Saturday, October 8, 2011

အဆုတ် ကင်ဆာ

Cloud Cuckoo Land created a doc.
အများဆုံးကြုံတွေ့ရတဲ့ လူသတ်သမား အဆုတ်ကင်ဆာအကြောင်း သိကောင်းစရာ

ဒီနေ့ ဆွေးနွေးမည့် ခေါင်းစဉ်က ဘာပါလဲ ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ အများဆုံးကြုံတွေ့ရတဲ့ လူသတ် သမား အဆုတ်ကင်ဆာရောဂါအကြောင်းပဲ ဖြစ်ပါတယ်။
အဆုတ်ကင်ဆာ ရောဂါဆိုတာဘာပါလဲ ။
အဆုတ်ကင်ဆာ အကြောင်းကို မဆွေးနွေးမီ အဆုတ်ရဲ့ခန္ဓာဗေဒ တည်ဆောက်ပုံနှင့် ဇီဝကမ္မဗေဒလုပ်ငန်း တွေကို အနည်းဆုံး အတိုချုံး ဆွေးနွေးတင်ပြပါမယ်။ အဆုတ်ကင်ဆာဖြစ်လာတဲ့အခါ ရောဂါလက္ခ ဏာတွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ ပိုသဘောပေါက် နားလည်စေချင်လို့ပါ။
အဆုတ်ရဲ့ ခန္ဓာဗေဒတည်ဆောက် ပုံနဲ့ ဇီဝကမ္မ လုပ်ငန်း တွေကို သိပါရစေ
အဆုတ်ဟာ ဘယ်ညာအနေနဲ့ နှလုံးရဲ့ တစ်ဖက်တစ်ချက် ရင်ခေါင်း အတွင်းမှာရှိပါတယ်။ ရင်ခေါင်းဆိုတာ ကလည်း လည်ပင်းနဲ့ ဝမ်းဗိုက်ကြား ထဲက ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပြီး နောက်ဘက်မှာ ကျောရိုး၊ ဘေးမှာနံရိုး နဲ့ ရှေ့ပိုင်းမှာ ရင်ညွန့်ရိုး (Sternum) တွေနဲ့ ကန့်သတ်သတ်မှတ် ထားပြီး ၎င်းတို့ကြားနဲ့ အပေါ်တွေ မှာရှိတဲ့ြွကက်သား၊ အဆီပြင် အရေပြားတွေနဲ့ ဖုံးလွှမ်းထားပါတယ်။
ဝမ်းဗိုက်နဲ့ ရင်ခေါင်းပိုင်းကိုတော့ Sternum) ဆိုတဲ့ ကြွက်သားနဲ့ အရွတ်ပြားစပ်နေတဲ့ ကြွက်သား ပြားကြီးက ခြားနားထားပါတယ်။ အသက်ရှူတဲ့အခါမှာ ဒြွီကက်သား ပြားကြီးက အောက်ဘက်ကို ဆင်း သွားပြီး နံရိုးတွေက ဘေးကို ကားထွက်ကာ ရှေ့ပိုင်းက အပေါ်ကို တက်လာ လို့ရင်ခေါင်း အတွင်းပိုင်းဟာ ကျယ်လာပြီး ရှူသွင်းလိုက်တဲ့ လေ တွေကို စုပ်ယူကာ အဆုတ်ထဲကို လေတွေ အသက်ရြှွူပန်က တစ်ဆင့် ဝင်လာပါတယ်။


အဆုတ်ရဲ့ လေအိတ် Alveoli ရဲ့ အတွင်းအမြှေးပါးကို ဖြတ်ပြီး သွေးထဲဝင်လာတဲ့ ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်နဲ့ ရှူသွင်း လိုက်တဲ့လေထဲက အောက်ဆီဂျင် ဓာတ်တွေ လဲလှယ်မှုဖြစ်ကြ ပါတယ်။ ဒါကြောင့် ရှူသွင်းတဲ့လေထဲမှာ အောက်ဆီဂျင်ဓာတ်များပြီး ရှူ ထုတ်လိုက်တဲ့လေမှာတော့ ကာဗွန် ဒိုင်အောက်ဆိုက်တွေပါတယ်။ အသက်မရှူနိုင်တဲ့အခါတွေ၊ အဆုတ် ထဲကို သွေးမသွား လာနိုင်တဲ့ အခါတွေ၊ အဆုတ်လေအိတ်တွေ ရောင်ခဲပြီး အမြှေးပါးတွေ ပျက်စီးတဲ့အခါတွေမှာ ဒီလိုဓာတ်တွေ လဲလှယ်ရွှေ့ပြောင်းမှု မလုပ်နိုင်လို့ လူဟာ အသက်ရှူမဝ မရဘဲ ပြာနှမ်းလာ တတ်ပါတယ်။
နှာခေါင်း၊ ပါးစပ်ကနေ ရှူ သွင်းလိုက်တဲ့ လေဟာ အာခံတွင်းကို ဖြတ်ပြီး အသက်ရြှွူပန် အကြီး (Trachea) ကနေတစ်ဆင့် ဘယ်ညာ အသက်ရြှွူပန် အဆင့်ဆင့်ကနေ နောက်ဆုံးလေအိတ် Alveoli လေး တွေ အထိ ရောက်သွားပါတယ်။ ညာဘက်အဆုတ်မှာတော့ အပေါ်ပိုင်း အလယ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး Lobes ၃ ခုခွဲထားကာ ဘယ်ဘက် အဆုတ်မှာတော့ အထက်ပိုင်းနဲ့ အောက်ပိုင်း ဆိုပြီး အဓိက ၂ပိုင်းခွဲခြား ထားပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့ နေရာပေါ်မူတည်ပြီး ရောဂါလက္ခဏာ တွေ ကွာခြားတတ်လို့ ကြိုတင် သိထားစေခြင်းပဲ ဖြစ်ပါတယ်။
အဆုတ် ၂ ခုကြားက အမြှေးပါးဖုံးအုပ်ထားတဲ့ (Pericardium) အိတ်ထဲမှာ နှလုံးရှိ နေပြီး နှလုံးနောက်ဘက် ရင်ခေါင်း အတွင်းမှာ အစာမျြွိုပန် Oesophagus နဲ့ အသက်ရြှွူပန်၊ သွေးကြော မကြီးများနဲ့ အာရုံကြောတွေလည်း ရှိနေကြပါတယ်။ အဆုတ်ကိုတော့ အမြှေးပါးအိတ် Pleural Cavity က ဖုံးလွှမ်းထားပါတယ်။ ဒီလိုရင်ခေါင်း အတွင်းမှာ အဆုတ်အပြင် အခြား ခန္ဓာအစိတ်အပိုင်း တွေရှိနေတယ်ဆို တာတင်ပြရတာကတော့ ဓာတ်မှန် ရိုက်တဲ့အခါ ရင်ခေါင်းအတွင်းမှာ အကြိတ်အဖုတွေ တွေ့ပါက အခြား ခန္ဓာအစိတ်အပိုင်းတွေကလည်း ဖြစ် နိုင်တယ် ဆိုတာ သိထားစေချင်လို့ ဖြစ်ပါတယ်။
အဲဒီတော့ အဆုတ်ကင်ဆာ ဆိုတာ ဘာလဲလို့ မေးပါရစေ
အတိုဆုံးရှင်းပြရရင်တော့ အဆုတ်ကစတင်ဖြစ်နေတဲ့ ကင်ဆာကို အဓိက ဆိုလိုတာဖြစ်ပါတယ်။ 


