Sunday, October 30, 2011

စွမ်းအားရှင်တို့၏ ပညာစစ်ပွဲ

စိုးအုပ်

ပညာသည်တန်ခိုး။ ပညာသည်စီးပွားရေးတန်ခိုးစွမ်းအား။ အဲဒီတန်ခိုးစွမ်းအားအတွက် ကျားကုတ်ကျားခဲ ပြိုင်ပွဲ ကြီးတစ်ခု ကမ္ဘာတစ်လွှာမှာ ပေါ်ပေါက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ တရုတ်လို ထွန်းသစ် စ အင်အားကြီး နိုင်ငံတွေမှာ အဆင့်မြင့် နည်းပညာလုပ်ငန်းနဲ့ တီထွင်ဆန်းသစ်မှုလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ ဖွံ့ဖြိုး တိုးတတ်မှုလုပ်ငန်းကို ဆာလောင်မွတ်သိပ်တဲ့ တွန်းအားတစ်ခု ပေါ်ပေါက်နေပါတယ်။

          သူတို့က ‘ဂူးဂဲ’ တို့လို ပါဝင်ပစ္စည်းအစိတ်အပိုင်းတွေက တက္ကသိုလ်စီမံချက်တစ်ခုကို ကော်ပိုရေး ရှင်းတခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်မလားဆိုတာ ရှာဖွေစူးစမ်းနေကြပါတယ်။ သူတို့ ဘဏ္ဍာရေးအကျပ် ဆိုက်ကာလ အတွင်း ပျောက်ဆုံးသွားတဲ့ အလုပ်အကိုင်တွေ နေရာမှာ အစားထိုးနိုင်မယ့် အလုပ်အကိုင် တွေကို ရှာဖွေနေကြ ပါတယ်။
          အခုအချိန်မှာ ‘ရင်းနှီးမြုပ်နှံမှု မလုပ်ဖို့’ ဆိုတဲ့ကိစ္စဟာ စဉ်းစားကြည့်လို့ကို မရနိုင်တော့တဲ့ကိစ္စ တစ်ခုဖြစ် နေပြီလို့ သုတေသန၊ တီထွင်ဆန်းသစ်မှုနှင့် သိပ္ပံပညာဆိုင်ရာ ဥရောပ သမဂ္ဂ မဟာမင်းကြီး မေရီဂျော်ဂျီယန် ကွင်းကပြောပါတယ်။ သူဟာအတွေးအခေါ်အယူအဆ စိတ်ကူးစိတ်သန်များအား စီးပွားရေးလုပ်ငန်းများအဖြစ်  သို့ပြောင်းလဲပစ်တဲ့ ကိစ္စမှာ အရှိန်မကျသွားစေရေး ဥရောပသမဂ္ဂကို မပြတ်နိုးဆော်ဖို့ ကြိုးပမ်းနေသူဖြစ်ပါ တယ်။
          သူကနောက်နှစ်မှာ စတင်လုပ်ဆောင်မယ့်စီမံချက်တွေအချက်ရန်ပုံငွေ ယူရိုသန်း၆၀၀၀ ထောက်ပံ့မယ် လို့ကြေငြာထားပါတယ်။ တက္ကသိုလ်သုတေသနအသင်းနှင့် စီးပွားရေးလုပ်ငန်းပေါင်း ၁၆၀၀ ပတ်ဝန်းကျင်ကို ရန်ပုံငွေထောက်ပံ့မှာဖြစ်ပါတယ်။ ကျန်းမာရေးစွမ်းအင်နှင့်ဒီဂျင်တယ်စီးပွားရေးတို့လို နယ်ပယ်တွေမှာ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဘက်တွေနဲ့ ပုခုံးချင်းယှဉ်နိုင်ဖို့အတွက် သုတေသန အလုပ်အကိုင် တစ်သန်းလောက်လိုအပ်လိမ့် မယ်လို့သူက ခန့်မှန်းထားပါတယ်။

