Thursday, October 13, 2011

အလံတိုင်ရှေ့မှာ နေရာလုဖို့ ပြန်ဆုံမယ်

by Journalist 's stories ( Short stories , poems ) on Thursday, September 29, 2011 at 8:51am

ဒီနေရာလေးကို မရောက်တာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီ ။ အရာရာက ကျမ အတွက် သူစိမ်းဆန်လွန်းနေပေမယ့် ‘အ.လ.က ၁၂” ဆိုတဲ့  ကျောင်းဆိုင်းဘုတ်ကြီးကတော့ အိမ်ကနေ ထွက်ခွာ သွားတဲ့ သားသမီးတစ်ယောက်ကို ပြန်တွေ့ရလို့ နွေးထွေးစွာနဲ့ကြိုနေသလိုခံစားရပါတယ်။…………….
ကျမနေခဲ့တဲ့ ကျောင်းလေးက မန္တလေးမြို့ရဲ့  သာမာန်ရပ်ကွက်တစ်ခုမှာ ရှိတယ်။ကျမငယ်စဉ်က အဖေက၀န်ထမ်းမို့လို့ နယ်တကာလှည့် နေခဲ့ရပေမယ့် ကျမ ရဲ့ ကျောင်းသားဘ၀မှာ အပျော်ဆုံးလို့ ပြောနိုင်တဲ့ အချိန်တွေက ဒီကျောင်းလေးမှာတတ်ခဲ့ရတဲ့  နေ့ရက်တွေပါပဲ။
မရောက်တာကြာနေပြီဖြစ်လို့ ကျောင်းကြီးဟာ ကျမနဲ့ပြန်ပြီး ရင်းနှီးမူရယူဖို့ လိုပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျမ ကသူရင်ခွင်ထဲက ထွက်ခဲ့တဲ့ သားသမီးတစ်ယောက်မဟုတ်လား….မကြာခင် အချိန်အတွင်းမှာ ကျမနဲ့ ပြန်ပြီး နွေးထွေးမူရလာမယ်လို့ မျှော်လင့်မိပါတယ်။
  ကျောင်းထဲကို ကျမ စ၀င်ထဲက ခြေလှမ်းတွေရဲ့ ထိတွေ့မူအရ အရင်ကလို မြေနီ ဖုန်တွေထနေတဲ့ ကျောင်းလမ်းမနေရာမှာ အုတ်စီထားတဲ့ လမ်းလေးဖြစ်နေတာကိုတွေ့ရတယ်။……………….
……………………………………………………………………………………………………………………………..
ကျောင်းရဲ့ ၀င်ဝင်ချင်းဘယ်ဘက်ထောင့်မှာ ရှိနေတဲ့ ကစားကွင်းလေး က အရင်တုန်းက ဖုန်တထောင်းထောင်းနဲ့ ကျမတို့ သူငယ်ချင်းတွေရဲ့ စိန်ပြေးလိုက် တိုင်းကစားတဲ့နေရာ..ပြေးလွားကျ ရင်း ဒူးတွေခဏခဏ ကွဲခဲ့တဲ့နေရာ……မျက်နှာမှာဖုန်တွေပေ အကျီင်္အဖြူရောင်က ညိုညစ်ညစ်အရောင်ပြောင်းတဲ့ အထိ ဆော့ခဲ့တဲ့နေရာ ….အဲဒီနေရာမှာပဲ .၃တန်းနှစ်ရောက်တော့ ဆော့ရင်းနဲ့ ကစားဖော်ကောင်လေးပစ်လိုက်တဲ့ ဖန်ခါးသီးမျက်လုံးကိုမှန်လို့ ကျမမျက်လုံး ယောင် သွားတဲ့ အခါ အမေက ကျောင်းအုပ်ကြီး ရုံးခန်းအထိ တိုင် ခဲ့တဲ့ အထိဖြစ်ခဲ့ရတယ် ။ အခုအဲဒီဖုန်တထောင်းထောင်း ကစားကွင်းလေးနေရာမှာ….ကျောင်းသားနားနေဆောင် အဖြစ်ပြောင်းထားတဲ့ အဆောက်အအုံ တစ်ခုနေရာယူထားတာတွေ့ရတယ်။ အခုကျောင်းတတ်နေတဲ့ကျောင်းသားကျောင်းသူလေးတွေ ကျမတို့ တုန်းကလို့ လွပ်လွပ်လပ်လပ် ကစားခွင့်ရှိတဲ့ နေရာကွပ်လပ်မရှိတာကိုပဲ စိတ်မကောင်းဖြစ်မိတယ်။……………………………………………………………………………………………………..
