Friday, October 28, 2011

ဘာကြောင့် မြန်မာနိုင်ငံမှာ ကြီးကြီးမားမား အလားအလာရှိနေတာလဲ


[By Save Irrawaddy ]

(Money Week မှ 21 Oct 2011 ရက်စွဲပါ Why Burma has Huge potential သတင်းဆောင်းပါးကို ဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို အဂတိကင်းကင်းဖြင့် သုံးသပ်ထားသော ဆောင်းပါးဖြစ်သည်။
မနှစ်ကနှစ်ကုန်တွင် မြန်မာနိုင်ငံ၌ ကျင်းပသော ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်သော်လည်း ပြည်သူ အများစုက စိတ်ပါဝင်စားခြင်း မရှိခဲ့ကြပါ။ ထွက်ပေါ်လာမည့် ရလဒ်ကိုလည်း အများစုက ကြိုတင်သိရှိထားကြပြီး ဖြစ်နေသည်။
နိုင်ငံကို အချိန်ကြာကြာ အုပ်ချုပ်ခဲ့ကြသော စစ်ဖက်အုပ်ချုပ်သူများက ယူနီဖောင်းချွတ် အရပ်ဝတ်လဲခဲ့ကြသော်လည်း အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကသာ ခိုင်ခိုင်မာမာ ဆက်လက်ဖက်တွယ်ထားပြီး အခြေခံ ဥပဒေကလည်း လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်အတွက် တိုက်ရိုက်သီးသန့် ဖယ်ထားပေးခဲ့သည်။ အဓိက အတိုက်အခံအများစုက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသောကြောင့်လည်း တပ်မတော် ကိုယ်စားပြု နိုင်ငံရေးပါတီက ပြိုင်ပွဲဝင် အမတ်နေရာ ၅ ပုံ ၄ ပုံကို အနိုင်ရရှိခဲ့သည်။
မြန်မာနိုင်ငံမှ ကာလကြာမြင့်စွာ ဆင်းရဲဒုက္ခ ခံစားခဲ့ရသော ပြည်သူများအတွက် မကြာမီအတွင်း သိသိသာသာ ကောင်းမွန်လာအောင် ဆောင်ကြဉ်းပေးမည့် အရာများရှိနေပြီဟု မြင်ရန်အတွက် သင်သည် အလွန်အ ကောင်းမြင်လွန်းသောသူ ဖြစ်ရပေလိမ့်မည်။ မည်သို့ဆိုစေ မရေရာသော အပြောင်းအလဲ လက္ခဏာများ ထိုနိုင်ငံတွင် ရှိနေပြီ။ နှစ်အနည်းငယ်အတွင်း အလွန် ကွဲပြားခြားနားသွားမည့် နိုင်ငံကိုပင် မြင်တွေ့ရဖို့ အလားအလာများ ရှိနေသည်။