          ဒီလိုလုပ်တာဟာ ပြိုင်ဘက်တွေကို အမီလိုက်နိုင်ဖို့ဖြစ်တယ်။ အခုချိန်မှာ ဥရောပဟာ ‘တီထွင် ဆန်းသစ် မှုဆိုင်ရာ အရေးပေါ်အခြေအနေ’ထဲမှာ ရောက်ရှိနေတယ်လို့ အလေးအနက်ပြောကြားရင်း မစ္စမေရီက ‘တရုတ် နိုင်ငံမှာကလေးတွေဟာ မနက် ၆း၃၀လောက်ဆို ကျောင်းကိုရောက်ပြီး ည၈နာရီ၊ ၉နာရီလောက်အထိ သိပ္ပံ နည်းပညာနှင့် သိပ္ပံဘာသာရပ်တွေကို အာရုံစိုက်လေ့လာသင်ယူကြတယ်။ ဒီအခြေအနေမှာဥရောပကလေး ငယ်တွေရော အဲသလောက်ကြိုးပမ်းအားထုတ်နေကြရဲ့လားလို့ ကျွန်မတို့မေးခွန်းထုတ်ရတော့မယ်’ လို့ ဆိုပါ တယ်။ ‘ပြိုင်ပွဲကတော့ ရှိနေပြီး အဲဒီပြိုင်ပွဲမှာ အနိုင်ရဖို့ ကျွန်မတို့ ကြိုးစားကြရမယ့် အနာဂတ်မှာ ပညာအပေါ်အ ခြေပြုတဲ့ စီးပွားရေးကသာလျှင် အလုပ်အကိုင် တွေဖန်တီးပေးနိုင်တဲ့ စီးပွားရေး သေချာပေါက် ဖြစ်လာတော့ မယ်ဆိုတာ အီးယူအဖွဲ့ဝင်နိုင်ငံတွေ သဘောပေါက်ကြရလိမ့်မယ်။ သူတို့ ပညာ စီးပွားနယ်ပယ်မှာ မဖြစ်မနေရင်း နှီးမြုပ်နှံကြရလိမ့်မယ်’ လို့ သူကပြောပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာဥရောပအတွက် အကြီးဆုံးစိန်ခေါ်မှုက ခေါင်းထဲက အကြံအစည် စိတ်ကူးစိတ်သန်းတွေကို စီးပွားရေးလုပ်ငန်းများ အဖြစ်သို့ပြောင်းလဲတဲ့ စွမ်းရည်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုလောက် အောင်မြင်မှုရအောင်လုပ်ဆောင်ရေးပဲ။ ‘အိုင်ဖုန်း’ တို့ ‘ဖေ့စ်ဘွတ်’ တို့လိုပေါ့ လို့ သူကဆက်ပြောပါတယ်။

          ဒါပေမယ့်တီထွင်ဆန်းသစ်သူတွေဖြစ်လာမယ့်လူတွေ ရင်ဆိုင်နေရတဲ့ အနှောက်အယှက် အတား အဆီးတွေကို နိုဗယ်ဆု ချီးမြင့်ပွဲ အထိမ်းအမှတ် ညစာစားပွဲမှာ သူသတိမပြုဘဲ မနေနိုင်အောင်ဖြစ်သွား ခဲ့တယ်။ ဥရောပကထောက်ပံ့ထားတဲ့ ရန်ပုံငွေကိုဆုအဖြစ်ချီးမြင့်တဲ့ အဲဒီပွဲမှာ ဆုရရှိသူတစ်ယောက်ရဲ့ ဂုဏ်အရှိန်နဲ့အတူ စိန်နားကပ်ရောင်နဲ့ ပါးပြောင်ရမယ့်အစား အဲဒီပွဲမှာ သူနားထောင်ခဲ့ရတဲ့ ဥရောပရဲ့ ‘ကြိုးနီစနစ်’ နဲ့ ‘ဗျူရိုကရေစီ ယန္တရားကို တိုက်ခိုက်တဲ့ မိန့်ခွန်းတစ်ခုကြောင့် အတော်လေးမျက်နှာ ပူခဲ့ရ တယ်လို့ သူကပြောပါတယ်။ အဲဒါမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ မဖြစ်စေရဘူးလို့ သံဓိဌာန်ချလိုက်ပြီး တဲ့နောက်မစ္စမေရီဟာ နည်းပညာသုတေသ န လုပ်ငန်းတွေရန်ပုံငွေ ရရှိရေးမှာ အခက်အခဲမရှိစေမယ့် အစီအစဉ်တစ်ခုနဲ့ အရင်ကတည်းက ရှိထားနှင့်ပြီးသားဖြစ်တဲ့ ‘တစ်ခုတည်းသော ဥရောပ သုတေသန နယ်မြေ အစီအစဉ် ၂၀၁၄ ခုနစ်လောက်မှာ အကောင်အထည် ဖော်လာရေးအတွက် တွန်းအားပေးဆောင် ရွက်ခဲ့ပါတော့တယ်။
