Friday, October 21, 2011

သေကြောင်း ကြံစည်ရခြင်း အကြောင်း

Cloud Cuckoo Land created a doc.
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အတွင်းက ကြို့ပင် ကောက်မြို့နယ် အတွင်းရှိ မိသားစု တစ်စုလုံး ကိုယ့်ကိုယ် ကိုယ် သေကြောင်း ကြံစည်မှု ဖြစ်ပွား ခဲ့သည် ဟူသော  ဖြစ်ရပ်၏ နောက်တွင် တိုက် ပေါ်မှပြုတ် ကျ သေဆုံးခြင်း(ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံ သည်ဟု ယူဆရ သော) အမှုအ ခင်းများ မကြာခဏဆိုသလို သတင်းများ တွင် မြင်တွေ့ ဖတ်ရှု လာ နေရသည်။
ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှု သည် ယခင်ကမြန်မာနိုင်ငံတွင် ဘာသာ တရား ၏ အဆုံ...းအမ ကြောင့်လည်းကောင်း၊ ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံ စည်ပါက အဖန်ငါးရာ ငါးကမ္ဘာ ပြန်လည်ကာ ထပ်တလဲလဲ ထိုသို့ပြုမူ နေရတတ် သည်ဟူ သော ယုံကြည်မှု ကြောင့် လည်းကောင်း ထိုသို့သော အမှုအခင်းမျိုး နည်းပါး ခဲ့သော်လည်း နောက် ပိုင်းတွင် ပိုမိုများ ပြားလာခဲ့သည်ကို တွေ့ရသည်။  

ယေဘုယျ အားဖြင့် ကိုယ့်ကိုယ် ကိုယ် သေ ကြောင်းကြံ စည်ခြင်းသည် အကြောင်း အရင်း လေးမျိုးကြောင့်ဖြစ်ပွားတတ်ကြောင်း စိတ် ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာဦးဇော် စိန်လွင်က ပြောသည်။ အဆိုပါ လေးမျိုးမှာ စိတ်ကျ ရောဂါခံစား နေရသူများ၊စိတ်ဖောက် ပြန်နေသူများ၊မူးယစ် ဆေးဝါးနှင့် အရက်အလွန်အကျွံသုံးစွဲသူများ၊ စိတ်ဖိစီးမှု ပြင်းပြင်း ထန်ထန် ခံစားနေ ရသူ များဖြစ်ကြ ကြောင်း သိရသည်။
အဆိုပါ လေးမျိုးတွင် စိတ်ကျရောဂါ ခံစားနေရသူများသည် သေကြောင်းကြံစည်မှု အများဆုံးပြု လုပ်လေ့ရှိကြ ကြောင်း သိရပြီး စိတ်ဖောက် ပြန်နေသူများသည် တစ်ခါ တစ်ရံတွင် ၎င်းတို့ အပြုအ မူသည် သေစေသည့်အပြု အမူမှန်း မသိလိုက်ဘဲနှင့် ပြုမူ လိုက်မိသဖြင့် သေဆုံးသွားကြ သည်များလည်း ရှိတတ်ကြ ကြောင်း ဒေါက်တာဦးဇော်စိန် လွင်ကပြောသည်။ မူးယစ်ဆေးဝါးနှင့် အရက် ကို အလွန်အကျွံသုံးစွဲသူများသည် လည်း တစ်ခါတစ်ရံတွင် စိတ်ဖောက် ပြန်မှုနှင့်တွဲဖက်ကာ သေကြောင်း ကြံစည်မှုများပြုလုပ်လေ့ရှိကြကြောင်း သိရသည်။ စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားနေရသူ များသည် တစ်ခါတစ်ရံတွင် စိတ်ထွက် ပေါက်အ နေဖြင့် သေကြောင်းကြံစည်ရန် ဆန္ဒဖြစ်ပေါ်လာ တတ်ကြကြောင်း သိရသည်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း သည် လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ကိုးကွယ်သည့် ဘာသာ အပေါ်မူတည် ၍ သေကြောင်းကြံစည်မှု အပေါ်ထားရှိ သည့်သဘော ထားများမတူညီမှုကြောင့် သေကြောင်းကြံစည် မှုနှုန်းများလည်း ကွာဟ တတ်ကြောင်း သိရသည်။


