Friday, October 21, 2011

ဘယ်သူတွေ အသင့်ဖြစ် နေပြီလဲ

Cloud Cuckoo Land created a doc.
”ကောင်းလိုက် တာဗျာ။ ဂွတ် ထ၊ ဂွတ်ထ” ”အဘကတော့ ရေးစရာရှိရင် ဘယ်သူ့မှချန်မထား ဘူး။ ရေးချ လိုက်တာပဲ။ ဒါမျိုးတွေ များများ ရေးစမ်းပါ အဘရာ” အွန်လိုင်းပေါ်က ထင်မြင် ချက် တစ်ခုပါ။

သူများကို အလှည့်ပေးရမယ်
သိပ်မကြာမီက ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုလွန်ကဲရင် အာဏာရှင် စိတ်ဝင်သွား တတ်တဲ့ အကြောင်း သတိပေးစာတစ်ပုဒ် ရေးလိုက်တယ်။ ကြိုက်သူတွေရှိသလို မကြိုက်သူ တွေလည်း ရှိတယ်။ အယူအဆ တစ်ရပ်၊ သဘောထားတစ်ခုကို လူ သိရှင်ကြား ထုတ်ဖော် ပြောဆိုတဲ့ အခါမှာ လက်ခံသူ၊ လက်မခံသူ။ ကြိုက်သူ၊ မကြိုက်သူရှိမြဲဓမ္မတာမို့ အထူးအဆန်း မဟုတ်ဘူး။ သိသင့် သိထိုက်တာမို့ ရှာဖွေဖတ်ရှုလေ့ရှိ ပေမယ့် ပြန်ပြီးရေး တာ၊ ချေပရှင်းလင်း တာမျိုး ဘယ်တော့မှ မလုပ်ဘူး။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည် ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတာ ပဲ။ ပြောကြပါစေ။ ကိုယ်လည်း ကိုယ်ယုံကြည်တဲ့ အတိုင်း ပြောခဲ့ ရေးခဲ့ပြီးပြီ မဟုတ်လား။ သူများကို လည်း အလှည့်ပေး ရမှာပေါ့။

ပြောရလောက်အောင်မဟုတ်
အထက်မှာ ဖော်ပြလိုက်တဲ့ ထင်မြင်ချက်လေးကို ရေးပြတာက အဲဒီထဲမှာပါတဲ့ ”အဘက တော့ ရေးစရာရှိရင် ဘယ်သူ့မှချန်မထား ဘူး။ ရေးချလိုက်တာပဲ” ဆိုတာ နဲ့ပတ်သက်ပြီး ပြောချင်လို့ပါ။ ဒါက ‘ဂွတ်ထ၊ ဂွတ်ထ’ပြောရလောက် အောင် မဟုတ်ပါဘူး။ သတင်း သမားတိုင်း ဒီလိုလုပ်နေကြတာပါ။ သတင်းသမားဆိုတာ ပြည်သူ လူထုရဲ့ မျက်နှာတစ်ခုပဲ ကြည့် ရမယ်။ အစိုးရမျက်နှာလည်း မကြည့်ရဘူး၊ နိုင်ငံရေးပါတီ အဖွဲ့ အစည်းတွေရဲ့ မျက်နှာလည်း မကြည့်ရဘူးဆိုတဲ့ ‘ပညတ်’ချက် ဟာ သတင်းသမားမှန်သမျှ မဖြစ် မနေ လိုက်နာကျင့်ကြံရတဲ့ အခြေ ခံအကျဆုံး ကျင့်ဝတ်တစ်ခုဖြစ် တယ်။


ရှေ့ကဖုံး နောက်ကပေါ်
ဒီ’ပညတ်’ချက်ကို မလိုက်နာ ရင် သတင်းသမားကောင်း မခေါ် နိုင်ဘူး။ သတင်းသမားမျက်နှာဖုံးစွပ် ထားတဲ့ အခွင့်အရေးသမားပဲဖြစ် လိမ့်မယ်။ ဒီလူမျိုးတွေက မျက်နှာ ဖုံးစွပ်ထားပေမယ့် ရှေ့ဖုံး နောက်ကပေါ်ဆိုသလို သူတို့ဇာတိ ရုပ်က ဘွားဘွားကြီးပေါ်နေတာ ကြောင့် လူကြားသူကြားမှာ ဘယ် တော့မှ ခေါင်းမော့မနေနိုင်ဘူး။ ခပ် ကုတ်ကုတ်ပဲ နေကြရတယ်။ သူတွေ ကြားမပြောနဲ့ သတင်းလောက နယ် ပယ်မှာတောင် ‘သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့’ ဆိုတဲ့စကားလို သူတို့နဲ့ အသွေးအ ရောင်တူသူတွေချင်းသာ အပေါင်း အဖော်ပြု လေ့ရှိကြတယ်။ လူကောင်း သူကောင်းတွေကြား မတိုးရဲဘူး။


