ခုံသမာဓိကိစ္စအကြောင်း သိကောင်းစရာ
ပြည်သူ့ခေတ်၊
အတွဲ(၁)၊ အမှတ်(၃၅)မှ
ဦးကျော်ဇေယျ
တစ်ဦး-ကုန်သွယ်မှု စာချုပ်ချုပ်တဲ့နေရာမှာ
အငြင်းပွားစရာ ပေါ်ပေါက်ရင် ခုံသမာဓိ ဥပဒေအရ နှစ်ဖက် သဘော
တူတဲ့
ခုံသမာဓိလူကြီးများရှေ့မှာအဆုံးအဖြတ်ရယူကြမယ်ဆိုတဲ့ သဘောတူညီချက်တွေ ပါဝင်လေ့ရှိတာကို
တွေ့ရပါတယ်။ အဲဒီခုံသမာဓိဆိုတာ နဲ့ပတ်သက်ပြီး သိသင့်သိအပ်စရာရှိရင် ရှင်းပြပေးစေလိုပါတယ်။
ကျွန်ုပ်-ပြဿနာတစ်ရပ်ဖြစ်ပေါ်လာရင် နှစ်ဖက်သဘောတူတဲ့
ခုံသမာဓိလူကြီးတွေပါဝင်တဲ့ခုံသမာဓိအဖွဲ့ရဲ့ဆုံး ဖြတ်ချက်ကို နာယူကြရမယ်လို့ ဖော်ပြကြတာ
အကျယ်အကျယ်တရားရုံးကို မသွားချင်တာလည်းပါတယ်။ မြန်မြန်ထက်ထက်နဲ့ ပြဿနာကို ဖြေရှင်းတာလည်းပါတယ်။
တစ်ဦး-သဘောတူစာချုပ်မှာပြဿနာဖြစ်လာရင် ခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို
နာခံပါမယ်လို့ ပါရှိထားရင် တရားရုံးမှာ တရားစွဲလို့ ရနိုင်၊ မရနိုင်သိချင်ပါတယ်။
ကျွန်ုပ်-သဘောတူစာချုပ်မှာ ဒီလိုပါရှိကာမျှနဲ့
တရားရုံးတွေမှာ တရားစွဲဆိုခွင့်မရှိစေရဘူးရယ်လို့တော့ ခုံသမာဓိ အက်ဥပဒေက ပိတ်ပင်ထားတာ
မရှိပါဘူးကွယ့်။ ပြီးတော့ ကုန်သွယ်မှု ကိစ္စတစ်ခုတည်းအပေါ် ခုံသမာဓိအဖွဲ့ဖွဲ့ နိုင်တာ
မဟုတ်ဘူးကွယ်။ တခြားကိစ္စရပ်တွေ အတွက်လည်းဖွဲ့နိုင်တယ်။
တစ်ဦး-ဥပမာဖြစ်ရပ်များရှိရင် သိချင်ပါတယ်။
ကျွန်ုပ်-ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုပြောပြပါ့မယ်။
သထုံမြို့ မှာနေတဲ့ ဒေါ်တင်နဲ့ ဦးထွန်းလွင်တို့မောင်နှ မက သူတို့ပိုင် သထုံမြို့မ အလယ်တန်းလမ်း၊
တရုတ်တန်းရပ်ကွက်ရှိ မြေကွက်ရဲ့ အစိတ်အပိုင်းကို ကာဒါရှရစ် နဲ့ လာလ်ရှာရစ်ဖ် တို့ ညီအစ်ကို
နှစ်ဦးကို အိမ်ဆောက်ဖို့အတွက် ငှားရမ်းခ တစ်လ ၂၀ကျပ်နှုန်းနဲ့ ကတိစာချုပ် ချုပ်ပြီး ငှားရမ်းခဲ့တယ်။ စာချုပ်ထဲမှာ မြေနေရာကို (၁၀)နှစ်တိတိ