          ဥရောပရဲ့ရှေ့စီးပွားရေးအလားအလာတွေအပေါ် မုန်တိုင်းတိမ်တိုက်တွေ အုံ့မှိုင်းညို့ဆိုင်းနေတဲ့ အခုလို အချိန်မျိုးမှာ ‘တီထွင်ဆန်းသစ်မှု သမဂ္ဂ’ ဆိုတဲ့ အလံတော်အောက်မှာ သုတေသန နဲ့ အဆင့်မြင့် နည်းပညာဆိုင် ရာ ရင်းနှီးမြုပ်နှံမှုတွေကို အလုပ်အကိုင်နဲ့ ဖွံ့ဖြိုးတိုးတတ်မှု ဖန်တီးရေးဆီသို့ ဦးတည်တဲ့ ခြေလှမ်းများအတွက် အင်မတန်မှ အရေးပါ၊ အင်မတန်မှလက်တွေ့ကျတဲ့အရာတွေအဖြစ် မစ္စမေရီက ရှုမြင်ပါတယ်။

          ပညာရေးနှင့် စီးပွားရေးအကြားက နယ်စပ်မှာကြီးမားတဲ့ အကျိုးစီးပွားတွေ ရှိလာနေခဲ့တာကတော့ အတော်လေးကြာနေပါပြီ ပြီးခဲ့တဲ့လအတွင်း ‘စီးပွားရေး ပူးပေါင်းဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်မှု အဖွဲ့’ (OECD) က သူ့ရဲ့ပထမဆုံးသော ‘ပညာစီးပွားရေးဆိုင်ရာ ကမ္ဘာနီးနှောဖလှယ်ပွဲ’ ကိုကျင်းပခဲ့ပါတယ်။
          အဲဒါက ဆင်းရဲနွမ်းပါးတဲ့ အစိုးရတွေအတွက် ‘ဦးနှောက်မုန်တိုင်း ဆင်ခြင်း’ တစ်မျိုးဖြစ်ပါတယ်။
          ယူကေရဲ့ တက္ကသိုလ်များဆိုင်ရာဝန်ကြီးဒေးဗစ်ဝီးလက်ကအာဏာသုတေသန လုပ်ငန်းတို့လို နယ်ပယ်တွေ အရှိန်နှေးအောင် လုပ်နေတဲ့ မလိုအပ်ပဲ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လျော့ချပေးဖို့ တောင်းဆို ခဲ့ပါတယ်။ ပြင်သစ်ကလည်း ပညာအခြေပြု စီးပွားရေးလုပ်ငန်းများ တီထွင်ဖန်တီးရေးမှာ တက္ကသိုလ်တွေ ကုမ္ဗဏီကြီးတွေနဲ့ သုတေသန စင်တာတွေက ပူးပေါင်းလက်တွဲပြီး ဇက်ကြိုးချုပ်ကိုင်နိုင်မယ့် ‘တီထွင်ဆန်းသစ်မှု စီမံချက် တစ်သီတစ်တန်’ ထူထောင်ဖို့ ယူရိုငွေသန်း၃၀၀၀၀တန် ရန်ပုံငွေထားရှိရေး အဆိုပြုခဲ့ပါတယ်။

          အဲဒီအစီအစဉ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ‘မီလီကွန်ဗယ်လီ’ လို့ လူသိများတဲ့ ဒီဂျင်တယ် နည်းပညာရပ်ဝန်းကို တုပဖို့ ရည်ရွယ်တဲ့ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။  ပတ်ပတ်လည်မှာ သိပ္ပံ တက္ကသိုလ်ကော့လိပ်များနှင့် အဆင့်မြင့်နည်းပညာတွေ ရှိနေတဲ့ ဒီဂျင်တယ်ခေတ်ရဲ့ စက်ရုံမြို့စုတစ်ခု တည်ဆောက်ဖို့ အကြံအစည်တစ်ခုဖြစ်ပါတယ်။