တပ်မတော်က အုပ်ချုပ်နေဆဲ
ပထမဦးစွာ ရွေးကောက်ပွဲများနှင့် လွှတ်တော်အသစ်သည် ရှိုးပြရုံသက်သက်မျှသာ ဟူသောအချက်ကို အပြည့်အဝ သိရှိလက်ခံရန် အရေးကြီးမှာ သည် ၁၉၉၂ မှ စ၍ နိုင်ငံကို ဂုတ်စီးအုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်ခဲ့သော တပ်မတော်အစိုးရဟောင်းထဲမှ သော့ချက် ပုဂ္ဂိုလ်များထံတွင် အာဏာဆက်လက်ရောက်ရှိနေ ခြင်းကြောင့် ဖြစ်သည်။
ရွေးကောက်ပွဲများအပြီးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံအကြီးအကဲအဖြစ်မှ တရားဝင်အနားယူလိုက် သည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ရန် စစ်ဖက်ရာထူးစွန့်ခဲ့သော အခြားတပ်မတော်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ထံ နိုင်ငံဂုတ်စီးရာထူးကို လွှဲပြောင်းပေးခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူမြင်ကွင်း နောက်ကွယ်မှ အာဏာ ဆက်လက်ချုပ်ကိုင်နေဆဲဆိုသည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာသဖြင့် ရှိသူမရှိပါ။
ထိုလမ်းကြောင်းသည် ဗိုလ်နေမြဲ၊ ကျားနေမြဲသာ ဖြစ်နေပါလိမ့်ဦးမည်။ ပိုမိုသဘောကွဲလွဲခွင့်၊ ဆွေးနွေးခွင့်ကို သိသိသာသာ ခွင့်ပြု လာသော်လည်း တပ်မတော်အစိုးရ ထိပ်သီးပုဂ္ဂိုလ်များက ထိပ်တန်းရာထူးများကို ရယူထားကြဆဲဖြစ်၍ ကျန်အခြားသူများမှာလည်း အနားယူသော်ငြား အာဏာရှိနေကြ ဆဲပင် ဖြစ်ပေသည်။ သူတို့ထဲမှ လူများက ယခုအချိန်တွင် မတူကွဲပြားသောလမ်းကြောင်းကို ခွဲထွက်ကြတော့မှာလား ဆိုသည်ကိုသာ မေးစရာရှိသည်။
နောက်တစ်ချက်မှာ မြစ်ဆုံတမံနှင့်ပတ်သက်၍ ချက်ခြင်းလက်ငင်းပြောင်းလဲသွားအောင် မည်သည့်အရာက ပြုလုပ်ခဲ့သည်ဆိုသည်မှာ အလွန် စိတ်ဝင်စားစရာကောင်းသည်။ မြန်မာပြည်မြောက်ပိုင်း ဧရာဝတီဖြစ်ဖျားမှ ကြီးမားလွန်းသော ရေအားလျှပ်စစ်တမံစီမံကိန်းကို လျှပ်စစ်ဓာတ်အား အကုန်လုံး နီးပါးဝယ်ယူမည့် အိမ်နီးခြင်း မဟာမိတ် တရုတ်နိုင်ငံက ဝင်ရောက်တည်ဆောက်နေခြင်း ဖြစ်သည်။
ထိုမြစ်ဆုံတမံသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမည့် အကြောင်းရင်းများ ရှိနေသည့်အပြင် ဒေသခံပြည်သူ တိုင်းရင်းသားလူမျိုးများကို ဇာတိမြေမှ မောင်းထုတ်လျက်ရှိခြင်းကြောင့် ကြီးကြီးမားမား အငြင်းပွားစရာဖြစ် နေသော်လည်း တပ်မတော်အစိုးရသည် ယခင်က ထိုကဲ့သို့ စိုးရိမ်ပူပန်ခြင်း လုံးဝမရှိခဲ့ပါ။
သို့ဖြစ်ရာ သမ္မတဦးသိန်းစိန်က သူ့အစိုးရလက်ထက်တွင် အနည်းဆုံး ၂၀၁၅ အထိ စီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု ယခင်လက ရုတ်တရက် ကြေညာ လိုက်သောအခါ များစွာအံ့အားသင့်ကုန်ကြလေသည်။ စီမံကိန်းသည် ပြည်သူတို့၏ဆန္ဒကို ဆန့်ကျင်နေသောကြောင့်ဟု အကြောင်းပြခဲ့ခြင်းကို ပို၍ပင် အံ့အားသင့်ခဲ့ကြသည်။

