Saturday, October 29, 2011

ဥပေဒအတည်ပြုပြီး ဒီလိုလုပ်လို့ ဘယ်ရမလဲ -ဦးသိန်းညွန့်နှင့် မေးမြန်းချက်

by Kyaw Aye on Saturday, October 29, 2011 at 7:52pm


Published on October 28, 2011 by နေသွင် 
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်နဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်က အဆိုပြုထားတဲ့မူကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတည်ပြုလိုက်ပါတယ်။

ဦးသိန်းညွှန့်
လွှတ် တော်နှစ်ရပ်က မူကြမ်းမှာ ကွဲလွဲချက်တချို့ ရှိနေတဲ့အတွက် လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရဦးမယ့်သဘော ဖြစ်ပါတယ်။
ဒါပေမယ့် ဒီမူကြမ်း နှစ်ရပ်လုံးမှာ ခွင့်ပြုထားတဲ့ လူထုရဲ့ ဆန္ဒထုတ်ဖော်ခွင့်မှာ အကန့်အသတ်တွေ ရှိနေတုန်းပါပဲ။ ပြည်သူ့လွှတ်တော်မှာ မူကြမ်းကို အဆိုပြုခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန်ကို့ မေးမြန်းထားပါတယ်။
ဦး သိန်းညွန့်တို့က ပြည်သူ့လွှတ်တော်ကနေတင်တယ်။ အမျိုးသားလွှတ်တော် ကပြင်ဆင်ချက်တွေနဲ့ ပြင်ဆင်ပြီးတော့မှ နောက်ဆုံး အတည်ပြု လိုက်တယ်ပဲ ပြောမှာပေါ့။ ဒီအပေါ်မှာ တစုံလုံးအနေနဲ့ ဦးသိန်းညွန့်အနေနဲ့ ကျေနပ်လက်ခံနိုင်တဲ့ အနေအထား ရှိပါသလား။
“အခုက ကျနော်က ပြောစရာမလိုတော့ဘူး။ သူတို့ဟာသူတို့ တင်ပေမယ့် ဒီဟာက သဘောကွဲလွဲချင်းဆိုရင် လွှတ်တော် နှစ်ရပ်မှာ ရှိတဲ့ ပေါင်းထားတဲ့ ပူးပေါင်းဥပဒေကြမ်းကော်မတီ ရှိတယ်။ အဲဒီ ပူပေါင်းဥဒေကြမ်း ကော်မတီမှာ ပြန်ပြီးတော့ ညှိနှိုင်းရဦးမယ်။ အဲဒီ ပူးပေါင်းဥပဒေကြမ်းကော်မတီက ပြန်ညှိနှိုင်းပြီးမှ ပြည်ထောင်စုလွှတ်တော်ကို ပြန်တင်လာမယ်။ တင်လာတဲ့အပေါ်မှာ အဲဒီအချိန်ကျမှပဲ ကျနော့်သဘောထားကို ပြောရမှာပဲ။”
ဦး သိန်းညွန့်တို့ နဂိုမူကြမ်းနဲ့ အခု မူကြမ်းထဲမှာက ဦးသိန်းညွန့် တယောက်တည်းအနေနဲ့ သဘောမတူနိုင်စရာ အဓိက အချက်တွေဆိုရင် ဘယ်အချက်တွေလို့ ပြောမလဲ။
