Saturday, October 15, 2011

ကံကိုယုံ ဆူးပုံနင်း မလားစဉ်းစား

Cloud Cuckoo Land created a doc.
ဆရာ ခုနတုန်းက ဆရာပြောခဲ့တဲ့ “တန်ခိုးရှင်” ဆိုတာ ဘယ်သူလဲဟင် မြန် မြန်လေး ပြောပြပါဆရာ။ ဆရာကကောင်းခန်းကျမှ ဖြတ်ဖြတ်ထားသလိုပဲ ဆရာနဲ့စကားပြောရတာ ဆန့် တငံ့ငံ့နဲ့  သူဖုန်းပြော၍ အပြီးမှာပဲ သူသူဆို သည့် ငတိမလေး အပူတပြင်း တောင်းဆို ပါတော့သည်။ “အော် သူသူ သူသူ ကလေးဆိုးကြီးလိုပါပဲလား” ကိုမိုးက အားနာဟန်နှင့် သူ့ ဇနီး ချောကလေးကို ဟန့် လေ၏။ “ဟေ့သူသူ ဆရာ သဘောကောင်း တိုင်း ဒီလိုမဆိုးနဲ့ လေ ဆရာပြော...ပြမှာ ပေါ့၊ ဆရာ ခဏလောက်နားပါစေဦးလား ဘယ်နှယ်ကြောင့် အလောတကြီးဖြစ် နေရတာလဲ။ အဲ့သလို ပြောတော့မှ သူသူ ဆိုသည့်ငတိမလေး တစ်ယောက် ခေါင်းကလေးကိုပု လျှာကလေးတစ်လစ်ထုတ်၍ ပြာပြာသလဲ တောင်းပန်ရှာလေ၏။
ကန်တော့နော် ဆရာ ကန်တော့ ကန်တော့ သမီး သိချင်စိတ်နဲ့  အလော တကြီးဖြစ်သွားလို့  ခုလို ဆရာ့ကို မရိုမ သေမလေးမစားသလိုဖြစ်သွားတာကို ခွင့် လွှတ်ပါနော်။ သူတို့ နှစ်ယောက်၏ အမူအရာကို ကြည့်ပြီး ဒေါက်တာငြိမ်းချမ်းတစ်ယောက် ဟက်ဟက်ပက်ပက်ရယ်မောမိလေတော့ သည်။ သူတို့ လေးတွေနှင့်စကားပြောရတာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပျော် ရွှင်ဖွယ်အတိ ခုပဲကြည့် အစောပိုင်းက တော့ သူတို့ မူလပြဿနာဖြစ်သည့် ဇာ ခန်းဆီးနောက်ကွယ်က ချစ်မှုရေးရာပြဿ နာများအကြောင်းဆွေးနွေးရာမှ ပြောရင်း ပြောရင်း နောက်ဆုံး ဘဝနေနည်းနိသျည်း တွေအကြောင်း တရွေ့ရွေ့နှင့်လမ်းကြောင်း ပြောင်းသွားခဲ့သည်ပဲလေ။ “ခွင့်လွှတ်ပါတယ်သူသူရယ်၊ ဆရာ့  စိတ်ထဲဘယ်လိုမှကို အမှတ်မထားပါဘူး။
သမီးတို့ နှစ်ယောက်နဲ့  စကားပြောရတာကို ဆရာကတော်တော်ပျော်နေတာ၊ သမီးတို့  ကိုပြောရင်းနဲ့  ဆရာ့စိတ်နဲ့  ဆရာကိုယ် လည်း ပြန်ကြည့်ဖြစ် သုံးသပ်ဝေဖန်ဖြစ် သွားတယ်။ ဆရာ့တို့ ကိုယ်တိုင်လည်း ဟောဒီလူလောကကြီထဲက ကျင်လည်နေ ရချိန်မှာ မှန်ကန်စွာနေတတ်ဖို့  ဘဝနေ နည်းအမှန်ကိုသိဖို့ သိပ်အရေးကြီးတယ်။ အဲ့သလို သိဖို့ ဆိုတာကလည်း စာတွေဖတ် ဖို့ လိုတယ်။ စာတွေထဲမှာ လူတွေ လူ တွေရဲ့ အတွေ့အကြုံတွေ အတွေးအခေါ် အယူအဆတွေကို လေ့လာလို့ ရတယ်။ မှားတာတွေကိုရှောင် ကောင်းတာတွေကို အတုယူဖို့ လိုတယ်။ သင်ခန်းစာတွေကို လည်း ယူတတ်ဖို့ လိုတယ်။ စာတွေများ များဖတ်ရင် အသိပညာတွေ တဖြည်း ဖြည်းနဲ့  ပိုပိုပြီြးွကယ်ဝလာမယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း မကြာခဏ ရပ်ရပ် ပြီး လေ့လာသုံးသပ်ဝေဖန်ကြည့်ဖို့ လို တယ်။ ဒါမှ ကိုယ့်ကိုယ်ကို အမှားတွေ လုပ်နေသလား၊ အမှန်တွေမှ လုပ်ရဲ့လား ဆိုတာပိုပြီးသိသိလာမှာပေါ့။