ထိုအတောအတွင်း အတိုက်အခံ နိုင်ငံရေးသမားများကိုလည်း အစိုးရက လက်ကမ်းဆက်ဆံလာခဲ့သည်။ ပင်လယ်ရပ်ခြားရောက် မြန်မာ နိုင်ငံသားများ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ရန် အိမ်ပြန်လာမည်ဆိုပါက လက်ကမ်းကြို ဆိုမည်ဟုလည်း အစိုးရကြေညာခဲ့သည်။ ထို့အပြင် နိုင်ငံရေး ပြစ်မှုဖြင့် ထိန်းသိမ်းခံနေရသူ ၂၀၀၀ ခန့်အနက်မှ အချို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ (ဆန့်ငင်ဆန့်ငင်၊ တုန့်နှေးတုန့်နှေးဖြင့်) လွှတ်ပေးလျက် ရှိသည်။

အပြောင်းအလဲသည် ဒီမိုကရေစီနှင့် ဘာမှမဆိုင်
သို့ဖြစ်လျှင် အဘယ်ကြောင့် တပ်မတော်က အပြောင်းအလဲ လုပ်ပြနေတာလဲဟု မေးစရာရှိသည်။ ၁၉၆၂ နောက်ပိုင်း တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာအစိုးရသည် ၁၉၈၈မှ စ၍စစ်အုပ်ချုပ်ရေး စနစ်ကျင့်သုံးခဲ့သူများသာ ဖြစ်သည်။ သူတို့၏ လွတ်တော်အမတ်များ ရှုံးနိမ့်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲကို လည်း ဖျက်သိမ်းပစ်ခဲ့ကြသည်။ ထိုသူများက ဒီမိုကရေစီလမ်းညွှန်မြေပုံဟူသော စကားကို နှုတ်ဖျားမချ ပြောဆိုလာသောအခါ မည်သူကမှ မယုံကြည်ကြ တော့ပေ။ မဲပုံးများမှ တစ်ဆင့်သွားမည့် နောက်ခရီးစဉ်သည် ဘာကြောင့် ထိုမျှအရေးကြီးနေရပါသလဲ။
အဓိကသော့ချက်ပုဂ္ဂိုလ်များ ရုတ်တရက် ဒီမိုကရေစီလိုလားသူများ ဖြစ်သွားသောကြောင့် ဤကိစ္စမှာ စဉ်းစားစရာ ဖြစ်လာသည်။ အကယ်၍ ယခုအခင်းအကျင်းပုံစံမျိုးသည် အမှန်တကယ် စံပြုဖွယ်ထူးခြားနေသည် ဆိုပါက ပတ်သက် နေသော အကြောင်းရင်း ၂ ရပ်ရှိနိုင်သည်။