“အနှစ်သာရက ကျနော်လိုချင်တာက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်မှာ ကြွေးကြော်သံပါရမယ်ဗျာ။ ဒါ နံပါတ်တစ်။ နံပါတ်နှစ်က စောတုန်းက လွယ်လင့်တကူပေါ့။ သက်သေအထောက်အထား မရှိဘဲနဲ့ နှုတ်မိန့်နဲ့ ထိန်းချုပ်နိုင်ဖို့၊ သဘောကဗျာ အာဏာပြတာတွေ ထိန်းချုပ်နိုင်ဖို့ပေါ့။ ကျန်တဲ့ အချက်တွေကတော့ ထပ်ဖြည့်တဲ့ ဟာတွေကလည်း တည်ဆဲ ဥပဒေကို လိုက်နာရမယ်ဆိုတဲ့ အချက်ထဲမှာ ပါပြီးသားတွေပါ။ အဲဒါတွေ မပြောရ၊ ဘာမပြောရ ညာမပြောရဆိုတာ တွေ့တယ်လေ။ ဒီဥပဒေရဲ့နောက်မှာ တည်ဆဲဥပဒေကို လိုက်နာရမယ်ဆိုတော့ အသရေဖျက်တာတို့၊ ကောလာဟလတို့ဆိုတာ ပြောလို့ မရဘူးလေ။ ကျနော်တို့ကတော့ မလိုဘူးထင်တာပေါ့။ သူတို့ကတော့ လိုတယ်ထင်ပြီးတော့ ထပ်ဖြည့်တာပေါ့ ဒါပါပဲ။ ကျန်တာကတော့ သူတို့ ပိုင်ကွက်နဲ့ သူတို့ ပြန်တင်တဲ့ဟာ ကျနော်တို့ ကြည့်ရမှာပေါ့။ အဲဒီတော့ ဒီဟာတွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပူးပေါင်းကော်မတီမှာ ဥပဒေကြမ်းကော်မတီမှာ ညှိနှိုင်းလို့ ရလား မရလား အဲဒါ ကျနော်တို့ ကြည့်ရဦးမှာပေါ့။ သိပြီးရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့ ပြောသင့်တဲ့ဟာတွေ ကျနော်တို့ ပြောရမှာပေါ့။”
ဆိုလိုတာက ပြည်ထောင်စုလွှတ်တော်ကို တဆင့်ပြန်သွားရမယ့် သဘော ရှိတာပေါ့နော်။
“မတူရင် ပြန်သွားရမှာပေါ့။”
နောက်တချက်က ဦးသိန်းညွန့်တို့ တင်တဲ့ဆီမှာက အခုနကလို ကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့အပိုင်းပေါ့လေ။ ကြိုတင် အကြောင်းကြား ရမယ်ဆိုရင် အဲဒီဟာကို ခွင့်မပြုဘူးဆိုရင် ဘယ်လို ဆက်လုပ်မလဲ ဆိုတဲ့ ပြဿာနာပေါ့။
“ခွင့် မပြုဘူးဆိုရင် သူက အယူခံအဖွဲ့ ရှိတယ်လေ။ အဲဒီ အယူခံအဖွဲ့ကို တင်တဲ့အခါမှာ ပြည်သူလွှတ်တော်မှာ ကျနော့်အဆို အရေးနိမ့်သွားတာ ရှိတယ် သူတို့က ထွေအုပ်ကို သူက လုပ်ပိုင်ခွင့်ပေးထားတာပေါ့။ တိုင်းထွေအုပ်ရဲ့ အဆုံးအဖြတ်နဲ့ အပြီးသတ်ဖြတ်တာပေါ့။ ကျနော်ကတော့ မဟုတ်ဘူး အဲဒီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ပြီးတော့ သက်ဆိုင်ရာ တိုင်းပြည်နယ်လွှတ်တော်က သဘောတူထားတဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို အယူခံအာဏာအပ်ဖို့ ကျနော် တင်ခဲ့တာပေါ့။ ဒါက ပြည်သူ့လွှတ်တော်မှာ ကတည်းက မအောင်မြင်ပါဘူး။”
