လူရဲ့ မှန်ကန်တဲ့အတွေးအခေါ် ဘယ်ကလာသလဲ
အောင်ညွန့်သာ
လူတစ်ယောက်ရဲ့ လက်တွေ့ပြုမူလှုပ်ရှားမှုမှာ
အသိအမြင် (အသိတရား) ဆိုတာရဲ့ အခန်းက ဘယ်လောက်များအရေးပါလို့ပါလဲ-တဲ့။ အဲဒီ(အသိအမြင်)ဆိုတာ ကိန်းကြီးခန်းကြီးလုပ်ပြောနေ၊
ဆိုနေ၊ ငြင်းနေ ခုန်နေတာတွေ မလုပ်ကြဘဲ လူအများတကာ့ အများစုကြီးဟာ သူတို့တွေ့ကြုံနေတဲ့
နေ့စဉ်ဘ၀ ပြသာနာအမျိုးမျိုးကို ဖြေရှင်းနေ၊ ဖြေရှင်းခဲ့၊ ဖြေရှင်းကြအုံးမှာဘဲ မဟုတ်ဘူးလား-တဲ့။
အမေးရှိတယ်။ ဒီမေးခွန်းမှာ ကျနော်တို့ဟာ ပြဿနာမရှိတာကို ပြဿနာလုပ်ပြီး နှာခေါင်းကို နောက်ကများ ကိုင်နေ သလား
ပါလို့ မေးတဲ့သူကို ဆိုပါတယ်။ မေးခွန်းရှင်က အသိဥာဏ်ပြသာနာနဲ့ပတ်သက်တဲ့ သူ့ထင်မြင်ချက် ကိုလည်း
တစ်ပါတည်း ဖော်ထုတ်ခဲ့ပါသေး တယ်။ ဒီမေးခွန်းကို ဖြေကြည့်ကြရအောင်ပါ။ မေးခွန်းကို စိတ်ဝင်စားတဲ့ လူတိုင်းကလည်း
ဖြေကြားကြည့်ကြစေချင်ပါတယ်။ မိမိလည်းဖြေကြားဖို့ တာဝန်ရှိပါတယ်။
ဒီမေးခွန်းကိုတကယ်လို့
အများတကာ၊ အများစုကြီးက မေးလာကြမယ်ဆိုရင်လည်း မေးထိုက်တဲ့ မေးခွန်းဘဲလို့ ပြောမှာသာဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ လူအများတကာ ၊ အများစုကြီးဟာ၊
ကိုယ့်လူ့ဘ၀ ဆိုတဲ့ နေစဉ်ဘ၀ထဲမှာ တွေ့ကြုံနေခဲ့ကြရတဲ့ အမယ်ဘုတ်ရဲ့ချည်ခင် အမျိုးမျိုးကို၊ ပြဿနာပေါင်း
သောင်းခြောက်ထောင်ကိုလူတိုင်းလူတိုင်းမှာရှိတဲ့ (Common Sense) လို့ဆိုနိုင်ကြတဲ့
သူသိကိုယ်သိ ဗဟုသုတ တမျိုးမျိုးကို အခြေပြုပြီး၊ ကောင်းမယ်ထင်တဲ့နည်းကို ဖြေရှင်းခဲ့ကြတာချည်းဖြစ်ပါတယ်။
ဒီလိုဖြေရှင်းတဲ့အခါ သူတို့မျှော်လင့်တဲ့ အဖြေရလာဒ်တမျိုးမျိုး၊ ရချင်လည်းရမယ်။ မရချင်လည်းမရဘူးပေါ့။ ပြေလည်ချင်လည်းပြေလည်မယ်။ မပြေလည်တာ လဲရှိချင်ရှိမှာပါပဲ။ ပြီးတော့လည်း ပြီးတာပေါ့ ဆိုတဲ့ မှတ်ချက်မျိုးနဲ့လည်း နိဂုံးကမ္ပဒ် အဆုံးသတ်ကြလေ့ရှိပါ တယ်။ ဆိုလိုတာက ပြောလေ့ရှိတဲ့အတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလိုက်ကြတာပဲလို့ ဆိုကြမှာပါ ။ တကယ်လို့တည်းဆဲ ဥပဒေတစ်မျိုးမျိုးနဲ့ ဖြေရှင်းမှဖြစ်မယ့် မှုခင်းတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ရင်လည်း ရှေ့နေ၊ရှေ့ရပ် တစ်ယောက်ရဲ့ အကူအညီနဲ့ ထုံးစံ အတိုင်း တရားတစ်ထုံးတွေ့လိုက်ကြတာပါပဲ။ ပြသာနာတွေကို အခုလို ဖြေရှင်းကြတဲ့အတွက် ဖြစ်ပေါ်လာမယ့် ဘယ်လိုအကျိုးဆက်မျိုးကိုဘဲ ဖြစ်ဖြစ်၊ မျိုးရိုးဖြစ်စဉ်ဘဲ သဘောထား လိုက်ကြတာပါပဲ။ အတွေ့အကြုံ ၊ အဆိုးအကောင်း သင်ခန်းစာထုတ် ၊ ပေါင်းချုပ်နေတာတွေကိုလည်း ဒုက္ခခံ ဆောင်ရွက်နေကြတာ မဟုတ်ပါဘူး။ ဒါဟာ သူလိုကိုယ်လို လူအများစုကြီး လူ့ဘ၀ကို ကျော်ဖြတ်နေပုံ၊ ပုံပန်း သဏ္ဍာန်ဘဲဖြစ်ပါတယ်။ ဒီလို ပုံသဏ္ဍာန်မျိုးနဲ့ ပြုမူလှုပ်ရှားနေတဲ့ လူ့အပြုအမူများရဲ့နောက်မှာ ဘယ်လိုတွေးခေါ် သိမြင်ပုံများ၊ တည်ရှိ အခြေစိုက်နေကြတယ်ဆိုတာ စူးစမ်းလေ့လာကြည့်ကြသင့်ပါတယ်။
ဒီလိုဖြေရှင်းတဲ့အခါ သူတို့မျှော်လင့်တဲ့ အဖြေရလာဒ်တမျိုးမျိုး၊ ရချင်လည်းရမယ်။ မရချင်လည်းမရဘူးပေါ့။ ပြေလည်ချင်လည်းပြေလည်မယ်။ မပြေလည်တာ လဲရှိချင်ရှိမှာပါပဲ။ ပြီးတော့လည်း ပြီးတာပေါ့ ဆိုတဲ့ မှတ်ချက်မျိုးနဲ့လည်း နိဂုံးကမ္ပဒ် အဆုံးသတ်ကြလေ့ရှိပါ တယ်။ ဆိုလိုတာက ပြောလေ့ရှိတဲ့အတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလိုက်ကြတာပဲလို့ ဆိုကြမှာပါ ။ တကယ်လို့တည်းဆဲ ဥပဒေတစ်မျိုးမျိုးနဲ့ ဖြေရှင်းမှဖြစ်မယ့် မှုခင်းတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ရင်လည်း ရှေ့နေ၊ရှေ့ရပ် တစ်ယောက်ရဲ့ အကူအညီနဲ့ ထုံးစံ အတိုင်း တရားတစ်ထုံးတွေ့လိုက်ကြတာပါပဲ။ ပြသာနာတွေကို အခုလို ဖြေရှင်းကြတဲ့အတွက် ဖြစ်ပေါ်လာမယ့် ဘယ်လိုအကျိုးဆက်မျိုးကိုဘဲ ဖြစ်ဖြစ်၊ မျိုးရိုးဖြစ်စဉ်ဘဲ သဘောထား လိုက်ကြတာပါပဲ။ အတွေ့အကြုံ ၊ အဆိုးအကောင်း သင်ခန်းစာထုတ် ၊ ပေါင်းချုပ်နေတာတွေကိုလည်း ဒုက္ခခံ ဆောင်ရွက်နေကြတာ မဟုတ်ပါဘူး။ ဒါဟာ သူလိုကိုယ်လို လူအများစုကြီး လူ့ဘ၀ကို ကျော်ဖြတ်နေပုံ၊ ပုံပန်း သဏ္ဍာန်ဘဲဖြစ်ပါတယ်။ ဒီလို ပုံသဏ္ဍာန်မျိုးနဲ့ ပြုမူလှုပ်ရှားနေတဲ့ လူ့အပြုအမူများရဲ့နောက်မှာ ဘယ်လိုတွေးခေါ် သိမြင်ပုံများ၊ တည်ရှိ အခြေစိုက်နေကြတယ်ဆိုတာ စူးစမ်းလေ့လာကြည့်ကြသင့်ပါတယ်။
