Friday, October 14, 2011

ပြည့်တန်ဆာလုပ်ငန်း တရားဝင် ခွင့်ပြုသင့်သလား

by Lu Cifer on Monday, October 10, 2011 at 1:42pm


ပြည့်တန်ဆာလုပ်ငန်း ဆိုတာ တိုက်ဖျက်ဖယ်ရှားလို့ မရတာကြောင့် သဘောထားကြီးကြီးနဲ့ ချည်းကပ်ပြီး စဉ်းစားပေးကြဖို့လိုပြီ လို့ သမာဆတ်တက္ကသိုလ် နိုင်ငံရေးသုတေသီ Ms. Chalidaporn Songsamphan က ပြောဆိုကြောင်း မနေ့က ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။

တခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းကလူတွေလိုပဲ ပြည့်တန်ဆာတွေကိုလည်း တန်းတူ အခွင့်အရေး ပေးသင့်ပါတယ် တဲ့။ အထူးသဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုလိုမျိုး အခွင့်အရေးပါ။


ပြည့်တန်ဆာလုပ်ငန်းထဲရောက်လာကြတာဟာ ပိုက်ဆံလိုလို့ ရောက်လာကြတာပါလို့ Rak Thailand ပါတီ ခေါင်းဆောင် ချူဝစ်က ပြောဆိုကြောင်းလည်း သတင်းမှာ ရေးထားပါတယ်။

မစ္စတာချူဝစ်ဟာ ဟိုတုန်းက လိင်ဝန်ဆောင်မှုပေးတဲ့ အနှိပ်ခန်းလုပ်ငန်းရှင်ကြီးဖြစ်တယ်လို့ သတင်းက ဆိုတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် ဖျော်ဖြေရေးနှင့်သက်ဆိုင်သောနေရာဌာနများဥပဒေ (the 2003 Entertainment Places Act) မှာ ဟာကွက်တွေ ရှိနေတယ်၊ ဒီဟာကွက်တွေကို အစိုးရအရာရှိတွေက အသုံးချနေတယ် - တရားမ၀င်လုပ်ငန်းတွေ လည်ပတ်ခွင့်ပြုပြီး ပြည့်တန်ဆာတွေကို ဂုတ်သွေးစုတ်နေတယ် လို့ မစ္စတာချူဝစ်က ပြောပါတယ်။

ဒါက ထိုင်းသတင်းစာထဲက ကောက်နှုတ်ထားတာပါ။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းက တရားမ၀င်ပါဘူး။

မြန်မာနိုင်ငံမှာလည်း တရားမ၀င်ပါဘူး။ မြန်မာပြည်က ပြည့်တန်ဆာတွေက လမ်းပေါ်မှာပဲ ဖောက်သည် ရှာကြသလို ဟိုဆိုင်ဒီဆိုင်တွေကနေလည်း ဖောက်သည် စောင့်ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အဆိုတင်တာ ဆွေးနွေးတာတွေ မလုပ်သေးပါဘူး။

မီဒီယာလောကထဲက တချို့ကို မကြာသေးခင်က ဆက်သွယ်ပြီး မေးခွန်း ခပ်တိုတို ထုတ်ခဲ့ဖူးပါတယ် - မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် လုပ်ခွင့် ပြုသင့်သလား၊ မပြုသင့်ဘူးလား ဆိုတဲ့ မေးခွန်းပါ။
စိတ်ဝင်စားဖို့ကောင်းတာက သူတို့ရဲ့ အဖြေတွေ တူနေတဲ့အချက်ပါပဲ။



======================


မရှိမကောင်း၊ရှိမကောင်းလုပ်ငန်းဆိုပေမယ့် တရားဝင်ခွင့်ပြုပြီး စနစ်တကျ လုပ်ကိုင်စေရင် ဒီနေ့ ဆေးကုမနိုင်သေးတဲ့ HIV-AIDS ကိုတော့ တော်တော် ကာကွယ်နိုင်ပါလိမ့်မယ်...


ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/

ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အကျိုး အပြစ်တွေ တွက်ချက်ပြီး အများ မထိခိုက် မနစ်နာအောင် မိန်းမ ပြည့်တန်ဆာကော၊ ယောက်ျား ပြည့်တန်ဆာကော တရားဝင် လုပ်ခွင့် ပြုသင့်ပါတယ်။
တရားမ၀င်တဲ့ အတွက် ထိခိုက်နစ်နာမှုတွေ ရှိတယ်လို့ ထင်ပါတယ်။ ရောင်းသူကော၊ ၀ယ်သူကောပါ။


Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing

မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ခွင့်ပြုသင့်တယ်။
လိုင်စင်နဲ့ ဘာနဲ့ ဆိုရင် ဆေးစစ်တာ၊ သွေးစစ်တာတွေ သေချာလုပ်ပြီး စည်းကမ်းတကျ ဖြစ်သွားနိုင်တယ်။ ခွင့်မပြုလို့ တရားမ၀င်ဖြစ်နေတာက ရောဂါဖြန့်ဖြူးရေးကို အားပေးရာရောက်တယ်လို့ ထင်တယ်။


ဘလော်ဂါ ခင်မင်းဇော်
http://khinminzaw.blogspot.com/

အင်း... ။
ကမ္ဘာပြားပြီ ။
မှိုနှင့်မျှစ်ကို နှုတ်လို၏။
ကျဉ်တုပ်ခံဝံ့၊ မခံဝံ့ ။


ဘလော်ဂါ မင်းဒင်
http://www.mindin.info/

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရင် ကောင်းပါတယ်။
တရားမ၀င်ဖြစ်နေရင် သိပ်မကောင်းဘူး။
လုပ်ငန်းတွေ အကုန်ပိတ်သိမ်းလိုက်ရင်
မုဒိန်းမှုတွေဖြစ်ကုန်မယ်။
မကြောက်ဘူးလား။


ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရမယ်။
ဒီမိုကရေစီနဲ့ ပြည့်တန်ဆာတရားဝင်မှုက ခေါင်းနဲ့ပန်းလိုပဲ။ ခွဲခြားလို့ မရပါ။


ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/

ဘုရားလက်ထက်ကတည်းက ရှိလာခဲ့တဲ့လုပ်ငန်းပဲဗျာ။
တဘ၀လုံးထိုးရင်းပြီး လုပ်ကိုင်စားနေရတဲ့ ကာယကံရှင်တွေ မနစ်နာအောင် ဥပဒေအရ အကာအကွယ်ပေးသင့်ပါတယ်။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/

တရားဝင်ခွင့်ပြုသင့်ပါတယ်။
တရားဝင်မရှိတော့ အဆက်အသွယ်မရှိရင် ရှာရခက်မှာပေါ့။


ကာတွန်း ဘီရုမာ
http://beruma.blogspot.com/

တရားဝင် ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။
မဟုတ်ရင်လည်း ခိုးကြောင် ခိုးဝှက်နဲ့  လုပ်ကိုင်စားသောက်နေရတဲ့ အခြေနေက ရုန်းထွက်လို့ မရတဲ့အတွက် သူတို့ ဘ၀ အန္တရာယ်ပိုများပါတယ်။
သူတို့တွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်၊ ဥပဒေ စည်းမျဉ်း ရှိသင့်ပါတယ်။


ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ

zarny win
Sunday, October 09, 2011

Irrawaddy Blog
http://www.irrawaddyblog.com/2011/10/blog-post_7059.html
· · · Share

