Monday, October 24, 2011

အကောင်း အဆိုး အကြောင်း အကျိုးသင့်ဖို့လို

ကိုမန်းကိုကိုနှင့် ဟစ်တိုင်အဖွဲ့သားများခင်ဗျာ
နိုင်ငံရေးသမားတယောက် နိုင်ငံရေးလုပ်ခဲ့လို့ ထွက်ပြေးနိုင်ရင် နယ်စပ်ပါ၊ နယ်စပ်ကနေ တတိယနိုင်ငံကို ဒီမိုကရေစီနိုင်ငံတနိုင်ငံက လက်ခံခေါ်ယူမှ ရောက်ပါတယ်။ ကိုယ်ကိုယ်တိုင်သွားရင် သိန်းရာချီကုန်တာ မြန်မာနိုင်ငံသားအများစု သိကြပါတယ်။ ဂျပန်နိုင်ငံက အရင်က မခေါ်ပါ၊ ကျွန်တော် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနကို တကယ်အစစ်အမှန် ဒုက္ခသည်တွေကို ကူညီချင်ရင် နယ်စပ်ကို လေ့လာပြီး လက်ခံသင့်ပါတယ်လို့ (၂၀၀၈)လောက်က စာရေးတင်လိုက်လို့ (၂၀၁၀)ကစပြီး တနှစ်(၃၀)ယောက်နှုန်းနဲ့ ခေါ်ခဲ့ပါတယ်။
ဂျပန်မှာ နိုင်ငံရေးလုပ်ခဲ့လို့ နိုင်ငံရေးအရ ထွက်ပြေးလာတဲ့သူမရှိပါလို့ ရေးပါတယ်။ (၈၈၈၈)အရေးအခင်းဆိုတာ ပြည်သူ့အရေးခင်းဖြစ်လို့ အာဏာသိမ်းလို့ ထွက်ပြေးသွားတဲ့ ကျောင်းသားလူငယ်တွေဘဲ ရှိခဲ့ပါတယ်။ နောက် ပါတီထောင်ခွင့်ရပါတယ်၊ ထွက်ပြေးတဲ့ကျောင်းသားလူငယ်တွေကို နယ်စပ်ကြိုဆိုရေးစခန်းတွေဖွင့်ပြီး ပြန်လည်လက်ခံလို့ (၈၈၈၈)မှာပါဝင်ခဲ့လို့ ထွက်ပြေးစရာ မလိုတော့ပါ။ (၈၈၈၈)ကို အကြောင်းပြစရာ မလိုတော့ပါ။ မြန်မာနိုင်ငံရဲ့ ပြဿနာက နိုင်ငံရေးပြဿနာပါ။ ပါတီတွေထောင်ခွင့်ပေးပြီးမှ အာဏာမလွှဲဘဲ နည်းမျိုးစုံနဲ့ နိုင်ငံရေးနှိပ်ကွပ်လို့ ထွက်ပြေးမှ အဆိုင်လမ်လျှောက်ခွင့်ရှိပါတယ်။ ဦးသန်းရွှေအာဏာသိမ်းပြီး နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့အများစုနဲ့ အပေးအယူလုပ်ခဲ့တဲ့အတွက် ပြည်တွင်းစစ်တောင်လောင်နေတဲ့ နိုင်ငံလဲမဟုတ်ပါ။ ဒါကြောင့် နိုင်ငံရပ်ခြားအလုပ်လုပ်မဲ့သူများအတွက် အလုပ်ဗီဇာနဲ့ နေထိုင်လို့ ရပါတယ်။
ဂျပန်ဆိုတာ အာရှမှ ငွေရှာဖို့ နာမည်ကြီးနိုင်ငံပါ။ ဘယ်အချိန်ဖြစ်ဖြစ် အနိမ့်ဆုံးတိုက်ခန်းတခန်းဖိုးလောက် မပေးရဘဲ မရောက်နိုင်ပါ။ ဒီတော့ အလုပ်လုပ်တဲ့သူတွေ ပွဲစားအမျိုးမျိုးနဲ့ စပွန်စာပေးမဲ့သူတွေကို ငွေပေးလာကြပါတယ်။ သင်္ဘောပေါ်ကနေ ဂျပန်ကပ်ရင် ထွက်ပြေးခိုးဝင်ကြပါတယ်။ ကိုရီးယားကနေ ငါးဖမ်းသင်္ဘောအအေးခန်းထဲ ဒေါ်လာ(၅၀၀၀)လောက်ပေးပြီး