ငှားရမ်းခဲ့တာဖြစ်ပြီး (၁)နှစ်အတွက် ငှားရမ်းခ ၂၄၀၀ကျပ်ကို ငှားရမ်းသူက ပေးချေကြတယ်ဆိုတာရယ်၊
တကယ်လို့(၁၀)နှစ်အတွင်း မြေရှင်အနေနှင့် မြေ ကွက်ကို ရောင်းချမယ်ဆိုလျှင် အခြားသူတွေပေးတဲ့
ဈေးနှုန်းအတိုင်းမြေငှားကိုပထမဦးစားပေးရောင်းချမည်ဆို ရင်လည်း အခြားသူတွေပေးတဲ့ဈေးနှုန်းအတိုင်း
မြေငှားက ပေးရင် ဦးစားပေးရောင်းချရမှာ ဖြစ်တယ်လို့ပါတယ်။
အဲဒီနောက်မှာ ဒေါ်တင်နဲ့ဦးထွန်းလွင်တို့ဟာမြေငှားတွေထံမှ
ငွေကို အလီလီချေးယူခဲ့ပြီး၊ အပြေအ ကျေပေးဆပ်ခြင်းမရှိတဲ့အတွက်
မြေငှားက မြေရှင်အပေါ်တရားမရုံးမှာ တရားတစ်ထုံးစွဲတယ်။
ငှားရမ်းထားတဲ့ မြေနေရာမှာ မြေငှားတွေဟာ
ငှားရမ်းခကိုတော့ မူလနှုန်းအတိုင်းပေးပြီး၊ မြေနေရာကို တော့ ပိုမိုသုံးစွဲနေတဲ့အတွက်
ငှားရမ်းခကို တိုးမြင့် သတ်မှတ်ပေးဖို့ မြေရှင်ကလည်း မြေငှားကို တရားတစ်ထုံးစွဲ တယ်။
ဒီလိုအငြင်းပွားနေတဲ့ ကိစ္စနှင့် ရုံးနှစ်ရုံးမှာ
စွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး ခုံသမာဓိလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာကြဖို့
နှစ်ဦးသဘောတူ ခုံသမာဓိလူကြီးတွေကိုရွေးချယ်ပြီး ခုံသမာဓိလူကြီးတွေရဲ့ အဆုံးအဖြတ်ကို
ခံယူခဲ့ကြတာရှိတယ်။
တစ်ဦး-တရားရုံးမှာ အငြင်းပွားနေတဲ့ အချက်ကို
နှစ်ဖက်အမှုသည်တွေနဲ့ခုံသမာဓိအဖွဲ့ဖွဲ့ပြီးသဘောတူ အဆုံးအ ဖြတ် ခံယူခွင့် ရှိမရှိသိချင်ပါတယ်။
ကျွန်ုပ်-၁၉၆၆ခုနစ် ၊ မြန်မာနိုင်ငံ အမှုစီရင်ထုံးမှာ
ပါတဲ့အချက်ကို ပြောပြပါ့မယ်။
မန္တလေးမြို့၊ ခရိုင်တရားမရုံးမှာ ၁၉၆၂ခုနစ်၊
တရာမသေးမှု အမှတ်၃မှာမူရ်တီးဆိုသူက ကွယ်လွန်သူ အဘဒူလ်ကရင်မ်ရဲက ကျန်ရစ်ပစ္စည်းတွေနဲ့
ပတ်သက်ပြီး အမွှေထိန်းစာ ထုတ်ပေးဖို့ အမွှေဆက်ခံခြင်း ဥပဒေ ပုဒ်မ ၂၉၁(က)အရ လျှောက်တယ်။
မူရ်တီးရဲ့လျှောက်လွှာကို ဒေါ်မိဆိုသူကကန့်ကွက်တဲ့အတွက် တရားမကြီး အမှုအဖြစ် ပြောင်းလဲစစ်ဆေးတယ်။