ဘယ်လို ပုံသဏ္ဍာန်ဆောင်တဲ့
သိပုံမြင်ပုံများ ဖွဲ့တည် စုစည်းနေတာကိုခြေရာကောက် ကြည့်သင့်ပါတယ်။ မျက်မှောက်ခေတ်မှာရော ဘယ်လိုပုံသဏ္ဍာန်၊ ဘယ်လိုအနစ်သာရနဲ့ ခေတ်ကို
ထုဆစ်ပုံဖော်နေသလဲဆိုတာကိုပါ ရှာဖွေကြည့်သင့်ပါတယ်။
လူဟာ လူ့အဖြစ်ကိုရလာကတည်းက
ဘယ်သမိုင်း ခေတ်မျိုးမှာဘဲဖြစ်ဖြစ် သိလို့ပဲဖြစ်ဖြစ် ၊ မသိလို့ပဲဖြစ်ဖြစ်၊ ဘ၀ လက်တွေ့လိုအပ်ချက်အရ ဘ၀နယ်ပယ်တမျိုးမျိုး အတွင်းမှာ
ဘ၀တည်တံ့ဖို့ နည်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားခဲ့ကြရတာချည်း ဖြစ်ပါတယ် ။ ဒီလို ရုန်းကန်ကြရာမှာ ဦးစွာ
တဦးတယောက် တည်း ၊ တခါတရံ၊ အစုအအုပ်၊ အသင်းအဖွဲ့နဲ့ တခါတရံ အကန့်အသတ်မရှိတဲ့ ထုနဲ့ထည်နဲ့ ရုန်းကန်လှုပ်ရှား ခဲ့ကြရပါတယ်။
တခါတလေမသိမသာ၊ တခါတလေ သိသိသာသာ၊ တခါတလေ အကျော်ဇေယျ ရုန်းကန်ကြ ရတာမျိုးလည်းရှိပါတယ်
။ ဒီ လူ့အပြုအမူ လှုပ်ရှားမှုများကို အကြောင်းပြုပြီး၊ ပညာရှင်အမျိုးမျိုးတို့ကလည်း
သဘောထားနည်း၊ ဖြေရှင်းနည်းအမျိုးမျိုးကို ဖော်ထုတ်ဖွင့်ဆိုပေးလာလိုက်ကြတာဟာ ဒီကနေ့အထိ
မဆုံးတတ်သေးပါဘူး ။ အတိတ်ကို ဟိုလိုသည်လို သုံးသပ်လိုက်ဆဲ။ ပစ္စုပ္ပန်ကိုလည်း တွက်ချက်ပေးကြမြဲ ၊အနာဂတ်မှန်းဆချက်များကိုလည်း
နမိတ်ဖတ်ကြဆဲပါဘဲ။ ဒါပေမယ့် အောက်ပါလူမှုလက်တွေ့ နယ်ပယ်ကြီးများမှာ ပုဂလ
လူတဦးချင်းနဲ့ လူ့သမဂ အမျိုးမျိုးတို့ဟာ ပြဿနာအမျိုးမျိုးကို နည်းအမျိုးမျိုးနဲ့ အားထုတ်ဖြေရှင်းနေကြရဆဲသာ
ဖြစ်ပါတယ်။
လူ့ဘ၀ အခြေခံလိုအပ်ချက်ကြီး
တချက်ဖြစ်တဲ့ စားဝတ်နေရေး လိုအပ်ချက်များ၊ ပြည့်စုံလုံလောက်ရေး
လုံခြုံ အာမခံချက်ရှိစေရေး တနည်းပြောရရင် လူမှုအဆင့်အတန်း (Social
Status) တရပ်ရပ်မှာ ရပ်တည်နေ
