ရှေးဟောင်းအောက်မေ့ဖွယ် ဘဘရယ်၊ စိပ်ပုတီးရယ်၊ ကာရာအိုကေရယ်
ဘဘ
ဘဘရယ်၊ စိပ်ပုတီးရယ်၊ ကာရာအိုကေရယ်ဆိုတော့
ဘဘကစိပ်ပုတီးကြီး လည်ပင်းမှာဆွဲပြီး ကိုယ့်မြေးအရွယ်မိန်းကလေး ချောချောလေးတွေကို ပန်းကုန်းလိုက်စွပ်နေတယ်လို့များ
မျက်စိထဲမှာ ဖော်ကြည့်မလား မသိဘူး။ အဲဒီလိုဆိုရင်တော်တော် ရယ်ရ၊ အမြင်ကတ်စရာကောင်းတဲ့
မြင်ကွင်းဘဲ့ ပေါ့နော်။ ဒီလိုမဟုတ်ပါဘူး လူငယ်တို့ ရယ်။
ဘဘကလူကြီးတို့ရဲ့အမူအကျင့် အတိုင်း၊
လူကြီးတို့လုပ်ကြတဲ့ပုံစံအတိုင်း ပြည်မြို့ကို ဟိုအရင် အပတ်က ဘုရားဖူးသွားခဲ့တာပါ။ စီးတဲ့ကားကြီးက
မှန်လုံလေအေးစက်နှင့် အဆင့်မြင့်မြင့်စီးပြီး ၆ နာရီ ကျော်လောက် မောင်းကြ ရတယ်။ လမ်းမှာယာဉ်မောင်းတဲ့ကလေးနဲ့အကူလိုက်တဲ့ကလေးတို့က
ခရီးသည်တွေပျင်းမှာစိုးလို့ ကာရာအိုကေသီချင်းတွေဖွင့်ပေးပြီးအရှေ့မှာလည်း တီဗွီကြီးတတ်ထားတော့
ဘဘကအသွား ၆နာရီ၊ အပြန် ၆နာရီ အဲဒါတွေ ကြည့်ခဲ့ကြားခဲ့ရတာပါ။
ယာဉ်မောင်းတို့ယာဉ်အကူတို့လည်းစီးလာတဲ့လူ
၃၀-၄၀လောက်အရွယ်ပေါင်းစုံဆိုတော့ အခု ခေတ်လူ ကြိုက်များတာပဲ ဖွင့်ပြနိုင်တာပေါ့ ဘဘတို့အကြိုက်ဖြစ်တဲ့
ကိုဝင်းဦးတို့မာမာအေးတို့တော့ ဘယ်ပါနိုင်ပါ့မလဲ။
ဒါပေမယ့် ဘဘတို့အကြိုက် ဗမာဆန်ဆန်ခင်မောင်တိုးတို့၊ ရှမ်းဆန်ဆန် စိုင်းထီးဆိုင် တို့လည်း
နည်းနည်းပါးပါး ပါတယ်။ အဲဒီတော့ တစ်ချို့ကောင်းတယ်၊ လက်ခံတယ်လို့ပြောရမှာပေါ့။ အဲ-
ဘဘလည်းအဲဒီလိုခေတ်ပေါ်၊ ခေတ်အကြိုက်တွေနဲ့စိမ်းနေတော့ တစ်ချို့ကိုတော့မကြိုက် လက်မခံ နိုင်လို့ပြောရမှာပေါ့။
အဲဒါတွေက ဘာတွေ လဲဆိုတော့ ကော်ပီလို့ခေါ်ကြတဲ့ သီချင်းတွေ၊ သရုပ်ဆောင် ကွက်တွေပေါ့။ အဲဒီမှာစကားအသုံးအနှုန်းနှင့်ပတ်
သက်ပြီး မတူကွဲပြားချက်တွေ ပေါ်လာပြီ။ ကော်ပီ ဆိုတဲ့ အင်္ဂလိပ်စကားကတော့ ကူးတယ်။ပွားတယ်ပေါ့။
ဘဘနားလည်သလောက်ကို ဥပမာပေးရရင်တော့ ဟိုးအရှေးတုန်းက ဦးဘညွန့်တို့ဆိုသွားတဲ့ ဆုထူးရွယ်
တို့ ချစ်ဒုက္ခတို့ကို ၁၉၇၀ ပတ်ဝန်းကျင်မှာ ကိုဝင်းဦး ကပြန်လည်ပြီး ခေတ်တူရိယာနဲ့ပြင်ဆင်ပြီး
သူ့အသံနဲ့သူ ပြန်ဆို တာကို နားလည်တာပါပဲ။ နိုင်ငံခြားက သူတို့ လူဘောင်အသိုင်းအဝိုင်းအတွက်
သူတို့ဇာတ်လမ်းနှင့် သူတို့ဆိုခဲ့ ကြတာတွေကိုပြန်ပြီး ဆိုတာ ကိုတော့ ခိုးတယ် လို့ပြောရမှာပါ။