ပြဒါးတိုင်
ဒီမိုကရေစီရေချိန်ကို တိုင်းတာ တဲ့အထင်ရှားဆုံး ‘ပြဒါးတိုင်’ တစ်ခု ကတော့ သတင်းမီဒီယာဆိုတဲ့ ပြဒါး တိုင်ဖြစ်တယ်။ လွတ်လပ်တဲ့ ပုဂ္ဂလိ က သတင်းစာဆိုတာ ဒီမိုကရေစီ စစ်စစ်နိုင်ငံ တွေမှာပဲ ရှိတယ်။ အာ ဏာရှင်စနစ်ဆိုရင် ဆိုရှယ်လစ် အာ ဏာရှင်ဖြစ်ဖြစ်၊ စစ်အာဏာရှင် ဖြစ် ဖြစ် လွတ်လပ်တဲ့သတင်းမီဒီယာကို ဘယ်တော့မှ ခွင့်မပြုဘူး။ သူတို့ လက်အောက်မှာ ပဲထားတယ်။ တချို့တစ်ဝက် ကိုတော့ သူတို့ လက်သပ်မွေးထားတဲ့ လက်ကိုင် တုတ်တွေကတစ်ဆင့် ချုပ်ကိုင်တယ်။ လက်ကိုင်တုတ် တွေဆိုတာ သတင်းသမား ‘အတု’တွေပါ။ အချောင်ရှာတဲ့ စီးပွားရေးသမားတွေပဲ။


ရေးသင့်တာရေးရဲမှ
သိက္ခာရှိတဲ့ သတင်းသမား’အ စစ်’က ဘယ်သူ့လက်ကိုင်တုတ်မှ အဖြစ်မခံဘူး။ ဘယ်သူနဲ့မှ ပေါင်းပြီး စီးပွားရေးမရှာဘူး။ သတင်းသမားမို့ ဆိုပြီး ဘယ်သူ့ဆီကမှ အခွင့်ထူး လည်း မတောင်းခံဘူး။ သတင်းဖြစ် ရင်ဖြစ်တဲ့အတိုင်းမှန်တာကို ရေး တယ်။အစိုးရကကောင်းတာလုပ်ရင် ကောင်းတယ်လို့ ရေးတယ်။ အစိုးရ အကြောင်း မကောင်းရေးမှ လက် ခုပ်တီးပေးသူတွေကို ကြောက်မနေ ရဘူး။ ကြောက်ပြီး မရေးရင် သိက္ခာ ရှိသတင်းသမား မဟုတ်တော့ဘူး။ အလားတူပဲ နိုင်ငံရေးသမားတွေ ကောင်းတာလုပ်ရင်လည်း ကောင်း တယ်ရေးရမယ်။ အစိုးရငြိုငြင်မှာ ကြောက်ပြီး ရေငုံနှုတ်ပိတ် လုပ်မနေ ရဘူး။ ရေးသင့်တာရေးထိုက်တာ မှန်သမျှ ရေးရဲမှ သတင်းသမားစစ် စစ်ဖြစ်တယ်။