ပထမတစ်ချက်မှာ ထိပ်ပိုင်း ပုဂ္ဂိုလ်အချို့ ကာလကြာရှည်အာဏာရခဲ့သည့် ကိစ္စဖြစ်သည်။ သူတို့နှင့် အပေါင်းအပါများသည် များပြားလွန်းသော ဓနဥစ္စာများနှင့် စီးပွားရေးလက်ဝါးကြီးအုပ်ထိန်းချုပ်ခွင့်ကို ရရှိထားကြသည်။ အကယ်၍ ဤနေရာတွင် သင်ကိုယ်တိုင် ပါးနပ်လွန်းသူတစ်ဦး ဖြစ်နေပါက နန်းမွေခံများကို အာဏာ စတင်လွှဲတော့မည့်အချိန်တွင် သင်ရရှိပိုင်ဆိုင်ထားသော ဥစ္စာများနှင့် သြဇာအာဏာကို မည်သို့ထိန်းထားနိုင် မည်ဆိုသည်ကိုသာ စတင်စဉ်းစားပေလိမ့်မည်။
ဒုတိယအချက်မှာ အာဏာရှင်အစိုးရများသည် ကျောက်သားဖြင့် ထုထားသူများ မဟုတ်ခြင်းပင် ဖြစ်သည်။ အလွန်ရက်စက်သော အာဏာရှင် များကိုပင် ဒီနေ့ဘယ်သူ့ကို နှိပ်စက်ရမလဲဟု ကြုံးဝါးနေသော ဂျိန်းစဘွန်း ဗီလိန်ဂိုဏ်သားများနှင့် တူသည်ဟု စဉ်းစားပါက မှားယွင်းသွားပါလိမ့်မည်။
ထိပ်ပိုင်းအာဏာပိုင်မျာ]းအနက် အချို့က အလုံးစုံထိန်းချုပ်ထားချင်ကြသလို အချို့က စီးပွားရေးကဏ္ဍကို သီးခြားခွဲ၍ စဉ်းစားကြသည်။ ပထမအုပ်စုက ဆင်းရဲသော အထီးကျန်နိုင်ငံတွင် တစ်ချက်လွှတ်အာဏာဖြင့် ဗိုလ်လုပ်ရသည်ကို ပျော်ရွှင်ကြသည်။ နောက်အုပ်စုကမူ နိုင်ငံတကာတွင် လူရာဝင်၍ ချမ်းသာသော နိုင်ငံမျိုးကို ဦးဆောင်လိုကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ အထက်ပါ နှစ်မျိုးနှစ်စားလုံးအတူတကွ ပြူထွက်လာသည်ကို တွေ့မြင်နေရသည်။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကဲ့သို့သော သဘောထား တင်းမာသူများအနေဖြင့် သူတို့ကိုယ်တိုင်၊ သူတို့မိသားစု၊ သူတို့ အပေါင်းအပါများအား ပိုမိုကာကွယ်ုပေးနိုင်မည့် နယ်ပယ်ကျဉ်းလာဖွယ် ရှိနေသည်။
ဗိုလ်ချုပ်ကြီးသိန်းစိန်ကဲ့သို့ ပြုပြင်ပြောင်းလဲရေးသမားများအတွက်မူ စနစ်ပြောင်းခြင်းကို ပဲ့ကိုင်နိုင်ဖို့ ကြိုးစားရန် အခွင့်အလမ်းများ ပိုမိုရရှိနေသည်။

သို့သော်လည်း ထိုရီဖော်မာများသည် ဒီမိုကရေစီကို စိတ်မကူးပဲ စီးပွားရေးကိုသာ ပြောင်းရန်ကြံရွယ်နေ ခြင်းဖြစ်သည်။ ယခု ကျွန်တော်တို့သည် စီးပွားရေးအမြင်ရှိသော ပြုပြင်ရေးသမားများက သံသယကြီးလွန်းသော လှေနံဓားထစ်သမားများကို အသာစီးရသွားမှာလား ဆိုသည်ကိုသာ ရိုးရိုးရှင်းရှင်း ဆွေးနွေးပြောဆိုနေကြခြင်း ဖြစ်သည်။ ယခု မြန်မာနိုင်ငံအခြေအနေသည် ၁၉၇၈ ခုနှစ် တရုတ်နိုင်ငံ လမ်းကြောင်းပြောင်းချိန်တွင် တိန်ရှောက်ဖိန်နှင့် မော်ဝါဒီများအကြား အားပြိုင်မှုမူရှိခဲ့သော တရုတ်ကဲ့သို့ နိုင်ငံများတွင် ကျွန်တော်တို့မြင်တွေ့ခဲ့ရသည့်ပုံစံနှင့် ထပ်တူထပ်မျှ ဖြစ်နေသည်။
လတ်တလော ရေတိုကာလမျိုးတွင် ကိုယ်ကျိုးစီးပွားကိစ္စကသာ နိုင်ငံကို ပဲ့ကိုင်မောင်းနှင်နေခြင်းမှာ သဘာဝထုံးစံပင် ဖြစ်လေသည်။ မြန်မာ နိုင်ငံတွင် စစ်ဖက်ခေါင်းဆောင်များနှင့် ယင်းတို့၏ စီးပွားဖက်ရောင်းရင်းများ နှစ်အုပ်စုလုံးလက်ထဲသို့ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ကာ ထိုးထည့်ခဲ့သည်ကို တွေ့မြင်ရသည်။ ဤကိစ္စသည် ဒီမိုကရေစီနှင့် မသက်ဆိုင်သလို ဖြောင့်မတ်မှန်ကန်မှုနှင့် သန့်ရှင်းသော အုပ်ချုပ်ရေးစနစ်ကိုလည်း လုံးဝမတွေ့မြင်ရပါ။
မြန်မာနိုင်ငံ၌ ရှေ့ပြေးအပြောင်းအလဲဖွံ့ဖြိုးမှုအဖြစ် ဒီမိုကရေစီကို မမြင်ရပါ။ အမှန်စင်စစ် သဘာဝထုံးစံအား ဖြင့်လည်း ထိုသို့ ဖြစ်လေ့မရှိပါ။ နိုင်ငံ ချမ်းသာလာချိန်၊ လူလတ်တန်းစားအလွှာ ဖွဲ့စည်းဖြစ်ပေါ်ချိန်မှသာ ဒီမိုကရေစီ ပေါ်ထွက်လာကာ ခေါင်းဆောင်များ၊ လက်နက်ကိုင်တပ်များ၊ အဓိက ပါဝင်သူများ၏ အတွေးအခေါ်၊ အကျိုးစီးပွားတို့ ပြောင်းလဲသွားတတ်သည့်အချက်ကို အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၏ အတွေ့အကြုံများက ပြသနေသည်။ ထိုအချိန်သို့ရောက်လျှင် အပြောင်းအလဲကို ငြင်းဆန်ခုခံနေခြင်းထက် ခွင့်ပြုလိုက်လျောခြင်းက ပို၍ကောင်းကြောင်း သဘောပေါက်တတ်ကြသည်။ ထိုအနေအထားထက်ကိုသာ မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးမျှော်လင့်နိုင်မည်။

စစ်ခေါင်းဆောင်များလက်လျော့သွားချိန်တွင် မြန်မာနိုင်ငံ ပို၍အလုပ်ဖြစ်မည်
ဤအချက်သည် မြန်မာနိုင်ငံမှ အပြောင်းအလဲကို သေချာသည်ပာု ဆိုလိုခြင်းမပာုတ်ပါ။ ထိုနိုင်ငံတွင် ယခင်ကလည်း ပြုပြင်ပြောင်းလဲရန် ကြိုးစား ကြည့်မှုများ ရှိခဲ့ဘူးသည်။ (အထူးသဖြင့် ဗိုလ်ချုပ်ကြီးခင်ညွှန့် ဝန်ကြီးချုပ် တာဝန်ယူစဉ်ကာလ ၂၀၀၃-၂၀၀၄ ခန့်က) ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သိသိ သာသာ သဘောကွဲလွဲခဲ့သော သူ့ကို သဘောထားတင်းမာသူအုပ်စုများက အဆင်းဘီးတပ်ပေးလိုက်ကြပြီး အဂတိလိုက်စားမှု စွဲချက်ဖြင့် ရာထူးမှချကာ ထိန်းသိမ်းထားခဲ့သည်မှာ ယခုတိုင်ပင်ဖြစ်သည်။
အကယ်၍ ဦးသိန်းစိန်သည် လုံလောက်သော ထောက်ခံမှုအင်အားကို မရခဲ့ပါက ဗိုလ်ချုပ်ကြီးခင်ညွှန့်၏လမ်းကို လိုက်သွားရနိုင်သည်။
(ဤနေရာတွင် သူ၏ ပြုပြင်ရေးစီမံကိန်းများအောက်၌ ပို၍ချမ်းသာ ကြွယ်ဝလာကြလိမ့်မည်ပာု သဘောတင်းသူ အဓိက ခေါင်းဆောင်ပိုင်းများကို စည်းရုံးသိမ်းသွင်းလျှင် ရနိုင်သည်။) အနောက်နိုင်ငံများ Sanction ရုတ်သိမ်းပေးအောင် လုပ်နိုင် လျှင်မူ အဓိကအောင်ပွဲကို ရသွားပါလိမ့်မည်။ အဆိုပါ ပုံရိပ်မျိုးကို ဦးသိန်းစိန်က မြစ်ဆုံတမံနှင့် အခြားနေရာများတွင် ပြသရန် ကြိုးစားနေပါသည်။ (မြစ်ဆုံတမံသည် ရပ်ဆိုင်းထားခြင်းသာဖြစ်၍ ဖျက်သိမ်းခြင်း မပာုတ်ပါ။ ယခုအချိန်တွင် မှန်ကန်စွာ စဉ်းစားဆောင်ရွက်လိုက်သော တမံကိစ္စသည် အနာဂါတ်တွင်လည်း တရုတ်နှင့် ဈေးဆစ်ညှိနှိုင်းရန် အသုံးဝင်သော နည်းကိရိယာတစ်ခုဖြစ်နေဦးမည်)
အကယ်၍ ဦးသိန်းစိန် ကျရှုံးသွားပါက မြန်မာနိုင်ငံအနေဖြင့် နောက်ထပ်ပြောင်းလဲရေးဝါဒီတစ်ဦး နိုင်ငံအကြီးအကဲနေရာ ရလာမည့်အချိန်ကို ထပ်မံစောင့်ဆိုင်းရဖွယ် ရှိပါသည်။ သို့သော် ဦးသိန်းစိန်က သူ့နေရာကိုကာကွယ်ကာ သူကတိပေးထားသည့်အတိုင်း လုပ်ဆောင်နိုင်မည်ဆိုပါက အနည်းဆုံး စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် လျင်လျင်မြန်မြန် တိုးတက်လာပေလိမ့်မည်။