ဒေါ်မိရဲ့ကွန့်ကွက်လွှာမှာပါတာက အခင်းဖြစ်ပစ္စည်းဟာ
အဘဒူရ်ကရင်မ်ရဲ့ပစ္စည်းမဟုတ်ဘဲ သူမရဲ့ အစ်မဒေါ်ညိမ်းပိုင်တဲ့ ပစ္စည်းဖြစ်တယ်။ ဒေါ်ညိမ်းသေဆုံးသွားပြီးနောက်
သူသာပိုင်တယ်လို့ဆိုတယ်။
ဒီအမှုသွားနေတုန်းမှာဘဲ အမှုသည်တွေဟာ ခုံသမာဓိအက်ဥပဒေပုဒ်မ
၂၁အရ ဦးကျော်ထွန်းဆိုသူကို ခုံလူကြီးအဖြစ်ခန့်အပ်ပြီး အငြင်းပွားတဲ့ကိစ္စကို ဆုံးဖြတ်ဖို့
လွဲအပ်ချင်ပါတယ်လို့ ရုံးတော်ကို လျှောက်ထားကြ တာကို ရုံးတော်က ခွင့်ပြုခဲ့ပြီး ဦးကျော်ထွန်းကို
ခုံလူကြီးအဖြစ် ခန့်အပ်လိုက်သည်။ ဦးကျော်ထွန်းကို ခန့်အပ်တဲ့ အမိန့်ဖြစ်တဲ့တရားမ ပုံစံ
အမှတ်၁၂၁မှာ တရားလို၊ တရားခံတို့က အထက်အမှုတွင်မိမိတို့ သဘောထားကွဲလွဲ သည့် အကြောင်းအရာများကို
သင်စီရင်ဆုံးဖြတ်စေခြင်းငှာ လွှဲအပ်ရန်သဘောတူညီကြသည်ဖြစ်၍ ၎င်းအမှု သည်တို့သဘောကွဲလွဲသည့်
အကြောင်းအရင်းများကို စီရင်ဆုံးဖြတ်ရန် လို့ပါ ရှိတယ်။
ဒါကြောင့် ဦးကျော်ထွန်းဟာသူ့ကို ခုံလူကြီးအဖြစ်
ခန့်အပ်တဲ့အတိုင်းစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးသူ့ ရဲ့စီရင်ချက်ကို ရုံးတော်ကိုတင်သွင်းတယ်။
သူ့ရဲ့ဆုံးဖြတ်ချက်ဟာတရားပြိုင်ဘက်ကို အသာပေးတာဖြစ်လို့ တရားလိုဘက်က မကျေနပ်ဘူး။ ဒါကြောင့်
အမိန့်ကို ပယ်ဖျက်ပေးဖို့ အယူခံတတ်ရောက်တယ်။
အဲဒီအယူခံအမှုမှာ အဓိကစဉ်းစားတာက ခုံသမာဓိလူကြီးချမှတ်တဲ့စီရင်ချက်ဟာ
ခုံသမာဓိ အက်ဥပဒေ
ပုဒ်မ
၃၀မှာ အကျုံးဝင်၊ မဝင်ဆိုတဲ့ ပြဿနာဘဲဖြစ်တယ်။
တစ်ဦး- ပုဒ်မ ၃၀ က ဘာကိုဆိုလိုတာပါလဲ ခင်ဗျား။
ကျွန်ုပ်- ခုံသမာဓိအက်ဥပဒေပုဒ်မ၃၀(ဂ)မှာ ခုံလူကြီးရဲ့စီရင်ချက်ဟာ
အခြားသောအကြောင်းတွေကြောင့် တည် မြဲခိုင်မာမှု မရှိရင် စီရင်ချက်ကို ပယ်ဖျက်နိုင်တယ်လို့ဆိုတယ်။
တစ်ဦး-ခုံသမာဓိရဲ့စီရင်ချက်ဟာ ဘယ်လိုဖြစ်နေလို့ပါလဲ