  • View all 23 shares
  • 50 of 54
    • Hsu Wai Linn let me share pls Lu Cifer
      October 10 at 1:59pm · · 1 personLoading...
    • Soung Oo
      Hohar Dehar Myar ရေ..... မလုပ်နိုင်ဘူး.......... ဒီNote ရဲ့ အောက်က တစ်ခြား ထင်မြင်ချက်တွေကို ဖတ်ကြည့် ........... ပြည့်တန်ဆာ ဆိုတာ ဟိုးရှေး ခေတ် ဘုရင် ခေတ်တည်းက ဘုရင်တွေကိုယ်တိုင်က ဒါကိုရှိဖို့ ချမှတ်ထားပေးတာပါ.... ဒီလိုပြည့်တန်ဆာ မရှိဘူးပဲ...ထားဦး... လူဆိုတာ သွေးနဲ့သားနဲ့ တည်ဆောက်ထားတာပါ... တဏာ မကင်းကြပါဘူး... ပြည့်တန်ဆာသာမရှိရင် စိတ်မထိန်းနိုင်တဲ့ တစ်နေ့ တစ်ချိန်မှာ အခြားသော မိန်းမပျိုလေးတွေရဲ့ ဘဝကို ပျက်စီးမိရုံတင်မဟုတ်ပဲ ကိုယ့် ဘဝကိုယ်ပါ ပျက်စီးစေပါလိမ့်မယ် ဥပဒေဆိုတာလဲ ရှိသေးပါရောလားSee More
      October 10 at 2:03pm · · 4 peopleLu Cifer, Lk Wt and 2 others like this.
    • George Shyu This is the oldest profession on the earth,so it's very hard to conceal it completely I think.No one can do this, but approach to it in clever ways.
      October 10 at 2:08pm · · 3 peopleLoading...
    • Hohar Dehar Myar ဟုတ်ပြီ အဖြေက ပပျောက်အောင် လုပ်လို့ မရနိုင်ဘူးဆိုရင် တရားဝင် ခွင့်ပြုပြီး စည်းနဲ့ ကမ်းနဲ့ လုပ်ခိုင်းလိုက်ပေါ့... ရှင်းနေတာပဲ။
      October 10 at 2:11pm · · 4 peopleLoading...
    • Lay Lay Nyine ဒီလိုပဲ ဖြစ်ရမှာပေါ့... သတ်မှတ်မယ့် စည်းကမ်းဘောင်ကျော်ရင်တော့ တမျိုးပေါ့လေ.... ပပျောက်အောင် လုပ်လို့မှ မရတဲ့ဟာ...
      October 10 at 2:15pm · · 1 personLoading...
    • Soung Oo ဒါကိုပဲပြောနေတာကို လာနောက်နေတယ်......... အင်္ဂလန်မှာတောင် ဒီလို အတွက် ရပ်ကွက်သက်သက်ထားပြီး ဥပဒေတောင် ထုတ်ထားတယ် နှစ်တော်တော်ကြာပြီ
      October 10 at 2:16pm · · 3 peopleLoading...
    • Ye Htut Aung တိုင်းပြည်ရဲ့ အဆင်တန်ဆာ မို့လို့ ပြည့်တန်ဆာလို့ ဝေါဟာရပေးထားခဲ့တယ်ဆိုပဲ။ ရှေးတုန်းကပေါ့ဗျာ။
      October 10 at 2:17pm · · 1 personLoading...
    • Linn Htet Aung ဘုရားရှင် လက်ထက်တော်ကတည်းက တည်ရှိတဲ့တဲ့အလုပ်ဖြစ်လို့ မရှိသင့်တာမဟုတ်ဘူးလို့တော့မပြောလိုပါဘူး :)
      October 10 at 2:27pm · · 1 personLoading...
    • Yeyint Kyaw
      တရားဝင် ခွင့်ပြုလိုက်ရင်-
