စည်းကမ်းနှင့် ဥပဒေ
ရနှံ့သစ် မဂဇင်းမှ
စည်းကမ်းဟူသော စကားလုံးကို ခွဲခြားသုံးသပ်မိပါသည်။
စည်းသည် အပိုင်းအခြားသတ်မှတ်သည်။ တစ်ကွက်နှင့် တစ်ကွက် ရောစပ်မှုမရှိစေရန် ပိုင်းခြားပေးသော
နယ်နမိတ်ဖြစ်သည်။ ကမ်းသည် စီးဆင်းလျက်ရှိသော မြစ်ချောင်း ရေအယဉ်ကို ကန့်သတ်ပေးသော နယ်နမိတ်ဖြစ်သည်။
ကမ်းမမြင်နိုင်သော ပင်လယ်ပြင်မှာပင် အကန့်အသတ်ရှိရသည်။ အချုပ်ကိုဆိုရသော် စည်းကမ်းသည်
ပိုင်းခြားမှုပြုသည်။ အကန့်လိုက်ဖြစ်ရန်ရည်ရွယ်သည်။
စည်းကမ်းသည် မည်သည့်အလုပ်၊
မည်သည့်ကိစ္စ၊ မည်သည့်ခံစားခွင့်မှာမဆို အလွန်အကျွံ မဖြစ် စေရန် ကာဆီးထားသည်။ စည်းကျော်လျှင်
တစ်ဘက်ကိုကျူးကျော်သောကြောင့် ပဋိပက္ခဖြစ်နိုင်သည်။ ပျက်စီးတတ် သည်။စည်းမဲ့ကမ်းမဲ့ပြုမူမှု
အားလုံးသည် ပြုလုပ်ဆောင်ရွက်သော အလုပ်မှန်သမျှ ဖြစ်မြောက် ဖို့ထက် ပျက်စီးဖို့ သာများချေသည်။
စည်းကမ်းများကိုမရိုသေဘဲ ထင်မိထင်ရာလုပ်လျှင် ဖြစ်မြောက်သည်ဟုဆိုနိုင်စေကာမူ
တာရှည်မှာ ပျက်ပြားရာမှ ပျက်စီးသည်အထိ ဖြစ်သွားချေမည်။ စည်းကမ်းကို အစီအစဉ်ကောင်းပြုမှသာ
စနစ်ကောင်း ဖြစ်သည်။
စည်းကမ်းသည် အရာရာတို့၏အခြေခံဖြစ်သည်။ သဘာဝကဲ့သို့ စည်းကမ်းကောင်းသည့်အရာမရှိပေ။
သဘာဝကျသည်ဆိုလျှင် စည်းကမ်းနှင့်ညီညွှတ်သည်ဟူ၍
ဆိုလိုရာကျသည်။ လူသတ္တ၀ါအားလုံးသည် သဘာ ၀က ချမှတ်ပေးသောစည်းကမ်းကို လိုက်နာဆောင်ရွက်ကြရသည်။
ဘ၀ဟူသည် သက်ဆိုင်ရာ စည်းကမ်း ဘောင်အတွင်း၌သာရှိရသည်။
အချို့သည် မိမိတို့ရထားသည့်ဘ၀ကို စည်းမဲ့ကမ်းမဲ့ အသုံးပြုကြသဖြင့်
ဘ၀သက်တာတိုသည်။ သဘာ ၀ မကျသော အပြုအမူတို့သည် စည်းကမ်းဖျက်သည်နှင့် အတူတူပင်။ ထိုသို့စည်းကမ်းမဲ့
ထင်ရာ စိုင်းလျှင် ချောက်ကမ်းပါးကျရန်သာ ရှိတော့သည်။ ဘ၀ကိုစည်းကမ်းနှင့် လိုက်လျောစွာ
ပြုမူနေထိုင်မှသာ သက်တမ်း ပြည့်နေရပေလိမ့်မည်။
သဘာဝကို ကံက စိုးမိုးသည်။ ကံ-ကံ၏ အကျိုးကို လက်မခံ၊ မယုံကြည်သူတို့သည်
လမ်းမှားသို့လိုက်
သူများဖြစ်သည်။ ဘ၀ဆုံးသည်အထိ ဖြစ်နိုင်သည်။
အဆင်မပြေဖြစ်တတ်သည်။ မိမိက တင်းမာရက်စက် သည်ကို သူတစ်ပါးကဒဏ်ခံရသည်။ တစ်ကိုယ်ကောင်းသမားနှင့်
ကြုံတွေ့ဆက်ဆံကြရသူတို့သည် ကံမကောင်းသည့် အလျှောက်ဆင်းရဲဒုက္ခ ခံကြရသည်။
ကံစီမံရာကို မခံဘဲနေ၍ ရနိုင်မည်မဟုတ်ချေ။ ကံကိုအာခံလျှင် ဒဏ်သင့်၍
ဒုက္ခရောက်ရုံမျှသာရှိသည်။ ကံကို အံတုမည့်အစား ကံစီမံရာကို လိုက်လျောလျက် မိမိလိုရာမျှော်မှန်းရာသို