ခင်ဗျား။
ကျွန်ုပ်-အမှုက ကွယ်လွန်သူ အဘဒူရ်ကရင်မ် ရဲ့ကျန်ရစ်တဲ့
ပစ္စည်းတွေနဲ့ပတ်သက်ပြီး အမွေထိန်းစာ လက်မှတ် ထုတ်ပေးဖို့ လျှောက်ထားတဲ့ အမှုဖြစ်တယ်ကွယ့်။
မူလတရားရုံး တရားသူကြီးထုတ်ပေးခဲ့တဲ့ ကောက်ချက် ၃မှာ လျှောက်ထားသူအနေနဲ့ လျှောက်ထားတဲ့အတိုင်း
အမွေထိန်းစာရထိုက်သလားလို့ ပါရှိတယ်။ အခင်းပစ္စည်း
တွေကိုဘယ်သူအမွေဆက်ခံသင့်တယ် ဆိုတဲ့ပြဿနာဟာ ဒီအမှုမှာဆုံးဖြတ်ချက်ချနိုင်တဲ့ ပြဿနာ မဟုတ်ဘူး။
လျှောက်ထားသူဟာ လျှောက်ထားတဲ့ အတိုင်း အမွေထိန်းစာ
ရထိုက်တယ်၊ မရထိုက်ဘူးဆိုတာကိုသာ ဆုံး ဖြတ်ရမှာဖြစ်တယ်။ ခုံသမာဓိ အက်ဥပဒေ ပုဒ်မ ၂၁မှာခုံလူကြီးကိုဆုံးဖြတ်ဖို့
လွဲပြောင်းပေးနိုင်တဲ့ ကိစ္စရပ်ဟာ အမှုမှာ အမှုသည်တွေ အငြင်းပွားနေတဲ့ ကိစ္စရပ်ကိုသာ ဆိုလိုတယ်။
အမှုမှာ ဆုံးဖြတ်ချက်မချနိုင်တဲ့ကိစ္စမျိုးမပါ ဘူးကွယ့်။ ခုံလူကြီးချမှတ်ခဲ့တဲ့ စီရင်ချက်ဟာ
စီရင်ပိုင်ခွင့်ကို ကျော်လွန်ပြီး ချမှတ်တဲ့ အမိန့်ဖြစ်တယ်လို့ အယူခံ ရုံးက သုံးသပ်ခဲ့တယ်။
တစ်ဦး-တရားရုံးကို မရောက်သေးတဲ့ တရားရုံးပြင်ပ
က ခုံသမာဓိအဖွဲ့ ဆုံးဖြတ်ချက်ကို တရားရုံးမှာ တရားရုံးမှာ အယူခံတတ်ရောက်ခွင့် ရှိမရှိသိချင်ပါတယ်။
ကျွန်ုပ်- ခုံသမာဓိအက်ဥပဒေအရ ချမှတ်တဲ့ အမိန့်တွေ
အနက် ဘယ်အမိန့်ကို အယူခံဝင်နိုင်တယ်ဆိုတာနဲ့ ပတ် သက်ပြီး ပုဒ်မ ၃၉ မှာ ပြဌာန်းထားတာရှိတယ်။
အငြင်းပွားမှုတစ်ရပ်ကို တရားရုံးပြင်ပမှာ
ခုံသမာဓိလူကြီးတွေရဲ့ အဆုံးအဖြတ်ကို ခံယူရာမှာ ဆောင် ရွက်ရမယ့် လုပ်ထုံး လုပ်နည်းကို
၁၉၄၄ခုနစ် ခုံသမာဓိအက်ဥပဒေ အခန်း(၂)မှာ ပြဌာန်းထားတယ်။ အဲဒီပြဌာန်း
ချက်အရ
ဆိုလျှင် ခုံသမာဓိလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ပုဒ်မ၃၁ (၁)မှာရှိတဲ့အတိုင်း တရားရုံးမှာ
ပုဒ်မ၁၄ အရ တင်သွင်းရမှာဖြစ်တယ်။ တရားရုံးကသာ ခုံသမာဓိလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို
အကျိုးသက်ရောက်မှု အစရှိတဲ့ ပြဿနာနဲ့ ဆပ်လျဉ်းပြီး အဆုံးအဖြတ်ပေးနိုင်တယ်လို့ ပုဒ်မ
(၂မှာ ပြဌာန်းပါရှိတယ်။ဒါ့အပြင် ခုံသမာဓိ လူကြီးတွေရဲ့ ဆုံးဖြတ်ချက် အပေါ် အခြေခံပြီး
တရားရုံးရဲ့ အဆုံးအဖြတ်တစ်ရပ်ကို ရယူဖို့ တရားတစ်ထုံး စွဲဆို ခြင်း မပြုရဘူးလို့လည်း
ပုဒ်မ၃၂ မှာ တားမြစ်ထားတယ်။
တစ်ဦး- အဲဒီအချက်ကိုသိပ်မရှင်း သဘောပေါက်အောင်
ရှင်းပြပေးစေလိုပါတယ်။
ကျွန်ုပ်-အမှုတစ်မှုအကြောင်း ပြောပြပါမယ် ။ ဒေါ်ခင်မြင့်ဆိုသူက
သူနဲ့ဦးလှမြင့်တို့ဟာ အစ္စလာမ်ဘာသာ ထုံးတမ်းအစဉ်လာအရ အကြင်လင်မယားအဖြစ်ပေါင်းသင်းလာခဲ့ရာ
အခင်းဖြစ် မြေကွက်နဲ့ အိမ်တစ်ဆောင်ဖြစ် ထွန်းခဲ့တယ်။ နောက်ပိုင်းမှာ သူတို့နှစ်ဦးဟာ
အိမ်ထောင်ရေးအဆင်မပြေလို့မိမိတို့ရဲ့ပြဿနာကို သမာဓိလူကြီး တွေကို အဆုံးအဖြတ်ပေးစေခဲ့တယ်လို့ဆိုတယ်။
သမာဓိလူကြီးတွေက မိမိတို့ကို လင်မယားအဖြစ် ပြတ်စဲခွင့်ပြု ပြီးတဲ့နောက် အိမ်နဲ့မြေကို
တစ်ဝက်စီယူကြဖို့ အဆုံးအဖြတ်ပေးခဲ့တယ်လို့ ဆိုတယ်။
မိမိတို့ဟာ အဲဒီဆုံးဖြတ်ချက်အရ အိမ်ကို တဝက်စီ
ခွဲဝေပြီးယူခဲ့တဲ့အကြောင်း အဲဒီနောက် ဦးလှမြင့်ကို မိမိရရှိတဲ့ အိမ်အောက်ထပ်မှာ ခေတ္တ
နေခွင့်ပြုခဲ့တဲ့ အကြောင်း အခုအခါ ဦးလှမြင့်ဟာ အိမ်ခန်းကဖယ်ရှားပေးဖို့
ငြင်းဆန်နေတဲ့အကြောင်း ဒါကြောင့်အချင်းဖြစ်အိမ်နဲ့ အိပ်ရာရဲ့ လက်ယာဘက်တစ်ခြမ်းကို
ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေငြာပေးစေဖို့နဲ့ ဦးလှမြင့်ကို အခွင့်အမိန့်အရ နေထိုင်သူအဖြစ်နဲ့
မြေညီထပ်မှ ဖယ်ရှားပေးဖို့တရား တစ်ဘောင်စွဲဆိုခဲ့တယ်။ ပုဒ်မ ၃၂မှာ တားမြစ်ထားတယ် ဆိုတာက
အဲဒီလိုမျိုးစွဲခွင့်မရှိဘူးဆိုတဲ့ သဘောပေပဲ။
တစ်ဦး-ဒါဖြစ်ရင် ခုံသမာဓိလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ
အဟောသည့်ကံ ဖြစ်မသွားဘူးလားခင်ဗျား။
ကျွန်ုပ်- လုပ်နည်းလုပ်ဟန်လွဲမှားနေတယ်တဲ့။ခုံသမာဓိလူကြီးရဲ့ဆုံးဖြတ်ချက်ချပြီးရင်
ပြီးပြီလို့ ထင်နေကြတယ်။
အဲဒါမှားယွင်းတယ်။
ခုံသမာဓိလူကြီးက ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အဲဒီဆုံးဖြတ်ချက်ကို ပုဒ်မ ၃၁(၁)မှာ ပါရှိတဲ့
အတိုင်းတရားရုံးမှာ ပုဒ်မ၁၄ အရ တင်သွင်းရအုံးမှာဖြစ်တယ်။ တရားရုံးကသာ ခုံသမာဓိလူကြီးတွေရဲ့
ဆုံးဖြတ် ချက်ရဲ့ အကျိုးသက်ရောက်မှု ပြဿနာနဲ့ စပ်လျဉ်းတာကိုအဆုံးအဖြတ်ပေးနိုင်တယ်။ ဒါကို
ပုဒ်မ၃၁(၂)မှာ ပြဌာန်းထားတယ်။
တစ်ဦး-ဒီလိုတင်သွင်းရာမှာကာလသတ်မှတ်ချက်
ရှိမရှိသိချင်ပါတယ်။
ကျွန်ုပ်- ကာလစည်းကမ်း သတ်အက်ဥပဒေ ပထမဇယားစာပိုဒ်
၁၇၈မှာ ဖော်ပြထားတာ က ရက်ပေါင်း၉၀ အတွင်းတင်သွင်းရမယ်လို့ ဆိုထားတယ်။
အဲဒီလို ပုဒ်မ၁၄ အရ မတင်သွင်းပဲ နောက်မှ
ခုံသမာဓိလူကြီးတွေရဲ့ဆုံးဖြတ်ခဲ့မှုအပေါ်အခြေခံပြီးတရား
ရုံးရဲ့
အဆုံးအဖြတ်တစ်ရပ်ရပ် ရယူဖို့ တရားတစ်ထုံး စွဲဆိုခြင်းမပြုရဘူးလို့ ပုဒ်မ ၃၂က တားမြစ်ထားတာဖြစ်
တယ်။ဒီလိုစွဲဆိုတာဟာ ခုံသမာဓိလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးဖို့သွယ်ဝိုက်တဲ့နည်းနဲ့
စွဲဆိုတာ မျိုး ဖြစ်တယ်လို့ဆိုရလိမ့်မယ်။ ဒါကိုပုဒ်မ ၃၂က တားမြစ်ထားတာဖြစ်တယ်။ ဒီလိုစွဲဆိုတာဟာ
ခုံသမာဓိလူကြီး တွေရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးဖို့ သွယ်ဝိုက်နည်းနဲ့စွဲဆိုတာမျိုး
ဖြစ်တယ်လို့ဆိုရလိမ့်မယ်။ ဒါကိုပုဒ်မ၃၂
ကတားမြစ်ထားတာဖြစ်တယ်။
ကဲ….ဒီလောက်ဆိုရင် ခုံသမာဓိအက်ဥပဒေနဲ့ ပတ်သက်ပြီး အတန်းအဆင့် သဘောပေါက်လောက်ပြီ ထင်ပါတယ်။
တစ်ဦး- ဟုတ်ကဲ့အခုလိုမျိုးသိခွင့်ရတာ ကျေးဇူးတင်ပါတယ်
ခင်ဗျား။
ကိုးကားအမှုမှာ-
(၁)၁၉၈၂၊
မတစ၊ ၉၂
(၂)၁၉၆၈၊
မတစ၊ ၂၁၈
(၃)၁၉၆၆၊
မတစ၊ ၈၇၈
0 comments:
Post a Comment