အချို့ကမူ မြန်မာနိုင်ငံကို မြောက်ကိုရီးယားလို နိုင်ငံများနှင့် တန်းတူထားကာ နိုင်ငံတကာ အပယ်ခံအုပ်စုတွင် ထည့်သွင်းထားကြသည်။ သို့ သော်လည်း နိုင်ငံအုပ်ချုပ်ပုံနည်းလမ်း (သို့) ဖိနှိပ်အုပ်ချုပ်မှုအတိုင်းအတာ တစ်မျိုးမျိုးတွင် အနည်းငယ်မျှ နှိုင်းယှဉ်ကြည့်ခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံသည် လျော့လျဲ့လျဲ ဈေးကွက်အခြေပြု စီးပွားရေးစနစ်ကို ကျင့်သုံးနေသော်လည်း အဂတိလိုက်စားမှု အလွန်ကြီးမားလွန်းပြီး တပ်မတော်ကသာ ကဏ္ဍများစွာ ထိန်းချုပ်ထားသော မမျှတသည့် နိုင်ငံတစ်ခုသာဖြစ်သည်။
မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံသည် အလွန်တရာ ဆင်းရဲနွမ်းပါးကာ ဖွံ့ဖြိုးမှု နိမ့်ကျလျက်ရှိသည်။ မြန်မာနိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီ (နိုင်ငံများအကြား ခြားနားသော ဈေးနှုန်းများ၊ ဝန်ဆောင်မှုများကို ချိန်ညှိသည့် ဝယ်လိုအား နှိုင်းယှဉ်ချက်) မှာ အမေရိကန်ဒေါ်လာ ၁၂၅၀ သာရှိသည်။ အလွန် မညီမျှစွာ ခွဲခြားဆက်ဆံလွန်းသော နိုင်ငံတစ်ခုပာု သတ်မှတ်ကြသည်။
နှိုင်းယှဉ်ချက်များအရဆိုလျှင် အလွန်ဆင်းရဲလွန်းသည်ပာု ဆိုကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီသည်ပင် ဒေါ်လာ ၁၆၀၀ ရှိသည်။ အနီးအနားက ဗီယက်နမ်နိုင်ငံ တစ်ဦးချင်းဂျီဒီပီသည် ဒေါ်လာ ၃၁၀၀ ခန့်ရှိနေပြီ။

