Monday, October 17, 2011

ကိုယ်ထူကိုယ်ထ ဆိုတဲ့စကားရဲ့ ရာဇ၀င်

by Wai Maw on Tuesday, October 18, 2011 at 9:01am
 
- eimmet mahotpar--၁၆-၁၀ -၂၀၁၁
ကိုယ်ထူကိုယ်ထဆိုတာဘာလဲ ဘယ်တုန်းက စပြီး ပေါ်လာတာလဲ။
လူ့ သမိုင်းတစ်လျှောက်မှာ အဲဒီ ကိုယ်ထူကိုယ်ထ ဆိုတာ ဘယ်ခေတ်ကို ရည်ညွှန်း ခဲ့တာလဲ။
ကျနော့် အထင်တော့ ကျောက်ခေတ်ရဲ့ အစောပိုင်းကာလကို ရည်ညွှန်းခဲ့တာ ထင်ပါတယ်။
အဲဒီခေတ်ကာလက လူတွေဟာ တစ်ဦးကို တစ်ဦး ရိုင်းပင်း ကူညီရ ကောင်းမှန်း မသိကြ သေးလို့ လို့ထင် ပါတယ်။

ကိုယ်လုပ်ချင်တာကို ကိုယ့်ဘာသာလုပ် ဆိုတဲ့ သဘောရ ပါတယ်။

ပူပေါင်းဆောင်ရွက်ခြင်း စည်းလုံးညီညွတ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေ မပါဘူးလို့ ခံစားရ ပါတယ်။
အခုလို အားလုံးအတွက် ညီညွတ်ရေးကို အကောင်အထည် ဖော်နေတဲ့ ခေတ်မှာ ဒီစကားလုံး မရှိသင့် တော့ဘူးလို့ ထင်ပါတယ်။
( ဒီနှစ်မိုးတွေ တအားရွာလို့ လမ်းတွေ တအား ပျက်တာပဲ ၊
ငါတို့အိမ်ရှေ့မှာတောင် ချိုင့်အကြီးကြီးဖြစ်နေတယ် စည်ပင်က ဘယ်တော့မှ လာပြင်မလဲ မသိဘူး။
ငါတို့ ၀ိုင်ပြီး ကိုယ်ထူကိုယ်ထ ပြင်လိုက်ရင်ကောင်းမယ် ) တဲ့။ လက်ဘက်ရည်ဆိုင် မှာ နံဘေးဝိုင်းက ပြောတာ ကြားလိုက် ရလို့ပါ။

မလုပ်ကြပါနဲ့ ညီအစ်ကိုတို့ရယ်---
ညီအစ်ကိုတို့ အဲဒီလိုလုပ်လိုက်ရင် ကျနော်တို့ရဲ့ အစိုးရကြီးရော ကျနော်တို့ရဲ့ လွှတ်တော်ကြီးပါ သိက္ခာတွေ ကျကုန်မှာပေါ့။
ကျနော်တို့ တိုင်းပြည်က သံယံဇာတတွေ တအား ပေါဆိုပဲ။
အခုလည်း ကားသွင်းခွင့်ပါမစ်တွေပေး တာ အစိုးရအတွက် အခွန်တွေ တအားရ နေတယ်ဆိုပဲ။
တယ်လီဖုန်းလိုင်းတွေထပ်ချရင်လည်း အစိုးရအတွက် ပိုက်ဆံတွေ အများကြီးထပ်ရ အုံးမှာဆိုပဲ။
(ဒီတစ်ခါ ဖုန်းက သုံးသိန်းအထိ ဈေးချထားတယ် ဆိုပေမယ့် ကမ္ဘာ့ဈေး အကြီးဆုံး အဖြစ် မှတ်တမ်း ၀င်နေ အုံမှာနော)