ကင်ဆာဆိုတာကတော့ ခန္ဓာကိုယ် မှာ ဆဲလ်တွေဟာ ဖြစ်-တည်-ပျက် ဆိုတဲ့ သဘာဝသဘောတရားအတိုင်း ပုံမှန်အားဖြင့် ဖြစ်ပေါ်လာပြီး ခေတ္တ တည်ကာ ပျက်စီးသွားကြပါတယ်။ 
ဒီလိုပျက်စီးသွားတဲ့ဆဲလ်တွေ နေရာ မှာ ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာပြီး အစားထိုးကြလို့ အသက်ရှင်နေသမျှ ခန္ဓာကိုယ်ကြီး တည်မြဲနေတာ ဖြစ်ပါ တယ်။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် တချို့ဆဲလ်တွေဟာ ပုံမှန်မဟုတ်တော့လို့ ပျက်ချိန်တန် မပျက်စီးဘဲ အထိန်း အကွပ်အတား အဆီးမရှိ ပွားများ ကြီးထွားလာကာ အနီးအနားက ခန္ဓာအစိတ်အပိုင်း တွေထဲထိုးဝင်အမြစ်တွယ်ကာ ထပ်မံ ပွားများသလို အဆီရည်ြွပန် Lymphatic တွေ သွေးကြော တွေထဲကိုပါ တိုးဝင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာ ပျံ့နှံ့အမြစ်တွယ်ကြီးထွားကာ ဒုက္ခ ပေးတတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့ အခြေအနေကိုတော့ ကင်ဆာရောဂါ လို့ခေါ်ပါတယ်။ အဆုတ်မှာ ဒီလို အခြေအနေ တွေ ဖြစ်နေတာကို အဆုတ်ကင်ဆာ ဖြစ်တယ်လို့ ဆိုပါ တယ်။ တကယ်တော့ အဆုတ်ရဲ့ လြွေပန်တွေမှာ အဖြစ်များတာမို့ အဆုတ်ကင်ဆာကို Bronchogenic Cancer လို့လည်း အသိများကြပါ တယ်။ အဆုတ်ကို ဖုံးအုပ်ထားတဲ့ အမြှေးပါးက ဖြစ်လာတဲ့ ကင်ဆာ အမျိုးအစားကိုတော့ Mesothelioma Cancer လို့ ခေါ်ပါတယ်။ Mesothelioma
အဆုတ် ကင်ဆာဆိုတာက အဆုတ်က စတင်ဖြစ်နေတဲ့ ကင်ဆာကို အဓိက ဆိုလိုတာ ဆိုတော့ အဆုတ်က စတင်မဖြစ်တဲ့ အဆုတ်ကင်ဆာ ဆိုတာ များ ရှိပါသေးသလား ။
ရှိပါတယ်။ တကယ်တော့ ဒီ အဆုတ်က စတင်တာ မဟုတ်ဘဲ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ကင်ဆာရောဂါဖြစ်ပြီး ရောဂါရင့်လာ လို့ ကင်ဆာဆဲလ်တွေ သွေးကြော တွေက တစ်ဆင့် အဆုတ်မှာ လာရောက် အနည်တင်ကာ ပွားများကြီး ထွားဒုက္ခ ပေးတဲ့ ကင်ဆာတွေက ပိုလို့တောင် အဖြစ်များပါသေးတယ်။ ဒီလိုကင်ဆာ မျိုးကိုတော့ Secondary သို့မဟုတ် Metastatic Lung Cancer လို့ ခေါ်ပါတယ်။ ရင်သားကင်ဆာတွေ၊ ဆီးကျိတ်ကင်ဆာတွေ၊ အရိုးကင်ဆာ တွေ၊ သိုင်းရွိုက်ကင်ဆာတွေကနေ အဆုတ်မှာ ပျံ့နှံ့အမြစ်တွယ် ပွားများ တာတွေ အဖြစ်များ ကြပါတယ်။