စာဖတ်ခန်းမရှိ
ဒီနေ့ စာနယ်ဇင်းလောကထဲ ဝင်ရောက်လုပ်ကိုင်နေသူ အများစု က လူငယ်တွေဖြစ်တယ်။ တက် တက်ကြွကြွနဲ့ မမောမပန်းကြိုးစား လုပ်ကိုင်နေကြတာ တွေ့ရတယ်။ သူတို့မှာ ဇွဲရှိတယ်။ သတ္တိရှိတယ်။ အမှန်တရားကို ချစ်တဲ့စိတ်ရှိကြ တယ်။ လေ့လာမှုအားနည်းပေမယ့် ကြိုးစားပြီး ဖြည့်ဆည်းနေကြတယ်။ သူတို့ကြုံရတဲ့ အခက်အခဲက သူတို့ လုပ်ကိုင်နေကြတဲ့ တိုက်တွေမှာ သူ တို့ကို ရှေ့ဆောင်လမ်းပြပေးမယ့် အယ်ဒီတာတွေ မရှိကြတဲ့အချက်နဲ့ သူတို့ဖတ်မှတ်လေ့လာစရာ စာအုပ် စာတမ်းတွေများများစားစား ရှိတဲ့ စာဖတ်ခန်းမျိုးတွေ မရှိတဲ့အချက် ဖြစ်တယ်။


ဒရိုင်ဘာလောက်တောင်မရ
လူငယ်သတင်းထောက်လေး တွေ အယ်ဒီတာတွေရတဲ့လခက နိုင်ငံတကာ အဖွဲ့အစည်း (INGO) တွေက ကားဒရိုင်ဘာလခလောက် တောင်ရှိတာမဟုတ်ဘူး။ ဒီခေတ် စာအုပ်ဈေးတွေကလည်း ခေါင်ခိုက် အောင်ကြီးမြင့်နေလေတော့ ဖတ်ချင် ပေမယ့် မဝယ်နိုင်ဘူး။ ဂျာနယ်တစ် စောင်ကောင်းဖို့ ဂျာနယ်လစ်ကောင်း တွေလိုတယ်။ စာမဖတ်ရင် ဘယ် နည်းနဲ့မှ ဂျာနယ်လစ်ကောင်း မဖြစ် နိုင်ဘူး။ အဲဒါကြောင့် ဂျာနယ်တိုက် တွေမှာ စာဖတ်ခန်းကောင်းကောင်း ထားပေးဖို့ အထူးလိုအပ်တယ်။ ဂျာနယ် တွေသာ နှစ်ရာလောက်ရှိနေတာ။ စာဖတ်ခန်း ဒါမှမဟုတ် စာကြည့်တိုက် ကောင်းကောင်းထားရှိတဲ့ ဂျာနယ်တိုက်က ဒါဇင်ဝက်တောင် ရှိမယ်မထင်ဘူး။


ဘယ်သူအသင့်ဖြစ်ပြီလဲ
ဂျာနယ်ပေါင်း နှစ်ရာလောက်ရှိတဲ့အထဲက သိက္ခာရှိဂျာနယ်လို့ ပြောနိုင်တာက အလွန်ဆုံးရှိမှ ဆယ့်လေးငါးစောင်ပေါ့။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြု လိုက်ပြီဆိုတဲ့အခါ၊ အဆင်သင့် ဖြစ်နေတဲ့ ဂျာနယ် ငါးစောင်တောင် ရှိပါ့မလားမသိဘူး။ နေ့စဉ်သတင်းစာ ထုတ်တယ်ဆိုတာက လူကောင်း လေး,လေးငါးယောက်လောက် ရှိရုံနဲ့ လုပ်လို့ဖြစ်တာမဟုတ်ဘူး။ အခု ရှိနေတဲ့ လူတော်လေး တွေလို ထူး ချွန်ထက်မြက်တဲ့ လူငယ်တွေ အစိတ်သုံးဆယ်လောက် အနည်း ဆုံးရှိဖို့လိုတယ်။ ဒါက ရန်ကုန် ရုံးချုပ်ကိုသာပြောတာ။ တခြားမြို့ ကြီးပြကြီးတွေမှာလည်း သတင်း အတတ် ပညာ အခြေခံ လောက်တော့ ကျွမ်းကျင်သူတွေ ရှိနေရမယ်။ မြန်မာတစ်နိုင်ငံလုံး မြို့နယ်ပေါင်း ၄ဝဝ လောက်ရှိတဲ့အထဲမှာ အနည်း ဆုံးမြို့နယ် ၁ဝဝ လောက်မှာ သတင်းထောက် တွေရှိနေ ဖို့ လိုအပ်တယ်။ ကဲ ဘယ်သူတွေ အသင့် ဖြစ်နေပြီလဲ။


လူထုစိန်ဝင်း(  Popular News)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...