Sunday, October 30, 2011

ကျိကျိတက် ချမ်းသာရင် ဘာလုပ်မလဲ

Cloud Cuckoo Land created a doc.
ပိုက်ဆံချမ်းသာရင် ဘာလုပ်မလဲ ဆိုတဲ့အကြောင်းကို ကျွန်တော်မကြာခဏ စဉ်းစားဖူးတယ်။ လူငယ်လေးတွေ အပြန်အလှန် အမှတ်တရ ရေးခိုင်းကြတဲ့ ချမ်းသာစိုးစီစဉ်တဲ့  ရေးပေးပါအော်တို စာအုပ် ကလေးမှာ သိန်း ၅၀ဝ ဆုကြီးပေါက်ရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းတစ်ခုပါတယ်။ ကွက်လပ်ဖြည့် အဖြေရေးထားကြတဲ့ထဲ စိတ်ဝင်စားစရာတွေ အများကြီး တွေ့ရတယ်။
ပိုက်ဆံချမ်းသာရင် လုပ်နိုင်တာတွေ အများကြီးရှိတယ် မဟုတ်လား။ ကောင်း တာတွေလုပ်နိုင်သလိ...ု မကောင်းတာတွေ လည်း အများကြီးလုပ်နိုင်တယ်။ တချို့က ကောင်းတာတွေတော့ လုပ်ချင်ပါရဲ့၊ ဘာ လုပ်ရမှန်းမသိဘူး။ အဲသလို စေတနာရှင်၊ အလှူရှင်တွေ စဉ်းစားလို့ရအောင် နိုင်ငံ ခြားတွေမှာ လှူသင့်လှူထိုက်တဲ့ နေရာ ဌာနတွေကို စာနယ်ဇင်းတွေ၊ မီဒီယာတွေက သေသေချာချာ လမ်းညွှန်လေ့ ရှိတယ် ဗျ။ စစ်မှန်တဲ့ အများအကျိုးဆောင် နေရာဌာနတွေကို ခိုင်ခိုင်လုံလုံ လမ်းညွှန်တဲ့ အတွက် လှူချင်တဲ့လူတွေ အလိမ်အညာ မခံရဘူးပေါ့ဗျာ။
သိန်း ၅၀ဝ ဆုကြီး ပေါက်လိုက်ရင် ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်ရမယ် လို့ စိတ်ကူးယဉ်ဖူးသူတွေလည်း အများ ကြီးပဲပေါ့။ စိတ်ကူးယဉ်တဲ့အထဲမှာ အလှူ ဒါနတွေ ဘယ်လိုပြုလိုက်မယ်ဆိုတာ ပါ ရင်လည်း ပါမယ်။ ပါချင်မှလည်း ပါမယ်။ တချို့က ကိုယ့်ဘာသာကိုယ် လောက စည်းစိမ်တွေကို ခံစားဖို့ပဲ စဉ်းစားတယ်။ ပေးလှူရခြင်းက ဖြစ်ပေါ်လာတဲ့ ပီတိ အကြောင်းကို နားမလည်ကြဘူးဗျ။ ပေးလှူခြင်းကရတဲ့ပီတိဆိုလို့ စာရေး ဆရာ မုံရွာနေဇာရဲ့ ကဗျာလေးတစ်ပုဒ် ကူးယူထားတာ ရှိတယ်။ တိုတိုလေးနဲ့ အဓိပ္ပာယ်ရှိတယ်ဗျာ။ ဖတ်ကြည့်စမ်းပါ။ ပေးသည့်ရသာ၊ ပေးသူမှာမှန်စွာရရှိ၊ မြတ်ပီတိ။ ယူသည့်ရသာ၊ ယူသူမှာ မှန်စွာရရှိ၊ မြတ်ပီတိ။ ယူပြီးသည့်နောက် ပေးလှည့်ရောက်က ပေးသင့်ကြ၏။ ပေးပြီးသည့်နောက် ယူလှည့်ရောက်က သင့်လောက်ရုံမျှ ယူသင့်ကြ၏။ ယူ၍ ရရှိ၊ ထိုပီတိထက် ပေးရသည့် ရသာ၊ ပီတိမှာကား အဆ ရာထောင် သာပေသည်။ ဘဝမှာ ဆောင် အောင်စေသတည်း။