 ဖွံ့ဖြိုးမှုအတွက်လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးရှိနေသောနိုင်ငံ
ထိုသို့ ဆင်းရဲနိမ့်ကျနေသော်လည်း လျှင်မြန်စွာဖွံ့ဖြိုးရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများစွာ ထိုနိုင်ငံ၌ ရှိနေသည်။ ပြည်သူလူထုကလည်း ပျိုမြစ်သည်။ ဆိုလိုသည်မှာ ဖွံ့ဖြိုးဆဲ စီးပွားရေးနယ်ပယ်တစ်ခုအတွက် အစဉ်အလာ ကနဦး လိုအပ်ချက်တစ်ခုဖြစ်သော ထုတ်လုပ်စရိတ် သက်သာရေး အတွက် ဈေးပေါသော လုပ်သားများ၊ လုပ်အားများ ရှိနေခြင်းပင် ဖြစ်သည်။ ပညာရေးအဆင့်အတန်းသည်လည်း နိုင်ငံ၏ ဖွံ့ဖြိုးမှုအဆင့်နှင့် လိုက်လျော ညီထွေ ရှိကာ စာတတ်မြောက်သူ ၉၀ ရာခိုင်နှုန်းရှိနေသည်။
သန်း ၆၀ ခန့်ရှိသော လူဦးရေကလည်း အတော်အတန်ကြီးသော စီးပွားရေးဈေးကွက်တစ်ခု ဖြစ်လာရန် ဘောင်ဝင်နေသည်။ ကြွယ်ဝသော သယံဇာတများကလည်း ယခုအချိန်အထိ အမြတ်ထုတ်၊ သွေးစုတ်ခံနေရသော်လည်း နိုင်ငံစီးပွားရေးကို ထိရောက်တန်ဖိုးရှိစွာ အားဖြည့်မှုကို ပြုလုပ် ပေးနိုင်သည်။
ပထဝီအနေအထားအရလည်း မြန်မာနိုင်ငံသည် နေရာကောင်းကောင်း ရထားသည်။ ထိုနိုင်ငံသည် ပို့ကုန် ဦးစားပေး ထုတ်လုပ်ရေးကဏ္ဍကို တိုးတက်အောင် ကူညီပေးမည့် ကမ္ဘာ့ကုန်သွယ်မှု ပို့ဆောင်ရေး လမ်းကြောင်းများပေါ်တွင် တည်ရှိနေသည်။ အကယ်၍ အနောက်နိုင်ငံများက ဆက်လက် အချိန်ဆွဲ ပိတ်ဆို့ထားသည့်တိုင်အောင် တရုတ်နှင့် ထိုင်းကဲ့သို့သော ပိုမိုဖွံ့ဖြိုးချမ်းသာသည့် အိမ်နီးချင်းနိုင်ငံများထဲမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကြီးမားစွာ စီးဝင်နေနိုင်သည်။
အမှန်စင်စစ် ထိုရင်းနှီးမြှုပ်နှံမှုများသည် ဝင်ရောက်လောင်းထည့်ပြီးသားပင် ဖြစ်နေပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခင်တစ်နှစ်ကျော်က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရှိရာမှ ပြီးခဲ့သောနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ သို့ သံသယဖြစ်ဖွယ် တိုးတက်သွားခဲ့သည်။ မှန်ပါသည်။ ဘီလီယံ အနည်းငယ်မှ ဘီလျံများစွာအထိ ကွာပာသွားခြင်း ဖြစ်သည်။
သံသယဖြစ်ဖွယ်ပာု ဆိုရခြင်းမှာ မြန်မာအစိုးရ၏ စာရင်းအင်းကိန်းဂဏိန်းများ မှန်ကန်လေ့ မရှိသော ကြောင့် ဖြစ်သည်။ သို့သော် ထိုပိုက်ဆံများ နိုင်ငံတွင်းသို့ စီးဝင်လာသည်ကိုမူ သံသယမရှိလှပါ။ အကြောင်းမှာ ဆင့်ပွားပြဿနာ များကို မြင်နေရသောကြောင့် ဖြစ်သည်။

