုင်ငံရေးဆိုသည်မှာ ကိုယ့်သမိုင်းကိုယ်ဖန်တ်ီးပြီး
သမိုင်း၏စိန်ခေါ်မှုများ၊ တောင်းဆိုချက်များကို ရင်ဆိုင်ရသည့်ကာလတစ်လျှောက် လုပ်ငန်းစဉ်များနှင့်
လှုပ်ရှားမှုအားလုံး ပေါင်းစုံသည့် ဆုံမှတ်ပင်ဖြစ်သည်။
သို့သော်ငြားလည်း ဤကဲ့သို့သော ကာလရှည်ကြာစွာ တောက်လျှောက်ဆောင်ရွက်ရမည့်
လူ့အဖွဲ့အ
စည်းတစ်ခု၏ ဖြတ်သန်းမှုဖြစ်စဉ်များနှင့်
ကျယ်ဝန်းသည့်အနက်ဖွင့်ဆိုချက်တွင် လူမှုလှုပ်ရှားမှုမျိုးစုံ အကျုံးဝင်
ပေသည်။
အကန့်အသတ်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုလျှင် ပြုမူဆောင်ရွက်မှုအားလုံး၏ ပေါင်းစုဆုံသည့် နိုင်ငံရေးဆိုသည်
မှာ စစ်ပွဲ၊ သံတမန်ဆက်ဆံရေး၊ ပြည်တွင်းစစ်၊
တော်လှန်ရေးကဲ့သို့သော ပဋိပက္ခဝန်းကျင်နှင့် တစ်ချိန်တည်းမှာ
ပင် လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တန်းတူညီမှု၊
ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ တရားမျှတမှု၊ လူမှုဖူလုံရေးအစရှိသည့်တန်ဖိုး
များအား ရယူပိုင်ဆိုင်နိုင်ရန် မျှော်မှန်းချက်တူညီသော
လူတစ်ဦးချင်းစီနှင့် အုပ်စုများကြား တရားဥပဒေစိုးမိုးရေး၊
အကာအကွယ်ပေးမှု၊ ရှေးရိုးစွဲမှု၊ တိုးတတ်မှုအစရှိသည့်
ပူပေါင်းလုပ်ဆောင်ခြင်း၏ ဝန်းကျင်လည်းဖြစ်သည်။
ဤရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်ဖို့အတွက် နိုင်ငံတော်သည်
ရဲ၊ စစ်တပ်၊ ပညာရေး၊ ဘာ သာရေးမျာအား ရည်ရွယ်ချက်ရှိရှိအသုံးပြုရန် (အလွဲသုံးစားမပြုရန်)
စနစ်တကျစုစည်းထားခြင်းပင်ဖြစ်သည်။
ဤနေရာတွင် ပဋိပက္ခနှင့် ပူပေါင်းဆောင်ရွက်မှု၊
အသုံးပြုမှုနှင့် အလွဲသုံးစားပြုမှုအစရှိသည့် ဆန့်ကျင်ဖက် ဝေါ
ဟာရများကို သုံးနှုန်းထားသည်။ ဤအရာသည်
သမာသမတ်ကျသည်။ အဘယ့်ကြောင့်ဆိုသော် လူမှုဖြစ်စဉ်
အား အမျိုးမျိုးသောသီအိုရီများက
မတူကွဲပြားစွာ ရှုမြင်ထားသောကြောင့်ဖြစ်သည်။
အကျိုးစီးပွားများအကြား ရင်ကြားစေ့ရေးအဖြစ် လေ့လာသောနိုင်ငံရေး
လစ်ဘရယ်ဝါဒသည် နိုင်ငံရေးကို အကျိုးစီးပွားမျာအကြားး ရင်ကြားစေ့ရေးအဖြစ်
ရှုမြင်ကြသည်။ ဤရှု ထောင့်အရ နိုင်ငံရေး၏အဓိက ခေါင်းစဉ်နှင့် ဦးတည်ချက်သည် နိုင်ငံရေးလည်းမဟုတ်၊
အချုပ်အခြာအာဏာ လည်း မဟုတ်သလို လုပ်ပိုင်ခွင့်အာဏာလည်း မဟုတ်ပေ။ သို့သော် လူမှုသတ္တဝါအဖြစ်
အလုပ်အကျွေးပြုနေ ကြသည့် လူများပင်ဖြစ်၏။ မိမိကိုယ်ကျိုးကိုသာ စိတ်ဝင်စားတတ်သည့်လူများ၊
အတ္တဟိတအချင်းချင်း မိမိတို့၏ အကျိုးစီးပွားနှင့် လိုအပ်ချက်များကို ဖြည့်တင်းဖို့ကြိုးစားရန်
တစ်ဦးနှင့်တစ်ဦး တွန်းတိုက်မိရာမှ ကစဥ့်မလျား ဖြစ်ခြင်း၊ စည်းကမ်းမဲ့ခြင်း၊ ယုံကြည်မှုကင်းမဲ့ခြင်း၊
ဗရမ်းပတာဖြစ်ခြင်း၊ ယဉ်ကျေးသောအပြုအမူမှန်သမျှ ကင်းမဲ့ ခြင်း အစရှိသည့် အကျိုးရလာဒ်များ
ပေါ်ထွန်းလာနိုင်သည်။
နိုင်ငံရေးသည် လူမှုတိုးတတ်ရေး အစိတ်အပိုင်းတစ်ခုဖြစ်လေရာ ယင်းမှ
ပဋိပက္ခများကျေအေးရေး၊ တ
ရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ရေး၊
အကာအကွယ်ပေးနိုင်ရေးနှင့် တရားမျှတမှုများကို လူ့ဘောင်လောကတွင် အုပ်မြစ်ချရသည်။
နိုင်ငံရေး ဘယ်ကစသလဲဟု စီစစ်လေ့လာလိုလျှင် လူ့အသိုင်းအဝိုင်း ဘယ်ကစသလဲဆိုသည်ကို
လေ့
လာရပေမည်။ ဆိုလိုသည်မှာ လူနှင့်
လူ့အသိုင်းအဝိုင်းသည် နိုင်ငံရေးပေါက်ဖွားရာ နေရာပင်တည်း။
အကျိုးစီးပွားများတွန်းတိုက်မိခြင်း၏ ဇစ်မြစ်
သဘာဝပတ်ဝန်းကျင်၊ လူနှင့်လူ့အဖွဲ့အစည်း
အကျိုးစီးပွားများ ထိပ်တိုက်တိုးလာလျှင် ရင်ကြားစေ့မှုသည် လိုကိုလိုအပ်လာသည်။
လူဖြစ်လာခြင်းသ
ဘာဝကိုက ပဋိပက္ခအစဖြစ်ကြောင်း လစ်ဘရယ်ဝါဒက
ရှုမြင်သုံးသပ်သည်။
` မိမိအကျိုးစီးပွား၊ လုပ်ငန်း၊ ပျော်ရွှင်လိုမှု၊ ဖွံ့ဖြိုးတိုးတတ်မှုကိုယ်စီနှင့်
လူသားတစ်ဦးချင်းစီ၏ အေးချမ်း
တည်ငြိမ်သော လူမှုပတ်ဝန်းကျင်တစ်ခုသည်
နိုင်ငံတစ်နိုင်ငံ၏ အခြေခံအုတ်မြစ်များအဖြစ် ခံယူသည်။ လူတစ်
ယောက်ချင်းစီကို ကျင့်ဝတ်သိက္ခာရှိသော
လူမှုသတ္တဝါအဖြစ် မရှုမြင်ဘဲ သူ့ကိုယ်သူ မူပိုင်အဖြစ်သာ ရှုမြင်ခဲ့
သည်။
လူသည် မိမိကိုယ်ကိုသာ စိတ်ဝင်စားသော၊ တစ်ကိုယ်ကောင်းဆန်သော၊ အမှီအခိုကင်းသော၊
မိမိ
ကောင်းစားရေးအတွက်သာ လိုလားကြောင်းတို့ဖြင့်
လူတစ်ယောက်ကို ပုံကြမ်းဆွဲပြီး ဥပမာပေးခဲ့သည်။
သောမတ်စ်ဟော့ဘ်(
Thomas Hobbs)
လူ့အဖွဲ့အစည်း၏ သဘောသဘာဝ
လစ်ဘရယ်ဝါဒသည် လူ့လောကကို သဘာဝအလျှောက် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ လူကဖန်တီးထား
သော အဆောက်အဦးတစ်ခုအဖြစ် ရှုမြင်သုံးသပ်သည်။
Hobbs က လူ့အဖွဲ့အစည်းအား လူတစ်ဦးချင်းစီ ကွဲပြားတည်ရှိသော်လည်း
စုစည်းနေသည့် ဂျုံအိတ်
တစ်အိတ်နှင့် နှိုင်းစာထားသည်။
ကွဲပြားခြားနားသောလူများသည် တူညီသောအမှုကိစ္စ တစ်ခုတည်းကိုသာ လုပ်လိုကြသည်။
တနည်း
အားဖြင့် တူညီသောဦးတည်ချက်များကို
ပိုင်ဆိုင်လိုကြသည်။ ရလာဒ်ကတော့ အကျိုးစီးပွားများ၊ ရည်မှန်းချက်
များနှင့် ပြင်းပြသောဆန္ဒများသည်
လူများအား ပဋိပက္ခသံသရာစက်ကွင်းထဲသို့ ဆွဲငင်ယူသွားတတ်သည်။ သို့
သော် အကြောင်းကြောင့် အကျိုးရလာဒ်များထွက်လာသည်။
အကျိုးစီးပွားပဋိပက္ခနှင့် ထိပ်တိုက်တိုးမှုများသည် လူလူချင်း၊ အုပ်စုအုပ်စုချင်း၊ လူ့အလွှာအလွှာချင်းလည်း
ဖြစ်နိုင်သည်။ ဆင်းရဲချမ်းသာ ဝိရောဓိ၊ လူမှုရေးနှင့် စီးပွားရေး၊ ယဉ်ကျေးမှု၊ ပထဝီအနေအထား၊
မွေးဖွားသေဆုံးစာရင်း အစရှိသည်များနှင့်လည်း အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်နိုင်သည်။
ကောက်ချက်ဆွဲရလျှင် လူ့လောကအား လူနှင့်လူ့အသိုင်းအဝိုင်းအချင်းချင်း စည်းလုံး ညီညွတ်မှု
အဆီအငေါ်မတည့်သည့်အပြင် ကိုယ်ကျိုးစီးပွားများ တွန်းတိုက်မှု၊ အာဏာရရှိရေး ကြိုးပမ်းမှုများနှင့်
ရောထွေယှက်တင် ဗလုံးဗထွေးဖြစ်နေသည်ဟု ရှုမြင်နိုင်ပေသည်။
ခိုင်မိုးနိုင် ဘာသာပြန်သည်။
0 comments:
Post a Comment