ခိုးဝင်ကြပါတယ်။ (၂၀၀၀)ခုနှစ်လောက်အထိ ဂျပန်စီပွားရေးကောင်းလို့ အိုဗာစတေးနဲ့ နေတဲ့သူတွေကို မဖမ်းပါ။ နောက်ပိုင်းအဖမ်းများတော့ အဖမ်းခံရတော့ မပြန်နိုင်တော့ ထောင်ထဲကနေ အဆိုင်လမ်လိမ်လျှောက်ကြသလို အရင်ရောက်လို့ အဖွဲ့ထောင်စားတဲ့သူတွေကလဲ အင်တာနက်က အထောက်အထားအတုတွေကို ဒေါင်းလုပ်ထုတ်ပြီး နောက်ရောက်လာတဲ့သူတွေကို အဖွဲ့ဝင်ကြေး လစဉ်ကြေး အခွန်ရုံးလို အခွန်ကောက်ပါတယ်။ အန်အယ်လ်ဒီအတုကို ဦးဝင်းခက်က ငွေယူဖွဲ့လို့ အန်အယ်လ်ဒီတယောက်မှမပါတဲ့ အတုအဖွဲ့ဖြစ်နေပါတယ်။ နောက်တော့ တောင်အော်မြောက်အော်အဖွဲ့တွေ(၄၀)လောက်ရှိတယ်လို့ သိရပါတယ်။
(ဂျပန်မှာ နိုင်ငံရေးလုပ်ခဲ့လို့ နိုင်ငံရေးအရ ထွက်ပြေးလာတဲ့သူမရှိပါလို့ ရေးပါတယ်) ရေးတာပါ၊ (၈၈၈၈)မှာပါခဲ့သူတွေလဲ ရှိနိုင်ပါတယ် နိုင်ငံရေးပါတီတခုခုမှာ ပါဝင်ခဲ့တဲ့သူတွေလဲ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ နိုင်ငံရေးလုပ်ခဲ့လို့ ထွက်လာရတဲ့သူမရှိပါ သူဖာသာ အလုပ်လုပ်ဖို့ ငွေရှာဖို့ လာကြတာပါ။ ကျွန်တော်က (၈၈၈၈)စဖြစ်တဲ့အချိန်က စပြီးနိုင်ငံရေးစစ်စစ်ကို လုပ်လာတာ အန်အယ်လ်ဒီကို စဖွဲ့ကထဲက ၀င်ခဲ့တဲ့သူပါ။ တံတားဦးမြို့နယ်အတွင်းအရေးမှူးပါ၊ မန္တ္တလေးတိုင်း လူမှုအထောက်အကူပြုအဖွဲ့ဝင်ပါ။ (၁၄-၁၀-၁၉၉၉)ခုနှစ်မှာ အမျိုးသမီး(ကထိက)ကို ရာထူးက ထုတ်ပယ်ပြစ်လိုက်လို့ ဂျပန်အစိုးရက မြန်မာပြည်ကထဲက ဗီဇာပေးခေါ်ပေးလို့ နိုင်ငံရေးအရ ရောက်လာရသူပါ။ ခု အမျိုးသမီးသူငယ်ချင်းတွေ (ပါမောက္ခ-ဌာနမှူးတွေ)ဖြစ်နေပါပြီ။
ကိုမန်းကိုကိုအကြံပေးတဲ့ (၁)အချက်ကို လက်မခံနိုင်ပါ၊ ကျွန်တော်က နိုင်ငံရေးသမားပါ။ နိုင်ငံရေးသမားဆိုတာ နေရာရဖို့ထက် စနစ်တခုတည်ဆောက်ခြင်းကို တန်ဘိုးထားရပါတယ်၊ နိုင်ငံရေးမားဆိုတာ ကိုယ်ယုံကြည်တဲ့ စနစ်တခုကို ကိုယ်ကိုယ်တိုင်ကျင့်ကြံရသလို ပြည်သူကိုလဲ စည်းရုံးရပါတယ်။ ပြည်သူလူထုက စနစ်ကို လက်ခံကျင့်ကြံမှ စနစ်က အောင်မြင်ပါတယ် ပြည်သူလူထုက စနစ်ကို မကျင့်ကြံနိုင်ရင် ဘယ်စနစ်မှ မအောင်ပါ။ သူတို့ကို ဖြုတ်ပြီး သူတို့လုပ်ခဲ့သမိုင်းအမှားကိုလဲ လက်မခံပါရစေနဲ့ နိုင်ငံရေးလုပ်လို့မရတဲ့နေရာမှ အဖွဲ့ထောင်စားတာကိုလဲ သမိုင်းအတွင်မခံနိုင်ပါ။