နိုင်ရေးအတွက် လူဟာ မရပ်မနား ရုန်းကန်နေကြရပါတယ်။ ဆင်းရဲချမ်းသာ
ကွာဟချက်ဆိုတာဟာ ဒီနယ်ပယ်မှာ အခြေပြုပါတယ်။ ပေါ်ပေါက်ခဲ့ ပေါ်ပေါက်ဆဲဖြစ်တဲ့ ဘယ်လိုဘောဂဗေဒ
ပညာမျိုးကမှ ဒီပြသာနာကို(အခြေခံကျကျ) ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ဆင်းရဲခြင်းရောဂါကို
အပြီးအပိုင် ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဘောဂဗေဒကုထုံး မရှိတတ်သေးပါဘူး။ လူ့ဘ၀ရဲ့ နေ့စဉ်လူမှုပြဿနာများကို
ဒီနယ်ပယ်က မွေးဖွားပေးနေတာပါ။ လူမှုပြဿနာပေါင်းစုံရဲ့ ဇစ်မြစ်က ဒီနယ်ပယ်က လာကြတာပါ
။ ဘီးလ်ဂိတ်လို ကမ္ဘာကျော်(TNC) သူဌေးကြီးတွေ ပေါ်ပေါက်တိုးပွားစေနိုင်တဲ့ နည်းလမ်းများရှိထား
ရထားကြပြီဖြစ် ပေမယ့် ငဘ လို လူမျိုးတွေရဲ့ ဘ၀လွတ်မြောက်နည်းလမ်းကတော့ နံကြားထောက်နေကြရဆဲသာ ဖြစ်ပါတယ်။
တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း
နေကြဆဲသာဖြစ်ပါတယ်။ ဆင်းရဲခြင်း ခေတ်နောက်ကျခြင်း၊ အသိပညာမဲ့ခြင်း၊ ကျင့်ဝတ်နီတိ ပျက်ပြားခြင်း၊ ရောဂါဘယ ထူပြောခြင်း၊ လူ့သမဂ မတည်ငြိမ်ခြင်းစတဲ့
လူမှုပြသာနာပေါင်းစုံကို ဆင်းရဲခြင်းမျိုးစေ့က
အပင်ပေါက်၊ အညှောင့်ထွက်၊ အသီး သီးပေးနေတာ ဖြစ်ပါတယ်။ တူညီတဲ့ လူမှုအဆင့်အတန်းမရှိရင် မတူညီတဲ့လူမှုရေး အတွေးအခေါ်ပေါင်းစုံ ပဋိပက္ခ ပုံသဏ္ဍာန်ပေါင်းစုံကို
မွေးဖွားပေးမှာ ဓမ္မတာဘဲ့ဖြစ်ပါတယ်။ သိခြင်းနဲ့ ကျင့်သုံးခြင်းဆိုတာ အရာကိစ္စ တစ်ခုတည်းရဲ့
မျက်နှာစာနှစ်ဖက်ပါ။ လူမှုဘ၀ရဲ့မျက်နှာစာ နှစ်ဖက်ပါ။
လူမှုပြသာနာပေါင်းစုံရဲ့
ဇာတိဇစ်မြစ်ဖြစ်ကြတဲ့ ဒုတိယနယ်ပယ်ကြီးကတော့ အခြေခံတရားသုံးပါး လို့
ခေါ်ကြတဲ့ လောကပါလ တရားကြီးများဖြစ်ကြတဲ့ လွတ်လပ်မှု၊ တန်းတူမှုနဲ့
တရားမျှတမှုတို့နဲ့ဆိုင်တဲ့ နယ်ပယ်ဖြစ်ပါတယ်။ လူဟာ သူ့လူမှုအဆင့်အတန်း တည်တံ့ရေး ၊ ဖွံဖြိုးရေးအတွက်
ဒီနယ်ပယ်မှာ သူရထိုက်ခွင့်ရှိတဲ့မျှတတဲ့ အချိုးဝေစုရဖို့လည်း အချိန်နဲ့အမျှ နည်းမျိုးစုံနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ် ။ ပုဂလိက ပိုင်ဆိုင်မှု၊ပုဂလိက အခွင့်အာဏာနဲ့ ပုဂလိကအခွင့်အလှမ်း မတူညီမှုများ တဖက်စောင်းနှင်း