မှန်တာပေါ့။ ကိုယ်ကယူလှည့်ရောက် ရင် သင့်လောက်ရုံမျှ ယူသင့်တယ်ဆိုတာ သူတော်ကောင်းစိတ်ဓာတ် ပေါ့ဗျာ။ ကျွန် တော် မိဘမဲ့ ကျောင်းတစ်ကျောင်းကို မိသားစုနဲ့ အလှူသွားလုပ်ဖူးတယ်။ ဒေါက် တာ စုထားတို့ ဦးစီးဆောင်ရွက်နေတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက သုခရိပ်မြုံဆိုတဲ့ ခိုကိုးရာမဲ့ ကလေးငယ်တွေကို ပြုစုစောင့် ရှောက်နေတဲ့ ရိပ်သာကလေးပါ။ အဲ့ဒီမှာ ရောက်နေတဲ့ ကလေးတွေဟာ လက်ပွန်း တတီးပြုစုတဲ့ ဆရာမတွေရဲ့ သွန်သင်မှု ကြောင့် ထင်ပါရဲ့။ လောဘမရှိ၊ ဒေါသမရှိ ကြဘူးဗျ၊ လောဘမရှိ၊ ဒေါသမရှိလို့ ကျွန် တော်ပြောတာ သိပ်လွန်ကဲသွားတယ်ထင် ရင် လောဘနည်းတယ်၊ ဒေါသနည်းတယ် လို့ ပြောရမယ်ဗျာ။ သူတို့လေးတွေဟာ ဘဝပေး အသိကြောင့်ထင်ပါတယ်။ တစ် ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်မြတ် နေထိုင်ကြတယ်။ ကလေးတွေ ဖြစ်ပေမယ့် ဆွဲလား ရုန်းလား သူ့ဟာ ငါ့ဟာ ငြင်းခုံ လုယက်ကြတာမရှိဘူး။ ကျွန်တော်တို့က မုန့်တွေဝေပေးတော့ နှစ်ခုပါသွားတာကို ရတဲ့ကလေးက သူများနည်းတူ ဝေစုပဲ ယူ တယ်၊ ပိုသွားတဲ့မုန့်ကို လာပြန်ပေးတယ်။ ကျွန်တော့်သမီးတစ်ယောက်က သားသား အန်တီ့ကို မုန့်ကျွေးပါလားလို့ ပြောတော့ သူ့လက်ထဲက မုန့်လေးကို ပါးစပ်ထဲ လာ ထည့်တယ်။ ကလေးအများစုဟာ သူ့ လက်ထဲက စားစရာကိုသူများကို ပေးလေ့ မရှိဘူး။ ရယ်စရာအနေနဲ့ သူ့ဆီက ယူရ ဗျ။
လူတချို့နဲ့ ဘဝတချို့ မှာလ ယူဖို့နဲ့ရဖို့သာ။ ကံကြမ္မာအပြေးရပ်စေအောင် အဖန်ဖန်အခါခါပေးဆပ်နေမှသာ သံသရြာွေကးမထပ်စေရာ ကြံသမျှ အလျှိုအလျှိုမှာလည်း ပြန်ရလိုမှုကြောင့် ပူတဲ့စိတ်က လှူတဲ့စိတ်ထက် အဆများစွာ ထသွားရှာရင်း နောက်ဆံတင်း။ ယူခြင်းမပါဘဲ တကယ်လှူပြပါလို့ ရခြင်းမပါဘဲ တကယ်ကို ရနေမှ ဘဝ အပြစ်ကင်း။
စောစောက ပိုက်ဆံချမ်းသာရင် ဘာ လုပ်မလဲဆိုတဲ့မေးခွန်းနဲ့ ကျွန်တော် အစ ပျိုးခဲ့တာ စာဖတ်သူများ သတိထားမိမှာ ပေါ့။ အဲဒါ တခြားမဟုတ်ဘူး ပိုက်ဆံ ကျိကျိတက်ချမ်းသာပြီးငါ့သား ငါ့မယား အတွက်သက်သက်ပဲကြည့်တဲ့ အိန္ဒိယက အချမ်းသာဆုံး သူဋ္ဌေးညီနောင် အကြောင်း ဖတ်မိလို့ တရားကျပြီး တွေးမိတာပါ။ အိန္ဒိယမှာ အချမ်းသာဆုံး သူဋ္ဌေး ညီနောင်မှာ အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံး နံပါတ်တစ် သူဋ္ဌေးကမူကက်ရှ် အမ်ဘာနီ တဲ့။ သူက ဖော့ဘ်စ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်း