အစိုးရ အသုံးပြုနေသော တရားဝင်ငွေလဲနှုန်းနှင့် ပြောင်းပြန်ဖြစ်နေသော ဈေးကွက်ငွေလဲနှုန်း ယခုနှစ်အတွင်း ပာန်ချက်မညီ တန်ဘိုးတက် မှုကြောင့် လယ်ယာကဏ္ဍထွက် ပို့ကုန်အများစုမှာ ဈေးကွက်တွင်ပြိုင်ဆိုင်နိုင်စွမ်းရှိရန် အလွန်ပင် စရိတ်စက ကြီးမြင့်နေပြီပာု သိရှိရသည်။
စိတ်မကောင်းစရာအချက်မှာ နိုင်ငံအတွက် အကျိုးသိပ်မရှိသော သဘာဝသယံဇာတနှင့် လျှပ်စစ်ဓာတ်အား စီမံကိန်းများထဲသို့သာ ရင်းနှီးမြှုပ်နှံမှု ပိုက်ဆံအများစု စီးဝင်နေခြင်းဖြစ်သည်။ ထုတ်လုပ်မှုကဏ္ဍနှင့် ခရီးသွား တိုးရစ်ဇင် ကဏ္ဍ ကဲ့သို့သော နယ်ပယ်များထဲသို့ ရင်းနှီးမြှုပ်နှံမည့် ပိုက်ဆံများကို ဆွဲဆောင်ရန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှု များစွာ လုပ်ဆောင်ရန် လိုအပ်ပါလိမ့်မည်။
ယခု မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှု မှန်ကန်ခြင်း၊ ထိရောက်ခြင်း ရှိနိုင်သလား  ဆိုသည်ကို အထက်ပါ လုပ်ဆောင်ချက် အမျိုးအစားများက ပြသ သွားပါလိမ့်မည်။ လောလောဆယ်တွင်မူ အကောင်းမြင်ချင်လာလောက်အောင် ဆွဲဆောင်အား မရှိသေးပါ။ သို့သော် အစိုးရအဖွဲ့အတွင်း အာဏာလွန်ဆွဲပွဲ ဖြစ်နေကာ အတော်အတန်ကြာပြီ ပာူသော သတင်းများလည်း ထွက်ပေါ်နေသဖြင့် တကယ့်အပြောင်းအလဲအတွက် အခွင့်အရေး ရှိလာပြီပာု ဆိုရပါမည်။

နိုင်ငံသားတို့၏ ဘဝများကို တိုးတက်စေခြင်းမှာမူ အရေးကြီးဆုံးသော အချက်ဖြစ်သည်။ သို့သော် များစွာသိသာထင်ရှားသည့်အချက်မှာ ယခင် ဆယ်စုနှစ် အနည်းငယ်အတွင်း အခြား အာရှစီးပွားရေး နိုင်ငံအများစုတွင် တွေ့မြင်ခဲ့ရဘူးသော ရင်းနှီးမြှုပ်နှံမှုဖြစ်စဉ်များနှင့် တစ်ထေရာထဲ တူညီနေကြောင်းကို ယခု ပြုပြင်ပြောင်းလဲမှုများ ထင်ပာပ်ပြသနိုင်ခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲများက အတုအယောင် ဖြစ်နေသည့်တိုင်အောင် မြန်မာနိုင်ငံကတော့ အဝေးက ပန်းတိုင်ကို အသေအချာ စူးစိုက်မျှော်ကြည့်နေလေပြီ။

Link http://www.moneyweek.com/news-and-charts/economics/asia/moneyweek-asia-is-burmas-economy-changing-14300

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...