Monday, October 24, 2011

လူငယ်တိုးတက်ရေးနှုတ်တလုံးဖြင့် မပျက်စီးစေနှင့်

by Moenge Aung on Tuesday, October 25, 2011 at 8:52am

လူတိုင်းဟာ အထင်ကြီးတာကို ခံချင်ကြပါတယ် ..။ အထင်ကြီးခံချင်တယ်ဆိုရာမှာ မိမိမှာအထင်ကြီးစရာရှိမှ အထင်ကြီးခံရတာကောင်းပါတယ် ။ အထင်ကြီးစရာ မရှိပဲ အထင်ကြီးခံချင်တာကတော့ လူ့ငပေါပဲလို့သာ ဆိုချင်မိပါတယ် .။ လူတစ်ယောက်အနေနဲ့ သူတပါး အထင်ကြီးတာကို ဂရုစိုက်နေရင် ဒီလူဟာ မူမမှန်တဲ့သူပါ .။ ဘယ်လိုမူမမှန်လဲဆိုရင် တဖက်သားရဲ့ အထင်အမြင်ကို အရမ်းနှစ်သက်နေသလိုပါပဲ .။ တဖက်သားက အကောင်းထင်မြင်ရင် ကိစ္စမဟုတ်ပဲ အဆိုးထင်မြင်လိုက်ပါက အဲ့ဒီလူဟာ ထင်မြင်ချက်အောက်မှာ ပြားပြားဝပ်သွားနိုင်ပါတယ် ..။ အထင်ကြီးကြီး မကြီးကြီး အရည်အချင်းက အရည်အချင်းပါပဲ လျှော့မသွားပါဘူး ။