      (၁) ကျန်းမာရေး ထောက်ခံစာ နှင့် ခွင့်ပြု၍ ရောဂါများ ကို ထိန်းချုပ်နိုင်ခြင်း။
      (၂) လက်ရှိကဲ့ သို့ ဝင်ငွေရလမ်း အပေါ် ခေါင်းပုံဖြတ်မှု ကင်းလွတ်ခြင်း ။
      (၃) တရားဝင် အခွန်အခများ နိုင်ငံတော်သို့ အကျိုးပြုခြင်း ။
      (၄) ယဉ်ကျေးမ...ှု ပြောင်းလဲနေသော ခေတ် ကြောင့် ပျက်ပြးလာသော စိတ်ကို ထွက်ပေါက်ပေးနိုင်၍ အဓမ္မ မှုများ လျော့ကျစေခြင်း ။
      (၅) အဆင့်မီခြင်း၊ ကျန်းမာခြင်း၊ ပြည့်စုံက နိုင်ငံခြားဝင်ငွေပင် ရနိုင်ခြင်း ။ ( ပြည်၏တန်ဆာ ဟုဆိုခဲ့-)
      (၆) တိုင်းတစ်ပါးတွင် ဘဝပျက် ကျွန်ဖြစ် ရောဂါ ရ ဘဝများ လျော့ကျစေခြင်း ။
      နှင့် အခြား အကြောင်းကြောင်းများ အကျိုးရနိုင်ပါသည်။ (ဥပမာ- အသစ်ရှာတတ်သူတို့ လွတ်လပ်၍ မယားငယ် ထားခြင်း လျော့ကျ၍ အိမ်ထောင်တည်မြဲမှု အထောက်အကူရခြင်း)
      See More
      October 10 at 2:28pm · · 7 peopleLoading...
    • Mee Nge ဒီလုပ်ငန်းသာမရှိဘူးဆိုရင် မိန်းကလေးတွေအတွက်မတွေးရဲစရာပဲ။ မုဒိမ်းမှုတွေတိုးလာလိမ့်မယ်။
      October 10 at 2:29pm · · 4 peopleLoading...
    • Yeyint Kyaw မဟုတ်ရင်လည်း ခိုးကြောင် ခိုးဝှက်နဲ့  လုပ်ကိုင်စားသောက်နေရတဲ့ အခြေနေက ရုန်းထွက်လို့ မရတဲ့အတွက် သူတို့ ဘ၀ အန္တရာယ်ပိုများပါတယ်။ ခေါင်းက တစ်ဖြတ် ၊ ရဲက တစ်ဖြတ်နဲ့ တစ်ကယ် ခန္နာရင်း၍ ငတ်ရတဲ့သူရဲ့ ဘဝ တွေ ကို နားလည် စာနာ ပေးစေလိုပါတယ်။ လူ လို့ မြင်တတ်ရင်ပေါ့.. လူတစ်ယောက်ဟု တန်ဖိုး ပြုပေးစေလိုပါတယ်။ ဘဝ အကျိုးပေး မတူ ပေမယ့် ... သူတို့လဲ လူ... ကိုယ်တွေလဲ လူ..၊ အတူတူ ဆိုတာ သတိ မလွတ်ပါနဲ့...။
      October 10 at 2:33pm · · 7 peopleLoading...
    • Thant Zin
      စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ်တမ်းလဲ မေးသင့်မေးအပ် ဆွေးနွေးအပ်တဲ့ အကြောင်းအချင်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ တရားဝင်ခွင့်ပြုသင့်တယ်လို့ ယူဆတယ်။ တရားဝင်မှ ကျန်းမာရေးနဲ့ ဒီလုပ်ငန်းထဲမှာ ပါဝင်ပတ်သက်နေတဲ့အကြောင်းအချင်းတွေကို စနစ်တ...ကျထိန်းသိမ်းပေးလို့ရမှာကိုး။ သဘောမတူတဲ့ အကြောင်းတခုတော့ ပြောချင်ပါတယ်။ ဘလော်ဂါ ဥက္ကာကိုကို ပြောတဲ့ (
      ဒီမိုကရေစီနဲ့ ပြည့်တန်ဆာတရားဝင်မှုက ခေါင်းနဲ့ပန်းလိုပဲ။ ခွဲခြားလို့ မရပါ။) ဆိုတဲ့စကားကိုတော့ အသဲယားတယ်ဗျာ။ ဘာမှမဆိုင်လို့ပါ။ ဒီမိုခရက်တစ်စနစ်ကျင့်သုံးတာနဲ့ ပြည့်တန်ဆာလုပ်ငန်းက အလိုလိုတရားဝင်မဖြစ်ပါဘူးဗျာာာာ။ မဆီမဆိုင်ကြီးဗျ။