ဒီတော့ ကိုယ်ထူကိုယ်ထဆိုတာ ကျနော်တို့ ရဲ့ ပူပူနွေးနွေး အစိုးရကို သရော်သလိုဖြစ် နေမှာစိုး လို့ပါ။
လမ်းတွေပျက်စီးနေတယ်ဆိုတာလည်း အမှန်ပါပဲ လမ်းပြင်ဖို့ ဘတ်ဂျတ်က ဘယ်ကရ မှာမှန်း မသိ ဘယ်လောက်ကြာမှာ မှန်းမသိ ဆိုတာ ကလည်း အမှန်ပါပဲ။

ဒီတော့ ဒီလိုလုပ်ရအောင်---
စည်ပင်က လမ်းဘိုကို အောက်ဆိုက်ပေးပြီး ဒီလမ်းကို အမြန်ဆုံးပြင်ရင် ဘယ်လောက်ကျ မလဲဆိုတာ တွက်ချက်ကြည့်ကြမယ်-
ပြီးတော့ ဒီမြို့နယ်ရဲ့ ရွေးချယ် ထားတဲ့ လွတ်တော် အမတ်ကို ပိုက်ဆံ ခဏစိုက်ခိုင်းပြီး အမြန်ပြင်ခိုင်းမယ်လေ။
(သူလဲ သိက္ခာရှိ လွှတ်တော်နဲ့ အစိုးရလဲ သိက္ခာရှိတာပေါ့)။
ပိုက်ဆံဆိုတာ သူ့အိတ်ကပ်ထဲက သူ့ပိုက်ဆံကို ပြောတာနော်။
သူ့မှာ ပိုက်ဆံအဲဒီလောက်ရှိလို့လား ဟုတ်ပ ဒါလဲစဉ်းစားစရာပါ။
သူ့မှာ မရှိရင် ကျနော်တို့ အားလုံးဝိုင်းပိုက်ဆံထုတ်ပြီး သူ့ကို ခဏချေး ထားမယ်လေ။
မြို့နယ်တရားသူကြီးက သက်သေလုပ်ပေါ့။

အစိုးရဆီက ငွေကျလာတော့ ပြန်ပေးပေါ့ ဟုတ်တယ်မဟုတ်လား။
ဒါဆို ကျနော်တို့ပြည်သူပြည်သားတွေလည်း သိက္ခာရှိသွားတယ် အားလုံးလဲ တင့်တယ် သွားတာပေါ့။
အချိန်တန် ကိုယ့်ပိုက်ဆံပြန်ရမှာလေ--
အင်း ဒီနည်းနဲဆို လမ်းတွေ ၊ တံတားတွေ ၊ စာသင်ကျောင်းတွေ ၊ ဆေးပေးခန်းတွေ ၊ ဆေးရုံတွေ ၊ စာကြည့်တိုက်တွေ-- ဟား နေရာတကာမှာ လိုနေတာတွေ အားလုံး ဒီနည်းနဲ့ ဖြည့်ဆည်းလို့ ရတာပဲ။
လွှတ်တော် အမတ်ကို သွားပြောကြရအောင်။
ဒီလွှတ်တော်အမတ်ဆိုတဲ့ အကောင်က စိတ်မ၀င်စားဘူး သူ့အလုပ် မဟုတ်ဘူးလို့ ပြောရင် ဘာလုပ်ကြမလဲ။
ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ်။
မဲပေးခွင့်ရှိသူ ၁ ရာခိုင်နှုန်း လက်မှတ်ဝိုင်းထိုးရင် အဲဒီအမတ် ပြုတ် ဆိုပဲ။
ကဲ ဟိုဘက်ဝိုင်းက အစ်ကိုတို့ရေ။
လွှတ်တော်အမတ်ရဲ့အိမ်ကို သွားကြရအောင်။
ဗမာပြည်မှာ အစားထိုးစရာ လူတော်တွေ အများကြီးပါ

လေးစားစွာဖြင့်
eimmet mahotpar-
--၁၆။၁၀-၂၀၁၁

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...