ဖြစ်လာတဲ့အခါ လောကပါလ တရားများရဲ့ အနှံအပြားဖြစ်မှု လက္ခဏာဟာ လူ့သမဂများအတွင်း တဖြည်းဖြည်း
မှုန်ဝါးလာခဲ့တာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ လူဟာ သူရရှိပိုင်ဆိုင်ထားတဲ့ သူ့လူမှုအဆင့်အတန်း
ခိုင်မာလှုံခြုံရေးအတွက် ဘက်စုံ၊ ပုံသဏ္ဍာန်စုံ ရုန်းကန်းလှုပ်ရှား ခဲ့ရသူဖြစ်ပါတယ် ။ လူဟာ သူ့လူမှုအဆင့်အတန်း တည်တံ့ခိုင်မြဲရေး၊အများနည်းတူ မျှတတဲ့ တန်းတူအခွင့်အရေး ရရှိရေး အတွက် ရုန်းကန်လှုပ်ရှားရင်း
လူမှုအသိပညာများကိုလဲတစတစ စုဆောင်းရရှိ သိမြင်ခိုင်မာ စနစ်ကျလာခဲ့ရ တာဖြစ်ပါတယ်။
အသိပညာရဲ့ အခြေခံဇစ်မြစ်များ
မတူခြားနားတာကြောင့်၊ မတူခြားနားတဲ့ သိမြင်မှုများနဲ့ မတူခြားနားတဲ့
အသိပညာ ပုံသဏ္ဍာန်များ ဖြစ်ပေါ်လာခဲ့ရပါတယ်။ လောကပါလ တရားကြီးများ
အာမခံချက် မရှိခြင်းဟာ လူမှုဘ၀နယ်ပယ်က တန်းတူမှုနဲ့ပတ်သက်တဲ့
ပြဿနာများကို ဖော်ထုတ်လာခဲ့ရုံသာမက သိမြင်မှုနဲ့ ပတ်သက်တဲ့ လူမှုပြဿနာပေါင်းစုံကိုပါ သယ်ဆောင်လာခဲ့ပါတယ်။ ဒါကြောင့်သိမြင်မှုနယ်ပယ်ဟာလည်း
လူမှုပြဿနာပေါင်းစုံကို မွေးဖွားပေးတဲ့ (တတိယ) နယ်ကြီးဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။
ဒီတော့စားဝတ်နေရေး၊ လုံခြုံပြည်စုံမှုအခွင့်အရေးတန်းမတူမှု၊ အသိအမြင်ကွဲပြားမှုများဟာ လူမှုပြဿနာ ပေါင်းစုံရဲ့ရင်းမြစ်များဖြစ်ကြောင်း
တွေ့ရပါမယ်။
လူဟာ လူမှုအဆင့်အတန်းများ
တစ်ပြေးညီမရှိဘဲ ဆူကြုံနိမ့်မြင့် ရှိနေတာကြောင့်
မတူုညီနဲ့ အကျိုးစီးပွားနဲ့ မတူညီတဲ့ တန်ဖိုးထားမှုများ ရှိလာကြတာပါ။ အဲဒီ ခြားနားမှုနှစ်မျိုးက
ခြားနားတဲ့ သိမြင်ပုံများကိုဖော်ထုတ်ပေးရုံပါပဲ။ ဒီတော့ပြဿနာများကို ဖြေရှင်းကြရာမှာလည်း မတူခြားနားတဲ့
ဖြေရှင်းနည်းများကို ကျင့်သုံးလာကြရပါတယ်။ ဒါဟာ လူအများတို့ကြား ဘာကြောင့် ခြားနားနေတဲ့သဘော ထား သိမြင်ပုံများ