ဘဘတို့ဗုန္ဓဘာသာနှင့် တခြားဘာသာတွေမှာ ခိုး တယ်ဆိုတာ ရှင်းရှင်းလေး အဓိပ္ပါယ်ဖွင့်ပြီးသားပါ။
ပိုင်ရှင်က ခွင့်မပြုဘဲ၊ မသိဘဲယူကြ၊ ယူပြီးသုံးကြတယ်ဆို တာခိုးတယ်ပေါ့။
အဲဒီကိစ္စတွေတော့ ဘဘက ဥပဒေပညာရှင်မဟုတ်တော့
အတိအကျမသိပါဘူး။ ပစ္စည်းထုတ်လုပ်မှုတို့၊ ရုပ်ပုံတို့
Computer software စာပေတို့မှာတော့ Copy right ဆိုတာရှိတယ်။ သီချင်းတို့ တူရိယာတို့မှာရော
ရှိလားလို့တော့ ဘဘ အသေအချာမသိပါဘူး။ အဲဒီကိစ္စတွေကို အင်္ဂလိပ် လိုတော့ Intellectual
property right လို့ခေါ်ပြီး ဗမာလိုတော့ ‘ဦးနှောက်နဲ့ပညာသုံးစွဲပြီး တီထွင်ကြံဆ ထားသော
ပစ္စည်းများထိန်းသိမ်းပိုင်ခွင့်’ လို့ဘာ သာပြန် နိုင်မလားပဲ။
ကဲ…..အဲဒီဥပေဒအကြောင်းတွေ
ဘာတွေကို ဘဘဝန်ခံခဲ့သလို ဘဘကိုယ်တိုင်လည်း မသိ မပိုင်လို့ ထားကြပါစို့။ အဲဒါတွေကုဥပေဒေအကြာင်းအရ
ခိုးမှုမြောက်သလား။ မမြောက်ဘူးလားဆိုတာကို ထားကြပါစို့။ ဒါပေမယ့်အဲဒီသီချင်း၊။
Musicတွေကိုယူကြတဲ့၊ ဆိုကြတီးကြတဲ့လူတွေဟာ အနုပညာသမား တွေလို့ အသိအမှတ်ပြုသင့်၊
မပြုသင့်ကို ဆွေးနွေးကြည့်ရအောင်။ အဲဒီတော့အနုပညာကို ဖွင့်ဆို ချက်နှင့်ပတ်သက်ပြီး ဘဘမွှေနှောက်
ကြည့်တယ်။
အဘိဓာန်အမျိုးမျိုး၊ စာအုပ်အမျိုးမျိုးအထဲမှာ ဒီဟာလေးက ပိုကောင်းတယ်လို့ထင်တယ်။ ‘အနုပညာဆိုသည်မှာ
လူတို့တီထွင်ကြံဆသောလုပ်ရပ်မှ ပေါ်ပေါက်လာသော လက်ရာတစ်ရပ်ဖြစ်၍ ယင်းတွင် အနုပညာရှင်များ၏ယူဆချက်များကို
အခြားလူသားတို့အတွက် ကောင်းမွန်သော ရည်ရွယ်ချက် တို့ဖြင့် ဖော်ထုတ်တင်ပြခြင်းဖြစ်သည်။
(History & Theory of Art & Ahitecture, P.6-7) အဲဒီဖွင့်ဆို ချက်ကို လက်ခံကြရင်
အဲဒီ ကော်ပီခေါ် ခိုးယူ၊ ကူးယူခြင်းများဟာ ဥပဒေအရ ခိုးမှု ဟုတ်သည်၊ မဟုတ် သည်ကို အပထားပြီး
နိုင်ငံခြားမှ ယူထားသော အခြားသူများထံမှယူထားသော သီချင်းများဟာကိုယ်တိုင် တီထွင်ကြံဆမှုများမဟုတ်သည့်
အတွက်အနုပညာလက်ရာများဟုတော့
မသတ်မှတ်နိုင်ဘူး လို့ယူဆတယ်။ တစ်ခါ အဲဒီလိုတုကြ၊ ပိုင်ရှင်ခွင့်ပြုချက် မရှိဘဲယူကြတဲ့အထဲမှာ
ဘဘကနည်းနည်းထပ်ပြီး ခွဲခြားချင် ပါသေးတယ်။ မေးစရာတော့ရှိတာပေါ့နော်။ ပိုင်ရှင် မသိဘဲ
ယူကြ၊ တုကြတဲ့အထဲမှာပိုကောင်း၊ ပိုညံ့ခွဲခြားသင့် မသင့်ဆိုတာပေါ့။ ခွဲခြားပါရစေ။ ခွဲခြားကြည့်မယ်နော်။
ပထမအုပ်စုကတော့ ယူတော့ယူတယ်၊ တုတော့တုတယ်။