      See More
      October 10 at 2:37pm · · 2 peopleLoading...
    • Hohar Dehar Myar ကဲ ကဲ ဒီနေ့ ဆွေးနွေးပွဲမှာ ပြည့်တန်ဆာ လုပ်ငန်း ကို တရားဝင်ခွင့်ပြုရေး အဆိုပြုချက်အပေါ် ကန့်ကွက်မဲ မရှိ ထောက်ခံ ကြတာကြောင့် လွှတ်တော် က 10.10.2011 ရက်စွဲပါ ကြေငြာချက် နဲ့ ပြည့်တန်ဆာ လုပ်ငန်း ကို တရားဝင် ခွင့်ပြုလိုက်သည်။ ... ပုံ - ဟိုဟာဒီဟာများ။
      October 10 at 2:38pm · · 3 peopleLoading...
    • Hohar Dehar Myar ကဲ ကဲ ဒီနေ့ ဆွေးနွေးပွဲမှာ ပြည့်တန်ဆာ လုပ်ငန်း ကို တရားဝင်ခွင့်ပြုရေး အဆိုပြုချက်အပေါ် ကန့်ကွက်မဲ မရှိ ထောက်ခံ ကြတာကြောင့် လွှတ်တော် က 10.10.2011 ရက်စွဲပါ ကြေငြာချက် နဲ့ ပြည့်တန်ဆာ လုပ်ငန်း ကို တရားဝင် ခွင့်ပြုလိုက်သည်။ ... ပုံ - ဟိုဟာဒီဟာများ။
      October 10 at 2:38pm · · 2 peopleLoading...
    • Andy Chen-Aung Win Htut ခွင့်ပြုသင့်ပါတယ်.......
      October 10 at 2:59pm · · 1 personLoading...
    • Lu Cifer
      အရောင်း အဝယ်ကိစ္စကြီး ဥပဒေထုပ်ပြီး တားမြစ်ထားတာ ဆိုတော့ လူငယ်ဘဝက တော်တော်စားပါတယ်၊
      ချာတိတ်တုန်းက ပိုဆိုးသေး အဒေါ်အပျိုကြီး သွားမေးမိလို့ အာလူးသီးထွက်အောင်လဲ ခေါင်းခေါက် ခံလိုက်ရတယ်၊ "နင်ကရာရာစစ... ဒါမေးစရာလားတဲ့"
      နောက်တော့ အမေကတိုးတိုးလေးခေ...ါ်ပြီးပြောတယ် "သား... မကောင်းတဲ့အလုပ်လုပ်စားတဲ့ အမျိုးသမီးတွေကိုခေါ်တာတဲ့၊ ကူးဆက်ရောဂါရတတ်တယ်တဲ့"
      ဘာရောဂါလဲဆိုတော့ အနူရောဂါတဲ့၊
      အောင်မြတ်လေးလေး..... Lucifer လေးလဲအတော် ကြောက်သွားတယ်၊ နောက်ပြီး အဲဒီအလုပ်လုပ်တဲ့လူတွေ ရွံရှာမိတာပေါ့ဗျာ၊ Leprocy ရောဂါဖြစ်တဲ့ခေတ်ကိုး၊ AIDS ကနောက်မှပေါ်တာ။
      ၂ ချက်တွေ့ရတယ်၊ Disease Control နဲ့ အမျိုးသားရေးရှုထောင့်က ကြည့်ပြီး နိုင်ငံသူတွေ လွယ်လွယ်အလုပ်လုပ်စားပြီး ပျက်စီးကုန်မှာစိုးရိမ်လို့ဖြစ်မယ်လို့တွေးမိပါတယ်။
      တကယ်တန်းက ပိုဆိုးလို့သွားခဲ့ပါပြီ၊
      အကြောင်းတရားတွေ စဉ်းစားကြပါကုန်၊
      တွေးမိတာကတော့ စည်းကမ်းဥပဒေတွေဆိုတာ ဆေးလိုပဲ အနာနဲ့ရောဂါ လွဲချော်မှု၊ လွဲချော်တဲ့အခါ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကြိုးများလဲ ရှိနိုင်ကြောင်းပါ။
      See More
    • Arkar Kyaw ဗုဒ္ဓ ဘုရားရှင် ပွင့်တော်မှုခဲ့စဉ်က ပြည့်တန်ဆာ အကြောင်းကို ဖတ်ကြည့်ပါ။