ငယ်ငယ်က ကျမမျက်လုံးယောင်အောင်လုပ်ခဲ့တဲ့ ကစားဖော်ကောင်လေးတောင် အခု ပြည်ပတစ်နေရာမှာ ဆရာဝန်အဖြစ်အလုပ်လုပ်ကိုင်နေပြီလေ။………………………………………………………………………………………….
ကစားကွင်းရဲ့ ရှေ့ ဘက်မှာ ရှိတဲ့ အလံတိုင် တန်းစီတဲ့ ကွပ်လပ်လေးမှာ ကျမရပ်လိုက်ပါတယ်။အဲသည် ကွပ်လပ်လေးရဲ့ ရှေ့တည့်တည့်က အလံတိုင်ကို ကျမ စိုက်ကြည့်နေမိတယ်။အလံကိုကြည့်ရင်း ငယ်ငယ်ကဆိုခဲ့တဲ့ အနီရောင်ဆိုသည်မှာ ရဲရင့်ခြင်း..အပြာရောင်ဆိုသည်မှာ ငြိမ်းချမ်းခြင်း………အရွယ်တူကြယ်ဖြူ ဆယ်လေးလုံးလို့ ဆိုခဲ့ရတဲ့ စာပိုဒ်လေးကို သွား သတိရမိတယ်။
ကျမတို့ ငယ်ငယ်တုန်းက အလံတိုင်ရှေ့မှာ နိုင်ငံတော်သီချင်းတိုင်ပေးတဲ့ မော်နီတာ ကစာတော်တဲ့ကျောင်းသားလို့ သတ်မှတ်ထားတဲ့ အတွက် သိပ်ဖြစ်ချင်ခဲ့တာပေါ့ မော်နီတာ နောက်ကနေ နေရာရဖို့ကိုလဲ အလံတိုင်ကိုအလေးပြုတဲ့ နံနက်တိုင်း လုခဲ့ရတယ်။ ကျမနဲ့ အမြဲ အလံတိုင်ရှေ့ရပ်ဖို့ နေရာလုနေကျ သူငယ်ချင်းလေးက ၈တန်းနှစ်မှာပဲ မိသားစုအခြေအနေကြောင့် ကျောင်းထွက်ပြီး အိမ်က စီးပွားရေးကို တဖက်တလမ်းက ၀င်ထမ်းခဲ့ပါတယ်။ အဲဒီတုန်းက ကျမက နားမလည်နိုင်စွာပဲ ကျောင်းထွက်သွားတဲ့ သူငယ်ချင်းကို ၀မ်းနည်း ရုံကလွဲပြီး ဘာအားပေးစကားမှလဲ မပြောတတ်ခဲ့ဘူး။ပြောလဲ မပြောမိဘူး..အခုချိန်မှာတော့ အဲဒီသူငယ်ချင်းက ကလေး သုံးယောက်ပိုင်ဆိုင်တဲ့ မိခင်ဖြစ်နေပြီး..သူအိမ်ထောင်ဖက်နဲ့ အတူတူ မပြီးဆုံးသေးတဲ့ သူ့ အိမ်တာဝန်ကို ဆက်ထမ်းနေပါတယ်။
………………အတိတ်တစ်စကိုပြန်တွေးရင်း ကျမစိတ်ထဲကနေ အလံတိုင်ကို ကြည့်ရင်း နိုင်ငံတော် သီချင်းကိုရေရွတ်ကြည့်မိပါတယ်။။။။ဟူး………နိုင်ငံတော်သီချင်းတောင် မဆိုဖြစ်တာ နှစ်ပေါင်းတော်တော်ကြာပြီလို့ တွေးမိလိုက်တယ်။
………………………………………………………………………………………………………..