ဒုတိယအချက်ကိုလဲ လက်မခံနိုင်ပါ၊ ပြည်တွင်းမှာ အန်အယ်လ်ဒီအစစ်(မိခင်ပါတီ)ရှိပါတယ်၊ လှေကြီးပေါ် လှေငယ်မတင်ပါ၊ ညောင်ပင်ကြီးအောက် ညောင်ပင်လေး မစိုက်ကောင်းပါ။ ဂျပန်မှာ အန်အယ်လ်ဒီမှ တယောက်စနှစ်ယောက်စရှိတာ ဘယ်လိုလုပ်ပြီး အန်အယ်လ်ဒီဂျပန်အစစ်ဖြစ်လာပါတော့မည်နည်း၊ အဖွဲ့ထောင်ရင်လဲ နောက်ရောက်လာတဲ့သူတွေကို အထောက်အထားအတုတွေနဲ့ အဆိုင်လမ်လိမ်လျှောက် သံရုံးဝန်ထမ်းတွေကို သွားအော်ပြီး ဓါတ်ပုံရိုက် (ဒီလိုအော်လို့) မြန်မာပြည်ပြန်ရင် အဖမ်းခံရမှာဖြစ်လို့ နေထိုင်ခွင့်ဗီဇာပေးပါလောက်လုပ်လို့ရတာပါ။  နိုင်ငံနဲ့ ပြည်သူအတွက် နိုင်ငံရေးဆိုတာ အချောင်နှိုက်စားတတ်တဲ့ နောက်မျိုးဆက်တွေကို မမွေးချင်ပါ၊ တကယ်နိုင်ငံရေးလုပ်မယ်ဆိုရင် အလုပ်လာလုပ်တဲ့သူတွေအတွက် အချိန်မရွေးပြန်လို့ ရပါတယ်၊ ဘယ်သူမှ မဖမ်းပါ၊ ပြန်နေတဲ့သူတွေ ထုနဲ့ထည်နဲ့ ရှိပါတယ်၊ ဘယ်သူမှ ပြဿနာမဖြစ်ခဲ့ပါ၊ ခုဆိုရင် ဖိတ်ခေါ်နေပါပြီ တကယ်နိုင်ငံရေးသမားဖြစ်ချင် ပြန်လုပ်ကြပါ။ လူလိမ်တွေကို အားမပေးပါ မမွေးပါ မထောက်ခံပါ။
မြန်မာပြည်သားတယောက်အနေနဲ့ ရိုးသားစွာ အလုပ်လာလုပ်တယ်ဆိုရင် လက်ခံပါတယ်၊ စစ်အစိုးရအုပ်ချုပ်လို့ ရှာကြံစားလို့မရလို့ ထွက်လာရတယ်ဆိုလဲ လက်ခံပါတယ်၊ နေထိုင်ခွင့်ဗီဇာက ခက်ခဲလို့ ဒုက္ခသည်ဗီဇာ လိမ်လျှောက်ရတယ်ဆိုလဲ လက်ခံပါတယ်။ (အဖွဲ့ထောင်စားတဲ့သူတွေကတော့ အဖွဲ့ဝင်ကြေး လစဉ်ကြေး ပျော်ပွဲရွှင်ပွဲလုပ်ရှာထားတဲ့ငွေ ခရီးထွက်ရှာထားတဲ့ငွေ စာစောင်ထုတ်ရှာထားတဲ့ငွေ)တွေ ပြည်သူရှေ့ ရှင်းကိုရှင်းရပါလိမ့်မယ်။ မရှင်းနိုင်ရင်လဲ သမိုင်းမှတ်တမ်းတင်ပါလိမ့်မယ်။
ကျွန်တော်နောက်ဆုံးပြောချင်တာက
(၁) နိုင်ငံရေးလုပ်ချင်ရင် ပါတီထောင်နိုင်ရင်ထောင် မထောင်နိုင်ရင် ကိုယ်ယုံကြည်တဲ့ပါတီထဲဝင် ပြည်သူ့ကို စနစ်တခုတည်ဆောက်နိုင်အောင် စည်းရုံးရတဲ့အလုပ် လုပ်ရပါတယ် ဒါမှ နိုင်ငံရေးအလုပ်ပါ၊ ဒါကြောင့် နိုင်ငံရေးလုပ်ချင်ရင် ပြည်တွင်းမှာဘဲ လုပ်လို့ရပါတယ်၊ ပြည်ပမှာ နိုင်ငံရေးလုပ်လို့မရပါ၊ တောင်အော်မြောက်အော်ပြီး အဆိုင်လမ်လိမ်လျှောက်ပေးအဖွဲ့ထောင်စားရင်တော့ ရပါတယ် ငွေရှာပြီး ဟိုပေးဒီပေးပြ ခွဲဝေစားလို့ ရပါတယ်။