      အမ္ဗပါလီ – ပါရဂူ
      http://www.naytthit.net/wp-content/Library/01%20-%20poem/PRG5.pdf
      October 10 at 3:48pm · · 3 peopleLoading...
    • Thu Ta တားတား ကျောက်ကျောက်
      October 10 at 3:49pm · · 1 personLoading...
    • Ko Zaw Myanmar let me share
      October 10 at 3:58pm · · 1 personLoading...
    • Kyaw Myint အာကာကျော် ပြောတဲ့ ဘုရားရှင်လက်ထက်တော်က ပြည့်တန်ဆာ ဆိုတဲ့ အဓိပ္ပါယ် ကတမျိုး ဗျ ..အမ္ဗပါလီ ကိုဖတ်ကြည့်ဦး...ဆရာကြီးပါရဂူ ရေ လွဲကုန်ပြီခင်ဗျ...၊
      October 10 at 5:02pm · · 2 peopleLoading...
    • Arkar Kyaw ဘုရားရှင်လက်ထပ် ကတည်းက ရှိခဲ့တာ ဆိုတာကို ပြောနေကြလွန်းလို့
      ဖက်ကြည့် စေချင်တာ ...
      October 10 at 5:05pm · · 1 personLoading...
    • Arkar Kyaw လိုင်းကောင်းရင် ဆွဲလိုက်ကြနော့
      October 10 at 5:05pm ·
    • Laynuaye Mya ပြည့် တန်ဆာ ဆိုမှတော့
      October 10 at 5:22pm ·
    • Nyan Tint ကျွန်တော်ကတော့လေးစားတယ်ဗျ........ကိုယ်ခန္ဒာကိုရောင်းပြီးအသက်မွေးရတာ.ခင်ဗျားတို့ရောသူတို့လိုသတ္တိရှိလို့လား
      October 10 at 5:48pm · · 2 peopleLoading...
    • Hohar Dehar Myar ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်ပြီ ဆိုတာနဲ့ ပြည့်တန်ဆာ လေ့ကျင့်ရေး ကျောင်း ဖွင့်မယ်။ ဧည့်သည်တွေကို ဘယ်လို ဝန်ဆောင်မှု ပေးရမယ်၊ ကိုယ့်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံအောင် ဘယ်လို စည်းရုံး သိမ်းသွင်း ရမယ် စသည်ဖြင့် သင်ကြားလေ့ကျင့်ပေးမယ်... ဒါဆိုရင် ကျုပ်ကိုယ်တိုင် လည်း စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး ဖြစ်သွားမယ်... အမလေး ကောင်းလိုက်တာ...
      October 10 at 6:48pm · · 2 peopleLoading...
    • Ko Taw Gyi ဟေ့လူ ကျနော့်ကိုမန်နေဂျာခန့် ဗျာ
      October 10 at 7:43pm ·
    • Hohar Dehar Myar အင်း စဉ်းစားမယ်လေ... ခင်ဗျား က MBA ဘွဲ့ရလား? လုပ်ငန်း အတွေ့အကြုံ ဘာတွေ ရှိလဲ?
      October 10 at 8:06pm ·
    • Ko Taw Gyi လက်တွေ့ တွေ လုပ်ငန်းအတွေ့ ကြုံတွေကများလွန်းလို့  ဟီး
      October 10 at 8:07pm ·
    • Soe Thu ကောင်းလိုက်တဲမေးခွန်လေ နိုင်ငံတိုင်းမှာတို၇ှိတာပေ
      October 10 at 8:07pm ·
    • Hohar Dehar Myar ok... လက်တွေ့ လုပ်ငန်း အတွေ့အကြုံ များတဲ့ လူ ဆိုတော့ ခန့်ရမှာပေါ့ ကွာ။ ကျောင်းဖွင့်ဖြစ်ပြီ ဆိုတာနဲ့ အကြောင်းကြားလိုက်ပါ့မယ် မန်နေဂျာကြီး...
      October 10 at 8:09pm · · 1 personLoading...
    • Aungaung Naing ဘယ်အရာမဆိုအဆိုးတွေကြီးပဲပြောလို့မရပါဘူး....နည်းစနစ်မှန်မှန်နဲ့လုပ်ကြရင်....ပြည့်တဆာအလုပ်ဆိုတာ...မရှိလို့ဖြစ်တဲ့အရာမှမဟုတ်တာ...