လမ်းမှား ဘက်ကိုရောက်သွားမယ်ဆိုရင်လည်း လမ်း မှန်ကိုပြန်ရောက်အောင် ကိုယ့်ကိုယ်ကို ဆွဲခေါ်ရမယ်။ “သိ” ရုံနဲ့  မပြီးသေးဘူး။ ကိုယ်သိတဲ့အတိုင်း ကျင့်ဖို့ က ပိုအရေး ကြီးတယ်။ သိတော့သိပါရဲ့ သိတဲ့ အတိုင်း တကယ်လက်တွေ့မှာမကျင့်ကြံရင် ဘာဆို ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး။ သိသိကြီး တွေနဲ့ မှားတာတွေက ပိုလို့ တောင်ဆိုးဝါး သေးတာပေါ့ကွာ။ လူတစ်ယောက်ဟာ အမှားကို မှား တယ်လို့ မသိဘူး။ မသိပဲအမှားလုပ်မိတယ်။ ဒါဆိုဒီလူဟာ “လူအ” ပဲ။ မှာလို့ မှားမှန်း တောင်မသိအောင် “အ” တယ်လို့ ပြောရ မယ်။ နောက်လူတစ်ယောက်ကတော့ မှား တာကိုမှားမှန်းသိတယ်။ ဒါပေမဲ့ သိသိကြီး နဲ့ ကို အဲဒီအမှားကိုဆက်လုပ်တယ်။ အဲ့ဒီ လူဟာ “လူမိုက်”ပဲ မိုက်တွင်းနက်တဲ့ လူလို့  ပြောလို့ ရတာပေါ့။
နောက်လူတစ် ယောက်ကတော့ မှားတာကိုမှားမှန်းသိ တယ်။ မှားမှန်းသိလို့  နောက်ထပ်မလုပ် တော့ဘူး။ အမှားကိုရှောင်ပြီးအမှန်ကိုပဲ လုပ်တော့တယ်။ အဲဒီလူဟာ “လူလိမ္မာ ပဲဖြစ်တယ်” ဒါကြောင့်ကိုယ့်ကိုယ်ကို “လူအ” လား “လူမိုက်” လား “လူလိမ္မာ” လားဆိုတာကို မကြာမကြာပြန်ပြန်ပြီး အရှိကိုအရှိအတိုင်း မညာစတမ်းစစ်ဆေး ဝေဖန်ကြည့်ရမယ်။ အဲ့ဒါမှ ကိုယ့်မှားနေ ရင်အချိန်မီသိပြီး အမှန်ကိုပြင်နိုင်မှာဖြစ် တယ်” အခုလို သမီးတို့ နဲ့  ဘဝနေနည်း လေးတွေအကြောင်းဆွေးနွေးရတာ ဆရာ့  အတွက်လည်းတကယ့်ကို အကျိုးရှိတာမို့  ဆရာကကျေးဇူးတင်ပါတယ်။ “ကြံကြံဖန်ဖန်ဆရာရယ် သမီးတို့ က ဆရာ့ရဲ့ အချိန်တွေကိုလည်းလာပြီး လုယူ နေကြသေးတယ်။ အလုပ်အလွန်များတဲ့ ဆရာ့ကိုလာပြီးနှောက်ယှက်နေသလို ဖြစ်မှာကိုစိုးရိမ်နေတာ။