လူတွေထဲက လေးစားထိုက်တဲ့သူတွေကို လေးစားကြစေချင်ပါတယ် ..။ မလေးစားထိုက်သူကို သူ့အဆင့်နဲ့သူအရေးဖြင့် ဆက်ဆံစေချင်ပါတယ် .။ ခုခေတ် လူငယ်တွေအများစုတွေ့နေရတာကတော့ မလေးမစား နာမ်စားသုံးရာမှာ ပေါ့ပေါ့လေးနဲ့ သုံးနှုန်းပြီး မိမိကိုယ်ကို အပြစ်ကြီးအောင် လုပ်နေတာပါပဲ ..။ တချို့လူငယ်တွေ ပြောစကားတွေ တွေ့နေရပါတယ် ..။ .. “ ဒီဘဲကြီးက မိုက်တယ် ဘာညာ သာရကာ ” စသဖြင့် ဘဲကြီးဆိုတဲ့ အသုံးကို အရိုင်းသုံးမှန်းမသိပဲ သုံးနေကြတာတွေ့မိပါတယ် ..။ သူတို့အမြင်မှာတော့ သူတို့ထက် အသက်ကြီးသူကို ဘဲကြီး အဖြစ် သတ်မှတ်ပြီး ငယ်တဲ့သူကို ဘဲလေး အဖြစ် သတ်မှတ်ထားပုံကြပါတယ် ..။ သို့သော် နှုတ်ထွက်စကားလုံးဟာဖြင့် ကြားမိသူကို စိတ်ကွက်စေနိုင်ပါတယ် ..။ အသက်ကြီးသူကို ဘဲကြီးခေါ်ခေါ်နေတဲ့အကျင့်ဟာ ကြာလာရင် ကိုယ့်အဖေကိုတောင် ဘဲကြီး . ဘဲကြီးနဲ့ ဆိုပြီး သုံးနှုန်း ခေါ်လာနိုင်ပါတယ် ..။ ဒါဟာ ယဉ်ကျေးမှုအနေနဲ့ ကြည့်မယ်ဆိုရင် ဖျက်ဆီးနေတဲ့ သဘောကို မြင်တွေ့နေရပါတယ် ..။
ထိုသို့ လူငယ်တွေအနေနဲ့ နှုတ်သုံး အနေခြင်းကို ခေတ်အဖြစ်ပြောင်းလဲခြင်းလို့ ဆိုချင်ပေမဲ့ ဒါက အဆိုးဘက်ကို ပြောင်းလဲခြင်းလို့ ထင်ပါတယ် ..။ သုံးနှုန်းသင့်တာနဲ့ ဖီလာဆန်ကာ သုံးနှုန်းခြင်းကို ဘယ်သူ့နားမှာမှ အဝင်မချိုနိုင်ပါဘူး ..။ မည်သူမျှ အခေါ်မခံချင်ကြပါဘူး ။ ဒီလို နားဝင်မချိုတဲ့စကားလုံးတွေကို လူငယ်တွေအနေနဲ့ မသုံးသင့်ပါဘူး ။ ကိုယ့်နိုင်ငံတိုးတက်ချင်တယ်ဆိုရင် အများလေးစားတဲ့ နိုင်ငံသားတွေ ဖြစ်ချင်တယ်ဆိုရင် ဒါတွေကို လူငယ်တစ်ယောက်အနေနဲ့ စောင့်ထိန်းသင့်ပါတယ် .. ။ တခြားတစ်ယောက်က ထိုသို့ ပြောနေရင်လည်း လိုက်ပြီး သဘောကျတဲ့ပုံစံ မဖြစ်စေချင်ပါဘူး ။ ဘာလို့လဲဆို လူတိုင်းက လူအထင်ကြီးတာကို ခံချင်နေကြတာမို့ပါ ..။ ဘယ်လောက်တောင် လူအထင်ကြီးတာခံချင်နေလဲဆိုရင် မကောင်းတာကောင်းတာဆိုတာကို စဉ်းစားခြင်း မရှိတော့လောက်အောင်ပါပဲ ..။
ကျနော် လူငယ်တွေကို အပြစ်ပြောနေခြင်းမဟုတ်ပါဘူး ။.. လူငယ်တွေအနေနဲ့ ဘဝလမ်းတလျှောက် အသိဥာဏ်ထွန်းတောက်ဖို့အတွက် အထောက်အပံ့အဖြစ် အနည်းငယ် ရစေချင်လို့ ပြောနေတာပါ .။ နှုတ်စကားဟာ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရာမှာ အခရာ အကျဆုံးမို့ အရည်အချင်းရှိတဲ့ စကားလုံးများဖြင့် ၊ လေယူလေသိမ်းများဖြင့် ၊ လူအများနားဝင်လက်ခံတဲ့ စကားလုံးများအဖြစ် သုံးနှုန်းစေပြီး ဆက်ဆံပြောဆိုစေချင်ပါတယ် .။ ဒီစကားက ဒီစကားသာဆိုပေမဲ့ .. အောက်ကျတာချင်းအတူတူ လွှတ်ချတာနဲ့ ညင်ညင်သာသာလေးချတာ ကွာခြားသလိုပါပဲ ..။ စကားလုံးသုံးခြင်းတွေရဲ့ အကျိုးအပြစ်တွေကို သိပြီး လူငယ်တိုင်း နှုတ်စောင့်စည်းမှု ရှိစေချင်ပါတယ် ။ လူငယ်လို့ ဆိုပေမဲ့ လူကြီးတွေလည်း မရှိရဘူးလားဆိုရင်တော့ လူကြီးက လူငယ်ထက်ပိုကြီးတာပဲ ပိုပြီး ဂရုစိုက်ရမှာပေါ့ ။ လူကြီးမှာ အတွေ့အကြုံတွေများသလောက် လုပ်ရပ်တွေ စကားတွေဟာလည်း ကျင်လည်ကျွမ်းကျင် ပါးနပ်မှုတွေနဲ့သာ တန်ဆာဆင်စေချင်ပါတယ် ။
နှုတ်စောင့်စည်းမှု ၊ နှုတ်ချိုသာမှုနဲ့ ပတ်သက်ပြီး “ကျနော်ကတော့ အကျင့်ပါနေလို့ပါ ပြင်လို့မရတော့ဘူး” စသဖြင့် အထွန့်တက်မေးလာမည်ဆိုပါက .. ပြင်မရခြင်းသည် မရှိပါဟုသာ ပြောချင်ပါတယ် ..။ ဟိုးပုဂံခေတ်ကလို ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးကျည်ပွေ့ အတွက် အသက်ကြီးမှ စာအံရာမှာ ကျည်ပွေ့အတက်ပေါက် သလို စာပေကျမ်းဂန်တွေကို တတ်မြောက်ပြီး ပြောင်းလဲနိုင်တယ်ဆိုတာကို မမေ့စေချင်ပါဘူး ..။ တစ်ခုတော့ အကူအညီအနေနဲ့ ပြောပြချင်ပါတယ် ..။ စကားပြောရာမှာ ထိန်းဖို့အတွက် ၊ နှုတ်ချိုသာအောင် ပြုပြင်ပြောနိုင်ဖို့အတွက် သတိ လိုပါတယ် .။ သတိရှိနေရင် ဘယ်လိုပြောရမယ်ဆိုတာ သိလာပါလိမ့်မယ် ..။
ဒီပို့စ်ဟာ သိစေချင်တာကို မျှဝေတဲ့သဘောမျိုးပါ ..။ ကျနော်ကိုယ်တိုင်လည်း သတိမမြဲပါဘူး ။ အထက်ကပြောခဲ့သလိုပဲ ကိုယ်ကိုယ်တိုင် လိုက်နာနိုင်ဖို့ ကြိုးစားနေပါတယ် ..။ ခုလို မတည်ငြိမ်နိုင်သေးတဲ့ ဘဝတွေမှာ အချင်းချင်း မျှဝေစရာရှိတာ မျှဝေ ၊ ကူညီစရာရှိတာ ကူညီရင်း လျှောက်လှမ်းနေခြင်းပါ ..။
ဘာနေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...