      October 10 at 8:13pm ·
    • Utejadipati Ti ဘုရားရှင်က ပြည့်တန်ဆာတွေကို အများနည်းတူဘဲ တရားဓမ္မ ဟောညွန်ပြခဲ့ပါတယ်။
      October 10 at 8:46pm ·
    • Amt Dragon Amt မလုပ်နဲ့ ..ခုခေတ်မြန်မာပြည်စီပွားရေးကကောင်းတာမဟုတ်ဘူး..တရားဝင်ခွင့်ပြူလိုက်ရင်..၄၀%နှုန်းလောက်လုပ်စားကုန်လိမ့်မယ်....မကောင်းပါဘူးဗျာ...စီပွားရေကောင်းအောင်ပဲအရင်တိုက်တွန်းကြပါ...
      October 10 at 8:46pm · · 3 peopleKyaw Zin Moe and 2 others like this.
    • Myat Nyeinchan
      ပြည့်တန်ဆာကလဲလူသားပါပဲ...အလောင်းမင်းတရားကြီး ရန်ကုန်ကိုတည်တော့ ပြည့်တန်ဆာထားတယ်ဆိုပဲ
      ဒါပေမယ့် အဲ့ဒီခေတ်ကပြည့်တန်ဆာဆိုတာက လိင်ဝန်ဆောင်မှုတမျိုးထဲမဟုတ်ပဲ အဆိုအကပါပိုင်နိုင်တဲ့ မင်းမျိုးမင်းနွယ်ထဲကပဲရွေးချယ်သတဲ့..
      ဒါပေမယ့် လူဆိုတာ ယဉ်ကျေးမှု၊အတေ...ွးအခေါ်တိုးတက်မြင့်မားလာတက်တဲ့သတ္တ၀ါပါ..
      ရှေးခေတ်ကအယူတွေကို ဒီနေ့အချိန်မှာလက်ခံထားကျဦးမှာလား
      ပြည်တန်ဆာဆို ယောကျာ်းတွေကလဲတန်ဖိုးမထားကျပါဘူး
      ပြည်သူတွေကလဲ စက်ဆုပ်ကျပါတယ်
      ခေတ်သစ်မြန်မာ့အမြင်အရတော့ မထားသင့်ဘူးထင်တယ်..
      အခုထားမယ်ဆိုလည်း ဆင်းရဲတဲ့လူတွေပဲ လုပ်ကျမှာ..
      စီးပွားရေးတိုးတက်လာလို့ ချောင်လည်လာရင် ဘယ်သူမှစဉ်းစားမှာမဟုတ်ဘူး
      See More
      October 10 at 9:06pm · · 3 peopleInda Cariya and 2 others like this.
    • Bomb Burst We shouldn't encourage.But,education to prevent sexually transmitted disease should be.
      October 10 at 9:59pm ·
    • Bomb Burst Anyway,noone can forgive that behaviour except sympathy.
      October 10 at 10:00pm ·
    • Bomb Burst Actually,prostitutes r out of our Myanmar's culture.
      October 10 at 10:02pm · · 1 personLoading...
    • Htoochon Aung yes
      October 10 at 10:03pm ·
    • Lu Cifer
      တကယ်တန်း ကျနော်တို့ တိုင်းပြည်မှာ Sex Education ထိထိရောက်ရောက် လုပ်ဖို့ လိုနေပါတယ်၊
      UN ကသူငယ်ချင်း တယောက်ပြောပြတာ သူတို့ Survey လုပ်ခဲ့ရာမှာ ဗမာပြည်အလယ်ပိုင်း မြို့တမြို့မှာ HIV အဖြစ်အများဆုံးသွားတွေ့ခဲ့ရတယ်တဲ့ခင်ဗျ၊
      တကယ်လဲ နံမည်မထွက်တဲ...့မြို့မို့ အသေအချာ ဇစ်မြစ်ပြန်လိုက်တော့ တောနယ်ကလူတွေမှာ အဓိက အဖြစ်များနေတာ အံ့ဩစွာတွေ့ခဲ့ရတယ်လို့ဆိုပါတယ်၊
      ဘာကြောင့်လို့ထင်ပါသလဲ?
      နယ်စပ်ဒေသတွေမှာ အလုပ်သွားလုပ်ကြရင်း အသိဗဟုသုတမကြွယ်တော့ Virus Carrier ဖြစ်မှန်း မသိဖြစ်ခဲ့ကြရတယ်၊ ကျနော်သူတို့ကို အပြစ်မတင်စေချင်ပါဘူး၊