အဆုတ်ကင်ဆာဟာ အဖြစ်များတဲ့ ကင်ဆာပါလား
တကယ်တော့ ဒီကင်ဆာဟာ ကမ္ဘာပေါ်မှာ အမျိုးသားကော အမျိုး သမီးတွေမှာပါ အများဆုံးကြုံတွေ့ရတဲ့ လူသတ်သမား ကင်ဆာ ရောဂါဖြစ်ပါ တယ်။ အမေရိကန် ကင်ဆာရောဂါ အဖွဲ့ကြီးက ခန့်မှန်းချက်အရတော့ ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန် လူမျိုး ၂၃၀ဝ၀ဝ ခန့်ဟာ အဆုတ်ကင်ဆာ ဖြစ်ပွားခံစားနေရပြီး ထိုအထဲမှ၁၆၀ဝ၀ဝ ခန့်ဟာ သေဆုံးနိုင်ပါတယ်တဲ့။ ဘဝ သက်တမ်း တစ်လျှောက်မှာတော့ လူ ၁၄ ယောက်မှာ တစ်ယောက်ဟာ အဆုတ် ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။ အဆုတ်ကင်ဆာဟာ အသက် ကြီးသူတွေမှာ အဖြစ်များပြီး ၇၀ရာခိုင် နှုန်းခန့်ဟာ အသက် ၆၅ နှစ်ကျော် မှာ ဖြစ်လေ့ရှိပါတယ်။ ၁၉၃၀ ပြည့်နှစ် မတိုင်မီက ဆေးလိပ်သောက်ဆုံးမှု မြင့်မားလာတဲ့ အခါမှာတော့ သိသိသာသာ အဖြစ် နှုန်းများလာပါတယ်။ ဒါပေမယ့် ယခုတော့ ဆေးလိပ် သောက်မှုရဲ့ အန္တရာယ်တွေကို ပညာ ပေးတာကြောင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတချို့မှာ အဆုတ်ကင်ဆာအဖြစ် နှုန်း ကျဆင်းစပြုနေပြီ မှန်သော် လည်း ယခုထက်တိုင် အဆုတ် ကင်ဆာကတော့ ကမ္ဘာပေါ်မှာ နံပါတ် (၁) လူသတ်သမား ကင်ဆာရောဂါ နေရာမှာရှိနေတုန်းပါပဲ။


အဆုတ်ကင်ဆာကို ဘာတွေက ဖြစ်စေပါသလဲ
ဆေးလိပ်သောက်မှုကတော့ အဆုတ်ကင်ဆာနဲ့ အထူးပဲ ဆက် နွယ်နေပြီး အဆုတ်ကင်ဆာ ၉၀ရာခိုင် နှုန်းခန့်ဟာ ဆေးလိပ်သောက်သုံးခြင်း ကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဆေးလိပ် သောက်သုံးမှုပမာဏနဲ့ ဘယ်လောက်ကြာကြာ သောက်သုံးခဲ့ တယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။ ဆေးတံနဲ့ ဆေးပြင်းလိပ်သောက်တဲ့ သူတွေက ဆေးလိပ်လုံးဝမသောက်တဲ့ သူတွေထက် အဆုတ်ကင်ဆာဖြစ်ဖို့ ၅ဆအန္တရာယ်ရှိပေမယ့် တစ်နေ့ စီးကရက်တစ်ဘူးသောက်သူကတော့ ၂၅ဆ ပိုအန္တရာယ်ရှိပါတယ်။ ဆေးလိပ်မှာ ဓာတုဓာတ်ပေါင်း ၄၀ဝ၀ ခန့်ရှိရာမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေလည်း အတော်များများ ပါဝင်ပါတယ်။
အဓိကကတော့ Nitrosamines နဲ့ Polycyclic Aromatic Hydrocarbons တွေ ဖြစ်ကြပါတယ်။ ဆေးလိပ်ကို ဖြတ် လိုက်ရင်တော့ ပုံမှန်ဆဲလ်တွေက ပုံမမှန်တဲ့ ဆဲလ်တွေကို ပြန်အစားထိုး ကြတာမို့ ၁၅ နှစ်ခန့် ဆေးလိပ်ဖြတ် လိုက်ပါက ဆေးလိပ် မသောက်သူလို အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အန္တရာယ် လျော့သွားမှာဖြစ်ပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက် ပေမယ့် သူများသောက်တဲ့ ဆေးလိပ် ငွေ့ကို ရှူနေရသူတွေလည်း အန္တရာယ် ရှိပါတယ်။ ဆေးလိပ်လုံးဝမရှူရှိုက် သူနှင့်ယှဉ်လျှင် သူတို့လည်း ၂၄ ရာခိုင်နှုန်း ပိုပြီးအန္တရာယ်ရှိတာကို သုတေသနက ဖော်ပြထား ပါတယ်။ အမေရိကန်မှာ နှစ်စဉ် အဆုတ် ကင်ဆာကြောင့် သေဆုံးသူ ၃၀ဝ၀ ခန့်ဟာ Passive Smoking တစ်ဆင့် ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းကြောင့် ဖြစ်ကြရပါတယ်။ အဆုတ် ကင်ဆာ ဖြစ်စေတဲ့ အခြားအကြောင်းကတော့ Asbestos Fibresတွေ ဖြစ်ပါတယ်။