့ရောက်အောင်ရေဆန်ကူးရပေ လိမ့်မည်။ ကံစီမံရာ ခံရလျက် ဒုက္ခရောက်လျှင် ခါးစီး၍ခံရင်း မိမိ၌ရှိသော
ဥာဏ်နှင့် ၀ိရိယကို အသုံးပြုကာ သည်ကွေ့ကို သည်တက်နှင့်လှော်၊ ဟိုကွေ့မှာဟိုတက်နှင့်လှော် ဆိုသလို လုပ်တတ်ဖို့လိုပါသည်။ ကံကိုထိပ် တိုက်ခုခံလျှင်
ရှုံးမည်သာဖြစ်သည်။ ကံစီမံရာကို အလိုက်သင့်လိုက်ခံပြီး အတတ်နိုင်ဆုံး ကြိုးပမ်းရန်လိုအပ်၏။ အရာရာတွင် စည်းကမ်းမပျက်ဖို့တော့
လိုပေလိမ့်မည်။
ကိစ္စအရပ်ရပ်ကို လုပ်ဆောင်ရာတွင် သက်ဆိုင်ရာစည်းကမ်းတို့ကို လိုက်နာ၍
ဥဏ်အား၊ ၀ိရိယ အားဖြင့် ရေဆန်လှော်ရမည့်အချိန်တွင် လှော်နိုင်အောင်ကြိုးစားရပေလိမ့်မည်။
လူ့ဘ၀၌ ရုန်းကန်မှု ပြုခြင်းသည် ကံ၏စီမံ ချက်ကိုလိမ္မာစွာ ခုခံ၍ အတတ်နိုင်ဆုံး ပြုပြင်နိုင်ရေးအတွက်
ကြိုတင်စီစဉ်ထားခြင်း ပင်ဖြစ်သည်။
လက်တွေ့လုပ်ဆောင်သူတို့၏ လုပ်ရပ်များကို ဗဟုသုတအဖြစ် လေ့လာဖို့လိုသည်။
ယင်းသည်ဘဝ
တက္ကသိုလ်တွင် ပညာသင်ယူခြင်းပင်ဖြစ်၏။
ငယ်စဉ်ကတည်းက စည်းကမ်းတကျလုပ်ဆောင်လျှင် ကျောင်း
သင်ခန်းစာများကို ပိုင်နိုင်စွာတတ်မြောက်၍
စာမေးပွဲကောင်းစွာ အောင်မြင်ပေမည်။ ထိုနည်းအတူပင် ဘဝ
တက္ကသိုလ် စာမေးပွဲအောင်မြင်ရေးကို
ငယ်စဉ်ကတည်းက လေ့ကျင့်ရပေလိမ့်မည်။ မည်သို့နည်း။ ဗဟုသုတကိုရနိုင်သမျှရအောင် စာအုပ်မျိုးစုံကို
ဖတ်ရပေမည်။ ဖတ်ပြီးလျှင် သုံးသပ်ဝေဖန်ရပေမည်။ မိမိ၏ ထင်မြင်ချက်ထုတ်နိုင်အောင် ကြိုးစားသင့်သည်။
စာဖတ်ရုံဖတ်ပြီး ပစ်ထားလိုက်လျှင် အကျိုးမရှိဖြစ်ချေ မည်။ အကျိုးမရှိရုံမျှမက ဦးနှောက်ထဲတွင် အကြောင်းအချက်တွေရှုပ်ထွေး၍
ဥာဏ်ကောင်း၊ အကြံကောင်း မထွက်ဘဲ ပညာအစာမကြေဘဲ ဖြစ်နေချေမည်။
အရာရာကို တွေ့ကြုံတိုင်း၊ မြင်တွေ့တိုင်း မိမိ၏ပင်ကို ဥာဏ်ကိုအသုံးပြု၍
ဆင်ခြင်သုံးသပ်မှုပြုရ ပေမည်။ စာတစ်ပုဒ်ဖတ်ပြီးတိုင်း ဆင်ခြင်သုံးသပ်မှု
ပြုသည့်အလေ့အကျင့်ကို မွေးမြူရန်လိုအပ်၏။ စာကို ဝေဖန်သုံးသပ်မှုပြုရန်ဖတ်ရပေမည်။ သို့မှသာ အဖိုးတန်သောအတွေးအမြင်များ
ပေါ်ထွက်ပြီးလျှင် မှတ်သားသင့်ရာတို့ကို မမေ့မလျော့ မှတ်သားနိုင်ပေလိမ့်မည်။
အရာရာတွင် အမှားအမှန် အဆိုးအကောင်းတို့ကို ခွဲခြားတတ်သော စွမ်းရည်သည်
ဘ၀အသိပညာ
ဆည်းပူးရရှိသည်ဟု ဆိုရပေမည်။ အမှားအမှန်
အဆိုးအကောင်းတို့ကို ခွဲခြားသိမြင်တတ်မှ လမ်းမှန်ကိုလျှောက်နိုင်မည်။ ဘ၀လမ်းမှန် မလျှောက်ဘဲ