အခုလိုဆရာက အကျိုးရှိတယ်ပြောလိုက်လို့  သမီးစိတ်ထဲ နည်းနည်းအေးချမ်းသွားမိတယ်။ အစက လာသာလာရတယ်။ ဆရာ့ကို အနှောက် အယှက်တွေပေးမိသလိုဖြစ်သွားမှာကို အရမ်းကိုပူပန်နေမိတာ” ဟုသူသူကလည်း စိတ်သက်သာရသွားဟန်နှင့် ရင်ဘတ် ကလေးကိုအသာဖိရင်းပြောလေ၏။ ကိုင်း သမီးတို့ ရေ ခုနကသမီးတို့ သိ ချင်နေတဲ့ တန်ခိုးရှင်ဆိုတာ လူတွေရဲ့ ဘဝတွေကိုသူ့ စိတ်ကြိုက်ဖန်တီးချယ်လှယ် နိုင်လွန်းလို့  သူ့ ကိုအဲ့သလို ခေါ်လိုက်တာ အဲ့ဒီတန်ခိုးရှင်ကတော့ “ကုသိုလ်ကံကြမ္မာ” ပဲဖြစ်တယ် သမီးတို့ ရေ။ အဲ့ဒါကို သမီး တို့ နှစ်ယောက်လက်ခံကြရဲ့လား သူသူက မျက်မှောင်လေးအသာ ကြုံ ရင်းတွေတွေဝေဝေလေးစဉ်းစားနေချိန်မှာပဲ ကိုမိုးဆီက ရုတ်ခြည်းအသံထွက်လာလေ ၏။
“ဟင် ကျွန်တော်က ဆရာ့ကိုဒီလို မျိုး ကံကြမ္မာဆိုတာကြီးကို ယုံတတ်တဲ့ သူလို့ လုံးဝမထင်ခဲ့မိဘူးဆရာ၊ ဆရာဟာ လက်တွေ့ကျကျ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားအားထုတ် ရင်း ဒီလိုမျိုးနေရာကိုရောက်လာခဲ့တာလို့  ထင်မှတ်ထားခဲ့တာ အခုတော့ ဆရာဒီလို မျိုးပြောလိုက်တာကို တကယ့်ကို ဆရာ ကိုယ်တိုင်က ဒီအတိုင်းယုံကြည်လို့ လား။ တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့် လား။ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်က တော့ ကံကိုမယုံဘူး။ တစ်ခုခုဖြစ်လာရင် ကံကိုလွှဲချကြတာဟာ ပျော့ညံ့တဲ့လူတွေမှ လုပ်တာလို့  ကျွန်တော်က ယူဆထားတာ ဆရာကရော ဘာကြောင့်အဲ့သလို ယုံ ကြည်ရတာလဲဆရာ။ တကယ်တမ်းကျ တော့ လူတစ်ယောက်ဟာ သူ့ ရဲ့ ကိုယ် စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားအား ထုတ်ဖို့ ကသာ အဓိကမဟုတ်လား။ ကံ ကောင်းတယ်ကံဆိုးတယ်ဆိုပြီး လက်လွှဲ မချရဘူးလို့ ပဲ ကျွန်တော်ကတော့ ဘဝ တစ်လျောက်လုံးမှာသိထားယုံကြည်ထားခဲ့ တာ။ လူတစ်ယောက်ရဲ့ အောင်မြင်မှုဆုံး ရှုံးမှုတွေဟာသူ့ ရဲ့ ဇွဲလုံ့ လဝိရိယရှိရှိနဲ့  ကြိုး စားအားထုတ်မူတွေပေါ်မှာပဲ အဓိကမူ တည်နေတယ်လို့  ကျွန်တော်ကတော့ယုံ ကြည်တယ်။