ဆိုလိုတာက ဒီဥပဒေမှာ အဲဒါမျိုးကျတော့ ပြန်ပြီးထိန်းညှိပေးမယ့် ဟာမျိုးက လစ်လပ်နေတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။
“အဲဒီလိုတော့ မဟုတ်ဘူးလေ။ သူက ထွေအုပ်ကို သုံးတာပေါ့။ သူကပေးထားတဲ့ ထွေအုပ်ရဲ့ အဆုံးဖြတ်နဲ့ ပတ်သက်ပြီးရင် နောက် ကျနော်တို့ လက်တွေ့လုပ်တဲ့အပေါ်မှာ အတွေ့အကြုံရရင် ရသလို ဥပဒေဆိုတာ တခါပြုထားတာနဲ့ ထားဝရ မဟုတ်ဘူးလေ။ ပြင်စရာရှိတာ ပြင်နိုင်တဲ့အခြေအနေ လိုအပ်ရင် နောက်ထပ် ကျနော်တို့ ပြင်မှာပေါ့။”
မနေ့ကလို လယ်သမားတွေ ဆန္ဒပြတဲ့ကိစ္စမျိုးတွေဆိုရင် ရဲက မပြနဲ့ဆိုတာမျိုး ခွဲလိုက်တဲ့ ကိစ္စမျိုးပေါ့။ ဒါ ဥပဒေအတည်မဖြစ်သေးတဲ့ ကာလမို့လို့လား။
“ဥပဒေ အတည်မဖြစ်သေးတဲ့ ကာလပေါ့။ အတည်ဖြစ်ပြီးရင်တော့ လယ်သမားတွေက သူတို့ ဘာကြောင့်ပြမယ်၊ ဘယ်လိုပြမယ်၊ ဘယ်လိုကြွေးကြော်မယ်၊ ဆိုင်းဘုတ်ဘယ်လိုရေးမယ် သူ့ ဥပဒေအတိုင်း လုပ်လို့ရှိရင် သူတို့က လယ်သမားတွေကို ဒီဥပဒေ အတည်ပြုပြီးရင် ဒီလို လုပ်လို့ ဘယ်ရမလဲ။ မရတဲ့အပြင် အနှောင့်အယှက် မပေးနိုင်အောင်တောင် သူတို့က ကူညီရဦးမယ်။”
ဒါက တော့ ဆန္ဒမပြခင်မှာ သူတို့ကနေပြီးတော့မှ အကုန်လုံး ဆိုင်းဘုတ်တွေကအစ၊ ကြွေးကြော်သံတွေရော အကုန်လုံး အတည်ပြုပြီးသား ရှိရမယ့် သဘော ရှိတာပေါ့။
“ဟုတ်တယ်။ အမျိုသားလွှတ်တော်က တင်လိုက်တဲ့ဟာကလေ။ သတ်မှတ်ထားတဲ့ဟာပေါ့။ သို့သော် ဘာဖြစ်ဖြစ်ပေါ့ဗျာ ကြွေးကြော်သံတွေကို ကိုယ်က တင်တဲ့ဟာ သူတို့ ပယ်ချတယ်ဆိုရင်လည်း အဲဒါ အလုပ်မဖြစ်ဘူး ဆိုရင်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့ အထူးသဖြင့်ပေါ့ဗျာ။ ကျနော်တို့ကိုလာပြီးတော့ အဲဒီလို အခြေအနေမျိုးတွေကို သူတို့ လာတင်ပြတယ်ဆိုရင် ကျနော်တို့က လွှတ်တော်မှာ ဒါတွေက ပြန်ပြောရမှာပေါ့။”
ဆိုလိုတာက ဒါထပ်လုပ်ရမယ့် တဆင့်ပြီးတဆင့်တော့ ပြန်သွားကြရဦးမယ့် သဘောတော့ ရှိတာပေါ့။
“အခု ဒီမိုကရေစီနိုင်ငံတွေမှာလည်း ခွင့်ပြုချက်က တောင်းရတာပဲလေ။ သူတို့ အကာအကွယ်ယူတာပဲ။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံရဲ့ စံနှုန်းရောက်လာအောင်တော့ ကျနော်တို့ ကြိုးစားရမှာပေါ့။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...