လမ်းလွဲလိုက်မိလျှင် ခဏ၌ဟန်သလို ရှိချင်ရှိနေလိမ့်မည်။ သို့သော်တာ ရှည်မခံဘဲ ဘ၀ဆုံးသည်အထိ
ဒဏ်ခံရချေမည်။ မယုံမရှိကြစေလိုပေ။
မိမိအရှေ့တွင် သာဓကတွေတစ်ပုံတ ပင် ရှိသည်။ အမှန်တရားသည် နောက်ဆုံး၌
စိုးမိုးမည်သာ
ဖြစ်ပေသည်။အမှန်တရားဆုံးရှုံးသွားရင်အမိုက်အမှောင်တိုက်ကြီးကျ၍
ပျက်စီးခြင်း
သို့ မလွဲဧကန် ရောက်မည်သာပင်။
စနစ်တစ်ခုမှာ စည်းကမ်းအခြေခံရှိမှသာ
စနစ်ဟုခေါ်ထိုက်သည်။ စည်းကမ်းအခြေမခံသော စနစ်ဟူ၍ မရှိစကောင်း။စနစ် မဟုတ်ချေ။ စည်းကမ်းရှိမှသာ
ဆောင်သင့်ရာဆောင်၊ ရှောင်သင့်ရာ ရှောင်ဖြစ်ပေမည်။
စည်းကမ်းကိုပို၍ ဩဇာရှိစေရန်
ဥပဒေပြဌာန်းသည်။ စည်းကမ်းကိုချည်းဆိုလျှင် ပေါ့တန်မှာစိုးရတာ
ကြောင့် အတည်ပြုထားခြင်းဖြစ်သည်။
စည်းကမ်းများကို အစီအစဉ်ပြုထားလျှင် စည်းမျဉ်းဟုခေါ်သည်။
စည်းကမ်းစည်းမျဉ်းတို့ကို တရားဝင်ပြဌာန်းထားလျှင်
စည်းကမ်းသည်ဥပဒေ ဖြစ်သွားသည်။ စည်းကမ်းအချို့မှာ ဥပဒေပြုရန်မလိုပေ။ လူ့ကျင့်ဝတ်အဖြစ်ရှိပြီး
ဖြစ်သည်။ အချို့ချို့သော စည်းကမ်းများကိုမူ အသေးစိတ်ဖော်ပြ ပြီးလျှင် လိုက်နာရန် တောင်းဆိုထားသည်။
မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်လျှင် အပြစ်ဒဏ်ခတ်မည်။
ထို့ကြောင့် ဥပဒေအဖြစ် ပြဌာန်းသော
စည်းကမ်းတို့၌ ဩဇာရှိသည်။ လိုက်နာရန်ညွန်ရုံမျှဖြင့် ကိစ္စမပြီးသေး ပေ။ လိုက်နာရန် ကြပ်မတ်ခြင်းဖြစ်သည်။
ဥပဒေဟူသော နာမ်ပုဒ်တစ်ခုတွင် တရားဟူသော နာမ၀ိသေသနပုဒ် ထည့်ထားသည်။
ယင်းတရား ဟူသောစကားလုံးနှင့်တွဲ၍ တရားဥပဒေဟု
ခေါ်ဆိုကြသည်။ တရားဝင် တရားမျှတစွာ ပြဌာန်းထားသော ဥပဒေဟု ဆိုရပေမည်။ တရားဥပဒေသည် အခိုင်ခံ့ဆုံး
ဩဇာရှိသော ကောင်းစွာပြုကျင့်ရန် ပေးထားသော လမ်းညွန်ဖြစ် သည်။ သက်ဆိုင်သူလူအများကို
ရိုသေစွာစောင့်ထိန်းပြုကျင့်ရပေလိမ့်မည်။
ဥပဒေသည် လူ့အဖွဲ့အစည်းတွင် အလေးအမြတ်ထားအံ့သော စည်းကမ်းဖြစ်လေရာ၊
မည်သူကမှ ဆန့်ကျင်၍ မရနိုင်ပေ။ ထို့ကြောင့် အားလုံးသောလူအပေါင်းတို့သည်
ဥပဒေအောက်၌ သာရှိနေရမည်ဟု ဆို၏။ မည်သူမျှ ဥပဒေအထက်မှာ အပေါ်စီးအနေဖြင့်မရှိစေရဟူသော
အချက်သည်ထင်ရှားလှပါသည်။
ယင်းသို့ တရားဥပဒေတို့သည် လူ့အဖွဲ့အစည်းကို မတရားပြုမှု၊ သောင်းကျန်းမှုတို့မှ
ကာကွယ် ပေးသည်လူမှုရေး၊ စီးပွားရေးစသည့် လူမှုရေးရာမှာသာမက
ဘာသာရေး၌ ရဟန်းတို့သည် ၀ိနည်းဟူသော ဗုဒ္ဒူဥပဒေတော်ကြီး ရှိလေသည်။
တက်တိုး
0 comments:
Post a Comment