မြန်မာနိုင်ငံသည်လည်း ဘာသာရေး အဆုံးအမ ကြောင့် ၎င်းတရားရေးဟန့် တားမှု ကြောင့် ၎င်းအတိုင်းအတာတစ်ခုအထိ လျော့ နည်းခဲ့သော်လည်း ယခုနောက် ပိုင်းတွင်မူ “အခု အချိန်မှာ ယဉ်ကျေးမှုတွေ ဆက်နွယ်လာတယ် ယှဉ်ပြိုင်မှုတွေကပိုများလာတော့ ဆန္ဒနောက် ကို ဒေါသလိုက်သွားတဲ့အခါမှာ ဒါတွေသည်အ တိုင်းအတာတစ်ခုအထိတော့ပိုများလာတယ်” ဟု ဒေါက်တာ ဦးဇော်စိန်လွင်က ပြောသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ အဘိုးအဘွား၊ အဖေအမေ၊သားသမီးအစရှိသည့် မျိုးဆက်သုံး ဆက်ခန့် စုစည်းနေထိုင်ကြသည့် မိသားစုကြီး ပုံသဏ္ဌာန် နေထိုင်မှု ကြောင့်လည်း တစ်ဦးနှင့်တစ် ဦး ညှာတာမှု၊ ထောက်ထား မှုများကြောင့် သေ ကြောင်းကြံစည်ရန် အားထုတ်မှု များနည်းကြောင်း သိရသည်။ သို့သော် “လူနေမှုစရိုက် တွေပြောင်းသွား တာနဲ့အမျှ ကိုယ့်ရဲ့ ပုဂ္ဂလိက ဆန္ဒကို အားပေးတဲ့ အခါကျတော့ ဒီအတွေး အခေါ် တွေက စိမ့်ဝင် သွား တတ်တယ်။ ဒါကြောင့် အခုခေတ်မှာ ဒါတွေကတိုးတက်လာတယ်လို့ သတိ ထားမိတယ်” ဟု ဒေါက်တာဦးဇော်စိန် လွင်ကပြောသည်။



ကိုယ့်ကိုယ့်ကိုယ်သေကြောင်း ကြံစည်မှုအား ဥပဒေအရတားမြစ်မှု အနေဖြင့်လည်း မိမိကိုယ်ကို သေ ကြောင်းကြံစည်သူသည် ကြံစည်မှု အထမြောက်သွားပါက မည်သို့မျှအ ရေးယူ၍ မရတော့ သော်လည်း အထ မမြောက်ခဲ့လျှင်မူ ကြံစည်သူအား ဥပဒေပုဒ်မ ၃၀၇အရ အမြင့်ဆုံးထောင် ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။ ဆက်ကျော်သက်များသည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် အချစ်ရေး ၊ စီးပွား ရေး၊ ပေါင်းသင်း ဆက်ဆံရေးအစရှိသည်များအား အလိုမကျသည့်အခါ များတွင် ထွက်ပေါက်အနေဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်လေ့ ရှိကြသည်ဟု စိတ်ပညာရှင်များကဆိုသည်။ မိမိကိုယ်သေကြောင်းကြံစည်ရာတွင် သေစေရန်ကြံစည်မှုနှင့် ကြံ စည်မှု အထမြောက်ခြင်းဟူ၍နှစ်ပိုင်းရှိသည်။ အမျိုးသမီးများသည် ကြံ စည်မှုပိုမိုပြုလုပ်လေ့ရှိကြပြီး အမျိုးသားများသည် ကြံစည်မှုအား အထ မြောက်စေရန်ပြုလုပ်မှုပိုမိုများပြားသည်ဟု သိရသည်။