          ဒါပေမယ့် ပညာရေး စီးပွားရေးက သူ့ရဲ့မျိုးစေ့ကို အမြဲတမ်းကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကြဲတာတော့ မဟုတ် ပါဘူး။ အမေရိကန်နိုင်ငံကို တီထွင်ဆန်းသစ်မှုရဲ့ အင်ဂျင်ခန်းကြီးအဖြစ် ရည်ညွှန်းပြောဆိုကြ ပေမယ့် တကယ် တော့ အဲဒီအင်ဂျင်ဟာ အမေရိကန်နိုင်ငံရဲ့ကျဉ်းမြောင်းတဲ့အရှေ့နဲ့အနောက် ကမ်းမြောင် ဒေသမှာ အခြေစိုက် ထားတာဖြစ်ပါတယ်။
          ဉရောပရဲ့မူပိုင်ခွင့်လျှောက်လွှာအရေအတွက်ပြ မြေပုံတစ်ခုကလည်းအဲဒီလိုမျိုး အကွက်ဆင်တစ်ခု ကိုဘဲ ဖော်ညွှန်းနေပါတယ်။ ဥရောပရဲ့နည်းပညာရပ်ဝန်းက အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဖင်လန်နိုင်ငံ တွေက နယ် မြေတစ်ချို့မှာသာထူထပ်သိပ်သည်းနေတာဖြစ်ပါတယ်။ ဒါကြောင့်တကယ်လို့များကောင်းမွန်တဲ့ အလုပ်အကိုင်တွေဟာ အဲဒီအဆင့်မြင့်နည်းပညာစင်တာတွေ တစ်ဝိုက်မှာသာ တိုးတိုးပြီးစုပုံလာနေကြမယ် ဆိုရင် တင်းမာပြင်း ထန်တဲ့ နိုင်ငံရေးပြဿနာတွေ ထွက်ပေါ်လာမည့် ‘ဖုန်းဆိုးကျတ်တီးမြေ’သို့မဟုတ် အဆင့်မြင့်နည်းပညာဆိုင်ရာ ဘာတီထွင်ဆန်းသစ်မှုမှ မရှိတဲ့ နိုင်ငံတွေလည်းရှိနေပါတယ်။ ဒါကြောင့်လည်းအနာဂတ်မှာ မိမိတို့နိုင်ငံတွေ  ‘အလုပ်အကိုင်ဟောင်းလောင်းပေါက်’ဖြစ်မယ့် အန္တရာယ်က ရှောင်ရှားချင်တယ်ဆိုရင် အစိုးရတွေအနေနဲ့ အခု ကတည်းကပညာရေးမှာပိုမိုရင်းနှီးမြုပ်နှံကြမယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့က မကြာသေးမီ က သတိပေးခဲ့တာဖြစ်ပါတယ်။
          ဒီဂျင်တယ် စီးပွားရေးလုပ်ငန်းသစ်တွေနဲ့ အတိတ်ကစီးပွားရေးလုပ်ငန်းဟောင်းတွေအကြား နက်နက် ရှိုင်းရှိုင်းကွဲပြားခြားနားနေတာကတော့ အဲဒီစီးပွားရေးလုပ်ငန်းသစ်တွေဟာ သမာရိုးကျ စီးပွားရေးလုပ်ငန်းတွေ မှာ မဖြစ်နိုင်လောက်တဲ့အရှိန်အဟုန်ပမာဏနဲ့ တိုးချဲ့ပြန့်ကားလာနေတာ ဖြစ်တယ်။  အဲဒီလိုမြန်ဆန်လှတဲ့စီးပွားရေးလုပ်ငန်းတွေကို တုံ့ပြန်နိုင်ဖို့ကြိုးစားနေတဲ့ အစိုးရတွေ အနေနဲ့သူတို့တိုင်းပြည်ရဲ့လူငယ်မျိုးဆက်တွေ ပညာ ကောင်းကောင်းတတ်သူတွေ တီထွင်ဖန်တီး နိုင်စွမ်းမြင့်မား သူတွေ၊ အခြေအနေနဲ့လိုက်လျောညီထွေစွာဖြစ် အောင် ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြောင်းလဲ နိုင်စွမ်းရှိသူတွေ ဖြစ်လာအောင်လုပ်ပေးကြဖို့ လိုအပ်တယ်လို့ ‘မိုက္ကရို ဆော့ဖ်ဥရောပ’ ကုမ္ပဏီရဲ့ ဥက္ကဠ ဖြစ်သူ ဂျင်မူဘယ်လ်ဖိတ်က ပြောပြသည်။

          အောင်မြင်မှုဇာတ်လမ်းနမူနာတစ်ခုအဖြစ် တောင်ကိုးရီးယားနိုင်ငံကိုမစ္စတာမူဟယ်လ်ဖိတ် က ထောက်ပြပါတယ်။ လွန်ခဲ့တဲ့မျိုးဆက်တစ်ဆက်လောက်ကစပြီး အဲဒီနိုင်ငံက ခေါင်းဆောင်တွေဟာ လူငယ်တွေ ပညာရည် အဆင့်အတန်းမြင့်မားရေးလုပ်ငန်းအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံခဲ့တယ်။  အခုချိန်မှာ အဲဒီရင်းနှီးမြုပ်နှံခဲ့မှုရဲ့တိုက်ရိုက်အကျိုးဆက်ရလာဒ်အဖြစ် အနောက်နိုင်ငံ တွေဟာ တောင်ကိုးရီးယားထုတ် ကားတွေ ရုပ်မြင်သံကြားစက်တွေကို ဝယ်ယူနေကြတယ်လို့ သူကပြောပြ ပါတယ်။ တောင်ကိုးရီးယား အစိုးရအထဲမှာပညာအခြေပြု စီးပွားရေးလုပ်ငန်းများ ထွန်းကားပြန့်ပွားရေးကို ကိုယ်ရောစိတ်ပါ နစ်မြုပ်လုပ်ကိုင်နေတဲ့ ဝန်ကြီးတစ်ယောက်ရှိနေခြင်းဟာ တိုက်ဆိုင်မှုတစ်ခုတော့ မဖြစ်နိုင်ပါ။
          (OECD) နှီးနှောဖလှယ်ပွဲကို တတ်ရောက်ခဲ့တဲ့ နိုဗယ်ဆုရ ဘောဂဗေဒပညာရှင်ကြီးတစ်ဦးဖြစ်သူ ရော ဘတ်အော်မန်းကလည်း စာသင်ခန်းနှင့်ထုတ်ကုန်ပစ္စည်းပြခန်းကြား ဆက်နွယ်မှုကို အလေးအနက် ဖော်ညွှန်းခဲ့ပါ တယ်။  ‘တီထွင်ဆန်းသစ်မှု ပေါ်ထွက်လာအောင် ဘယ်လိုလုပ်မလဲ၊ ပညာရေး…. ပညာရေး … . ပညာမှတစ်ပါး အခြားမရှိလို့ပဲ ကျွန်တော်ပြောချင်ပါတယ်’ လို့ သူကပြောဆိုသွားခဲ့ပါတယ်။
          ဒါပေမယ့် အဲဒီကိစ္စဟာ သံချေးတတ်နေတဲ့ စီးပွားရေးလုပ်ငန်းဟောင်းက အလုပ်အကိုင်တွေကို သစ်လွင်တဲ့အဆင့်မြင့်နည်းပညာစီးပွားရေးလုပ်ငန်းက အလုပ်အကိုင်တွေနဲ့အစားထိုးတာမျိုး လုံးဝ မဟုတ်ပါဘူး။