သာဆုံး သူဋ္ဌေးစာရင်းမှာတော့ နံပါတ် ၆။ မူကက်ရှ်က ရေနံချက်စက်ရုံတွေနဲ့ သူဋ္ဌေး ဖြစ်တာ။ သူက ဒေါ်လာ ကုဋေ ၄၃၀ဝြွကယ်ဝတယ်။ သူ့ညီအာနီးလ် အမ်ဘာ နီက ဒေါ်လာ ကုဋေ ၄၂၀ဝြွကယ်ဝသတဲ့။ သူတို့ဟာ ညီအစ်ကို အရင်းတွေ ဖြစ်ပေ မယ့် တစ်ယောက်နဲ့တစ်ယောက် သဲသဲမဲမဲ တိုက်ခိုက်နေကြတယ်။ အခု ပြောချင်တာ က သူတို့ရန်ဖြစ်ကြတဲ့အကြောင်း မဟုတ် ပါဘူး။ မကြာခင်ကပဲ မူကက်ရှ်က သူ့ဇနီး ကို မွေးနေ့လက်ဆောင်အဖြစ် ဘိုးရင်းဂျက် လေယာဉ်ကြီးတစ်စင်း ဝယ်ပေးသတဲ့။ ပြီးတော့ မွမ်ဘိုင်းမှာ ဒေါ်လာ သန်း တစ်ထောင်တန်တဲ့အထပ် ၂၇ ထပ် စံအိမ် ကြီး ဆောက်နေသတဲ့။ အဲဒါကြီးပြီးသွား ရင် ကမ္ဘာမှာ ဈေးအကြီးဆုံး အိမ်လို့ စံချိန် တင်နိုင်တော့မယ်ဗျာ။ ဒါပေမယ့် သူ့ အကြောင်း အင်တာနက်မှာ ကျွန်တော် လိုက် ရှာကြည့်တော့ မယ်မယ်ရရ ဘာမှ လှူတာတန်းတာမရှိဘူးဗျ။
အိန္ဒိယတို့ တရုတ်ပြည်တို့မှာ အခု ဆိုရင်ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ သူဋ္ဌေး ကြီးတွေရှိနေပြီ။ ရုရှားမှာ လည်းအလားတူ ပဲ။ ခေတ်ပြောင်းချိန်မှာ ပွပေါက်တိုးပြီး နေ့ချင်း ညချင်း သူဋ္ဌေးဖြစ်လာသူတွေ အများကြီး။ ဒါပေမယ့် အာရှ သူဋ္ဌေးတွေ ထဲက အများအကျိုး လူသားထု အကျိုး အတွက် ကမ္ဘာက အံ့အားတကြီး ဖြစ် လောက်အောင် လှူတယ်၊ တန်းတယ် ဆိုတာ မကြားဖူးဘူးဗျာ။ ဟင်နရီဖို့ဒ်၊ ရော့က်ဖဲလား၊ ဆိုးရော့စ်၊ ဘီလ်ဂိတ်၊ ဝါရင်းဘတ်ဖက် စတဲ့ အလှူရှင်တွေကို ကြည့်လိုက်ရင် အနောက်တိုင်းသားတွေ ချည်း ပါပဲလား။ ကင်ဆာ သုတေသန၊ အိပ်ခ်ျအိုင်ဗွီ သုတေသန၊ ငှက်ဖျားသုတေ သန စတာတွေအတွက် ဒေါ်လာ သန်း ထောင်ချီလှူကြတာတွေ၊ တက္ကသိုလ်တွေ တည်ထောင်ပေးတာတွေ အများကြီးပဲ။ အနောက်နိုင်ငံသား သူဋ္ဌေးကြီးတွေက လူသားအကျိုးပြု လုပ်ငန်းတွေအတွက် လှူနေတန်းနေချိန်မှာ လက်ချမီးလ် မစ် တားလ်တို့၊ မူကက်ရှ်အမ်ဘာနီတို့၊ အဘ ရာမိုဘစ်ခ်ျတို့၊ လီကာရှင်းတို့က ဘာလုပ်နေကြလဲလို့ မေးစရာဖြစ်နေပြီဗျ။ သည်တော့ကျွန်တော်တို့က ဆုတောင်း ပေးကြရအောင်လား။ ပိုက်ဆံ ချမ်းသာ သူများ ဆတက်ထမ်းပိုး တိုး၍ ချမ်းသာ ကြပါစေ။ အများအကျိုးအတွက်လည်း လှူနိုင်ကြပါစေ။ လှူချင်စိတ် ပေါက်ကြပါစေလို့။ ။

မောင်ဝံသ

Venus News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...