အလံတိုင် ရှိတဲ့ မြေကွပ်လပ်ရဲ့ ဘေးဘက်မှာ သစ်ရွက်ခြောက်တွေနဲ့ဖုံးနေတဲ့  ရေတွင်းအိုကြီုးတွေ့ရတယ်။
ကျမတို့ကျောင်းတတ်တုန်းက အဲဒီရေတွင်း ကြီးက နေ သုံးဖို့ ရေခပ်ခဲ့ရတယ်။ေ၇ခပ်ရင်း အရှိန်လွန်ပြီး နဖူးကွဲခဲ့ တဲ့ ကျမ ရဲ့ အမာရွတ်ဟောင်းကိုတွေ့ရင် ရေတွင်းကြီးက ကျမကိုမှတ်မိနိုင်ပါတယ်။ပြီးတော့ အရမ်းဆော့ တဲ့ကောင်မလေးဆိုပြီး ကျမ အကြောင်းကိုပြန်တွေးရင်း ခပ်ထေ့ထေ့လဲပြုံးနိုင်ပါတယ်။
…အခုတော့ ကျောင်းမှာ ရေမီတာနဲ့ ဘုံဘိုင်ခေါင်းက အဆင်သင့်ထွက်တဲ့ရေကိုပဲသုံးနေကျလို့ ရေတွင်းကြီးကို မေ့နေကြပါပြီ။ ရေတွင်းကြီးသာစကား ပြောတတ်ရင် အမိုက်တွေနဲ့ အထီးကျန်နေတဲ့ သူဘ၀ကိုရင်ဖွင့်  မှာသေချာပါတယ်။……ရေတွင်းကြီးထဲကရေကိုပုံးနဲ့ ဆွဲတင်ရောပုံးထဲပြန်ထည့် အတန်းထဲထိရေသယ်ရတဲ့  ဘ၀ကနေလွတ်မြောက်သွားတဲ့ ကျောင်းသားလေးတွေအတွက် ကျမ၀မ်းသာမိသလို …ရေတွင်းကြီးအတွက်လဲ စိတ်မကောင်းဖြစ်မိတယ်။ ..ရေတွင်းကြီးရဲ့နုတ်ခမ်းဘောင်ပေါ်မှာ တင်နေတဲ့ အမိုက်တွေကို ကျမလက်နဲ့ သပ်ချလိုက်ရင်း သူကိုနှစ်သိမ့် လိုက်ပါတယ်။
…………………………………………………………………………………………………………………………………………..သြော် ….ကျမမြင်လိုက်ရတဲ့ အရာက ကျောင်းခြံထောင်က စိန်ပန်းပင်ကြီးပါ …အဲသည်စိန်ပန်းပင်ကြီးက ကျမရဲ့ သူငယ်ချင်းဆိုလည်း မမှားပါဘူး။ ကျမ သူငယ်ချင်းတွေနဲ့စိတ်ကောက်တိုင်း အိမ်နဲ့ အဆင်မပြေဖြစ်တိုင်း သူ့အပေါ်တတ်ထိုင်ပြီး ရင်ဖွင့်တော့တာပဲ စိန်ပန်းပင်ကြီးက ကျမအတွက် ရင်ဖွင့်ဖေိာသူငယ်ချင်းပါပဲ သူက ဘာမှ ပြန်မပြောနိုင်ပေမယ့် စိန်ပန်းပွင့် တွေကိုကြည့်ရင်း ကျမစိတ်တွေပြန်ပြီး တတ်ကြွသွားတတ်သလို………………………စိန်ပန်းပွင့်နီနီရဲရဲတွေကို လိုက်ကောက် ရင်းပျော်ရွှင်ခဲ့ဖူးတယ်။။အခုတော့ စိန်ပန်းပင်ကြီးက ခပ်စောင်းစောင်းဖြစ်နေပြီ အပင်တခြမ်းက မြေကြီးထဲကိုဝင်နေတာ တွေ့ရတယ် ရာသီဥတုအပြောင်းလဲဒဏ်ကို ကျမသူငယ်ချင်း စိန်ပန်းပင်ကြီးလဲ ခံစားနေရပြီထင်တယ်။ အပင်က နိမ့်ကျသွားတော့ အရင်က လို ကြိုးစားပမ်းစားတတ်စရာမလိုတော့ ခြေဖျားထောက်ရုံနဲ့ ကျမ အပင်ပေါ်မှာ ထိုင်လို့ရတယ် ။ အပင်ခါးပေါ်မှာထိုင်လိုက်ရင်း ပွင့်နေတဲ့ စိန်ပန်းပွင့်တွေကိုမောကြည့်လိုက်တယ် ။ ဒါပေမယ့် အရင် ငယ်ဘ၀တုန်းကလောက်တော့ ပျော်ရွှင်မူတွေ ရှာမတွေ့တော့ဘူး။…….