လူတွေဟာ
by Moenge Aung on Monday, October 31, 2011 at 7:17am
လူတွေဟာ ဘဝတစ်ခုကို ပျော်ရွှင်အောင်ဖန်တီးနိုင်တဲ့အခွင့်အရေးရှိပေမယ့် အဲဒီအခွင့်အရေးတွေကို လက်လွတ်ခံပြီးမှ တန်ဖိုးရှိတယ်ဆို ပြီးတော့ပြောလာတာပါ။
အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေဟာဆုံးရှုံးမှာကိုကြောက်ပြီးနေပြ၇င် လူတွေဟာနိုင်တဲ့စီးနင်းလုပ်ကြတယ်။
လူတွေဟာ မျက်ရည်တွေနဲ့ဘဝတစ်ခုကို မြေပြင်ပေါ်မှာ ပြားပြားဝပ်တောင်းပန်ခဲ့တာတောင် တန်ဖိုးထားခဲ့လို့လား။ ချမ်းသာချိန်မှာငါတကောကောပြီး ဆင်း၇ဲဒုက္ခရောက်ချိန်ကြမှ အတူ၇င်ဆိုင်စို့လားတဲ့။
လူတွေဟာ ကြောက်တဲ့စိတ်နဲ့အငြင်းဆန်ခံရမှာကိုကြောက်ပြီး အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲဘူး။ တိတ်တိတ်လေးပဲ အတူ၇င်ဆိုင်သူကိုမေ့ပြီး နောက်တစ်ယောက်နောက်အကြောင်းအမျိုးပြ လိုက်ချင်ကြတယ်။
လူတွေဟာ အချစ်မှာမျက်စိမရှိဘူးဆိုတာ မိန်းမတွေအတွက် သို့မဟုတ်အ၇မ်းချစ်တတ်သူတွေတွက်တော့ ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ်မယ့် အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေဟာ များလာချိန် မျက်စိပွင့်လာချိန်မှာ ဒါတွေဟာနောက်တစ်ယောက်အတွက်ပါပဲ။
လူတွေဟာ သ၀န်တိုတတ်မှန်းသိရက်နဲ့ တစ်ခြားသူနဲ့ ကျူးလွန်၇ဲကျတယ်။ ကိုယ့်အပေါ် သဘောထားကြီးစွာ၊ တန်ဖိုးထားဆက်ဆံသော်လည်း နောက်လူကိုမှအချစ်လို့ ထင်ကြတယ်။ နောက်ဆုံးတော့လည်း ဒိဝဲဂ၇က်ထဲပြန်ဝင်လာ၇တာပါပဲ။
လူတွေဟာ ဝေးနေချိန်မှာဖောက်ပြန်တဲ့စိတ်ထားရှိကြတယ်။ ကိုယ်တန်ဖိုးထားသလောက်ပြန်မ၇ချိန်မှာ ခံစား၇ခက်ခဲသော်လည်း ပြန်စ၇တဲ့ဘ၀မှာ အကြောက်တ၇ားတွေ ဦးဏှောက်မှာစွဲသွားတတ်တာပါပဲ။
လူတွေဟာ ပညာကင်းဘိ၊ မနှိုင်းညှိဘဲ၊ ဇာတိပုည၊ မဟတ္တဖြင့်၊ မာနအရာ၊ ကဲမိုးစွာလျက်၊ ငါသာမင်းဟူ၊ ပဇာတူဟု၊ အယူမောက်ကြွား၊ မထောင်လွှားနှင့်၊ တောင်ကားမြင့်ကြီး၊ မီးကားရှိန်ပူ၊ သံမူ မာကျော၊ ဘက်မဲ့သောဟု၊ ရေကြောသတ္တိ၊ မသိ၍သာ၊ ကြိမ်းပရာသို့၊ ပမာပုံမှီး၊ မာန်မူကြီး၍၊ တောင်မီးသံလား၊
မကြုံးဝါးလင့်၊ ရေအားကြုံတွေ့ ၊ ၀ဲဟုန်မွှေ့ ၍၊ တိုက်ဝှေ့ သောခါ၊ မကြာမတင်၊ အလျင်သဖြင့်၊ တောင်မြင့်မီးပူ၊ သံမာမူလည်း၊ မြူသာဖြစ်၍၊ စင်စစ်ကြွေမွ၊ပျောက်ပျက်ရ၏ ။(မဃဒေ၀)လိုပါပဲ
လူတွေဟာအချစ်ဆိုတာ တန်ဖိုးထားရကောင်းမှန်း မသီလူဆိုတာက အတ္တနဲ့ ပရ ဒွန်တွဲနေတာ၊ အဲ့ဒီမှာမှ အတ္တက ခပ်များများဆိုတော့ အချစ်ဆိုတာကို မြင့်တက်ချိန်မှာမေ့နေတတ်တယ်။
လူတွေဟာဆန္ဒ ကိုသိက္ခာဖြင့် ထိန်းပါသတိလေး အသိလေးတစ်ခုထားပါဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘ၀ဟုသီထားပေးပါ။
လူတွေဟာဤလောကကြီးလိုချင်တပ်မက်မှုများဖြင့် မွေးဖွားလာသည်လိုချင်တပ်မက်မှုသည် ကြောက်စရာကောင်းလှသည်။ သတ္တ၀ါအားလုံးသည် အ၀ိဇ္ဇာဆိုသော မသိခြင်းနှင့် တဏှာဆိုသော လိုချင်တပ်မက်မှုတို့ ပူးပေါင်းမိပြီး အမှားများစွာကိုကျူးလွန်နေကြသည်။ ဖြစ်ပေါ်လာသော မိမိ၏ ဆန္ဒကို
ထိန်းသိမ်းရန်ကာခက်ခဲလှပါသည်။
လူတွေဟာကောင်းမှု လုပ်ချင်ပြီးဆိုလျှင် သိက္ခာမဲ့ ပြုလုပ်တတ်ကြသည်။ ငါလုပ်နေကျ ဘာမှမဖြစ်ဘူး ဆိုပြီးဆက်လုပ်ကြသည်။ အသိတရားမရှိတဲ့ လူတိုင်းသည် ပို၍ပင် သိက္ခာကင်းမဲ့သော လုပ်ရပ်များကိုပျော်ပျော်မွေ့မွေ့ ကျူးလွန်နေကြသည်။
လူတွေဟာသူတော်ကောင်းမှမဟုတ်တာဆိုပြီ စိတ်ကိုအလိုမလိုက်ရပါဘူးသိက္ခာမဲ့လုပ်ရပ်များကို လုပ်ပါများလာသောအခါဘ၀သာလျှင်ပျက်မည်ဧကန်ပင်။
လူတွေဟာ လောကစည်းစိမ်ကိုဆန္ဒအလျှောက်ပြုလုပ်ပြီး အ၇င်လူကိုအပြစ်ပုံခြင်း၊ နောက်လူကို လွှဲချခြင်း များပြုလုပ်လေ့ရှိသည်။ ကမ္ဘာလောကကြီးရဲ့ ဆန့်ကျင်ဘက်တစ်နေရာမှာ လူတွေဟာလောဘ၊ ဒေါသ၊ သောကများကင်းတဲ့ တစ်နေ၇ာလေးရှိ၇င်မလေးကို လမ်းညွှန်ပေးကြပါလား
လူ့လောကကြီး၇ယ်။
မိုးငယ်အောင်
0 comments:
Post a Comment