ဖြစ်ပေါ်ခဲ့ရလဲဆိုတာရဲ့လူမှုဇစ်မြစ်ပါ။ ဒီတော့ ကွဲပြားခြားနားနေတဲ့ လူမှုအဆင့်အတန်းက
မတူညီတဲ့ရပ်တည်မှု၊ မတူညီတဲ့ အတွေ့အကြုံ၊ မတူညီတဲ့ တွေးခေါ်မှုစနစ်၊ မတူညီတဲ့ ဖြေရှင်းနည်းများကို
ဖော်ထုတ်လာခဲ့တာဘဲ ဖြစ်ပါတယ် ။ ပုဂလပဓာနအယူဝါဒ ပြဿနာများကို ဘီစီ-၅၀၀ စုလောက်ကစပြီး ဖော်ထုတ်ဆွေးနွေး ငြင်းခုန်လာခဲ့ကြတာဟာ ဒီကနေ့ အထိပါပဲ။ ပုဂလ လူတစ်ဦးချင်းနဲ့ လူ့အဖွဲ့အစည်း ဆက်ဆံရေး
အဓိပ္ပါယ်၊ လောကပါလ တရားကြီးများရဲ့ သရုပ်ပြအဓိပ္ပါယ်များကို ဖွင့်ဆိုဖော်ထုတ် ဆွေးနွေးလာလိုက်ကြတာဟာ ဒီကနေ့အထိပါပဲ။ ဘာဖြစ်လို့
ဒီကနေ့အထိ ဒီပြဿနာများကို ဆွေးနွေး ငြင်းခုန်ဖြစ်နေကြရတာလဲ။ ရှင်းပါတယ်။
လူ့အဖွဲ့အစည်းများရဲ့ စုဖွဲ့ပုံ၊ စုစည်းပုံ၊ ဥပဒေစည်းဘောင်ပြုပုံ ပုံသဏ္ဍာန်များသာ ပြောင်းလဲသွားကြပါတယ်။
လူလူ ချင်းဆက်ဆံရေးနယ်ပယ်မှာတော့ တကယ့်စစ်မှန်တဲ့ လောကပါလတရားများ တည်ရှိရေး၊ အချိုးညီညီမျှဝေရေးပြဿနာဟာ
အခြေခံအားဖြင့် ပြီးပြတ်ပြေလည်ခြင်းမရှိသေးတာကြောင့်ပါပဲ။ လူမှုရေးမမျှတမှုများဟာ
နယ်ပယ်စုံမှာ ပုံသဏ္ဍာန်မျိုးစုံ
နဲ့ ဆက်လက်ဖြစ်ပေါ်နေဆဲ ရှိနေသေးတာကြောင့်ပါပဲ။
ဒါက လူ့အဖွဲ့အစည်းရဲ့
နေ့စဉ်ဘ၀ နယ်ပယ်မှာဖြစ်ပေါ်နေတဲ့ လူမှုပြဿနာပေါင်းစုံရဲ့ နယ်ပယ်မှာ (၁)စားဝတ်နေရေးပြဿနာများ
(၂)နယ်ပယ်စုံမှတန်းတူရေးပြဿနာများ
(၃) သိမြင်မှုနယ်ပယ်က ကွဲလွဲတဲ့သိမြင်ပုံပြဿနာများ ကျောထောက်နောက်ခံပြုနေပုံ
အကျဉ်းဖြစ်ပါတယ်။
သူလို ကိုယ်လို
လူအများအနေနဲ့ နေ့စဉ်ဘ၀ထဲမှာ သူတို့တွေ့ကြုံနေရတဲ့ သိမြင်ပုံများအတိုင်း ဖြေရှင်းကြတာဟာ ဖြစ်ရိုးဖြစ်စဉ်မျှသာဖြစ်ပါတယ်။ ဒီထက် နက်ရှိုင်းတဲ့ ကျယ်ပြန့်တဲ့
လူမှုအဖွဲ့အစည်း တစ်ခုလုံးကို ကိုယ်စားပြုတဲ့ အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်မယ်ဆိုရင်တော့
(Common Sense) လောက်နဲ့ မဖြစ်နိုင်တော့ပါဘူး။ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ ပကတိအရှိတရားကို