မိမိကိုယ်ကို သေကြောင်းကြံစည်ရန်စိတ်ကူးပေါ်သူများသည် သေ ကြောင်းကြံရန် ဆန္ဒပေါ်ချိန်သည် မိနစ်အနည်းငယ်ခန့်သာဖြစ်ပေါ်တတ် ပြီး နောက်ပိုင်းပြန်စဉ်းစားချိန်တွင် အဆိုပါ စိတ်ကူးသည်မှား သည်ဟု ကာယ ကံရှင်ကိုယ်တိုင် ခံစားရ လေ့ရှိသော်လည်း အဆိုပါ မိနစ်ပိုင်းအ တွင်း ထမြောက်အကောင်အထည်ပေါ်သွားပါက ပြန်လည်ပြင်ဆင်၍မရနိုင် တော့ကြောင်း ဒေါက်တာ ဦးဇော်စိန်လွင်ကပြောသည်။ သေကြောင်းကြံစည်ရန် အကြံအစည် ပေါ်တတ်သည့် အချိန်များမှာ တိတ်ဆိတ် ငြိမ်သက်ကာ ဆိတ်ကွယ် ရာရှိနေသည့် အချိန်၊ အထီး ကျန်ဖြစ် နေသည့်အချိန်၊ တွယ်ရာမဲ့နေချိန်၊ အခက်အခဲများမှ လွတ်လမ်းမမြင်ချိန် နှင့် အခက်အခဲမှလွတ်မြောက်ရန် ကြံစည်မှုများသည် လက်ရှိကြုံတွေ့နေရ သည့် အခက်အခဲအား မည်သို့မျှ ထိုးဖောက်ရန် မတတ်နိုင်သည့်အချိန် များတွင် သေကြောင်းကြံရန် ကြံစည်လေ့ရှိတတ်ကြကြောင်း သိရသည်။
လေ့လာမှုများအရ သေကြောင်းကြံရန် စိတ်ကူးနေသူများ၏ ၈၀ မှ ၉၀ ရာခိုင်နှုန်းသည် ၎င်းတို့၏ အကြံအစည်အား တစ်ပါးသူတို့ တစ်နည်း နည်းဖြင့်ပြောပြတတ်လေ့ရှိသည်ဟု ပညာရှင်များ ကပြော သည်။ ထိုအချိန်တွင် အမှတ်တမဲ့မနေသင့်ဘဲ ဂရုစိုက်ကာ ကာယကံရှင်၏ အခက်အခဲများအား နားလည်မှုရှိစွာနှင့် စာနာနားထောင်ပေးခြင်း ဆွေး နွေးတိုင်ပင် ပေးခြင်းတို့ ပြုလုပ်ပေး ခြင်းဖြင့် တစ်ဦးတစ် ယောက်၏ သေ ကြောင်းကြံစည်ခြင်းအား ကာကွယ်နိုင်ကြောင်းသိရသည်။ အလားတူ သေကြောင်းကြံရာတွင် အသုံးပြုနိုင်သည့် ဆေးဝါး၊ လက်နက်များကိုလည်း အလွယ်တကူ ရရှိနိုင်သည့် နေရာတွင်မထားရှိဘဲ သေချာစွာ သိမ်းဆည်းထားခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။


မိမိကိုယ်ကို သေကြောင်းကြံခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြား သောနည်းလမ်းများမှာ မိမိတွင် စိတ်ကျရောဂါရနေပါက စောစီးစွာကုသ ခြင်း၊ အရက် မူးယစ်ဆေးဝါးပြဿနာများရှိပါက ကြိုတင် ဆွေးနွေး ကုသ ခြင်းများ ပြုလုပ်ခြင်း၊ ဆယ်ကျော် သက်များတွင် စိတ်ဖိစီးမှုများကြုံတွေ့ လာပါက ရင်ဖွင့်တိုင်ပင်နိုင်မည့် အဖော်မွန်ဖြစ်သည့် မိဘ၊ဆွေမျိုး၊ညီအစ် ကို မောင်နှမ များရှိခြင်း အစရှိ သည်တို့ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို သေကြောင်း ကြံစည်ခြင်းမှ ကာကွယ်နိုင် ရန်အတွက် ပြဿနာ တစ်စုံတစ်ခုနှင့်ကြုံတွေ့နေပါက ကိစ္စတိုင်းတွင် အခြားနည်းလမ်းရှိ သည်ဆိုသည့် အချက်ကို မမေ့သင့်ဘဲ ပြဿနာ အား မှန်ကန်သည့် နည်းလမ်းဖြင့် ချဉ်းကပ်ဖြေရှင်းကြရန် လိုအပ်ကြောင်း စိတ် ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးဇော်စိန်လွင်က ပြောသည်။ “ကမ္ဘာကျော် တီထွင်ပညာရှင်ကြီး သောမတ်စ်အက်ဒီဆင် ပြောသလို ပေါ့၊ အောင်မြင်မှုတစ်ခုအတွက် ဆုံးရှုံးမှုတွေဟာ ၉၉၉ ကြိမ်ရှိပါတယ်၊ အဲဒီတော့ တစ် ကြိမ်မအောင်မြင် တာကို နောက် တစ်ကြိမ် ထပ်ကြိုးစားရင် အောင်မြင် နိုင်တာကို ဘာကြောင့် အရှုံး ပေးမှာလဲ”ဟု ဒေါက်တာဦးဇော် စိန်လွင်ကအကြံပြုပြောကြားသည်။


သီဟ( 7Day News Journal)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...