အဲဒီအချက်ကိုထိထိရောက်ရောက်ထောက်ပြခဲ့သူကတော့အမေရိကန်အခြေစိုက် နည်းပညာဆိုင်ရာ ပရော်ဖက် ရှင်နယ်များ အစည်းအရုံးတစ်ခုဖြစ်တဲ့ ‘လျှပ်စစ်နှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာများသိပ္ပံ’ရဲ့ ဥက္ကဌ ဂေါ်ဒွန်ဒေးဖြစ်ပါတယ်။ သူက ဒီဂျင်တယ်စီးပွားရေးလုပ်ငန်းကကြီးမားတဲ့ဝင်ငွေတွေကို ဖန်တီး ထုတ်လုပ်ပေးနိုင် စွမ်းရှိပေမယ့် လူအများကြီးကိုတော့ အလုပ်ပေးနိုင်မှာမဟုတ်ဘူး။ တချို့သောဖြစ်ရပ် တွေမှာ နည်းပညာ ကုမ္ပဏီ တစ်ခုကခန့်ထားတဲ့ဝန်ထမ်းအရေအတွက်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲရှိ လိမ့်မယ်လို့ သူက ပြောခဲ့တာဖြစ်တယ်။

          အဲဒီအချက်ဟာအလုပ်အကိုင်ဈေးကွက်ထဲမှာ နာလန်ပြန်ထလာနိုင်ရေးကို မျှော်လင့်နေတဲ့ အစိုးရတွေ အတွက်တော့ စိတ်မသက်သာစရာအမှန်တရားတစ်ခုပါပဲ။
          ဒါပေမယ့် အဆင့်မြင့်နည်းပညာပြိုင်ပွဲမှာ ဝင်မပြေးဘဲ ဘေးမှာရပ်ကျန်နေခဲ့ဖို့ဆိုတာလည်း  ရွေးစရာနည်းလမ်းကောင်းတစ်ခုတော့မဟုတ်ပါဘူး။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ကမ္ဘာဘဏ္ဍာရေး အကျပ်အ တည်းက အလုပ်အကိုင်ဈေးကွက်ကို ဘယ်ရောက်ပြောင်းလဲပစ်ခဲ့တယ်ဆိုတာကို (OECD) က ထုတ်ပြန်တဲ့ စာရင်းအင်း ကိန်းဂဏန်းတွေက ပြသနေပါသည်။ အဲဒီအကျပ်အတည်းကြောင့်တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင် ပေါင်း၁၁သန်းဆုံးရှုံူးခဲ့ရာမှာ အဲဒီထဲက တဝက်က အမေရိကန်နိုင်ငံမှာဖြစ်ပါတယ်။  အဲဒီအထဲမှာမှ အထိနာဆုံး ကတော့ ကျွမ်းကျင်မှုသိပ်မလိုတဲ့ ကုန်ထုတ်လုပ်ငန်းများနဲ့ အဲဒီလုပ်ငန်းက အလုပ်သမားတွေပါပဲ။ အဲဒီ ဆုံးရှုံး သွားမှုတွေပြန်ရဖို့ဆိုရင် ကျွမ်းကျင်မှုမြင့်မားတဲ့ ကုန်ထုတ်လုပ်ငန်းတွေ ပိုမိုပေါ်ပေါက်လာဖို့လိုအပ်ပါတယ်။ အဲဒီ လုပ်ငန်းတွေ အတွက် ကျွမ်းကျင်မှုမြင့်မားတဲ့ အလုပ်သမားတွေလိုအပ်ပါတယ်။
          ကျွမ်းကျင်မှုတစ်ခုခုအတွက် ဘွဲ့ရ ဒီပရိုမာရသူ အရေအတွက်က ကမ္ဘာပေါ်မှာ ပါဝါ အရွှေ့အပြောင်း ဖြစ်နေပြီဆိုတဲ့ အချက်ကိုပြသနေပါတယ်။ ကမ္ဘာ့စီးပွားအင်အားနိုင်ငံကြီးတွေအတွင်း တရုတ်နိုင်ငံမှာ ဘွဲ့ရ ၁၂% ရှိနေပါတယ်။ အဲဒီပမာဏက ယူကေ၊ ဂျာမနီ၊ ပြင်သစ်တို့ပေါင်းထားတဲ့ ပမာဏနီးနီးဖြစ်နေပါတယ်။ ကမ္ဘာ့စီးပွား ရေးအင်အားအကြီးဆုံး အမေရိကန်နိုင်ငံကတော့၂၆%နှင့် အားလုံးအထက်မှာ ပြတ်ပြတ်သား သား အသာစီးရထား ဆဲဖြစ်ပါတယ်။ တောင်ကိုးရီးယားမှာက ၆%ရှိနေတဲ့အတွက် ပြင်သစ်နှင့်အီတလီတို့ အရှေ့မှာရှိနေပါတယ်။