ခိုင်ခိုင်မာမာ ခွဲခြမ်းစိတ်ဖြာရပါမယ်။
သူများ အတွေ့အကြုံများကိုလည်း ထဲထဲဝင်ဝင် လေ့လာ၊ နမူနာထားရပါမယ်။
ကိုယ့်လူ့အဖွဲ့အစည်းရဲ့လူမှု
လက္ခဏာ (Socio-Economic Character) စုဖွဲ့ပုံ ပုံပန်းသဏ္ဍာန်များ၊
ထူးခြားချက်များနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ခေတ်မှီလူမှုပြုပြင်ရေး ဒီဇိုင်းတစ်ခု ဖန်တီးတည်ဆောက်ယူကြရပါမယ်။
ဒီတာဝန်ကိုထမ်းဆောင်နိုင်ဖို့ နိုးကြားတဲ့ လူမှုအင်အားစုတစ်ခု ရှိဖို့လိုပါမယ်။ ခေတ်ပြိုင်အသိတရားလည်းရှိ၊
ထိုးထွင်းရှေ့ဆောင်နိုင်စွမ်း လည်းရှိတဲ့ လူမှုအင်အားစုမျိုးရှိဖို့လိုပါမယ်။ ပုဂလတစ်ဦးချင်းရဲ့ တည်ရှိမှု၊
ဖွံ့ဖြိုးတိုးတတ်မှုကိုအာမခံတဲ့ တစ်ဦးချင်းနဲ့ အစုအဖွဲ့ဆက်ဆံရေးကို မျှဝေတဲ့လူမှုအဆောက်အဦးမျိုးကို
ဖွဲ့စည်းတည်ဆောက်ယူကြရ ပါမယ်။ ဒီနေရာမှာဥဿုံဆန့်ကျင်၊ ဥဿုံကြိုဆိုလက်ခံတဲ့ အကြွင်းမဲ့စဉ်းစား သိမြင်ပုံမျိုးကို
သတိပြုသင့်ပါတယ်။ အ၀င်လွယ်ပြီး အထွက်ကြပ်တဲ့ ၀င်ကစွပ်စဉ်းစားပုံမျိုးကို သတိပြု ထိုက်ပါတယ်။ သိခြင်းနဲ့ကျင့်ခြင်းတို့ကြားက
အကွာအဝေး ကိုအကျဉ်းဆုံးဖြစ်အောင်တွက်ချက် ခန့်ခွဲနိုင် သူဟာ သိမြင်မှုနယ်ပယ်က
သူရဲကောင်းဖြစ်ပါတယ်။ လူမှုသိပ္ပံနဲ့သဘာဝသိပ္ပံဟာ ထပ်တူမကျပါဘူး။ လူမှုရေးသိပ္ပံပညာရဲ့ ဓာတ်ခွဲခန်းဟာ
လူ့ရဲ့ကြွယ်ဝတဲ့ အတွေ့အကြုံကို အခြေပြုထားတဲ့ သိပ္ပံနည်းကျ (Scientific Reasonning)
တွေးခေါ်နည်းပဲဖြစ်ပါတယ်။ သိမြင်မှုနယ်ပယ်ဟာ ဘယ်လိုရေသာခို အချောင်လိုက်မှုမျိုးကိုမှ
မျက်နှာသာပေးလေ့ မရှိတတ်ပါဘူး။ ခွင့်မပြုတတ်ပါဘူး။ ခွင့်ပြုတယ်လို့ ယူဆသူဟာ သိမြင်မှု နှာခေါင်းကျည်ပွေ့ တွေ့မှာသေချာပါတယ်။
ဒါကြောင့်သိမြင်မှုမှန်ကန်ဖို့ (Concrete condition and Concrete
Analysis) လုပ်ရေးဟာ ပဓာနအကျဆုံး သိမြင်မှုဆိုင်ရာ တာထွက် ဖြစ်ပါတယ်။ ဒါမှသာ လူဟာ မှန်ကန်တဲ့အသိပညာကို ရရှိမှာဖြစ်ပါတယ်။
စပယ်ဖြူ မဂဇင်း ၊ အမှတ်(၅)၊စက်တင်ဘာ၊၂၀၀၇
မှ
0 comments:
Post a Comment