      လောကမှာ မိုးမှောင်ကျပြီး ဘယ်သူ့မှဖွင့်မပြောပဲ အံကြိတ်ရင်ဆိုင်ရတဲ့ နေ့တွေ၊ လတွေဖြတ်ကျော်ခဲ့ရဖူးပါတယ်။
      နောက်ပြီး ဒီအလုပ်ကို ပျော်ရွင်လို့ဆိုပြီး ဘယ်သူမှရွေးချယ် ကြမယ်မဟုတ်ပါဘူး၊
      သူတို့နဲ့ လောက ဘေးကင်းမဲ့ Space လေးတခု ဖန်တီးပေးသင့်ကြောင်းပါ။
      See More
      October 10 at 11:48pm · · 1 personChilli Lady likes this.
    • Chit Thu အဲဒီ့သူတွေကဗဟုသုတမရှိကြလို့ဖြစ်ကြတာမြန်မာပြည်ရဲ့ကျန်းမာရေးစနစ်ကိုဒီ့ထက်တိုးပီးကောင်းအောင်လုပ်သင့်နေပီပီးတော့လူတွေကစားဝတ်နေရေးအတွက်မလုပ်ချင်ဘဲလုပ်နေရသူတွေအများကြီးဘဲလေအထက်ကကုတ်ခွပီးသွေးစုတ်တဲ့သူတွေရှိနေသရွှေ့တော့အဲဒီ့လိုအလုပ်တွေကပျောက်သွားမှာမဟုတ်ဘူးလို့ထင်တယ်
      October 10 at 11:51pm · · 2 peopleLoading...
    • Isis Bug ပြည့်တန်ဆာလုပ်တဲ့သူကိုလေးစားတယ်ဆိုရင်မင်းညီမက ပြည့်တန်ဆာ
      လုပ်တယ်ဆိုရင်လေးစားနိုင်ပါမလား...
      October 10 at 11:59pm ·
    • Lu Cifer ခက်ပြီ၊ ညီလေးရေ ဘယ်သူမှ Personal Attack လုပ်မနေဘူးနော်၊
      October 11 at 12:06am · · 2 peopleLoading...
    • Isis Bug ပြည့်တန်ဆာလုပ်တာဟာသတ္တိရှိလို့လုပ်တာမဟုတ်ဘူး..ငတ်လို့လုပ်တာ..
      October 11 at 12:07am ·
    • Lu Cifer လက္ခံတယ်ညီ၊ အဲဒါ မှန်တဲ့အကြောင်းတရားတခုပါ၊
      October 11 at 12:13am ·
    • Lu Cifer အဲဒီ အကြောင်းတရားကနေ ပြည့်တန်ဆာ မဖြစ်ရအောင်ပေါ့ကွာ ဘယ်လိုလုပ်ကြမလဲ?
      October 11 at 12:18am ·
    • Myat Nyeinchan ဆင်းရဲ မှုတွေကျဆင်းသွားရင် ဒါမှမဟုတ် အစိုးရက လူမှုဖူလုံရေးစရိတ်တွေပေးနိုင်လာရင် ပျောက်သွားမလား...
      October 11 at 9:26pm ·
    • Hohar Dehar Myar ပျောက်မသွားနိုင်ဘူး ကိုယ့်လူ... တိုင်းပြည် တစ်ပြည် ချမ်းသာ လာတဲ့ အခါ ပြည့်တန်ဆာ လုပ်ငန်း က ပုံစံ တစ်မျိုးနဲ့ ပေါ်လာလိမ့်မယ်။ ဆင်းရဲ တဲ့ နိုင်ငံတွေ ဆီက ဆယ်ကျော်သက်မိန်းကလေး တွေ လာမယ်။ ချမ်းသာ လာတဲ့ ကိုယ့် နိုင်ငံက လူတွေက အားအားယားယား ကမြင်းမယ်... ကဲ... ဘာဆက်လုပ်မလဲ...
      Wednesday at 7:15pm ·
    • Myat Nyeinchan ဒါဆိုကျွန်တော်တို့ ဒီလုပ်ငန်းကိုကြိုဆိုကျမလား.....ကန့်ကွက်မှာလား
      ခက်တာက ဘာသာရေးမှာလဲ ခါးခါးသီးသီးကန့်ကွက်တာတွေမရှိဘူး
      Wednesday at 9:50pm ·
    • Myat Nyeinchan လူမှုဝန်းကျင်ကပဲ မနှစ်သက်ကျတာဆိုတော့........
      Wednesday at 9:53pm ·
    • Nyan Lynn Myint Let me share bro...........
      Wednesday at 10:02pm ·
    • Lu Bo စိတ်ဝင်စားစရာနဲ့ ကျနော်တို့ စဉ်းစားသင့်တဲ့ မေးခွန်းတခုပါ
      2 minutes ago ·

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...