Friday, October 14, 2011

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်

Cloud Cuckoo Land created a doc.
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြု

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက လွှတ်တော်သို့ စက်တင်ဘာလ ၂၆ ရက် နေ့တွင် တင်သွင်းခဲ့သော 'ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း'အား ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၃၀ ရက်မြောက် (အောက်တိုဘာ ၃ ရက်) နေ့တွင်ြ...ပည်သူ့ လွှတ်တော်က ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ ဖျက်သိမ်းချက် စုစုပေါင်း ၁၃ ချက် တို့ဖြင့် အတည်ပြုလိုက်ပြီဖြစ်သည်။
လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ နိုင်ငံသားတို့က လွတ်လပ်စွာ သုံးစွဲဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက် ဖြင့် ရေးဆွဲထားသော အဆိုပါ ဥပဒေ ကြမ်းတွင် အခန်းရှစ်ခန်း ပါဝင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော် မတီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များက ဥပဒေကြမ်းပါ အစိတ် အပိုင်း များကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေး၍ အတည်ပြုခဲ့ကြရာ 'စီတန်း လှည့်လည်ရာတွင် ကြွေးကြော်ခွင့်ရရှိရေး'၊ 'စီတန်းလှည့် လည်ခွင့်ကို ရုပ်သိမ်း မည့်အခါ တရားဝင်စာဖြင့် ရုပ်သိမ်းရေး' စသည့် ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ ဖျက်သိမ်းချက်များဖြင့် အတည်ပြုနိုင်ခဲ့ ခြင်းဖြစ်သည်။


"ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာ မှာ နှုတ်ပိတ်နေရမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးကို ပိတ်ပင် ရာကျမယ်။ ကြွေးကြော်သံမပါဘဲ အသံ တိတ် စီတန်းလှည့်လည်မှုဟာ သံချပ် မပါတဲ့ သင်္ကြန်ယိမ်းလို အသည်းနှလုံး ပျောက်ကွယ်နေပါလိမ့်မယ်။ 

"ဒါ့ကြောင့် 'ခွင့်ပြုထားသော ကြွေးကြော်သံများ ကြွေးကြော်ခွင့်ရှိသည်'လို့ ကျွန်တော် ပြင်ဆင်ထားပါတယ်။ ဥပဒေကြမ်းကို စဉ်းစားရာမှာ လုံခြုံရေးရှုထောင့်က စဉ်းစားရသလို နိုင်ငံရေး အကျိုးအမြတ်ရှုထောင့် ကလည်း စဉ်းစားသင့်ပါတယ်။ ရေရှည်မှာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီ ဥပဓိရုပ် ဘယ်လောက်ရှိလာမလဲဆိုတဲ့ အချက်ကိုပါ။ စဉ်းစားပြီး ဥပဒေကြမ်း ကို ရေးသင့်တာ ဖြစ်လို့ ဒီပြင်ဆင်ချက်အဆိုကို တင်သွင်းရတာ ဖြစ်ပါတယ်"ဟု အဆိုပါဥပဒေ ကြမ်း အပိုဒ်(၁၂) အပိုဒ်ခွဲ(င)တွင် ပါရှိ သော 'ကြွေးကြော်ခြင်းနှင့် အော်ဟစ်ခြင်းများ မပြုလုပ်ရ'ဟူသည့် စာသားနေရာ တွင် 'ခွင့်ပြုထားသော ကြွေးကြော်သံများ မှအပ ကြွေးကြော်ခြင်းနှင့် အော်ဟစ်ခြင်း မပြုရ'ဟူသော စာသားကို အစားထိုးရန် အဆိုအား တင်သွင်းခဲ့သူ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်၊ဦးသိန်းညွန့်က၊လွှတ်တော်သို့ တင်ပြခဲ့သည်။

မူလဥပဒေကြမ်းကို ရေးဆွဲသော ပြည်ထောင်စု အစိုးရကိုယ်စား ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက "ပြင်ဆင်ချက်အဆိုရှင် ဦးသိန်းညွန့်ရဲ့အဆိုဟာ စည်းကမ်းရှိပြီး ဒီမိုကရေစီသဘောကို ဆောင်သည့်အတွက် ဒီပြင်ဆင်ချက်အဆိုနှင့် ပတ် သက်ပြီး တင်ပြရန်မရှိပါ"ဟု ထောက်ခံစကား ပြောကြား ခဲ့သောကြောင့် ပြည်သူ့ လွှတ်တော်၏ သမိုင်းဝင်အဆိုများ၌ ဦးသိန်းညွန့်၏အဆိုသည် အနိုင်ရကာ အတည်ဖြစ်ခဲ့သည်။
အလားတူ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီ၏ ပြင်ဆင်၊ ဖြည့်စွက်ချက်အဆိုများ၊ ပယ်ဖျက်ပေးရန် အဆိုများနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၏ အဆိုများ စုစုပေါင်း ၁၃ ခု ကို အတည်ပြုနိုင်ခဲ့သည်။

စိုးသန်းလင်း
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁)မြန်မာတိုင်း(မ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...