ကံကောင်းရင် ကြီးပွားမှာပဲ ကံဆိုးရင်တော့ မကြီးပွားလို့ ဆိုပြီး ထိုင် စောင့်နေလို့ တော့ ဘယ်ရပါ့မလဲဆရာ မ ဟုတ်ဘူးလား၊ ကံကိုယုံပြီး ဆူးပုံကိုနင်း လို့ ရောဖြစ်ပါ့မလား။ သမီးကတော့ကံကိုယုံတယ်။ ဆရာ ပြောတာကို အကြွင်းမဲ့လက်ခံတယ်။ ဟောဒီလူ့ လောကကြီးမှာကုသိုလ်ကံတရား ဆိုတာ အရေးအကြီးဆုံးပဲဆိုတာ သမီး တကယ့်ကိုလက်ခံတယ်။ ဒီနေ့ ပဲ ဆရာ့ဆီ လာတဲ့လမ်းမှာ မီးပွိုင့်တွေမှာကားရပ်တော့ ကလေးငယ်ငယ်လေးတွေ ပန်းကုံးက လေးကိုင်ပြီး ပန်းလိုက်ရောင်းနေကြရ တယ်။ သူတို့ အရွယ်တခြားကလေးတွေက စာသင်ကျောင်းကိုသွားနေတဲ့အချိန်မှာ ဒီ ကလေးတွေကကျတော့ လမ်းပေါ်မှာ ပန်း ရောင်းတဲ့သူရောင်း။ ပလတ်စတစ်အိတ် ကလေးတွေလိုက်ကောက်တဲ့သူကကောက် လိုက်ပြီးတောင်းတဲ့သူကတောင်းနဲ့  ဒီက လေးတွေ တစ်ယောက်နဲ့  တစ်ယောက် ဘာတွေကွာခြားနေကြလို့ လဲ သူတို့ ရဲ့ ဥာဏ် ပညာတွေကြိုးစားအားထုတ်မှုတွေ ဇွဲလုံ့  လဝိရိယတွေ ဒါတွေ ဒါတွေက ကွာခြား နေတယ်လို့ များပြောလို့ ရမလား။
သမီးစဉ်းစားမိတာကတော့ သမီး ဆိုရင်ကုသိုလ်ကံကောင်းထောက်မလို့  အခုသမီး ဖေဖေမေမေတို့ လို ချမ်းသာ ကြွယ်ဝပြီး အရာရာပြည့်စုံတဲ့ မိဘတွေရဲ့ ဝမ်းထဲမှာဝင်စားခွင့်ရခဲ့လို့ သာ အခုလို ဘဝမှာ အေးအေးသက်သာ ခြေမွေးမီးမ လောင်၊ လက်မွေးမီးမလောင် ရွှေပေါ်မြ တင်နေနိုင်တာမဟုတ်လား။ သမီးသာ ခုနကပြောတဲ့ လမ်းပေါ်ကကလေးလေး တွေရဲ့ မိဘတွေရဲ့ ဝမ်းထဲမှာသာသွားပြီး ဝင်စားမိသွားမယ်ဆိုရင် သမီးအခုလိုကို မိုးနဲ့ တွေ့ပြီး လက်ထပ်ခွင့်ရဖို့ နေနေသာသာ ကိုမိုးက သမီးလမ်းမှာ သူ့ ကိုပန်းလာ ရောင်းရင်တောင် ဝယ်မှာမို့ လို့ လား။ ပန်း ရောင်းနေရတဲ့ နုံချာတဲ့ဘဝမျိုးဆိုရင်ရော ကိုမိုးက သမီးကို အခုလိုကြိုက်ပါ့မလားလို့  သမီးကတော့ သံသယဖြစ်မိတယ်။ ဟုတ် တယ်။ ပြောရင်းပြောရင်းနဲ့ စိတ်ထဲမှာ တောင် တစ်မျိုးကြီးဖြစ်နေမိတယ်။ ကိုမိုး က သမီးကို မိဘတွေချမ်းသာ သမီးက လည်းတတ် သူဌေးသမီး ရုပ်ကလည်း ချောလို့ သာကြိုက်တာမဟုတ်လား။


ပြော စမ်းမှန်မှန်ပြောစမ်း သူသူသာလမ်းဘေး မှာပန်းရောင်းနေတဲ့ ကောင်မလေးဆိုရင် ကြိုက်မှာလားဆိုတာလေ” ဟုပြောရင်း ကိုမိုးအား ပုဇွန်ဆိတ်ကဲ့သို့  ပြူးကျယ်သော မျက်လုံးကြီးတွေနှင့်စိုက်ကြည့်ကာ ကိုမိုး “ရှေ့တွင် ခါးထောက်၍ ရပ်လိုက်၏။ ကိုမိုး ခမြာ ထိုမေးခွန်းကို ဘယ်သို့ ဘယ်ပုံဖြေရ မည်နည်း။ ရုတ်တရက် စကားရှာရခက် နေဟန်တူ၏။ ဒီကောင်လေးတော့ အကြီး အကျယ် အကြပ်ရိုက်နေပြီ “မကြိုက်ဘူး ဟု အမှန်အတိုင်းဖြေလျှင်လည်း ရွှေစိတ် တော်ကွေးနေအောင်ကောက်လိမ့်မည်။ “ကြိုက်မှာပေါ့” ဟု ပြောလျှင် မရွှေသူသူ က “ယုံတော်မူလိမ့်မည်ဟုထင်ပါသလား” ကိုမိုးတော့ ဇတ်ကိုအသာပု ပုခုံးကိုအသာ တွန့်  ခေါင်းကိုတဗျင်းဗျင်းမြည်အောင် ကုတ်ရင်း ဒေါက်တာငြိမ်းချမ်းအား စစ်ကူ တောင်းသည့်အကြည့်နှင့် ကြည့်လိုက် တော့၏။


ဒေါက်တာစိုးလွင်
  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...