(၂) တော်လှန်ရေးလုပ်ချင်ရင်တော့ (၂)ချက်ဘဲ ရှိပါတယ်၊ (၁) ပြည်သူတွေ အုံကြွတော်လှန်လာဖို့အလုပ်နဲ့ (၂) လက်နက်ကိုင်တော်လှန်ရေး ဒါဘဲရှိပါတယ်။
ဒီတော့ ပြည်ပကနေအစစ်အမှန် တော်လှန်ရေုးချင်ရင် (ရန်ငါမျဉ်းပြတ်ပြီးရင် လက်နက်ကိုင် လမ်းစဉ်ကလွဲပြီး အခြားနည်းလမ်းမရှိ)ဆိုတဲ့သီအိုရီအတိုင်း လုပ်ဖို့ကလွဲပြီး ဘာမှအလုပ်မရှိပါ၊ ဒီပလိုမက်ခေါ်တဲ့ သံတမန်နည်းအရ နိုင်ငံတကာလိုက်တောင်းတဲ့အလုပ်က လုပ်စားတဲ့အလုပ်ပါ၊ တကယ်တော်လှန်ရေးလုပ်ရင် သူနဲ့ထိုက်တန်တဲ့အကူအညီရလာမှာပါ၊ တောင်းစရာမလိုပါ လုပ်ပြရင် အကူအညီက လာမှာပါ။(လစ်ဗျားကြည့်ပါ)။
ထားပါတော့ဗျာ မြန်မာနိုင်ငံအရေးက ပြည်တွင်းကို အပိုင်ကိုင်ထားပြီး နိုင်ငံတကာအသိုင်းအ၀န်းထဲကိုတော့ လက်ဝဲလက်ယာပါဝါညီမျှဖို့ (တရုပ်)ကို အသေကပ်ထားတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလဲ ဘာမှ အက်ရှင်ယူလို့မရခဲ့ပါ။ တရုပ်ကလဲ တီအမ်အမ်မင်အရေးအခင်းဖြစ်ထားလို့ မြန်မာနိုင်ငံကို ရှေ့တန်းထားပြီး ကာကွယ်ပေးတာပါ၊ ရှေ့တန်းကျရင် နောက်တန်းသူ့ဆီရောက်လာမှာ စိုးရိမ်လို့ပါ။ ဒါပြင် သယံဇာတကြွယ်ဝလို့ အလုပ်ပြင်းပြင်းထန်ထန်လုပ်စရာမလိုတဲ့ (ခပ်အအ)နိုင်ငံဆီက အဆီအနှစ်တွေကိုလဲ အောက်ဈေးနဲ့ ရလို့ ကာကွယ်ပေးတာလဲပါမှာပါ၊ (၂၃)နှစ်အတွင်း ပြည်သူ မခံနိုင်ပေမဲ့ ရွှေဝါရောင်တော်လှန်ရေးလောက်ဖြစ်ခဲ့ပါတယ်။
နှစ်ပေါင်း(၅၀)လောက်အုပ်ချုပ်လာတဲ့ စစ်ခေါင်းဆောင်အဆင့်ဆင့်ကလဲ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ အခြေအနေ အချိန်အခါ ကောင်းကောင်းနားလည်လို့ နောက်ဆုံး ဒီမိုကရေစီနိုင်ငံကို လူမပြောင်းဘဲ မူပြောင်းပြီး ဖွင့်ပြနေပါပြီ။ ပြည်ပကနေ ဘာမှ လုပ်စရာမရှိတော့ပါ တောင်အော်မြောက်အော်အော်ဖို့တောင် မင်းကိုနိုင် ခွန်ထွန်းဦးလွတ်ပေးလောက် အော်ပြလို့ ရပါတော့တယ်။ ဒါလဲ မကြာခင် အော်လို့မရနိုင်တော့ပါ၊ ပြက္ခဒိန်ထဲမှတ်ထားတဲ့ အော်ရမဲ့နေ့တွေ ဖျက်ပြစ်ရပါတော့မယ်။               ။
အကောင်း အဆိုး အကြောင်းသင့် အကျိုးသင့်ရေးသားချက်များကို ဒီမိုကရေစီစနစ်ကို တည်ဆောက်ရင်း ကြိုဆိုလျှက်ပါ။
ဌေးဇော်(အင်းဝ)
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...