အဲဒီ ဓာတုပစ္စည်းတွေကို ရှူမိလိုက်ပါက တစ်သက်လုံးအဆုတ်ထဲမှာ ရှိနေ တတ်ပြီး ကင်ဆာဖြစ်စေတတ်ပါ တယ်။ အပူနဲ့ အသံတွေ တားဆီးဖို့ မျက်နှာကျက် အကာတွေအဖြစ် Asbestos ကို အသုံးပြုတဲ့အခါ လုပ် သားတွေကို ထိခိုက်အန္တရာယ်ရှိ စေတာမို့ တချို့နိုင်ငံတွေမှာ တား မြစ်ထားကြပါတယ်။ ဒီဓာတ်ပစ္စည်း တွေက အမြှေးပါးတွေမှာ Mesothelioma ကင်ဆာ အမျိုးအစား ကိုဖြစ်စေပြီး ဆေးလိပ်သောက် သုံးပါက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ၅ ဆကနေ အဆပေါင်း ၅၀-၉၀ အထိ ပိုမိုအန္တရာယ်ရှိစေတတ်ပါတယ်။ Uranium ဓာတ်ယိုယွင်း ပျက် စီးတဲ့အခါမှာ သဘာဝ အလျောက် ထွက်တဲ့ Radon gas ဟာလည်း အမေရိကန်ပြည်ထောင်စုမှာဖြစ်ပွားတဲ့ အဆုတ်ကင်ဆာကြောင့်သေဆုံးမှု ၁၂ရာခိုင်နှုန်း အရေအတွက်အားဖြင့် ၂၀ဝ၀ဝ ခန့်ရဲ့ တရားခံဖြစ် တယ်လို့ ပြောပါတယ်။ ဒီဓာတ်ဟာ မြေကြီးထဲ က ထွက်လာပြီး အနံ့အသက်မရှိဘဲ ဒုက္ခပေးပါတယ်။ ဆေးလိပ်သောက် သူတွေကို ပိုအထိနာစေတယ်လို့ ဆို ပါတယ်။ မြန်မာနိုင်ငံ မှာတော့ ဒီ အနုမြူဓာတ်တွေ မသုံးလို့ ဒီ Gas ရဲ့ အန္တရာယ်တော့ မရှိလောက်ဘူး လို့ ယူဆရပါတယ်။ မျိုးရိုးဗီဇကလည်း အဆုတ် ကင်ဆာဖြစ်စေတတ်ပါတယ်။ တချို့ ဆေးလိပ် လုံးဝမ သောက်ပေမယ့် ဆွေမျိုးသားချင်းတွေမှာ အဆုတ် ကင်ဆာဖြစ်သူရှိရင် ဖြစ်ဖို့အခွင့် အလမ်းပိုများတာကို တွေ့ကြရပါ တယ်။
သုတေသနပြုချက်အရ DNA မှာ ဒီကင်ဆာပိုဖြစ်စေတဲ့ မျိုးရိုးဗီဇဟာ ခရိုမိုဆုန်းနံပါတ် (၁၅)ရဲ့ q.arm မှာ ရှိနေပြီး Nicotine စတာနဲ့ ပေါင်းစပ် ကာကင်ဆာဖြစ်စေတယ်လို့ဆိုပါတယ်။ နာတာရှည် အသက်ရြှွူပန် ကျဉ်းမြောင်းတဲ့ အဆုတ်ရောဂါ (COPD) ပန်းနာရင်ကျပ်သည်တွေ ဟာလည်း သာမန်လူတွေထက် အဆုတ်ကင်ဆာဖြစ်ဖို့ ၄-၆ ဆ အန္တရာယ်ပိုများကြပါတယ်။ ယခင်က အဆုတ်ကင်ဆာဖြစ် ဖူးသူတွေလည်း သာမန်ထက် အန္တရာယ်ပိုများတတ်သလို မော်တော် ကားတွေ၊ စက်ရုံတွေကထွက်တဲ့ ဓာတ်ပစ္စည်းတွေကလည်း အဆုတ် ကင်ဆာဖြစ်ပွားမှုကို Passive Smoker တွေမှာလို အန္တရာယ်ရှိစေ နိုင်ပါတယ်။

posted by Eleven Media Group

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...