ဒါပေမယ့် စပ်လိုက်၊ ရေးလိုက်၊ ဝတ်လိုက်၊ ကလိုက်တဲ့ ပုံတွေ ဗမာ့လူ့ဘောင် အသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေရှိတယ်။ ယတ္တိရှိတယ်ဆိုတဲ့ အုပ်စုလို့ ဘဘ သတ်မှတ်ချင်တယ်။ အဲဒီအုပ်စုကတော့ တော်သေးတယ်လို့
ပြောရမလားပဲ။ နောက်တစ်အုပ်စုက ဘယ် လိုမှ ဗမာ့လူ့ဘောင်အသိုင်းအဝိုင်းနဲ့လည်းမပတ်သက်
အဝတ်အစားတွေကလည်း ဗမာလူမျိုး ဘယ်တော့မှ မဝတ်ကြတာတွေ ချုပ်ဝတ်ပြီး သီဆိုကပြကြတဲ့အုပ်စုပဲ။
အဲဒီမှာ ဘဘက ရှေးအဘိုးကြီးဖြစ်ပေမယ့်အခုခေတ် လူငယ်မိန်းကလေးတွေ ဘောင်းဘီတို့ဂါဝန်တို့ဝတ်ကြတာကို
လက်ခံတယ်နော်။ သူတို့ခမျာ ဘတ်စ်ကားတိုး ကြိတ်စီးကြရတာ၊ ဘောင်းဘီတို့ဂါဝန်တို့ဆို မကျွတ်ကျဘဲလုံခြုံတာပေါ့။
ကြည့်ကောင်းတယ် မကောင်းဘူးဆို တာကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါ။ ဘဘတွေ့ခဲ့ရတဲ့ ကာရာအိုကေဆိုတဲ့
မိန်းကလေးဝတ်ထားတာက ဥရောပမှာ တောင် ၁၉ ရာစုမှာဝတ်ကြတဲ့ အတွန့်တွေ အတက်တွေနဲ့ဂါဝန်ရှည်ကြီးတွေနဲ့
သင်္ဘောပေါ်တတ်ပြီး သီချင်းဆိုတာကတော့ တုတာ၊ ခိုးချတာလွန်သွားပြီလို့ ဘဘတော့ ထင်တာပါပဲ။
ကဲ… ဘဘဒီဆောင်းပါးအပြည့်အဝကြီး သူများတွေ
မကောင်းကြောင်းအတင်းအဖျင်းပြောခဲ့တော့ မေးဖို့သင့်တာက အဲဒီလို ခိုးကြတာ တုကြတာတွေ ဘဘတို့လက်ထက်က
မရှိဘူးလားလို့မေးသင့်တာပေါ့။ အဖြေကတော့ ‘ရှိပါ့’ ရှိခဲ့ပါ့။ ဟိုဒုတိယ ကမ္ဘာစစ်မဖြစ်ခင်က
တချိုသီချင်းတွေဆို အနောက်တိုင်းက တောင်တန်း ဒေသတွေဆို နည်းတစ်မျိုး၊ Yodeling လို့ခေါ်တယ်၊ အဲဒီလို အသံမြင့်နဲ့ဆိုပုံတွေကို ထပ်မံ အမေရိကန်
နွား ကျောင်းသားတွေက တု၊ အဲ…တဖန် တို့ဗမာသာကီဝင်မျိုးတွေကလည်းထပ်တု၊ ဒါတွေလည်းရှိခဲ့ပါတယ်။ အဲဒီ တော့ ဘဘ အဆုံးသတ် အကြံပေးလိုတာက
ကော်ပီ၊ မကော်ပီဆိုတဲ့ အနက်အဓိပ္ပါယ်ကိုမဖွင့်တော့ဘဲ။ (၁) တိုက်ရိုက်ယူ၊ ကိုယ်တိုင်တီထွင်ကြံဆမှုမရှိရင်တော့
အနုပညာ မမြောက်၊ အနုပညာမဟုတ်နိုင်ပါ။ (၂) အတုယူ ကြပါ။ သူများဆီက အတုယူပြီး ကိုယ်တိုင်တိုးတတ် ကောင်းမွန်အောင်
လုပ်ကြပါ။ (၃) Copy right နဲ့ Intell
ectural property ကိုတော့ ဂရုစိုက်ကြပါ။ မဟုတ်ရင်
သူများတွေက ဘဘတို့TV ၊ ဘဘတို့ အခွေတွေကြည့် ကြရင် ရှက်စရာကြီးနော်။ ဘဘတို့လူမျိုးကို
သူခိုးလို့ပြောကြမှာ။
ပြည်သူ့ခေတ်၊
အတွဲ(၂)၊ အမှတ်(၆၅)မှ
0 comments:
Post a Comment