ပန်းတစ်ပွင့်ကိုကောက်လိုက်ရင်း ကျမအိတ်ထဲကို ထိုးထည့်လိုက်တယ် ကျမရဲ့ အမှတ်ရစရာလေးအဖြစ် ကျမသယ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
……………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………
ကျမလျောက်လာလိုက်တာ …စတုတ္တတန်းဆိုတဲ့ ကျောင်းခန်းဘက်ကိုရောက်လာပါတယ်။
အဲဒီကျောင်းခန်းလေးက အရင်က မိုးရွာတိုင်းရေတွေစာသင်ခုံတစ်ဝက်ထိ မြုတ်နေတတ်လို့ တခြားခန်းနဲ့ စာပေါင်းသင်ရတယ်။ မိုးတွေ အရမ်းရွာတိုင်းလည်း ကျောင်းပိတ်တတ်တယ် ။ကျမတို့က မိုးရွာတဲ့နေ့တိုင်း ကျောင်းပိတ်ရတဲ့ကြားထဲ… က ရေဆော့ချင်လို့ ကျောင်းကိုစောစောလာတယ်။ ဂါဝန်တွေ စကပ်တွေမပြီး ရေထဲမှာ ဆော့လွန်းလို့ အဆုတ်အအေးပက်ပြီး……..ကျမဖျားခဲ့ဖူးတယ်။အခုတော့ မိုးရွာရင်ရေမ၀င်အောင် စာသင်ခန်းကို မြှင့်ထားပြီး…..သမံတလင်းတွေ ခင်းထားပါတယ်။ အခုကျောင်းသားလေးတွေ ကျမတို့ တုန်းကလို မိုးရွာရင်ကျောင်းပျက်စရာမလိုတော့ဘူး ။ကျမတို့လို တော့ ရေထဲမှာ ဆော့ခွင့်ရတဲ့ အခွင့်အရေးတော့ မရတာသေချာတယ်။
……………………………………………………………………………………………………………………………………….
အဲသည်စာသင်ခန်းလေးထဲမှာ ကျောင်းနှစ်တ၀က်မှာ ပြောင်းလာတဲ့ကျောင်းသားလေးနဲ့ ကျမ တက္တသိုလ်အထိကျောင်းအတူတူတတ်ခဲ့တယ်။နှစ်ရှည်လများချစ်သူဘ၀ရောက်ခဲ့ပြီးမှ…အထင်လွဲမူတစ်ခု
ကြောင့်…”မင်းငါ့အပေါ်မှာ အဲလိုလုပ်ရက်တယ် တသက်လုံးပြန်မလာဘူး”ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျမကိုထားခဲ့ပြီး ပြည်ပတနေရာမှာ အခြေချနေထိုင်နေတဲ့သူ့ ကို သတိရမိတယ်။
ဖြစ်နိုင်ရင်သူကိုခေါ်လာပြီးကျောင်းလေးကိုပြချင်မိတယ်။ သူကျမအပေါ်အထင်လွဲမှားမူတွေကို ကျောင်းလေးကိုသက်သေ တည်ပြီး……..ကျမကျိန်ဆိုပြချင်မိတယ်။……….တကယ်တော့ ကျမအတွက် အဲဒီအခွင့်ရေးက ဘယ်တော့မှမရနိုင်တဲ့ အရာမှန်း ကျမနားလည်ပါတယ်။…………………………….
