Friday, October 14, 2011

စာမူကြိုတင်စိစစ်ခြင်းသည် ယခုလျှောက်နေသည့်လမ်းနှင့် သဟဇာတ မဖြစ်တော့ဟု ဦးတင့်ဆွေဆို

Cloud Cuckoo Land created a doc.
စာမူများကို ကြိုတင်စိစစ်ခြင်း လုပ်ငန်းဆိုသည်မှာ ယခု လျှောက် လှမ်းနေသည့် လမ်းကြောင်းနှင့် သဟဇာတမဖြစ်တော့ဟု စာပေ စိစစ်နှင့်မှတ်ပုံတင်ဌာနမှ အကြီး အကဲက ပြောသည်။ ပြန်ကြားဝန်ကြီးဌာန လက် အောက်ရှိ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဦးတင့်ဆွေက လွတ်လပ် သော အာရှအသံ သတင်းဌာန၏ ... မေးမြန်းချက်ကို ပြန်လည် ဖြေကြား ရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
"ကျွန်တော်တို့ တကယ်တမ်း အိမ်နီးချင်းနိုင်ငံတွေမှာပဲ ကြည့်ကြည့်၊ နိုင်ငံတကာမှာပဲ ကြည့်ကြည်ပေါ့ လေ။ စာမူတွေကို ကြိုတင်စိစစ်တယ် ဆိုတဲ့ စာပေစိစစ်ရေး ဌာနမျိုးဆိုတာ တော့ ကျွန်တော်တို့ အခုခေတ်မှာ မရှိတော့ပါဘူး။ ဒီတော့ ကျွန်တော့် အမြင်နဲ့ပြောရမယ်၊ ကျွန်တော့် ကိုယ်ပိုင်အယူအဆနဲ့ ပြောရမယ်ဆို ရင်တော့ ကြိုတင်ပြီး စာမူတွေကို စိစစ်ခြင်းလုပ်ငန်းဆိုတာ အခု ကျွန် တော်တို့ တကယ်သွားနေတဲ့ ခေတ် မှာတော့ ဘယ်လိုမှကို သဟဇာတ မဖြစ်ဘူး။ ဒါကြောင့်မို့ စာပေစိစစ် ရေးအနေနဲ့ကတော့ တိုင်းပြည်ထဲမှာ ထုတ်မယ့် စာပေတွေကို ကြိုတင် စိစစ်တဲ့ဟာမျိုးကတော့ ရှေ့လျှောက် ကျွန်တော်တို့သွားမယ့်စနစ်မှာ မလို အပ်တော့ဘူးလို့ ယုံကြည်ပါတယ် ခင်ဗျာ"ဟုသူကပြောခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သတင်းစာများအပါ အဝင် အခြားစာနယ်ဇင်းများသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို တာဝန် ယူမှုနှင့်အတူ လက်ခံကျင့်သုံးသင့် ကြောင်း သူက ထပ်လောင်း ပြော ကြားခဲ့သည်။ ယခုနှစ် ဇွန်လအတွင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆွေးနွေးခန်းမတွင် ပြည်သူ့လွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြားခဲ့သော ပြောကြားမှုများကို ပြည်တွင်းထုတ် ဂျာနယ်များတွင် အပြည့်အစုံဖော်ပြခွင့်မရဟုဆိုကြခြင်း ကိုမူ "ဖြတ်တောက်မှုဆိုတာတော့ မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ အပြည့်အဝပေးပါတယ်။ ဂျာနယ်တွေ မှာဆို ပိုပြီးတော့ သိသာပါတယ်။ အားလုံးပါပါတယ်ခင်ဗျာ။ အားလုံး ဖြတ်တောက်မှုမရှိဘဲနဲ့ သေသေချာ ချာကို ပြောတဲ့အတိုင်း ခွင့်ပြုပေးခဲ့ တာ ဖြစ်ပါတယ်ခင်ဗျာ"ဟု ဦးတင့်ဆွေက ပြန်လည်ဖြေကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သော ဒေါ်အောင် ဆန်းစုကြည်၏ သတင်းနှင့် ဓာတ် ပုံများကို ယခင်က ပိတ်ပင်တားမြစ်ခဲ့ သော်ငြား ယခုအခါတွင်မူ စာနယ် ဇင်းများတွင် ဖော်ပြခွင့်ပြုလျက် ရှိကြောင်း သူက ပြောပါသေးသည်။ "ခုဆိုရင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ သတင်းနဲ့ဓာတ်ပုံတွေကို ပိတ်ပင်တားမြစ်မှု မရှိတော့ပါဘူး။ ဒီ့ထက်မကတဲ့ လွတ်လပ်ခွင့်တွေကို လည်း ဒီမိုကရေစီဆိုင်ရာ ပြောင်း လဲမှုအဖြစ် မကြာခင်ရလာမယ်လို့ မျှော်လင့်ရပါတယ်"ဟု သူက ယင်းသတင်းဌာန၏မေးမြန်းမှုကို ပြန် လည်ဖြေကြားခဲ့သည်။ အစိုးရသစ် တက်လာပြီး နောက် ယခုနှစ်ဇွန်လတွင် စာပေ စိစစ်ရေး၏ မူဝါဒအချို့ကို လျှော့ ပေါ့ပြောင်းလဲပေးခဲ့ပြီး ဂျာနယ် ၈၂ စောင်နှင့် မဂ္ဂဇင်း ၉၆ စောင်အပါ အဝင် ပုံပြင်၊ ရုပ်ပြနှင့် ထီပေါက် စဉ်တို့ကို စာပေစိစစ်ရေးသို့ မတင် ပြဘဲ ပုံနှိပ်ထုတ်ဝေခွင့်ပေးခဲ့သည်။

Popular News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...