          အမေရိကန်တက္ကသိုလ်စနစ်ကတော့သုတေသနလုပ်ငန်းများအတွက် ကမ္ဘာပေါ်ရန်ပုံငွေထောက်ပံ့ မှု အကောင်းဆုံးအင်ဂျင်စက်ကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း ပထမဆုံးအ ကြိမ် ထုတ်ပြန်ခဲ့တဲ့ကမ္ဘာအကောင်းဆုံးတကက္ကသိုလ်များအမှတ်ဇယား၏ထိပ်ဆုံး၅၀မှာ အမေရိကန်တက္ကသိုလ် ၄၀ ပါဝင်နေခြင်းက အဲဒီအချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။
မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ဘော်စတွန် အခြေစိုက်တက္ကသိုလ်နှစ်ခုဖြစ်တဲ့ ‘ဟားဗတ်’ နဲ့ ‘အမ်အိုင်တီ’ တို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာကြေငြာချက်တစ်ခုက နည်းပညာသုတေသနလုပ်ငန်းမှာအမေရိကန် တက္ကသိုလ် တွေ ဘယ်လောက်အာရုံစိုက်ထားတယ်ဆိုတဲ့အချက်ကိုပြသနေပါတယ်။ သုတေသနလုပ်ငန်းအတွက် အဲဒီ တက္ကသိုလ် နှစ်ခုပေါင်းသုံးစွဲဖို့ လျာထားငွေ ယူရို၂၇ဘီလျံဖြစ်ပါတယ်။
          ဒါကြောင့်လည်း(OECD) ရဲ့အတွင်းရေးမှူးချုပ် အိုဆေးအင်ဂျယ်ဂူရီယာက ‘အခုချိန်မှာတီထွင်ဆန်း သစ်မှု၊ ပညာရေးနှင့်ကျွမ်းကျင်မှုဆိုတဲ့ တြိဂံက အရမ်းကို အရေးပါလာနေပါတယ်။ အဲဒီတြိဂံက ပြဿနာကို ရောဖြေရှင်းမှုကိုပါ အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်နေတာဖြစ်ပါတယ်။ ဒီကနေ့ကမ္ဘာဟာ ပြိုင်ဆိုင်မှု အင်မတန် ပြင်းထန်တဲ့ကမ္ဘာပါ။ ပြိုင်ပွဲမှာကျနော်တို့ဓနဥစ္စာတွေ အများကြီး ဆုံးရှုံခဲ့ကြရပြီးပြီ၊ ပို့ကုန်အများကြီး ဆုံးရှုံး ခဲ့ကြရပြီးပြီ သက်သာချောင်ချိမှုတွေ အလုပ်အကိုင်တွေအများကြီးဆုံးရှုံးရပြီးပြီ၊ ဒါကြောင့်အခုချိန်မှာ ကျနော်တို့ရဲ့စီးပွားရေးတွေကို ပညာပိုမိုမြင့်မားတဲ့ ဖွံ့ဖြိုးတိုးတတ်မှု ပုံစံတစ်မျိုးနဲ့ ပြန်လည်ထူထောင် ကြရ ပါလိမ့်မယ်’ လို့ပဲရစ်မြို့ နှီးနှောဖလှယ်ပွဲမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
                                                          Ref: BBC (28-9-11)
ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၅)မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...