လွန်ခဲ့တဲ့နှစ်ဝက်ခန့်က ကျမ ဆီကိုဖိတ်စာတစ်စောင်ရောက်လာတယ် ဒီကျောင်းလေးမှာ အတူတူကျောင်းတတ်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် လက်ထပ်တဲ့ ဖိတ်စာပေါ့။ ဒီကျောင်းလေးက ဘ၀နှစ်ခုကို တစ်ခုတည်းအဖြစ်ပေါင်းစည်း ပေးခဲ့ တဲ့နေရာလေး လည်းဖြစ်ပါတယ်။……………………………………………..
………………………………………………………………………………………………………………………………………..
ဒီကျောင်းမှာစာသင်နေတဲ့ ဆရာ ဆရာမတွေထဲက ကျမသင်ခဲ့ဘူးတဲ့သူတွေ မရှိသလောက်ပါပဲ။ ကျမအတွက်မျက်နှာစိမ်းတွေပဲဖြစ်နေတယ်။…..ကျောင်းဝင်းထဲက ကျမနဲ့ရင်းနှိးခဲ့တဲ့ အရာတွေကိုကျမတချက်ပြန်ကြည့်လိုက်တယ် အဲဒါကတော့နုတ်ဆက်အကြည့်ပါ။ ကျမ နောက်တစ်ခါ ဒီကျောင်း ဒီနေရာလေးကိုပြန်ရောက်ဖို့ မသေချာတော့ဘူးလေ။
အားလုံးကိုနုတ်ဆက်ခဲ့တယ်လို့ ကျမ တီးတိုးရေရွတ်မိတယ်…………………………………………………………
ကျောင်းဝင်းထဲက ထွက်ခါနီးမှာ မုန့်စားတန်းလေးရှိနေသေးပါလား။ အရင်ကလို ၁၅ကျပ်ဖိုးဝယ်ရင် ပိုပိုသာသာထည့်ပေးတဲ့ သဘောင်္သီးသုတ်သယ်ကြီး မရှိတော့ဘူး။ အကင်လေးတွေသေးသေးလေးလုပ်ပြီး ၅ကျပ်ဖိုး သုံးကင်နဲ့ရောင်းတဲ့ အကင်သည်ကြီးမရှိတော့ဘူး။ စက်ဝိုင်းတစ်ခါလှည့်တိုင်း ၃ကျပ်ပေးရပြီး ဓားလှီးရေခဲချောင်း ၂ချောင်းပေးတဲ့ အသည်ကြီးရဲ့နေရာမှာ ဖေ့ ခွက်လေးတွေနဲ့ရောင်းတဲ့ ရေခဲမုန့်သည်က အစားထိုးနေရာယူနေပါပြီ။
ဒီနေရာမှာ ….ဒီကျောင်းလေးမှာ ကျမနဲ့ရင်းနှီးခဲ့တဲ့သက်ရှိတွေမရှိတော့ပါလားလို့ ၀မ်းနည်းစွာတွေးမိပါတယ်။
……………….ကျမရဲ့ခြေလှမ်းတွေက ကျောင်းအပြင်ဘက်ကို ရောက်နေပါပြီ……………………………………
………………………………………………………………………………………………………………………………………..
ကျမခေါင်းကိုငုံထားမိပါတယ်။ ကျမမျက်ရည်တွေကိုဘယ်သူမှ မမြင်နိုင်အောင်လို့ပါ ။
…..ခေါင်းငုံလျောက်နေရင်းနဲ့ ကတီပါ ဖိနပ်စီးတာတဲ့ ခြေထောက်တစ်စုံက ကျမအရှေ့မှာ လာရပ်ပါတယ်။
ဒီခြေထောက်ကိုကျမ နှစ်ပေါင်းများစွာရင်းနှီးခဲ့ပါတယ် ကျမခေါင်းကိုမော့လိုက်တော့ ကျမကိုပြုံးကြည့်နေတဲ့  မျက်နှာချိုချို ..…..…..”ဟင်………..မောင်“……………………………………………………………………………………………………………………………………………………………………………………………………………………………………..
သည် အမည်နာမကို ကျမ မခေါ်ခဲ့တာ ၅နှစ်ကျော်ပြီလေ။ ………….အံ့အောလွန်းလို့ ကျမ ဘာမှမပြောနိုင်ခင် ကျမလက်အစုံကိုသူဆွဲယူလိုက်ပြီ…….”မေ မောင်ပြန်လာပြီ မောင်မှားသွားတယ် အချစ်ကြီးလွန်းလို့ အမြတ်ကြီးတယ်ဆိုတဲ့ စကားကို မေလက်ခံပေးပါနော်။မောင် မင်းမင်းနဲ့ဟိုမှာတွေ့ခဲ့တယ်။ အဖြစ်မှန်ကိုသိသိချင်းချင်းပြန်လာခဲ့တယ် ။မေခရီးထွက်သွားတယ်ဆိုလို့မေနဲ့ စတွေ့တဲ့ ဒီနေရာလေးကို လာကြည့်တာ မေနဲ့ ပြန်ဆုံရတာပဲ “
ကျမအတွက်တော့ အိမ်မက်တစ်ခုလိုပါပဲ။ ကျမ ဒီနှစ်တွေထဲမှာ သူပြန်လာဖို့အကြိမ်ကြိမ်ဆုတောင်းခဲ့ပြီး သူရှိတဲ့နိုင်ငံကိုလိုက်သွားခဲ့တာတောင်ကျမကိုစိတ်နာပြီး   အတွေ့မခံတဲ့သူက                 အခုကျမဆီ
ပြန်ရောက်လာတယ်တဲ့လား…သူ့ရဲ့ နွေးထွေးတဲ့ လက်အစုံကြောင့် ဒီအဖြစ်အပျက်က အိမ်မက်မဟုတ်ဘူးဆိုတာလဲ သေချာနေခဲ့ပါတယ်။
ကျမသူကိုပြုံးကြည့်လိုက်ရင်း…သူလက်ကိုပြန်ဆွဲလိုက်ပြီး ကျောင်းထဲကိုလှည့်ပြီးပြေးဝင်လိုက်တယ် ကျမတို့နှစ်ယောက်ကိုကျောင်းသားလေးတွေရော ဆရာဆရာမအချို့ရောနားမလည်သလို…ကြည့်နေကျတယ် ။အလံတိုင်ရှေ့ရောက်တော့ ကျမ က မြေကွပ်လပ်မှာ ထိုင်ချလိုက်တယ် သူကပါရယ်ပြီး ကျမနည်းတူထိုင်ချလိုက်တယ် .ပြီးတော့” အခုထိကလေးဆန်နေတုန်းပဲနော် မေ ‘လို့ပြောရင်း ကျမနဖူးကို ခပ်ဖွဖွထုတယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြီးတော့ ကျမတို့ နှစ်ယောက်စလုံးတိုင်ပင်မထားပဲ “ငယ်ငယ်က အလံတိုင်ရှေ့မှာ နေရာလုခဲ့ရတာကိုလွမ်းတယ်တို့တွေ ဘယ်နေရောက်ရောက် အလံတိုင်လေးရှေ့မှာ နေရာလုခဲ့ရတဲ့ အချိန်လေးကို အမှတ်တရရှိနေမယ်လို့ ထင်တယ် “လို့ ပြောမိတယ်။
 ဘ၀မှာသူငယ်ချင်းတွေဘယ်ရောက်နေအေလံတိုင်ရှေ့ တဒင်္ဂရပ်ခဲ့နေရာလုခဲ့တဲ့အချိန်လေးတွေပြန်လွမ်းဖို့ ကိုလဲမျှော်လင့်မိတယ်အရင်ကလိုအလံတိုင်ရှေ့နေရာလုဖို့ပြန်ဆုံကြရအောင်လို့လဲပြိုင်တူအော်မိတယ်……………………………………………………………………………………………
ကျမရောမောင်ပါ နှစ်ယောက်စလုံးပြိုင်တူရယ်မိရင်း…………….ကောင်းကင်ကိုမော့ကြည့်လိုက်မိတယ် အခုတော့ ကျမရဲ့ ကောင်းကင် ကငြိမ်သက်လို့       ကြယ်ရောင်စုံလင်းလက်လို့   လေညင်းလေးတွေတိုက်ခတ်လို့ နေပါတယ်။
ငယ်စဉ်ကလေးဘ၀ကို ပြန်သတိရခြင်း (NAN LWIN)
18.10.2010 (9 :30) PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...