အမြန်ဆုံး ကယ်ဆယ်ပေးကြပါ
Author: lubo601 |
8:34 AM |
No မှတ်ချက် |
စမ်းချောင်း၊ မင်္ဂလာလမ်းက ကလေးငယ်ကို အမြန်ဆုံး ကယ်ဆယ်ပေးကြပါ။ (ပေးစာ)
http://www.maukkha.org/index.p hp?option=com_content&view=art icle&id=1921%3A2011-10-29-09-5 7-55&catid=119%3A2010-10-11-07 -36-06&Itemid=373
သို့......
မောက္ခ ပညာရေး မဂ္ဂဇင်း ....
ရိုသေစွာ စာရေးလိုက်ပါတယ်။
ကျွန်မတို့ စမ်းချောင်း၊ မင်္ဂလာလမ်းမှာ အငြိမ်းစားဆရာမ တယောက်ရှိပါတယ်။
သူနဲ့ သူ့သမီးတယောက်က စိတ်ကျန်းမာရေး ချို့ယွင်းနေပြီး သူ့သမီးက ...တစ်ခါတစ်လေမှာ အ၀တ်မကပ်ဘဲလျှောက်သွားနေတဲ့အထိ အခြေအနေ ဆိုးပါတယ်။ ကျန်တဲ့ သမီးတွေကတော့
တည်တည်ငြိမ်ငြိမ် ပါပဲ။ အဲဒီဆရာမက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက
ကလေးတယောက်ကို ကျောင်းထားပေး မယ်ဆိုပြီး ခေါ်ထားပါတယ်။
ခုတစ်လော
ကျွန်မတို့ သတိထားမိတာက အဲဒီကလေးကပါ စိတ်ကျမ်းမာရေး ချို့ယွင်းလာပုံရပြီး
လမ်းထဲကလူတွေ အဲဒီဆရာမကြီး အိမ်ကို ထောက်လှမ်း ကြည့်ကြတဲ့အခါမှာ အဲဒီကလေးဟာ
ကျောင်းကပြန်လာရင် မီးဖိုထဲဝင် အလုပ်လုပ်ရပြီး ပြီးတာနဲ့
အမှောင်ထဲမှာအကြာကြီး ထိုင်ခိုင်းထားခံရပါတယ်။ အိမ်သားတွေ စားပြီးမှ
အကြွင်းအကျန်တွေကို ကလေးကို ပုံကျွေးပါတယ်။ အ၀တ်ကလဲ တနှစ်လုံးမှ ၂
စုံလောက်ပဲ ပေးပြီး ရပ်ကွက်က လူတွေ လာပေးတာလဲ ကလေးက ၀တ်ရတာမမြင်မိပါဘူး။
သူခိုင်းတဲ့အတိုင်း စိတ်တိုင်းကျ မလုပ်ပေးရင် အဲဒီကလေးကို ရိုက်နှက်ပြီး
လက်ညိုး ငေါက်ငေါက် ထိုးပြီး နာရီပေါင်းများစွာ ဆဲဆိုနေတယ်လို့ သိရပါတယ်။
အဲဒီဆရာမကြီးက အခန်းသေးသေး လေးတွေဖွဲ့ပြီး နယ်က ကလေးတွေကို ငှားစားပါတယ်
အဲဒီအခန်းတွေကိုလဲ မကြာခဏ လျှပ်စစ်မီးမရအောင် မိန်းပိတ်ချထားတတ်ပြီး
ကလေးကိုမရိုက်နှက်ဖို့ ၀င်ပြောတဲ့  ကျောင်းသူတိုင်း ကို မောင်းချတတ်ပါတယ်။ အိမ်ကိုလဲ အပေါက်တွေဖောက်ထားပြီး လူတွေကိုလိုက်ချောင်းနေတတ် ပါတယ် ။
အဲဒီကလေးကို ကယ်တင်လို့ရအောင် ကူညီပေးပါ။ အငြိမ်းစားဆရာမကြီးလဲဖြစ်
တခြားသမီးတွေ ကလဲ ရပ်ကွက်ထဲမှာ တည်တည်တံ့တံ့နေတဲ့ လူတွေဖြစ်တော့
ရပ်ကွက်လူကြီးက ၀င်လက်မလျှိုချင် ဘူးလို့ ပြောပါတယ်။ သတင်းကို ဖြန့်ဝေပြီး
ကလေးကို အားလုံးစုစုစည်းစည်းနဲ့ ၀ိုင်းကယ်ထုတ် ကူညီချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
သန်လျင်တက္ကသိုလ်ကျောင်းသူများ
http://www.maukkha.org/index.p
သို့......
ခုတစ်လော ကျွန်မတို့ သတိထားမိတာက အဲဒီကလေးကပါ စိတ်ကျမ်းမာရေး ချို့ယွင်းလာပုံရပြီး လမ်းထဲကလူတွေ အဲဒီဆရာမကြီး အိမ်ကို ထောက်လှမ်း ကြည့်ကြတဲ့အခါမှာ အဲဒီကလေးဟာ ကျောင်းကပြန်လာရင် မီးဖိုထဲဝင် အလုပ်လုပ်ရပြီး ပြီးတာနဲ့ အမှောင်ထဲမှာအကြာကြီး ထိုင်ခိုင်းထားခံရပါတယ်။ အိမ်သားတွေ စားပြီးမှ အကြွင်းအကျန်တွေကို ကလေးကို ပုံကျွေးပါတယ်။ အ၀တ်ကလဲ တနှစ်လုံးမှ ၂ စုံလောက်ပဲ ပေးပြီး ရပ်ကွက်က လူတွေ လာပေးတာလဲ ကလေးက ၀တ်ရတာမမြင်မိပါဘူး။
သူခိုင်းတဲ့အတိုင်း စိတ်တိုင်းကျ မလုပ်ပေးရင် အဲဒီကလေးကို ရိုက်နှက်ပြီး လက်ညိုး ငေါက်ငေါက် ထိုးပြီး နာရီပေါင်းများစွာ ဆဲဆိုနေတယ်လို့ သိရပါတယ်။ အဲဒီဆရာမကြီးက အခန်းသေးသေး လေးတွေဖွဲ့ပြီး နယ်က ကလေးတွေကို ငှားစားပါတယ် အဲဒီအခန်းတွေကိုလဲ မကြာခဏ လျှပ်စစ်မီးမရအောင် မိန်းပိတ်ချထားတတ်ပြီး ကလေးကိုမရိုက်နှက်ဖို့ ၀င်ပြောတဲ
အဲဒီကလေးကို ကယ်တင်လို့ရအောင် ကူညီပေးပါ။ အငြိမ်းစားဆရာမကြီးလဲဖြစ် တခြားသမီးတွေ ကလဲ ရပ်ကွက်ထဲမှာ တည်တည်တံ့တံ့နေတဲ့ လူတွေဖြစ်တော့ ရပ်ကွက်လူကြီးက ၀င်လက်မလျှိုချင် ဘူးလို့ ပြောပါတယ်။ သတင်းကို ဖြန့်ဝေပြီး ကလေးကို အားလုံးစုစုစည်းစည်းနဲ့ ၀ိုင်းကယ်ထုတ် ကူညီချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
သန်လျင်တက္ကသိုလ်ကျောင်းသူများ
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment